06/09/2026
ကျေးဇူးတင်စကား (Lunglawmnak)
ကျနော်တို့ RCCM Futsal Cup မှာ ပါဝင်ပေးကျတဲ့ အသင်းများ၊ ခေါင်းဆောင်များနှင့် ကစားသမား အားလုံး ကျေးဇူးတင်ပါတယ်။ ခင်ဗျာတို့ ပူးပေါင်းပါဝင်မှုတွေကြောင့် အောင်မြင်စွာ ပွဲကျင်းပနိုင်ခဲ့ပါသည်။ နောက်စ်ချိန်ကျရင်လည်း ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ ပွဲမှာ ဒိုင် (Referee) လုပ်ပေးတဲ့ Ko Josep Mung Pi team ကိုလည်း ကျေးဇူးတင်ပါတယ်။
ဖွင့်ပွဲ အခန်းအနားမှာ လာပြီး အားပေးအမှာစကား ပြောကြားပေးပါသော Saya Paul Ngun Luai Thang နှင့် Saya James Bawi Thang Bik အပေါ် ကျေးဇူးတင်သလို အဖွင့်ဆုတောင်းပေတဲ့ Rev Cung Bik ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီပွဲ ရည်ရွက်ချက်ကတော့ ချင်းပြည် ၊ ချင်းလူမျိုး လွတ်မြောက်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ လူငယ်တွေရဲ့ စိတ်ဝိညာဉ်မှာ အမျိုးသား တည်ဆောက်ရေး (Nation building) ကို ဆက်လက်လုပ်ဆောင်ဖို့
နိုးစော်တိုက်တွန်းချင်ပါတယ်။
ပြီးတော့ ရန်ပုံငွေအတွက် အရောင်းပိုင်း ကူညီလုပ်ဆောင်ပေးတဲ့ လုပ်ဖော်ကိုင်ဖက်များ (sale team) ကို ကျေးဇူးအများကြီးတင်ပါတယ်။
Champion ရရှိတဲ့ MMA FC Congratulations 👏!
One Chin, One Nation
Make Chinland a better Place.
RCCM Info
Cameraman: David Bawi