Burma Justice Force

Burma Justice Force Save Myanmar

31/08/2021

ကြိုက်ရင် like&share ကူညီပါ

31/08/2021

သတင်းအမှန်လားအမှားလား သိရင် ပြောပြကျပါအုံးအမျိူးဒို့ရေ...

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားချက်ညွှန်ကြားချက်အမှတ် ၂ / ၂၀၂၁-----------------------------...
28/08/2021

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ညွှန်ကြားချက်

ညွှန်ကြားချက်အမှတ် ၂ / ၂၀၂၁
--------------------------------------------------------------------

၁။ ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်စပ်လျဉ်းသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၏ မူဝါဒကို ကြေညာချက်အမှတ် (၈/၂၀၂၁) ၊ ၂၃ သြဂုတ် ၂၀၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၂။ စစ်ကောင်စီနှင့်လမ်းခွဲကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံပူးပေါင်းလာမည့် “ပြည်သူ့သားကောင်း” တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်း၍ထုတ်ပြန်ထားသော အဆိုပါမူဝါဒနှင့်အညီ ကာကွယ်ရေးဝန်ကြီး ဌာနက အောက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

(က) တရားမဝင်အာဏာသိမ်း စစ်ကောင်စီ၏ အမိန့်များ၊ ညွှန်ကြားချက်များကို နာခံခြင်းမပြုရန်။

(ခ) ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မဟာမိတ်များအား ဟန့်တားနှောင့်ယှက် တိုက်ခိုက် ခြင်းမပြုရန်။
(ဂ) ပြည်သူကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမပြုရန်နှင့် ပြည်သူလူထုပိုင် အိုးအိမ်နှင့် ပစ္စည်းဥစ္စာများကို လုယူခြင်း၊ ဖျက်ဆီးခြင်း မပြုရန်။

၃။ ထို့အပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံပူးပေါင်းမည့် “ပြည်သူ့သားကောင်း” တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များကို လိုအပ်သလို ကူညီနိုင်ရန်နှင့် မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရသို့ အမြန်ဆုံးဆက်သွယ်၍ စာရင်းပေးသွင်းကြရန် တိုက်တွန်းအပ်သည်။

၄။ ပြည်သူ့ရင်ခွင်ခိုလှုံမည့် ပြည်သူ့တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များအား ပြည်သူနှင့် အမျိုးသားညီညွတ်ရေးအစိုးရက အထူးဂုဏ်ပြုကြိုဆိုလျက် လိုအပ်သော ကူညီစောင့်ရှောက်မှုများဆောင်ရွက် သွားမည် ဖြစ်သည်။

၅။ ပြည်သူကို ပုန်ကန်ဆန့်ကျင်သော စစ်ကောင်စီ၏ ခါးပိုက်ဆောင်၊ လက်ကိုင်တုတ် အကြမ်းဖက် သမားများကိုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များက ပြင်းထန်စွာ တုံ့ပြန်အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတိပေးလိုက်သည်။

ဆက်သွယ်စာရင်းပေးသွင်းရန် Call Center လိပ်စာ -
http://t.me/MyanmarPeople

ပုံ/
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန

KIA နှင့် ကိုးကန့် ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ရာဂဏန်းနီးပါး သေဆုံး၊...
28/08/2021

KIA နှင့် ကိုးကန့် ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်သား ရာဂဏန်းနီးပါး သေဆုံး၊ စကခ ၁၇ စစ် ကြောင်းမှူး ဒဏ်ရာ အပြင်းအထန်ရ
(ရန်ကုန်၊ ဩဂုတ် ၂၈)

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီးနေရာတွင် စစ်ကောင်စီတပ်များနှင့် KIA ၊ ကိုးကန့်ပူးပေါင်းတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းနီးပါး သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ကျနော်တို့ဘက်က လက်နက်တွေ တော်တော်များများ သိမ်းမိတယ်။ စစ်ကောင်စီတပ်ရင်း ၅၂၅ တပ်ရင်း နဲ့ KIA ၊ ကိုးကန့် ပူးပေါင်းတပ် တိုက်ပွဲဖြစ်တာပါ။ စစ်ကောင်စီ တပ်ရင်းမှူး တပ်ရင်းမှုး ၂ ဦးသေပါတယ်။ တပ်ဖွဲ့ဝင်တော် တော်များများလည်း သေပါတယ်။ စကခ ၁၇ စစ်ကြောင်းမှူးဒဏ်ရာပြင်းထန်ဒဏ်ရာရတဲ့အတွက် ရဟတ်ယာဉ်နဲ့ ဒီနေ့ ည ၉ နာရီ ၃၀ မိနစ် မှာ လားရှိုး သယ် သွားပြီ" ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

😭ဖခင်ဖြစ်သူတွေရဲ့နောက်ဆုံးခရီးကို😭လိုက်လံပို့ဆောင်နှုတ်ဆတ်ခွင့်မရှိခဲ့တဲ့အနုပညာရှင်များပြေတီဦး.ညီနန္ဒ.ဖွေးဖွေး.ချစ်သုဝေ....
28/08/2021

😭ဖခင်ဖြစ်သူတွေရဲ့နောက်ဆုံးခရီးကို😭
လိုက်လံပို့ဆောင်နှုတ်ဆတ်ခွင့်မရှိခဲ့တဲ့အနုပညာရှင်များ
ပြေတီဦး.ညီနန္ဒ.ဖွေးဖွေး.ချစ်သုဝေ.ထားထက်ထက်.
အဆိုတော်.လင်းလင်း
Crd.....

မငိုပါနဲ့ကလေးလေးရယ်ဒီနေ့ကမှလှတော့နောက်နှစ်များစွာလည်း ကျွေးမယ်
28/08/2021

မငိုပါနဲ့ကလေးလေးရယ်ဒီနေ့ကမှလှတော့နောက်နှစ်များစွာလည်း ကျွေးမယ်

ပြည်သူ့အင်အားကို ကြောက်ရွံ့နေသော စကစ မအလ [ အောင်ပွဲနီးလေ ဖျက်မြင်းများလေ ]______________________________________________...
27/08/2021

ပြည်သူ့အင်အားကို ကြောက်ရွံ့နေသော စကစ မအလ

[ အောင်ပွဲနီးလေ ဖျက်မြင်းများလေ ]
_______________________________________________

ခုသတင်းသဲ့သဲ့လေးတွေ ထွက်လာနေတဲ့ စကစဟာ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ လက်ဝါးခြင်းရိုက် အပေးယူ လုပ်နေတယ်တဲ့

ဒါဟာ ထုံးစံအတိုင်း မြေ‌ခွေးအိုအကြံနဲ့ တမင်တကာကို လုပ်ဆောင်နေပြီး ထိုသတင်းမျိုးကိုလည်း ပြည်သူတွေထံ ရောက်ရှိ သိအောင် တမင်ဖြန့်နေခြင်းပဲ ဖြစ်တယ်

ဒါမှ အကုန် သံသယဖြစ် မယုံကြည် သွေးကွဲ ခွာပြဲကုန်ကြမှာမဟုတ်လား ခွာပြဲပြီး တော်လှန်ရေး ဖရိုဖရဲနဲ့ ပျက်စီးပြိုကွဲ သွားစေမှာ မဟုတ်လား

ဒါကြောင့် အချို့လက်နက်ကိုင် အချို့ဟာ စကစနဲ့ ဆွေးနွေးညှိနှိုင်းကြမယ် စစ်မဖြစ်လိုဘူး PDF GZ တွေကို ဆက်မကူညီကြဖို့ စာထုတ် ဘာညာတွေဟာ

တကယ်ဟုတ်တာ မဟုတ်တာ ဖြစ်တာမဖြစ်သေးတာထက် (တိကျတဲ့ အဖြေစောင့်ပါ) ဘာကြောင့် ယခုလိုတွေ ဖြစ်ပေါ် ထွက်လာနေရသလဲဆိုတာ

(၁) စကစဟာ အင်အားလျော့နည်း စစ်ပန်း တနည်း ရှုံးမယ်ဆိုတာ ကြိုသိနေလို့ ခုလို ပေါ်တင်မဟုတ်ပဲ နောက်ကွယ် ဒိုင်လျိုကနေ လက်နက်ကိုင်တိုင်းရင်းသား‌တွေထဲက ရတဲ့သူကို ဖမ်းလုံးပြီး နောက်ကွယ် အပေးယူနဲ့ စစ်ရှိန်လျော့ဖို့ ကြိုးစားလာခြင်းပဲ ဖြစ်တယ် ဒါဟာ သူတို့အားနည်းနေလို့ပါ

သို့ဆို ဒီအချက်ဟာ အထူးသတိထားရမှာ ဖြစ်သလို ယုံကြည်မှုလည်း မရနိုင်ပါဘူး အကြောင်းဟာ စခ‌တွေဟာ ကတိမတည်ဘူး ဒီအချက်နဲ့တင် ယုံစားမိရင် အားလုံး ဒုက္ခရောက်ကျပါလိမ့်မည်ဟု သိစေလိုသည်

(၂) အချို့ လက်နက်ကိုင်တပ်က သူ‌တွေ စကစနဲ့ ခုလို လက်ဝါးခြင်းရိုက် အပေးယူနဲ့ ရလို့ စစ်မတိုက်လိုချင်သူတွေ ရှိကောင်းပေမယ့် သို့ စစ်မတိုက်ပဲ နောက်ဆုတ် လက်လွှတ်ပြီး PDF GZ တွေကို ဂွင်ဆင် တဖက်လှည့်နဲ့ စစ်ပွဲအယောင်ပြ ထိူးကြွေးမှာ ကြောက်နေ စိုးရိမ်သူတွေ ရှိနေကြတယ်

ထိုအတွက် မစိုးရိမ်ပါနဲ့ ကရင် KNU တွေဟာ သစ္စာရှ်ိသူ ရဲရင့် ပြတ်သားသူတွေပါ ထိုသို့ယုတ်မာမှုမျိုး စခွေးတွေလို အကျင့်စရိုက်နဲ့ ကတိမတည်တာမျိုး ဘယ်သောအခါမှ သူတို့မျိုးရိုး လူမျိုးမှာ မရှိဘူးဆိုတာ အပြည့်၀ ယုံကြည်လို့ပဲဖြစ်သည် ကြဖို့ အထူးသတိ‌ပေးပြောလိုပါတယ်

သို့ကြောင့် ထိုသို့ရေးပြောနေသူများဟာ KNU နဲ့ PDF GZ လေးတွေကိူ သွေးခွဲဖို့ သွေးထိုးလုပ်ဆောင်နေကြသူများသာ (စခွေးဖွတ်များ) ဖြစ်သည်ဆိုတာ သတိပေးလိုသည် ဘာကြောင့်ဆို‌တော့ သူတို့ စခွေးတဖွဲ့လုံး KNU နဲ့ PDF တွေ စုပေါင်း အင်အားကို ကြောက်ရွံနေလို့ပဲဖြစ်သည်

(၃) ခုလို EAOS ‌တွေဘက်က စာတွေ ထုတ်ပြန် အသိပေးနေခြင်းဟာ မခြွမ်းချန်ပြောရရင် စကစထက် EAOs ‌တွေဟာ NUG နဲ့ ပိုမို ညှိနှ်ုင်း ဆွေးနွေးချင်လိုနေပြီး D Day အတွက် ပူးပေါင်း ဆူံးဖြတ် လုပ်ကိုင်ဖို့နဲ့ ဖြစ်လာမည့်အရာများကို လက်တွဲ ရင်ဆိုင် ‌ဖြေရှင်းသွားကြဖို့

ထို့အပြင် နိုင်ငံရေးအရ မပြီးပြတ်သေးတဲ့ EAOsတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်လမ်းများအား NUG အနေနဲ့ သေချာဆုံးဖြတ်ပြီး ကတိက၀တ်နဲ့အညီ ပူးပေါင်း‌ဆောင်ရွက်နိုင်ရန်နဲ့ နိုင်ငံအတွက် NUG PDF တို့နှင့် အတူလက်တွဲပြီး စကစအား အလုံးစုံ အမြစ်ပြတ် တိုက်ထုတ်ကြရန် သံဓိဌာန် ပဋိဉဉ်ကို လိုချင်၍ ရေးထိုးဖို့အတွက် ခုလို စာတွေထုတ်ပြန်ပြီး စစ်ပွဲမစခင် NUG သိအောင် ထုတ်ပြန် ရေးပို့နေခြင်းပဲ ဖြစ်မည်ဆိုတာ အသိပေးရင်း

ထိူ့အပြင် မမြင်နိုင်တဲ့

- နိုင်ငံရေးကစားကွက်
- စစ်ပွဲ အခင်းကျင်း ဗျုဟာ
- လှည့်စားမှု mind game
- စစ်ထိုး စစ်မြူ စစ်ရှောင် အဖိအဖော့

စသည့် ကစားကွက် လှည့်စားမှု အတတ်ပညာတွေနဲ့ နိုင်ငံရေး စစ်ရေးကို အပြန်လှန် ထိုးစစ်ဆင် ကစား အသုံးချ လှုပ်ရှားနေကြသည်ဆိုတာ အသိပေးရင်း

မစိုးရိမ်ကြပါနဲ့ ထိုအချက်‌တွေကို ကိုယ့်ထက် သိမြင် ကျွမ်းကျင်တတ်တဲ့ ခေါင်းဆောင်ပိုင်း‌တွေ ဖြစ်တဲ့ NUG EAOs PDF မှ ဆိုင်ရာ ပညာရှင် ခေါင်းဆောင်တွေ အလိုက်သင့်ရွေ့လျားပြီး ယခုပွဲကို ဆုံးဖြတ် စတင်ကြလိမ့်မည်ဆိုတာ အသိပေးရင်း

ထိုအတွက် ပြည်သူလူထု လုပ်စရာတစ်ခုတည်းက NUG ကို ယုံကြည်ဖို့နဲ့ အားလုံး သွေးစည်း ညီညွတ်ကြဖို့ပဲ ဖြစ်သည်ဆိုတာ သို့မှ အောင်ပွဲရမှာ ဖြစ်ပြီး မဟုတ်လျှင် အောင်ပွဲနဲ့ ဝေးကွာနေအုံးမည်ဆိုတာ

ထိုအတွက် သိထားရမှာက D Day နီးလာသည်နဲ့အမျှ ယခုလို သွေးထိုးသွေးကွဲ ဆိုက်ဝါးသတင်းမျိုးစုံဟာ ဒီထက်ပိုမိုပြီး ထွက်ပေါ်လာနေအုံးမည်ဆိုတာ ဒါကို သတိနဲ့ အသိထားပြီး အားလူံး သွေးမကွဲပဲ စည်းလုံးညီညွတ်စွာနဲ့ ‌တော်လှန်ရေးကို အဆုံးသတ်ဖို့ ကြိုးစားကြပါစို့ဟု သံဓိဌာန်ပြုလျှက်

အရေးတော်ပုံ အောင်ရမည်ဟု !!

#မင်းကြည်ညိုနေ 🕊️

27/08/2021

PDF ကို နှိမ်နင်းမယ်တဲ့လား

စစ်တပ်က အတွင်းမှာကြိတ်
ပြိုကွဲလာနေတဲ့အချိန်၊
ပြည်သူတွေ ဆင်းရဲတွင်း
သက်ဆင်းနေရတာထက်ပိုပြီး
တပ်တွင်းမိသားစုတွေမှာ
ဂယက်ရိုက်နေတဲ့အချိန်၊
စိတ်ဓာတ်ပျက်ပြားနေတဲ့
တပ်သားတွေကို ရှေ့တန်းပို့တယ်။

သူတို့ခြယ်လှယ်ချင်သလောက်
ခြယ်လှယ်နိုင်တဲ့နိုင်ငံဖြစ်ဖို့အရေး
ထိုးကျွေးခံနေရတာက
အောက်ခြေတပ်သားတွေ။

အခုဆို EAO နယ်မြေအများစုကို
ရှေ့တန်းရင်ဆိုင် စစ်အင်အားဖြည့်ပြီး
စစ်ပြင်နေကြတယ်။

ဒီအဖြစ်ကိုလည်း
အောက်ခြေတပ်သားတွေ
တလွဲတွေးအောင်
အမျိုးဘာသာ သာသနာလိုလို၊ ဇာတိသွေး ဇာတိမာန်လိုလို၊
ဂျင်းတွေထည့်ပြီး တလွဲသွေးကြွခြင်းတွေ ဖန်တီးထားတယ်။

ပြည်သူကို ပြည်သူချင်းပြန်သတ်
အောင် တမင်ဇာတ်ဆင်ထားကြတာ။

တကယ်တော့ တိုင်းပြည်တစ်ပြည်
ကောင်းစားဖို့ လူတွေအများကြီးအသက်
ပေးရတဲ့လူသတ်ပွဲတွေဆိုတာ ခေတ်သစ်
မှာ မရှိသင့်တော့ဘူး။

တကယ်မကောင်းတဲ့၊
အာဏာရူးတဲ့လူတစ်စုကိုသာ
ဝိုင်းပြီး ပြစ်ဒဏ်ခတ်တာမျိုးပဲ
ဖြစ်စေသင့်တော့တာ။

ဘယ်စစ်သားမဆို
မိုးပေါ်က ကျလာခဲ့တာမဟုတ်ဘူး။
ပြည်သူတွေထဲကပဲ မွေးဖွားလာခဲ့တာ။

စစ်သားရဲ့ မိဘကလည်း ပြည်သူပဲ။
စစ်သားရဲ့ ညီအစ်ကို မောင်နှမ
အားလုံးကလည်း ပြည်သူပဲ။

စစ်သားရဲ့ဇနီးကလည်း ပြည်သူပဲ။
စစ်သားရဲ့သားသမီးကလည်း ပြည်သူပဲ။
စစ်သားဇနီးရဲ့အလုပ်ရှင်ဟာလည်း
ပြည်သူပဲ။

အဲဒီစစ်သားမိဘ၊ အဲဒီစစ်သားဇနီး၊
အဲဒီစစ်သားဇနီးရဲ့အလုပ်ရှင်၊
သူတို့အားလုံးရဲ့
မိဘဘိုးဘွားတွေဟာလည်း ပြည်သူပဲ။

ဆိုလိုချင်တာက စစ်သားဟာ
ပြည်သူနဲ့ကင်းကွာမနေသလို
ကင်းကွာနိုင်မှာလည်း မဟုတ်ဘူး။

ဘယ်စစ်သားမဆို
ပြည်သူတစ်ယောက်ယောက်နဲ့တော့ ဆွေမျိုးတော်စပ်နေလိမ့်မယ်။
ပြည်သူတစ်ယောက်ယောက်ရဲ့
ထမင်းကိုတော့ သေချာပေါက်
စားခဲ့ဖူးလိမ့်မယ်။

အာဏာရှင့်အလိုကျ စစ်သားပဲလုပ်လုပ်၊
တော်လှန်ရေးစစ်သားပဲလုပ်လုပ်၊
ကျေးဇူးရှင်ဟာ ပြည်သူပဲ။

ပြည်သူရဲ့ တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်ဖြစ်စေ ထောက်ပံ့မှုကိုမရဘဲ
ဘယ်စစ်သားမှ မရပ်တည်နိုင်ဘူး။

စစ်သားတစ်ယောက်ရဲ့လုပ်ရပ်ဟာ
သေချာပေါက် ပြည်သူတစ်ဦးဦးအပေါ်
သက်ရောက်မှုရှိတယ်။

သိစေချင်တာလေးတစ်ခုက
မအလဟာ ဘယ်စစ်သားကိုမှ
ထမင်းတင်ကျွေးထားတာ မဟုတ်ဘူး။
လစာအိတ်စိုက်ပေးနေတာ မရှိဘူး။

ပြည်သူ့ငွေတွေ၊ တိုင်းပြည်ရဲ့အနှစ်သာရ
တွေကို အသုံးချပြီး တပ်တွင်းမှာ
သူ့ကိုယ်သူ ကျေးဇူးရှင်ကြီးလို ပုံဖမ်းနေတာ။ သူမှ မဟုတ်ပါဘူး။ အာဏာရှင်
အဆက်ဆက်က ဒီလိုဇာတ်သွင်းခဲ့တာပါပဲ။ ဒါကိုလည်း ဒီအချိန်မှာ ရှင်းရှင်းလင်း
လင်း မြင်စေချင်ပါပြီ။

People Defense Force (PDF) လို့
ပြောကြတဲ့နေရာမှာ NUG က ဖွဲ့ထားတဲ့
အစုအဖွဲ့လေးကိုပဲ မြင်နေတာက အလွန်
အမြင်ကျဉ်းလှပါတယ်။

ပြည်သူ့ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်
အောက်မှာ ပြည်သူပြည်သားအားလုံး
ဟာ PDF ပဲ။

EAO တွေဟာလည်း PDF ပဲ။

မြန်မာစစ်တပ်ထဲက တွေးခေါ်စဉ်းစား
တတ်တဲ့ စစ်သားတွေဟာလည်း PDFပဲ။

ပြည်သူ့ရဲဂုဏ်အင်္ဂါနဲ့ပြည့်စုံတဲ့
ရဲသားတွေ၊ ရဲမေတွေဟာလည်း PDF ပဲ။

ပြည်မမှာနေရင်း
တော်လှန်ရေးအသိစိတ်ဓာတ်ရှိနေတဲ့၊ တော်လှန်ရေးအသိစိတ်ဓာတ်
ကိန်း‌၀ပ်နေတဲ့ပြည်သူပြည်သား
တိုင်းဟာလည်း PDF ပဲ။

PDF ဟာ စစ်တပ်ထောက်ခံတဲ့
လူနည်းစုလေးကလွဲရင် ကျန်တဲ့
လူဦးရေ (၈၀)ရာခိုင်နှုန်းကို
ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။

ဒါကြောင့် PDF ကို နှိပ်နင်းဖို့ဆိုတာ
လုံး၀ မဖြစ်နိုင်ပါဘူး။

မအလဟာ
ပြည်မမှာ ဒလံအားကိုးနဲ့ ရမ်းချင်တိုင်း
ရမ်းပြီး ငြိမ်သွားတော့မှ EAO တွေကို
အင်တိုက်အားတိုက် ဖိမယ်ကြံပုံပါပဲ။

သေချာကတော့ ပြည်မဟာ
ဘယ်တော့မှ ငြိမ်သွားမှာမဟုတ်သလို
အချိန်တစ်ခုမှာ မထင်မှတ်ထားတဲ့သူ
တွေက မထင်မှတ်ထားတဲ့ပုံစံနဲ့ လှုပ်ခတ်
လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင်
ချိုကြွနေတဲ့ဒလံတွေလည်း မုချပြန်
ပေးဆပ်ရပါလိမ့်မယ်။

EAO တွေကိုလည်း အနှစ်(၇၀)ကျော်တောင် မတိုက်နိုင်ခဲ့တာ၊ အခုမှ ထတိုက်မယ်ကြံတာကလည်း စစ်မီးကြီးထွားရုံ
ကလွဲပြီး ရလဒ် မထူးပါဘူး။

ရန်သူကိုသာ တိုးတိုးမွေးလာနေတဲ့
မအလနဲ့ ပြည်သူ့အသိစိတ်ဓာတ်ရှိ
လာတဲ့အင်အားစုတွေအားပြိုင်တဲ့ပွဲမှာ
မအလကျဆုံးရုံကလွဲ အခြားမရှိပါဘူး။

အချိန်ဆိုတဲ့ ပိတ်ကားပေါ်မှာ တစ်လောကလုံးကို ပတ်ဒုက္ခပေးနေတဲ့ လူဆိုးကြီရဲ့ကျဆုံးခန်းကို ဇာတ်သိမ်းပိုင်းအဖြစ် မကြာခင်တင်ဆက်လာ
ပါလိမ့်မယ်။

#ကောင်းစံသာ (ရေကြည်)
26.8.2021

အဏာသိမ်းစစ်တပ်ဆိုတာ?
27/08/2021

အဏာသိမ်းစစ်တပ်ဆိုတာ?

Adresse

Singstad

Nettsted

Varslinger

Vær den første som vet og la oss sende deg en e-post når Burma Justice Force legger inn nyheter og kampanjer. Din e-postadresse vil ikke bli brukt til noe annet formål, og du kan når som helst melde deg av.

Del