NLD - Northern Ye Township

NLD - Northern Ye Township NLD - Northern Ye Township
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေးမြို့နယ် မြောက်ပိုင်း

08/07/2022
07/09/2021
ကြေညာချက် အမှတ် ( ၂၉/၂၀၂၁ )၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်ဇွန်လ (၃)ရက်၊ ၂၀၂၁ခုနှစ်။---------------------------------...
03/06/2021

ကြေညာချက် အမှတ် ( ၂၉/၂၀၂၁ )
၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်
ဇွန်လ (၃)ရက်၊ ၂၀၂၁ခုနှစ်။
----------------------------------------

၁။ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူတို့အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်အရ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ် သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးအတွက် တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေသည့် မည်သည့်အကြမ်းဖက်လုပ်ရပ်မျိုးကိုမျှ လက်ခံခြင်းမရှိကြောင်း အတိအလင်း ကြေညာသည်။

၃။ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်ပါးစေများ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများနှင့် စပ်လျဉ်း၍ ပြည်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ အခြားသူကို ကာကွယ်ခုခံပိုင်ခွင့်အား ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီက အသိအမှတ်ပြုထားပြီးဖြစ်သည်။

၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရပ်တည်ချက်နှင့် ပြည်သူတို့၏ကာကွယ်ခုခံပိုင်ခွင့်အပေါ် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံပျက်စေရန် ရည်ရွယ်၍ မသမာသူများမှ အရပ်သားပြည်သူများအပေါ် ပစ်မှတ် ထားသော အကြမ်းဖက်လုပ်ရပ်များ ဖန်တီးလုပ်ဆောင်လာကြသည်ကို တွေ့ရှိလာရပါသည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယင်းကဲ့သို့သော မသမာသူများ၏ ဖန်တီးလုပ် ဆောင်မှုများကို ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည်ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

(၃-၆-၂၀၂၁ ကျင်းပပြုလုပ်သောစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

31/05/2021

ကျန်းမာရေး ဝန်ကြီးဌာန
​အမျိုးသားညီညွတ်ရေး အစိုးရ
Official Facebook အဖြစ်ကြေငြာအပ်ပါသည်။

၂၀၂၁ ခုနှစ် မေလ ၃၁ရက်

​ပညာရေး ဝန်ကြီးဌာန​၏ Facebook link အသစ်ကို အောက်ပါ အတိုင်းအသိပေးအပ်ပါသည်။
https://m.facebook.com/Ministry-of-Education-National-Unity-Government-of-Myanmar-109386154653912/

Official Page_Ministry of Education_National Unity Government_Republic of the Union of Myanmar

02/03/2021
ဒေါက်တာဆာဆာကို CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ်ခန့်အပ်လိုက်သည်==========================ပြည်ထောင်စုလွှတ်တော်ကိုယ်စ...
22/02/2021

ဒေါက်တာဆာဆာကို CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ်ခန့်အပ်လိုက်သည်
==========================

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ်( ၈ )

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၂)ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ကုလသမဂ္ဂဆိုင်ရာလုပ်ငန်းတာဝန်များကို ကော်မတီကိုယ်စား ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်အဖြစ် ဒေါက်တာဆာဆာအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် -၄/၀၂/၂၀၂၁
10/02/2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် -၄/၀၂/၂၀၂၁

02/02/2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" နှင့် ပတ်သက်၍ အောက်ဖော...
12/11/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" နှင့် ပတ်သက်၍ အောက်ဖော်ပြပါ တိုင်းရင်းသားနိုင်ငံရေးပါတီများသို့ ပေးပို့လိုက်သည့် စာ...

၁။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂။ ကယန်းအမျိုးသားပါတီ
၃။ ကရင်ပြည်သူ့ပါတီ
၄။ တအာင်း(ပလောင်) အမျိုးသားပါတီ
၅။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
၆။ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ
၇။ ကမန်အမျိုးသား တိုးတက်ရေးပါတီ
၈။ ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ
၉။ မြိုတိုင်းရင်းသားပါတီ
၁၀။ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေ ပါတီ
၁၁။ အရှိုချင်းအမျိုးသားပါတီ
၁၂။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
၁၃။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
၁၄။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၅။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
၁၆။ ကချင်အမျိုးသားကွန်ဂရက်ပါတီ
၁၇။ ထားဝယ်တိုင်းရင်းသားများပါတီ
၁၈။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ
၁၉။ ရခိုင်အမျိုးသားပါတီ
၂၀။ ခူမီး(ခမီး)အမျိုးသားပါတီ
၂၁။ ကရင်အမျိုးသား ပါတီ
၂၂။ မြိုအမျိုးသားဒီမိုကရေစီပါတီ
၂၃။ ဓနုအမျိုးသားများအဖွဲ့ချုပ် ပါတီ
၂၄။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-ni Solidarity Party(SSP)]
၂၅။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ
၂၆။ အာခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ
၂၇။ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ
၂၈။ အမျိုးသမီးပါတီ (မွန်)
၂၉။ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ
၃၀။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ
၃၁။ ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party(AFP)]
၃၂။ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People`s Party(KSPP)]
၃၃။ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(Chin National League For Democracy Party)
၃၄။ မွန်ညီညွတ်ရေးပါတီ (Mon Unity Party)
၃၅။ ချင်းတိုင်းရင်းသားများပါတီ [Chin National Party (CNP)]
၃၆။ ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin)]
၃၇။ နာဂအမျိုးသားပါတီ [Naga National Party (NNP)]
၃၈။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)
၃၉။ ကချင်အမျိုးသားပါတီ (Kachin National Party)

National League for Democracy

04/11/2020

အတူတူ အလုပ်ဆက်လုပ်ကြရအောင်လို့
တောင်းဆိုပါရစေ
----------
ပညာရေးအသုံးစရိတ် ၁၄၂ ရာခိုင်းနုန်း တိုးမြှင့်သုံးခဲ့တယ်
---------

ဖေဖေမေမေ ဆရာ ဆရာမတို့ရေ
ယခင်၅နှစ်ထက် ကျတော်တို့အစိုးရ၅နှစ်မှာ ပညာရေးအသုံးစရိတ် ၁၄၂ ရာခိုင်နုန်း တိုးသုံးခဲ့တယ်

နောက်၅နှစ်လည်း ပညာရေး အသုံးစရိတ်ကို ဆက်ပြီး တိုးမြှင့်သုံးပြီး မပြီးဆုံးသေးတဲ့ပညာရေးပြုပြင် ပြောင်းလည်းမှုကို ဆက်လုပ်ချင်ပါ‌တယ်

အဲလို ပညာရေးဘတ်ဂျတ်တိုးသုံးတဲ့ ရလာဒ်တွေထဲက တစ်ခုကတော့

ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့်မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပေးနိုင်တော့ မှာပဲဖြစ်ပါတယ်

လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Myanmar Harp media သို့အတည်ပြုပြောကြားသွားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်

"လုပ်သက် ၁၀နှစ်နဲ့အထက်ပေါ့။ သူကဖွဲ့စည်းပုံအသစ်အရ သူကSATလစာရသွားမယ်။နိုဝင်ဘာ ၁ရက်နေ့ကစပြီး စတင်ခံစားရတာဆိုတော့ နိုဝင်ဘာလကုန် လစာတိုးရတာပေါ့။ ကျန်တဲ့ မူလတန်းကျောင်းအုပ်တွေလည်းနောက်ပိုင်းဖြည်းဖြည်းချင်းမူအုပ်အားလုံးကိုပေးဖို့ရှိတယ်။အသုတ်လိုက်၊အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့ လစာစကေးသည်အလယ်တန်းပြရဲ့ လစာစကေးနဲ့အတူတူပဲ။ အခုက မူအုပ်တွေက အထက်တန်းပြရဲ့ လစာစကေးနဲ့တူအောင်လုပ်ပေးရတဲ့သဘောပဲ။မူလတန်းဆိုလည်းမူလတန်းအတွင်းမှာရာထူးတိုးတဲ့အဆင့်ဖြစ်မယ်။အလယ်တန်းဆိုလည်း အလယ်တန်းအတွင်းမှာ ရာထူးတိုးတဲ့အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြ အခုခန့်တဲ့ကလေးတွေတော့ တိုးမှာမဟုတ်သေးဘူး။နောက်မကြာခင်မှာ ဖွဲ့စည်းပုံအသစ်အရ မူလတန်းပြနုတဲ့ကလေးတွေက လက်ထောက် မူလတန်းပြရာထူးနဲ့သွားမယ်။ပြီးရင်ဒုတိယမူလတန်းပြဆိုတာ အရင်ကအလယ်တန်းပြရာထူးလစာနဲ့တူသွားမယ်။ပြီးရင် မူလတန်းလို့ခေါ်ပြီဆိုရင် SATနဲ့အတူတူပဲလခကဖြစ်သွားမယ်။မူလတန်းထဲမှာတင် အဆင့်မြင့်ပေးတာပေါ့။အလယ်တန်းပြလည်းအဲဒီလိုသွားမယ်''ဟု ပြောကြားကြောင်းသိရပါတယ်

လက်ရှိတွင် အခြေခံပညာကျောင်းပေါင်းငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိတယ်

၂၀၁၆ခုနှစ်မှ၂၀၂၁အထိ ပညာရေးအသုံးစရိတ်၁၂၂၃၉ဘီလီယံကျပ်သုံးစွဲခဲ့ပြီးတိုးတက်မှုရာခိုင်နှုန်း၁၄၂ရာခိုင်နှုန်းထိ ပညာရေးကဏ္ဍအနေဖြင့်တိုးတက်ခဲ့ပါတယ်

မပြီးဆုံးသေးတဲ့ ပညာရေးပြုပြင်ပြောင်းလည်းမှုကို
ပညာရေးပြုပြင်ပြောင်းလည်းမှု မဟာဗျူဟာအတိုင်း
ဆက်ပြီး ပြောင်းလည်းမှုတွေ လုပ်ဖို့လိုသေးတယ်

ကျတော်တို့ အတူ ဆက်ပြီး အလုပ်လုပ်ကြရအောင်လို့
တောင်းဆိုပါရစေ

အားလုံးကိုကျေးဇူးတင်ပါတယ်
Credit Lwin Ko Latt

Address

Ye

Alerts

Be the first to know and let us send you an email when NLD - Northern Ye Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share