ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့

  • Home
  • Singapore
  • Kallang
  • ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့

ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ အရေးတော်ပုံ မုချအောင်ရမည်!

သတင်းမတင်ဖြစ်တာလေးတွေ #ကျနော်တို့ ပြန်ရှာလို့မရတဲ့အသက်တွေနဲ့တိုက်ပွဲ၀င်နေပါတယ်ဗျ #မိဘပြည်သူတွေကပြန်ရှာလို့ရတဲ့ငွေနဲ့ကူညီ...
30/01/2026

သတင်းမတင်ဖြစ်တာလေးတွေ
#ကျနော်တို့ ပြန်ရှာလို့မရတဲ့အသက်တွေနဲ့တိုက်ပွဲ၀င်နေပါတယ်ဗျ
#မိဘပြည်သူတွေကပြန်ရှာလို့ရတဲ့ငွေနဲ့ကူညီထောက်ပံ့ကြပါအုန်းလို့🙏🙏🙏

28/01/2026

သတင်းမတင်ဖြစ်ခဲ့တာလေးပါဗျ🙏🙏🙏

28/01/2026

#ဦးစွာပထမစစ်မှန်သောပြည်သူများ တော်လှန်ရေးမှာ မိဘသဖွယ်အားကိုးအားထားရသော ပြည်သူများကိုရည်ရွယ်ခြင်းမဟုတ်ပါကြောင်း တောင်းပန်အပ်ပါသည်🙏🙏🙏
👉တစ်ချို့သောပြည်သူအမည်ခံ ခြံစည်းရိုးခွထိုင်သူများသိစေဖို့........
၁။ အကြမ်းဖက်စစ်ခွေးတွေ လမ်းပေါ်ထွက်လာတယ် တစ်ကောင်သေသေ နှစ်ကောင်သေသေ ၀င်ပစ်တဲ့အခါ ပြောလာတဲ့စကားက မထိရောက်ဘဲသွား စ နေတာ ရွာကျေမယ် ပြည်သူတွေပြေးရလွှားရ ဒုက္ခရောက်တယ်တဲ့
{ #ပြောပါရစေ အသက်ကိုလောင်းကြေးထပ်ပြီးအပျင်းပြေကစားနေတဲ့ ရဲဘော်တွေမဟုတ်ဘူး။ရံပုံငွေပေါလို့ အလဟဿဖြုန်းတီးနေတာမဟုတ်ဘူး။စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်ရေးရည်မှန်းချက်နဲ့ စစ်ခွေးတစ်ကောင်သေရင်သေပါစေဆိုပြီး အသက်ကိုစတေးတိုက်နေကြတာပါ🙏}
၂။ တော်လှန်ရေးမှာ တစ်ပြားတစ်ချပ်မလှူ မကူဘဲ ဘေးထိုင်ဘုပြော ကိုယ့်အကျိုးစီးပွားထိခိုက်မှာ မီးရှို့ခံရမှာကြောက်ပြီး အသက်ပေးလုပ်နေတဲ့ ရဲဘော်တွေကို အပြစ်ပြော အပြစ်တင်နေသူများ
{ #ပြောပါရစေ တစ်ရွာလုံးမီးဘေးသင့် စစ်ရှောင်ပြီး ဒုက္ခရောက်နေတဲ့ ကျေးရွာတွေကပြည်သူတွေကို ကိုယ်ချင်းစာကြပါအုန်းလို့🙏}
၃။မအလ သေစေချင်တယ် စစ်တပ်မရှိမှအေးမယ် တော်လှန်ရေးအမြန်ပြီးချင်ပြီတဲ့
{ #ပြောပါရစေ သင်ကိုယ်တိုင် ပါ၀င်ပြီးပြီလား မလှူ မကူနိုင်ရင်တောင် တော်လှန်ရေးမှာအသက်နဲ့ရင်းပြီး ပါ၀င်နေသူတွေကို လေးစားမှုတောင် သင်ပေးခဲ့ပြီးပြီလား။}
၄။ကာကွယ်ရေးအဖွဲ့တွေ ဘယ်နားကနေ လက်နက်ကြီး ထုမှာတဲ့ ဘယ်နေရာကနေ ရဲဘော်တွေစုနေတာတဲ့ ဘယ်နေရာမှာရဲဘော်တွေအများကြီးရောက်နေတာတဲ့
{ #ပြောပါရစေ သင်ကိုယ်တိုင် ဒလန်လုပ်နေတာ သိရဲ့လား။}
၅။​ သူဟာသူနေတာကို သွား သွား စနေတာ ရွာမီးရှို့ခံရတော့မှာ ရွာဒုက္ခရောက်တော့မှာ သူဟာသူ ကားလမ်းပေါ်တက်ငွေကောက်တာ အလကားနေရင်းသွားပစ်တာ ကိုယ့်ရွာမီးရှို့မခံရ စစ်ကြောင်းထိုးမခံရရင်ပြီးရောတဲ့။
{ #မေးပါရစေ အဲလိုစကားပြောထွက်တဲ့ သင်က ကိုယ့်လိပ်ပြာကိုလုံရဲ့လား။ မီးရှို့ခံကျေးရွာကပြည်သူတွေ နှစ်နဲ့ချီပြီး အိမ်ပြန်မနေရဘဲ စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေကို အားမနာဘူးလား ခုလိုပြောထွက်တာ မရှက်ဘူးလား။ သင်ကိုယ်တိုင် စစ်တပ်ထောက်တိုင်ဖြစ်နေတာကို သတိထားမိရဲ့လား}

ကျနော်တို့ရဲဘော်လေးတွေအတွက် ကျည်ကာဦးထုပ်၊ကျည်ကာအင်္ကျီနှင့်ကျည်ကာပြားများဝယ်ယူထားသဖြင့်အကျွေးများကျနေပါသဖြင့် မိဘပြည်သူ...
13/12/2025

ကျနော်တို့ရဲဘော်လေးတွေအတွက် ကျည်ကာဦးထုပ်၊ကျည်ကာအင်္ကျီနှင့်ကျည်ကာပြားများဝယ်ယူထားသဖြင့်အကျွေးများကျနေပါသဖြင့် မိဘပြည်သူများအနေဖြင့်ပါဝင်လှူဒါန်း​​ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်ခဗျား ။

09/12/2025

အမြင့်ကိုစစ်ကူပြန်လာတဲ့အမြန်ယာဥ်နှစ်ဆီးကိုကျနော်တို့ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့နဲ့အတူSolo Aung. Gyi ပျောက်ကျားတပ်ဖွဲ့မှကြားဖြတ်တိုက်ခိုက်

Address

432 Balestier Road Public Mansion #02/432
Kallang
329813

Website

Alerts

Be the first to know and let us send you an email when ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share