Naypyitaw Environmental Conservation Department

Naypyitaw Environmental Conservation Department Environment

၁၉-၆-၂၀၂၆ ရက်နေ့ သောကြာနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ပြည်ထောင်စုနယ်မြေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး...
19/06/2026

၁၉-၆-၂၀၂၆ ရက်နေ့ သောကြာနေ့ နံနက် ၁၀နာရီခွဲခန့်တွင် ပြည်ထောင်စုနယ်မြေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဦးစီးရုံးချုပ်မှ ရက် (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်တန်း (၁) ကြိမ် ဖွင့်လှစ်ရန် ညွှန်ကြားချက်အရ လည်းကောင်း၊ ဝန်ထမ်းများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရည်များ တိုးတက်မြှင့်မားလာစေရန် လည်ကောင်း Waste Wise Cities Tool(WaCT) နှင့် Waste Flow Diagram (WFD) နည်းလမ်းတို့ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေအနေနှင့် ပတ်ဝန်းကျင်သို့ ပလတ်စတစ် ပျံ့နှံ့ရောက်ရှိမှု အခြေအနေအား ဆန်းစစ်ခြင်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းတွင် ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ ဆုံးဖြတ်ချက်အရမြို့ကြီးများတွင် လက်ရှိစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအ‌‌ေခြအနေနှင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကွင်းဆက်မှပလတ်စတစ်ယိုစိမ့်မှုနှင့် ပတ်ဝန်းကျင်သို့ရောက်ရှိနေမှုအ‌‌ ခြေအနေများအား WaCT နှင့် WFD နည်းလမ်းတို့ဖြင့် ဆန်းစစ်ခြင်း၊ အချက်လက်များကောက်ယူခြင်းတို့အားဆောင်ရွက်ခြင်းဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများ၊ နည်းပညာများအား ရွေးချယ်ကျင့်သုံးနိုင်မည်ဖြစ်ပါကြောင်း‌ ‌ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလှိုင်က WaCTနှင့် WFD နည်းလမ်းတို့အား မိတ်ဆက်ခြင်း၊ အဆိုပါနည်းလမ်းတို့ဖြင့် ဆန်းစစ်ခြင်းမှရရှိလာမည့်အချက်အလက်များနှင့်အကျိုးကျေးဇူးများ၊ WaCTနည်းလမ်းဖြင့်စစ်တမ်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊WFDနည်းလမ်းဖြင့်စစ်တမ်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင်အဆိုပါနည်းလမ်း၂ရပ်ဖြင့် စစ်တမ်းကောက်ယူခဲ့မှုနှင့်ပတ်သက်၍ရှင်းလင်းခြင်း၊ စစ်တမ်းကောက်ယူရရှိလာသောအချက်အလက်များကိုWFD Excel Modelအသုံးပြု၍ data analysis ဆောင်ရွက်ခြင်းနှင့် Flow Chartထုတ်ယူခြင်းဆိုင်ရာ နည်းပညာအသုံးပြုမှုများအားအ‌ေသးစိတ်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ထို့နောက်အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ သင်တန်းအားနေ့လည် ၂:၃၀ တွင် ရုတ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ ကျေးရွာနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သ...
02/06/2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ ကျေးရွာနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ပွဲအခမ်းအနားကို (၂-၆-၂၀၂၆) ရက်နေ့ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ၊ ဆုရရှိသည့် မြို့နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဆုရကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှ ယနေ့ ကျင်းပသည့် အခမ်းအနားသည် လာမည့် ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ယှဥ်ပြိုင်လျှောက်ထားခဲ့သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့၊ ကျေးရွာနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယနေ့မျက်မှေက်ခေတ်ကာလအနေဖြင့် ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲလာမှုနှင့် အတူ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်ကြုံတွေ့လာရပါကြောင်း၊ ကျွန်ုပ်တို့ လူသားများ၏ လုပ်ဆောင်မှုများကြောင့် ယိုယွင်းလာသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကျွန်ုပ်တို့ လူသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအား ထည့်သွင်းပေါင်းစပ်ခြင်းပင်ဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်တရာအထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနား သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် နေပြည်တော်အား Green City ၊ Clean City ၊ Smart City အဖြစ် တိုးတက်ဖြစ်ပေါ်လာစေရေးဟူသည့် လမ်းညွှန်ချက်ကို များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဆုရရှိသည့် ကျောင်းများ၊ မြို့နှင့် ကျေးရွာများအား အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ အောင်မြင်မှုများကို ဆက်လက်တန်ဖိုးထား ထိန်းသိမ်းကြရန် တိုက်တွန်းပါကြောင်းနှင့် နေပြည်တော်အဆင့်မှသည် အမျိုးသားအဆင့်၊ အာဆီယံအဆင့်အထိ ဆုများ ထပ်ဆင့်တက်လှမ်း ဆွတ်ခူးရရှိစေရန် ဆန္ဒပြု ဆုတောင်းပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ဆုရမြို့၊ ကျေးရွာများနှင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ဆုရကျောင်း တို့အား ဂုဏ်ပြုဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြပါသည်။ ယင်းနောက် နေပြည်တော်အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ (ပထမ)ဆု ရရှိသည့် တပ်ကုန်းမြို့နယ်၏ ပြိုင်ပွဲဝင် Vide Clip နှင့်သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်း (ပထမ)ဆု ရရှိသည့် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၏ ပြိုင်ပွဲဝင် Vide Clip တို့အား ပြသရာ‌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ (ပထမ) ဆုကို တပ်ကုန်းမြို့က လည်းကောင်း၊ (ဒုတိယ) ဆုကို ဥတ္တရသီရိမြို့က လည်းကောင်း၊ (တတိယ) ဆုကို ပုဗ္ဗသီရိမြို့က လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာ (ပထမ) ဆုကို တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ အုပ်စု၊ ရွှေဥဒေါင်းကျေးရွာအား လည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု အထက်တန်းအဆင့် (ပထမ) ဆုကို ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းက လည်းကောင်း၊ (ဒုတိယ) ဆုကို ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းက လည်းကောင်း၊ (တတိယ) ဆုကို ပျဉ်းမနားမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းက လည်းကောင်း၊ (နှစ်သိမ့်) ဆုကို တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်း အခြေခံပညာအထက်တန်း ကျောင်းက လည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု အလယ်တန်းအဆင့် (ပထမ) ဆုကို တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲက လည်းကောင်း၊ (ဒုတိယ) ဆုကို ဇေယျာသီရိမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းကလည်းကောင်း၊ (တတိယ) ဆုကို ပျဉ်းမနားမြို့နယ် ဂဲကြီးသာစည် အခြေခံပညာအလယ်တန်းကျောင်းကလည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု မူလတန်းအဆင့် (ပထမ) ဆုကို လယ်ဝေးမြို့နယ်၊ ရေအိုးစဉ် အခြေခံပညာမူလတန်းကျောင်းက လည်းကောင်း၊ (ဒုတိယ) ဆုကို ပျဉ်းမနားမြို့နယ် ပြည်သူပိုင် အခြေခံပညာမူလတန်းကျောင်းကလည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။

၂၆-၅-၂၀၂၆ ရက်နေ့တွင်ပြည်ထောင်စုနယ်မြေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရ...
26/05/2026

၂၆-၅-၂၀၂၆ ရက်နေ့တွင်ပြည်ထောင်စုနယ်မြေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်ရုံးတို့မှ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုနှစ် ဆောင်ပုဒ်ဖြစ်သော 'ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့(A global Call For Climate Action) ဆောင်ပုဒ်ပိုစတာကို အများပြည်သူအသိပညာမျှ‌ဝေသည့်အ‌နေဖြင့် ညွှန်ကြားရေးမှူးရုံးရှေ့၊ လယ်ဝေးခရိုင်ရုံးရှေ့နှင့် ဥတ္တရခရိုင်ရုံးရှေ့တို့တွင် စိုက်ထူခဲ့ပါသည်။

၂၅.၂.၂၀၂၆ ရက်နေ့တွင် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နေပြည်တော် Fire ...
25/02/2026

၂၅.၂.၂၀၂၆ ရက်နေ့တွင် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ နေပြည်တော် Fire Hotspot နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်း၊ ထို့နောက် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း Fire Hotspot ဖြစ်ပေါ်မှု နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အ‌ခြေအနေ၊ နေပြည်တော်ကောင်စီနှင့် ဦးစီးရုံးချုပ်၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ပြီး ဉတ္တရခရိုင်၊ လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ခရိုင်ဦးစီးမှူးများမှ ခရိုင်အလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အပါအဝင် ဉတ္တရခရိုင်၊ လယ်ဝေးခရိုင်တို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

၂၀.၁.၂၀၂၆ရက်နေ့ (အင်္ဂါနေ့)နံနက်၁၀နာရီတွင်နေပြည်တော်ကောင်စီအစည်း‌အဝေးခန်းမ(၂)၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုစိ...
20/01/2026

၂၀.၁.၂၀၂၆ရက်နေ့ (အင်္ဂါနေ့)နံနက်၁၀နာရီတွင်နေပြည်တော်ကောင်စီအစည်း‌အဝေးခန်းမ(၂)၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့နာယကဦးဟန်သူ(ကောင်စီဝင်) က "Clean and Green Schoolsများဖော်ဆောင်ရခြင်း၏ရည်ရွယ်ချက်ကတော့နေပြည်တော်အတွင်းသန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများပေါ်ထွန်းလာစေရန်၊အခြေခံပညာကျောင်းများတွင်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများနှင့်လှုပ်ရှားမှုများပိုမိုမြှင့်တင်နိုင်စေရန်၊သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့်ယနေ့လူသားတိုင်းရင်ဆိုင်ကြုံတွေ့နေရတဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာရပ်များအပေါ်အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ နေပြည်တော်အတွင်း ကျောင်းများအားယှဉ်ပြိုင်လျှောက်ထား‌ေစရခြင်းဖြစ်ကြောင်း"အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးနိုင်(ညွှန်ကြားရေးမှူး)ကအခြေခံစံနှုန်းအညွှန်းကိန်းများနှင့်အညီရွေးချယ်နိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်video clipများအားပြသခြင်း၊ အဖွဲ့ဝင်များမှအသီးသီးဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၆ ခုနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)မျ...
11/12/2025

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၆ ခုနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean and Green School Award)များ ပေးအပ်ချီးမြှင့်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ(ပတ်/သန့်ဌာန)၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်ပညာရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ အရာထမ်းများသည် ယနေ့ (၁၁.၁၂.၂၀၂၅) ရက်နေ့တွင် တပ်ကုန်းမြို့နယ်အတွင်းရှိ အ.ထ.က(အလယ်ကျွန်း)နှင့် အ.လ.က(ခွဲ)ဘုရင့်နောင် အခြေခံပညာကျောင်းများသို့ သွားရောက်၍ Clean & Green Schoolများအတွက် သတ်မှတ်ထားသည့် အညွှန်းကိန်း(၁၇)ချက်ပါ လုပ်ငန်းစဥ်များ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးလမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ပါသည် ။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး...
21/11/2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးနှင့် စာရင်းကိုင်(၂)ရာထူးနေရာများအတွက် ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

Address

Bukit Timah

Telephone

+95673433279

Website

Alerts

Be the first to know and let us send you an email when Naypyitaw Environmental Conservation Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Naypyitaw Environmental Conservation Department:

Shortcuts

Share