09/06/2026
ကျွန်ုပ်တို့၏ ညီညွတ်ခြင်းသည် အကြီးမားဆုံးသော အောင်ပွဲတံခါးပေါက်ဖြစ်တယ် "တော်လှန်ရေးဆိုတာ တစ်ဦးချင်းရဲ့ စွန့်စားမှုမဟုတ်ဘူး၊ မျိုးဆက်တစ်ခုလုံးရဲ့ သမိုင်းဝင် တာဝန်ယူမှုပါ။
ကျွန်တော်တို့ တစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက်တွေဟာ သေးငယ်တဲ့ အစက်အပြောက်လေးတွေလိုပဲ။ ဒါပေမဲ့ ဒီအစက်အပြောက်လေးတွေ စုစည်းမိတဲ့အခါမှာတော့ ဘယ်အမှောင်ထုကိုမဆို ထိုးဖောက်နိုင်တဲ့ မီးတောက်ကြီးတစ်ခု ဖြစ်လာမှာပါ။
ကိုယ့်နေရာ၊ ကိုယ့်ကဏ္ဍကနေ ယုံကြည်ချက်ကို လက်ကိုင်ထားပြီး ဆက်လှုပ်ရှားကြပါ။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု တည်ဆောက်ကြမယ်၊ အားပေးကြမယ်။ အရေးကြီးဆုံးကတော့ ရည်မှန်းချက်တစ်ခုတည်းအောက်မှာ ညီညွတ်စွာ လက်တွဲဖို့ပါပဲ။
လမ်းက ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ကျွန်တော်တို့ရဲ့ ညီညွတ်မှုသာလျှင် လိုချင်တဲ့ ပန်းတိုင်ဆီ အမြန်ဆုံး ပို့ဆောင်ပေးနိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ သင် လုပ်ပေးနိုင်မလဲ၊ အားလုံးပေါင်းစည်းပြီး ဘုံရည်မှန်းချက်အတွက် ရှေ့ဆက်ကြရအောင်။
Disclaimer-I don’t own the music in this video.It non commercial and informational purposes only.Thanks to the original artist and all credits will go to the original rightful owners.
YE GUERRILLA FORCE Telegram Channel-https://t.me/ygf1221
#ရေးပြောက်ကျားတပ်
#အမှတ်၈၀၀၁တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်