26/08/2026
◼️ပန်းချီလေလံ အညာဆန် နောက်ဆုံး Live
◼️လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည် အလယ်ပိုင်း
အညာဒေသ ရေကြီးရေလျှံမှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ လူထုကို ကူညီဖို့အတွက်
အစီအစဥ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
◼️ "ပန်းထိုးပန်းချီ"ကား တချပ်
ကို ကျနော်တို့အနေနဲ့ လေလံတင်ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးအားလုံးကို အညာဒေသ
ရေဘေးသင့်ရာဆီ အလုံးစုံ စီးဆင်းသွားမှာဖြစ်ပါတယ်။
🗓လေလံဖွင့်မယ့်ရက် - 23.8.2026
🗓လေလံပိတ်မယ့်ရက် - 26.8.2026
ဘယ်လိုပါဝင်ပေးလို့ရလဲ 📌
◼️ လေလံစတင်ဖွင့်လှစ်တဲ့ ၂၃ ရက်နေ့ကစလို့
လေလံပိတ်သိမ်းမယ့် ၂၇ ရက်နေ့ထိ
"Keep Moving On" page ရဲ့
Messenger ကတဆင့် ဆက်သွယ်ပြီး ၊
လေလံပွဲမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။
◼️ အကယ်၍ လေလံအနေနဲ့ မပါဝင်နိုင်ရင်
Open Donation အနေနဲ့လည်း ပမာဏနည်းများမဆို
ရေဘေးသင့်မိသားစုတွေအတွက် ကူညီထောက်ပံ့
ပေးနိုင်မှာဖြစ်ပြီး ၊ ကျေးဇူးတင်မှတ်တမ်းလွှာလည်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
အခုပဲ Page messenger ကို ဆက်သွယ်ပြီး
လေလံမှာ စတင်ပါဝင်နိုင်ပါပြီ။
#ပန်းချီလေလံအညာဆန်