People's Defence Force -Yenangyaung

People's Defence Force -Yenangyaung ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

29/08/2026
မိဘပြည်သူများအားအသိပေးထုတ်ပြန်ချက်။----------------------------ရေနံချောင်းမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူ့က...
16/08/2026

မိဘပြည်သူများအားအသိပေးထုတ်ပြန်ချက်။
----------------------------
ရေနံချောင်းမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကား ၂၀၂၆ ခုနှစ်အတွင်း
ရေနံချောင်းမြို့နယ်၌ပြုပြင်ဆောင်ရွက်ခဲ့သောလမ်းများ။

12/07/2026

ချောက်မြို့နယ်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ပြည်သူ့ကာကွယ်ရးတပ်မတော်(PDF)
ရဲဘော် ၂၀ ဦးအတွက်ကျွန်ုပ်တို့ရေနံချောင်းမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသေနတ်ပစ်ဖောက်အလေးပြု။

ဇူလိုင် ၁၂ ၊ ၂၀၂၆

မကွေး‌ဒေသ၊ ချောက်မြို့နယ်၊ တောင်သာကျေးရွာမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော် ၂၀ ဦးကိုကျွန်ုပ်တို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာ‌‌ေရးတပ်ဖွဲ့မှသေနတ်ပစ်ဖောက်ကာဝမ်းနည်းခြင်းများစွာနှင့် အလေးပြုလိုက်ပါတယ်။

ကျဆုံးရဲဘော်တွေအတွက် ကျွန်ုပ်တို့ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ
အစဉ်ထာဝရအောက်မေ့သတိရနေမှာဖြစ်ပြီး တော်လှန်ရေးအတွက်တန်ဖိုးမဖြတ်နိုင်သောဆုံးရှုံးမှုကြီးဟုနှလုံးသွင်းမှတ်ယူပါသည်။

ကျွန်ုပ်တို့ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်‌‌ေရးတပ်ဖွဲ့အ‌ေနနဲ့အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်သွားပါမည်ဟုကျဆုံးသွားတဲ့ ရဲဘော်တွေကို တိုင်တည်ပြီး ကတိသစ္စာပြုလိုက်ပါသည်။

's Defence Force -Yenangyaung #

18/05/2026

သတင်းထုတ်ပြန်ကြေညာချက် ၂/၂၀၂၆
၁၈ မေ ၂၀၂၆ ရေနံချောင်းမြို့နယ်၊

၁၀-၅-၂၀၂၆ ရက်နေ့တွင် ဂွေးကုန်း၊ဝက်ချုပ်၊နတ်မောက်
လမ်းမှတဆင့် ဝင်ရောက်လာသော အကြမ်းဖက် ရွေးတု
လက်အောက်ခံစစ်ကြောင်းသည် ၁၁-၅-၂၀၂၆ ရက်နေ့တွင် မကျည်းကန်အုပ်စု၊အလယ်ကုန်းကျေးရွာအနီးသို့ နေ့လည်(၂)နာရီခန့်တွင်ချည်းကပ်လာရာ မိမိသို့ကာကွယ်တပ်ဖွဲ့များနှင့်(၁)နာရီခန့်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်ရွေးတုလက်အောက်ခံစစ်ကြောင်းသည်အထိ
နာကာပြန်လည်ဆုတ်ခွါသွားသည်။
ထပ်မံ၍ ၁၄-၅-၂၀၂၆ ရက်နေ့တွင် ကုန်းအိုင်-ဖောင်းကွဲ
ရွှေကျင်ကန်ရိုးအတိုင်း မကျည်းကန်အုပ်စု၊လွန်ပင်ရှိုရွာ
အနီးထပ်မံချည်းကပ်လာရာ ညနေ (၃)နာရီဝန်းကျင်တွင်
မိမိတို့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲနာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး၊ထိတွေ့တိုက်ပွဲ (၂)ကြိမ်အတွင်း ရန်သူဘက်မှ(၁၀)ဦးကျဆုံးကာ၊ မိမိတို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်းထုတ်ပြန်အပ်ပါသည်၊၎င်းကောင်း
စစ်ကြောင်းသည် (၁၅-၅-၂၀၂၆)ရက်နေ့တွင် ရေနံချောင်းမြို့သို့ပြန်လည်ဆုတ်ခွါသွားသည်။
အထက်ပါတိုက်ခိုက်မှုကို မိမိတို့ People's Defence Force -Yenangyaung(YNG-PDF)၊မကွေးတိုင်း ပ-က-ဖ
အထူးရွှေ့လျှားစစ်ကြောင်း Yenanthar Column၊ပြည်သူ့
ကာကွယ်ရေးတပ်မတော် မကွေးခရိုင်စစ်ဌာန Drone
တပ်ဖွဲ့နှင့်၊မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူး
ပေါင်းတိုက်ခိုက်ခဲ့သည်။

's Defence Force-Yenangyaung
# -PDF #

07/05/2026

၅-၅-၂၀၂၆
------------

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊တည်ထောင်ခြင်း (၅)နှစ်ပြည့်
အထိမ်းအမှတ်၊အလံတင် ကျမ်းသစ္စာဆို သဝဏ်လွှာဖတ်
ကြားခြင်းကို၊ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး
တပ်ဖွဲ့၏ထိမ်းချုပ်နယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

's Defence Force Yenangyaung #
PDF-YNG

အတိုဆုံး  ဘ၀မှာအရှည်ဆုံး ခရီးကိုလျှောက်သောသူသာလျှင်မြင့်မြတ်ဆုံးဖြစ်တယ်...
28/02/2026

အတိုဆုံး ဘ၀မှာ
အရှည်ဆုံး ခရီးကို
လျှောက်သောသူသာလျှင်
မြင့်မြတ်ဆုံးဖြစ်တယ်...

မိဘပြည်သူ ညီအစ်ကိုမောင်နှမ များအားအသိပေးထုတ်ပြန်ချက်
28/02/2026

မိဘပြည်သူ ညီအစ်ကိုမောင်နှမ များအားအသိပေးထုတ်ပြန်ချက်

အဖေအရွယ် တပ်ကြပ်ကြီးကို အသက်၂၀ ကျော် ဗိုလ်ပေါက်စလေးက ပါးရိုက်လို့ရတဲ့ အလေ့အထကို အမိန့်နာခံမှုလို့ ခေါင်းစဉ်တပ်ထားတဲ့အသို...
10/12/2025

အဖေအရွယ် တပ်ကြပ်ကြီးကို
အသက်၂၀ ကျော် ဗိုလ်ပေါက်စလေးက
ပါးရိုက်လို့ရတဲ့ အလေ့အထကို
အမိန့်နာခံမှုလို့ ခေါင်းစဉ်တပ်ထားတဲ့အသိုင်းအဝိုင်း။

ဂျူနီယာကျောင်းသားကို စီနီယာဆိုသူတွေက
သေလုအောင်ထိုးကြိတ်နေတာကို
ထမင်းစားရေသောက်လို သဘောထားတဲ့
အသိုင်းအဝိုင်း။

တပ်သားကတော် အသက်ဘယ်လောက်ကြီးကြီး တပ်ရင်းမှူးသမီးကိုတောင် ဘုရားသခင်လို
ဆက်ဆံရတာကို
လေးစားမှုလို့ နာမည်တပ်တဲ့ အသိုင်းအဝိုင်း။

အရာရှိကတော်အိမ်မှာ အဝတ်လျှော် ကြမ်းတိုက်
အညောင်းပြေနှိပ်ပေးရတာကို
ဝတ္တရားလို့ ထင်တဲ့အသိုင်းအဝိုင်းဆီက
ငါတို့ ဘာများ မျှော်လင့်လို့ရမှာလဲ ???

လူသားဆန်မှု မရှိတဲ့လူတွေဆီက
လူသားဆန်မှုကို ဘယ်တော့မှ မမျှော်လင့်နဲ့

တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဆိုတာ အလဟဿထားခဲ့တဲ့ စကားပုံမဟုတ်ဘူး ...

ရိုင်းစိုင်းတဲ့အသိုင်းအဝိုင်းက ရိုင်းစိုင်းမှာဘဲ
ယုတ်မာတဲ့အသိုင်းအဝိုင်းက ယုတ်မာမှာဘဲ

အယုတ်တရားတွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းနေတဲ့ အသိုင်းအဝိုင်းကို
တော်လှန်ပြောင်းလဲနိုင်မှ ငါတို့အောင်မယ် ...

ဖိနှိပ်မှုမှန်သမျှ တော်လှန်ကြရမယ်
ငါတို့ ညီညွတ်ကြရမယ်

အရေးတော်ပုံအောင်ရမည်။

Crd
Z M

Address

FV2H+WCQ
Yenangyaung

Alerts

Be the first to know and let us send you an email when People's Defence Force -Yenangyaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to People's Defence Force -Yenangyaung:

Shortcuts

Share