TTA Information

TTA Information female

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီ အများပြားသေဆုံးသျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာလ ၁၃ ရက်သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ...
13/12/2022

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီ အများပြားသေဆုံး

သျှမ်းသံတော်ဆင့်၊ ဒီဇင်ဘာလ ၁၃ ရက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ယနေ့ ၁၃ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီ တပ်သား အလောင်း ၄၇ လောင်းတွေ့ရပြီး၊ အရှင်လတ်လတ် စစ်သုံ့ပန်းအဖြစ် ၂၄ ဦးကို TNLA တပ်ဖွဲ့မှ ဖမ်းဆီး ထားကြောင်း သတင်းသိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့သည် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ဖြင့် တိုက်ခိုက်မှုမပြုသည့်နေရာများသို့ မြေပြင်ကွင်းဆင်း စစ်ဆေးရေး ပြုလုပ်သည့် TNLA တပ်သားများက စစ်ကောင်စီ အလောင်းများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း TNLA တပ်ဖွဲ့နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုန်းသာရွာ ရဲ့ ပတ်ဝန်းကျင် အနီးနား တစ်ဝိုက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ TNLA တပ်သားတွေက မြေပြင်စစ်ဆေးရေး ပြုလုပ်ရင်း စစ်သား အလောင်း ၉ လောင်းထပ်တွေ့တာတဲ့၊ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိက ၃၈ လောင်းတွေ့ ထားပြီ၊ အခုတော့ ၄၇ ပေါ့၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတာက ၂၄ ယောက်လို့ သိရတယ်” ဟု မြေပြင် TNLA တပ်ဖွဲ့နှင့် နီးစပ် သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတို့သည် တိုက်လေယာဥ် ရဟတ်ယာဥ်များဖြင့် နမ့်ဆန်မြို့ရှိ TNLA တပ်ဖွဲ့ကို ထိုးစစ် ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သတင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများက မြေပြင်တိုက်ပွဲအတွက် ကုန်းသာဘုန်းကြီးကျောင်းဝင်းအတွင်း နေရာယူထားပြီး ၎င်းတို့၏ ရဟတ်ယာဥ်က အဆိုပါ ကုန်းသာဘုန်းကြီးကျောင်းကိုပင် နေရာမှားပြီး ဗုံးကြဲတိုက် ခိုက်သည့်အတွက် ဘုန်းကြီးကျောင်း ပျက်စီးရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ကုန်းသာကျေးရွာဘုန်းကြီးကျောင်းထဲ သူတို့ (စကစ) နေရာယူထားတဲ့အချိန်မှာ ဝေဟင်ကနေလည်း သူတို့က လာပြီး ဗုံးကြဲသွားတာ၊ အဲ့ကြောင့် ဘုန်းကြီးကျောင်းက တော်တော်ကို ပျက်စီးသွားတယ်၊ ကုန်းသာရွာက အရပ်သား နေအိမ် ၇ လုံးထက်နည်း ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယင်းတိုက်ပွဲအတွင်းတွင် TNLA တပ်ဖွဲ့မှ တပ်သားများ ၃၀ နီးပါးခန့် ထိခိုက်ကျဆုံးကြောင်း သတင်း သိရသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုချက် မရသေးပေ။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး TNLA ၏ ပြောရေးဆိုခွင့် ဒု ဗိုလ်မှူးကြီး တားအိုက်ကျော် ကို ဆက်သွယ်မေးမြန်းရာ “ထိခိုက်ကျဆုံးမှုကတော့ နှစ်ဖက်လုံးက ရှိပါတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူးပေါ့နော်၊ လူနေအိမ် ထိခိုက်မှုလည်းရှိတယ်။ အများဆုံးကတော့ ကုန်းသာရွာကပေါ့၊ သူတို့ဘက်ကနေ လက်နက်ကြီး နဲ့ နမ့်ဆန်တပ်ကနေ ရမ်းပစ်နေတာရှိတယ်။ လေကြောင်းနဲ့ ပစ်တာ ကတော့ နေ့ရော ညရော၊ ဂျက်လေယာဉ်တွေနဲ့ အများအပြား လာပစ်သွားတာ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်ပြည်သူများ ၁၀၀၀ ကျော် ရှိနေပြီး အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

https://burmese.shannews.org/archives/31996



#သျှမ်းသံတော်ဆင့်
#နမ့်ဆန်မြို့နယ်

#စစ်ကောင်စီ

နမ့်ဆန်တွင် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးနေရဧရာဝတီ ၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၂၂ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ ...
11/12/2022

နမ့်ဆန်တွင် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးနေရ

ဧရာဝတီ ၊ ဒီဇင်ဘာ ၁၁ ၊ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ အနောက်မြောက်ဘက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့၏ တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း TNLA ၏ သတင်းဌာနဖြစ်သည့် Ta’ang TV က ကြေညာသည်။

နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများမှာ နမ့်ဆန်မြို့ အနောက်မြောက်ဘက်ရှိ ကုန်းသာ၊ ဟူးမန်း ၊ မန်လုံနှင့် ပိန်းလုံ ရွာများမှ ဖြစ်ကြောင်း နမ့်ဆန်မြို့ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်များသည် နမ့်ဆန်မြို့သို့ ထွက်ပြေးခိုလှုံကြသလို လားရှိုးမြို့ဘက်သို့လည်း ထွက်ပြေးခိုလှုံကြကြောင်း နမ့်ဆန်မြို့ ဒေသခံ အချို့ထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၇ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် အနောက်မြောက်ဘက်ရှိ ကုန်းသာ၊ ဟူးမန်းနှင့် ပိန်းလုံရွာများသို့ ရဟတ်ယာဉ် ၅ စီးဖြင့် ရောက်လာကာ စစ်သား ၂၀၀ ခန့်ဖြင့် အဆိုပါရွာများအား ဝင်ရောက် စီးနင်းခဲ့ရာမှ ယင်းနေရာတွင် ရောက်ရှိနေသည့် TNLA တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲသည် ၅ ရက်ခန့် ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ ၁၀ ရက် တရက်တည်းမှာပင် တိုက်လေယာဉ်ဖြင့် ၁၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်ကဆိုသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ကုန်းသာရွာတွင် လူနေအိမ် ၅ လုံးနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ၁ ဆောင် မီးလောင် ပျက်စီးခဲ့ရကြောင်း TNLA ထံမှသိရသည်။

အရပ်သားပြည်သူများအား လေကြောင်းဖြင့် ဦးတည် တိုက်ခိုက်နေသည့် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှု အပါအဝင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ပေးရန် ယမန်နေ့က (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့) တအာင်း (ပလောင်) အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ပုံစာ- နမ့်ဆန်မြို့နယ်၊ဇယန်းကြီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော စစ်ဘေးရှောင်များ/ Ta’ang TV


အမေရိကန်၊ နယူးယောက်တွင် "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည် ကိုကယ်တင်စို့ " ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြရန်ကုန်၊...
11/12/2022

အမေရိကန်၊ နယူးယောက်တွင် "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည် ကိုကယ်တင်စို့ " ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်း စု ကြည် နှင့် မတရားဖမ်းဆီး ထားသူများကို ချက်ချင်း လွှတ်ပေးရေး၊ ဒဂုံ တက္က သိုလ် ကျောင်းသား (၇) ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ် ချမှတ်ခံ ထားရသော ကျောင်းသား ပြည်သူများ နှင့်အတူ တစ်သား တည်းရပ် တည် ကြောင်း၊ နိုင်ငံ တကာ သိစေရန် ဖေါ်ထုတ်ရေး၊အမျိုးသမီးအခွင့် အရေး မြှင့် တင်ရေး နှင့် ကလေး သူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရေး အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၁ ရက်နေ့) ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ကြသည်။

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ရန်ကုန်၊ ဒီဇင်ဘာ ၁၁ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်...
11/12/2022

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦး
တော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍
ယနေ့(ဒီဇင်ဘာ ၁၁)ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ကျင်းပပြုလုပ်ခဲ့သည်။

SAVE MYANMAR , SAVE UKRAINE , Spring Revolution Strike Force Kani Township ဘန်နာစာသားများကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း စစ်အာဏာရှင်ဆန်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒပြခဲ့ကြပြီး သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောကာ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများကို အလေးပြု၍ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်ပါလီမန်အဆောက်အအုံတွင် ကိုဂျင်မီပုံ ပြသဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၂စစ်တပ်က မတရားအာဏာ...
11/12/2022

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဗြိတိန်ပါလီမန်အဆောက်အအုံတွင် ကိုဂျင်မီပုံ ပြသ

ဧရာဝတီ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၂

စစ်တပ်က မတရားအာဏာသိမ်းယူပြီးနောက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထင်ဟပ်ပြသနိုင်ရန်အတွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သူ ကိုဂျင်မီ၏ပုံကို ဗြိတိန်ပါလီမန်အဆောက်အအုံနှင့် လန်ဒန်မြို့၏ နာမည်ကျော် Marble Arch မုခ်ဦးတွင် Myanmar Accountability Project (MAP) က စီစဉ်ပြသခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် ကိုဂျင်မီပုံကို ပေါ်တူဂီ ပန်းချီအနုပညာရှင် Paulo Andringa ပုံဖော်ရေးဆွဲထားခြင်း ဖြစ်ပြီး ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ရှိ အဆိုပါ အဆောက်အအုံ ၂ ခုတွင် ပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်ပုံတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စောင့်ကြည့်မှတ်တမ်းတင်ထားသည့် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများ၏ ဦးခေါင်းပုံများလည်း ပါဝင်ပုံဖော်ထားသည်။

MAP ၏ ဒါရိုက်တာ Chris Gunness က ယူကရိန်းအတွက် ရပ်တည်ခဲ့ သကဲ့သို့ပင် မြန်မာ့အရေးကိုလည်း နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် ဗြိတိန်နှင့် အခြားအစိုးရများကို တောင်းဆိုခဲ့ကြောင်း သိရသည်။

၎င်းက “ICC ကို လွှဲပြောင်းပေးမယ့် ကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါပြီ။ အရပ်သားတွေကို ဝေဟင်ကနေ ရမ်းသမ်းပြီး ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပါတယ်။ ဒါကြောင့် ယူကရိန်းကိစ္စအတိုင်းပဲ အရေးယူဖို့ တောင်းဆိုထားပါတယ်” ဟု ပြောသည်။

ထို့ပြင် ကုလသမဂ္ဂလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ မာဘယ်မုခ်ဦးတွင် ဖယောင်းတိုင် မီးထွန်းပွဲကိုလည်း MAP က ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ - Getty Images


ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ယင်းမာပင် မြ...
11/12/2022

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

လေကြောင်းက အပစ်ခံခဲ့ရတဲ့ ဒီပဲယင်းမြို့ လက်ယက်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့~~~~~■ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း...
11/12/2022

လေကြောင်းက အပစ်ခံခဲ့ရတဲ့ ဒီပဲယင်းမြို့ လက်ယက်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့
~~~~~
■ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က လက်ယက်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဒီဇင်ဘာလ ၁၀ ရက် ဒီနေ့ မနက်ပိုင်း ဝင်ရောက်မီးရှို့တာကြောင့် အဲဒီရွာအပါအဝင် အနီးနားရွာက ဒေသခံတစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒီပဲယင်းဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်း အင်အား ၉၀ နီးပါးပါဝင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းဟာ လက်ယက်ကုန်းအပြင် မူးကတွင်း၊ ညောင်ကြီးကုန်းနဲ့ မဲအိုးရွာတွေကိုပါ မီးရှို့တာလို့ ဒီပဲယင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိ စစ်ကြောင်းရှိနေတုန်းဆိုတော့ ဘယ်လောက်အထိ မီးလောင်သွားလဲဆိုတာတော့ မသိရသေးဘူး။ ဒီပဲယင်းမှာ စစ်ကြောင်းက နှစ်ကြောင်းဝင်နေတာ။ စစ်ကြောင်းနှစ်ကြောင်းစလုံးက ရွာစဉ်မီးရှို့နေတော့တာပဲ။ ဒီတစ်ခါ ပြန်ဝင်လာတဲ့ စစ်ကြောင်းက အရင်တုန်းက စစ်ကြောင်းတွေနဲ့မတူဘူး ဝင်သမျှရွာ မီးရှို့သွားတယ်။ အရင်မီးရှို့ခဲ့လို့ ပျက်စီးသွားတဲ့ အိမ်တွေတောင် ကူညီလို့အဆင်မပြေသေးဘူး။ အခုထပ်ပြီး မီးရှို့နေကြတယ်”

လက်ယက်ကုန်းရွာဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ တစ်နာရီနီးပါး အပစ်ခံခဲ့ ရတာကြောင့် ကလေးငယ်ခုနစ်ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ရွာပေါင်း ၂၁ ရွာက နေအိမ် ၇၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီ ၁၀ ရက်အတွင်း ရွာပေါင်း ၃၁ ရွာက နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၁,၀၀၀ ကျော်အထိ ရှိလာတယ်လို့လည်း အဲဒီတာဝန်ခံက ဆက်ပြောပါတယ်။

လွတ်လပ်တဲ့ သုတသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ထုတ်ပြန်တဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
_________
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒီပဲယင်းဒေသခံများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့)
RFA
10-12-2022

10/12/2022

လောင်းလုံးမြို့ မောင်းမကန်ရွာ ရဲစခန်းက ရဲသုံးဦး လက်နက်နဲ့အတူ ထွက်ပြေး
~~~~~
■ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရွာ ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားသုံးဦးဟာ ဒီဇင်ဘာလ ၈ ရက်နေ့က လက်နက်တွေယူဆောင်ပြီး စခန်းကနေ ထွက်ပြေးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မောင်းမကန်နယ်မြေ ရဲစခန်းက ရဲသုံးယောက် လက်နက်နဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ညက ထွက်ပြေးတယ်။ ထွက်ပြေးတဲ့ညမှာ ကျနော်တို့ဒေသခံတွေက သေနတ်ဖောက်သံတချို့တော့ ကြားလိုက်တယ်။ ပြန်ဖမ်းမိတယ်လို့လည်း မကြားဘူး။ ဘယ်နေရာကို ရောက်သွားလဲဆိုတာလည်း မသိရသေးဘူး”

ရဲသုံးဦး ထွက်ပြေးသွားပြီးနောက် လောင်းလုံးမြို့နယ်မှာရှိတဲ့ ရဲတွေကို စစ်ကောင်စီတပ်သားတွေက မယုံကြည်ကြတော့ဘဲ စျေးထွက်ဝယ်ရင်တောင် အနောက်ကနေ လိုက်ကြည့်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီဇင်ဘာလ ၄ ရက်နေ့ညကလည်း အဲဒီမောင်းမကန် ရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သည်အရာရှိ စုစုပေါင်း တစ်သောင်းကျော်လာပြီး အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် ရှစ်ထောင်ကျော်နဲ့ စစ်သည်လေးထောင်ကျော် ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပြောဆိုထားပါတယ်။
_________
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရွာ ရဲစခန်းအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (Photo: Dawei Information Center)

ကောလင်းရဲစခန်းအနီး မြို့ပြင်ဘက်မှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်း ခြောက်လောင်း တွေ့ရှိ၊ သေဆုံးသူတွေထဲ အမျိုးသမီးတစ်ဦး ပါဝင်...
10/12/2022

ကောလင်းရဲစခန်းအနီး မြို့ပြင်ဘက်မှာ ခေါင်းဖြတ်ခံထားရတဲ့ အလောင်း ခြောက်လောင်း တွေ့ရှိ၊
သေဆုံးသူတွေထဲ အမျိုးသမီးတစ်ဦး ပါဝင်၊

MFP ၊ ဒီဇင်ဘာ - ၁၀

စစ်ကိုင်းတိုင်း ကောလင်းမြို့၊ မြို့ခရဲစခန်းရဲ့ မြောက်ဘက် မြို့ပြင်မှာ ခေါင်းဖြတ် အသတ်ခံထားရတဲ့ အလောင်း ခြောက်လောင်း ဒီမနက်ပိုင်း တွေ့ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၁၀)ရက် မနက်ပိုင်းမှာ ခေါင်းဖြတ် အသံခံထားရတဲ့ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ငါးဦး၏ အလောင်းတွေ့ကို ကောလင်းမြို့ပြင် ဝါးရုံတုံးရွာအနီးမှာ တွေ့ရှိတာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“အလောင်းတွေ တွေ့တာက မြို့ပြင်ဘက်လို့ ပြောလို့ရတယ်။ အိမ်မှာမဟုတ်ဘူး လမ်းဘေးမှာ အသတ်ခံရတာလို့ ကြားတယ်။ ဝါးရုံတုံးရွာက သုံးယောက်ရယ်၊ စိန်လယ်ရွာက သုံးယောက်လို့ ကြားတာ။ သတင်းကတော့ အတိအကျ မသိရသေးဘူး” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ကြီးစိုးသောင်းကျန်းနေတဲ့ ကောလင်းမြို့မှာ မနေ့က ညပိုင်း သေနတ်သံနှင့် လက်နက်ကြီးသံတချို့ ကြားခဲ့ရပြီးနောက် ဒီမနက်ပိုင်း အလောင်းတွေ တွေ့ရတာလို့ ကောလင်းတော်လှန်ရေးအဖွဲ့ - KR Team က ဖော်ပြပါတယ်။

“စကစ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့အတွင်း၌ ဓားပြတိုက်လူသတ်မှု တခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဥ်မှာ ယမန်နေ့ (ဒီဇင်ဘာ၉ရက်) ည(၈)နာရီ နှင့် (၉)နာရီကြား မြို့တွင်း သေနတ်သံနှင့် လက်နက်ကြီးသံ အချို့ ကြားခဲ့ရပြီး ဓားပြမှု ဖြစ်ပွားချိန်၌ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရ။ ဖရဲသီးပေးပို့ချက် - စကစမှ ဖမ်းဆီးသိမ်းဆည်းရမိသော တစ်ထောင့်ထိုး လက်နက်များကို ပြည်သူများ ထင်ရောင်ထင်မှား ဖြစ်စေရန် ညွန်ကြားချက်ဖြင့် ဓားပြတိုက်မှုများ လုပ်ဆောင်နေကြောင်း” လို့ KR Team က ဆိုပါတယ်။

ဒီမနက် (၃)နာရီလောက်မှာ ကောလင်းမြို့မရဲစခန်း မြောက်ဘက် ဝါးရုန်းတုန်းနား လူခြောက်ဦး ထေါင်းဖြတ်ခံထားရတယ်လို့ ကနဦး သတင်းရထားကြောင်း ကောလင်းဒေသ မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Kawlin Info ကလည်း ဆိုပါတယ်။

ကောလင်းမြို့နှင့် ကောလင်းနယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့ဖျက်ဆီးတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#မန္တလေး #စစ်ကိုင်း #အညာ #ကောလင်း

အဆိုးဆုံးဒုက္ခရောက်နေတဲ့ မြန်မာမိသားစုတွေအတွက် ယူရို ၆ သန်းခွဲ အီးယူထောက်ပံ့==========ဒီဇင်ဘာ ၉မြန်မာနိုင်ငံက အဆိုးဆုံးဘ...
09/12/2022

အဆိုးဆုံးဒုက္ခရောက်နေတဲ့ မြန်မာမိသားစုတွေအတွက် ယူရို ၆ သန်းခွဲ အီးယူထောက်ပံ့
==========
ဒီဇင်ဘာ ၉

မြန်မာနိုင်ငံက အဆိုးဆုံးဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကို အီးယူ (ဥရောပသမဂ္ဂ) က ယူရို ၆ သန်းခွဲ ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

အဲဒီထောက်ပံ့ကူညီမှုဟာ ရန်ကုန်မြို့အစွန်အဖျားတွေအပါအဝင် မြန်မာ အရှေ့တောင်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေက လူ ၈ သိန်းကျော်ဆီကို ရောက်ရှိလိမ့်မယ်လို့ WFP ရဲ့ ဒီဇင်ဘာလ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ အကူအညီတွေ အလိုအပ်ဆုံးဖြစ်နေတဲ့ လူဦးရေအများဆုံးနေရာတွေကို ရောက်ရှိနိုင်ဖို့ ကြီးမားတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေဆဲလို့ WFP က ဆိုသလို ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ကို ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ သွားရောက်နိုင်ဖို့ အီးယူနဲ့ WFP က တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

ထောက်ပံ့ငွေတွေကို ပြည်တွင်းက NGO တွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီး စားနပ်ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ကူညီပေးသွားမယ်လို့ WFP က ထုတ်ပြန်ထားပါတယ်။

“အဲဒီထောက်ပံ့မှုက ကျွန်တော်တို့စစ်ကိုင်းတိုင်းထဲက စစ်တပ်ဒုက္ခပေးတာကို အကြီးအကျယ်ခံနေရတဲ့ ပြည်သူတွေဆီ ဘယ်လိုရောက်လာမလဲဆိုတာ စဉ်းစားလို့ကို မရဘူး” လို့ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
~~~~
ကိုငြိမ်း

အာဂျင်တီးနားတို့ နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်နှင့်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်..နယ်သာလန် ၂- ၂ အာဂျင်တီးနား  (၉၀မိနစ်)န...
09/12/2022

အာဂျင်တီးနားတို့ နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်နှင့်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်..

နယ်သာလန် ၂- ၂ အာဂျင်တီးနား (၉၀မိနစ်)
နယ်သာလန် ၃- ၄ အာဂျင်တီးနား (ပင်နယ်တီ)

09/12/2022

မင်္ဂလာ နံနက်ခင်းပါ

မြန်မာပြည်သူ/ပြည်သားအားလုံးဘေးရန်အပေါင်းကင်းဝေးပါစေ...

Address

Yan

Website

Alerts

Be the first to know and let us send you an email when TTA Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share