01/09/2026
ယုံကြည်ခြင်းအားမာန် အတွက် ခွန်အားဖြည့်ထောက်ပို့တပ်သားတွေဖြစ်ပါတယ် ။
ကျနော်တို့ နဂါးဖြူတပ်ရင်းရဲ့ ရံပုံငွေရှာဖွေရေးတလတာအစီအစဥ် တပါတ်ပဲလိုပါတော့တယ် ။ ထောက်ပို့ကူညီသူနည်းနေသေးတဲ့အချိန်မှာ ကျနော်တို့ရဲ့ယုံကြည်ခြင်းအားမာန်ကို လစဥ်လတိုင်း တည်ဆောက်အားဖြည့်ပေးနေတဲ့ ထောက်ပို့တပ်သားတွေကြောင့် ကြံ့ခိုင်နေတုန်းပါပဲ ။ ယုံကြည်ခြင်းအားမာန်အတွက် ကြိုးစားရှာဖွေကောက်ခံပေးနေကြသလို လစဥ်ထောက်ပို့ပါဝင်မှူကိုလည်း မပျက်မကွက် တာဝန်ထမ်းနေကြတာဖြစ်ကြောင်း 2026 August လ ထောက်ပို့တပ်သားစာရင်းနဲ့အတူ ဂုဏ်ပြုဖော်ပြအပ်ပါတယ် ။
(ထောက်ပို့ရုံးကွန်ပြူတာ ထိခိုက်ပျက်ဆီးမှူကြောင့် ဖော်ပြဘို့တရက်နောက်ကျခဲ့ရတာ တောင်းပန်အပ်ပါတယ် ။ လွဲချော်မှူရှိရင်လည်း ပြောလာပေးကြပါခင်ဗျာ ။
White Dragon -P29904