96 Soldiers PDF - အညာတပ်ခွဲ

96 Soldiers PDF - အညာတပ်ခွဲ သေသူတွေရဲ့နှလုံးသားကိုဆုပ်ကိုင်ပြီး အဆုံးထိတော်လှန်မယ်

ရှေ့တန်းကို ခက်ခက်ခဲခဲရောက်လာတဲ့ ရိက္ခာတွေဗျ။
29/06/2026

ရှေ့တန်းကို ခက်ခက်ခဲခဲရောက်လာတဲ့ ရိက္ခာတွေဗျ။

🌹ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ🌹လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသော တော်လှန်ရေး ရဲဖော်ရဲဖက်မ...
19/06/2026

🌹ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ🌹

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသော တော်လှန်ရေး ရဲဖော်ရဲဖက်များအားလုံးအချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ 🌹

96 Soldiers- PDF တွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးဌာနမှ ရဲဘော် ဦးဌေးဝင်း (၆၂)နှစ်သည်  ၂၀၂၆ ခုနှစ် ဧပြီလ (၁၆) ရက်နေ့  ...
16/04/2026

96 Soldiers- PDF တွင် တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံရေးဌာနမှ ရဲဘော် ဦးဌေးဝင်း (၆၂)နှစ်သည် ၂၀၂၆ ခုနှစ် ဧပြီလ (၁၆) ရက်နေ့ (ကြာသာပတေးနေ့)တွင် ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန် ကျဆုံးသွားပါသဖြင့် ဤ အမိန့် ပြန်တမ်းအား ထုတ်ပြန်လိုက်သည်။
ဦးဌေးဝင်းသည် နွေဦးတော်လှန်ရေးမတိုင်ခင် ကတည်းက စစ်အာဏာရှင် အုပ်စုအား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါသည်။ ဦးဌေးဝင်းအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင် မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကိုပေးလှူခဲ့ပါသည်။ သို့ဖြစ်ပါ၍ 96 Soldiers-PDF တပ်ဖွဲ့မှ ရဲဘော်ဦးဌေးဝင်းအတွက် ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိပါသည်။
ထပ်မံ၍ မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို ပြီးဆုံးအောင် ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများ၏ရှေ့၌ ကျွန်ုပ်တို့ 96 Soldiers-PDF တပ်ဖွဲ့မှ ကတိသစ္စာ ပြုအပ်သည်။ ယခုအခါ သင်၏ဝိညာဉ်သည် ငြိမ်းချမ်းစွာ အနားယူနိုင်ပြီး ငြိမ်းချမ်းသောနေရာသို့ ရောက်ရှိပြီဖြစ်သည့်အတွက် ယနေ့မှစ၍သင်သည် 96 Soldiers-PDF တပ်ဖွဲ့နှင့် လုံးဝမသက်ဆိုင်တော့ပါကြောင်း သင်သွားလိုရာသွားနိုင်သည်ဖြစ်ကြောင်း ဤစာဖြင့်အမိန့်ပြန်လိုက်သည်။

ရဲဘော်တွေက အဖွဲအစည်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၄နှစ်ကျော်ခဲ့ပြီ။သူတို့ဒီနှစ်တွေမှာ လခစားဝန်ထမ်းမဟုတ်ကြဘူး၊ ပွဲတော်ရက်တွေလည်...
14/04/2026

ရဲဘော်တွေက အဖွဲအစည်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၄နှစ်ကျော်ခဲ့ပြီ။သူတို့ဒီနှစ်တွေမှာ လခစားဝန်ထမ်းမဟုတ်ကြဘူး၊ ပွဲတော်ရက်တွေလည်း ရှေ့မှာပဲတာဝန်ထမ်းဆောင်ကြတာများတယ်။ရဲဘော်တို့ စိတ်ကလေးခဏတာပျော်ဖို့ ကျွန်တော်တို့ တပ်အနေနဲ့ သင်္ကြန်မုန့်ဖိုးပေးဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် အာရက္ခတပ်တော်(AA)  ဖွဲ့စည်းတည်ထောင်သည့် ၁၇ နှစ်မြောက်နေ့ကို မိမိတို့ 96 Soldier...
10/04/2026

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ကျရောက်သည့် အာရက္ခတပ်တော်(AA) ဖွဲ့စည်းတည်ထောင်သည့် ၁၇ နှစ်မြောက်နေ့ကို မိမိတို့ 96 Soldiers- PDF တပ်ဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် မရပ်မနား ကြိုးပမ်းကြသည့် အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များ၊ ပံ့ပိုးကူညီကြသည့် ရက္ခိုင့်ပြည်သူများအားလုံးကို လေးစားဂုဏ်ယူရပါသည်။

အာရက္ခတပ်တော်အနေဖြင့် မိမိတို့ 96 Soldiers- PDF တပ်ဖွဲ့အား လေ့ကျင့်သင်ကြားပေးခြင်း၊ အကူအညီများ ပေးအပ်ခြင်းနှင့် လက်ရှိတိုက်ပွဲများတွင် လက်တွဲတိုက်ပွဲဝင်ခွင့်ပေးခြင်းတို့အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။

အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်သူများ လိုလားတောင့်တနေသည့် အာရက္ခအိပ်မက် ပြီးပြည့်စုံအောင် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

96 Soldiers - PDF တွင်     တာဝန်ထမ်းဆောင်ခဲ့သော     ရဲ‌ဘော်အောင်အောင်    ကိုယ်ပိုင်အမှတ် SR-0096108 သည် ၂၀၂၅ခုနှစ် ဒီဘာလ...
26/12/2025

96 Soldiers - PDF တွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲ‌ဘော်အောင်အောင် ကိုယ်ပိုင်အမှတ်
SR-0096108 သည် ၂၀၂၅ခုနှစ် ဒီဘာလ၂၆ရက်(သောကြာ‌နေ့)တွင် မဟာမိတ်နှင့်အတူတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသည့်အတွက် ဤအမိန့်ပြန်တန်းစာအား ထုတ်ပြန်လိုက်သည်။
ရဲဘော်အောင်အောင်သည် နွေဦးတာ်လှန်ရေးကာလတွင် 96 Soldiers - PDF တပ်ဖွဲ့၌ ပါဝင်၍
စစ်အာဏာရှင်ကို လက်နက်စွဲကိုင်ပါတော်လှန်ခဲ့ပါသည်။ ရဲအောင်အောင်အနေဖြင့် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလတ်တွင် မြင့်မြတ်စွာကျဆုံးရင်းသူ၏အသက်ကိုပေးလှူခဲ့ပါသည်။ သို့ဖြစ်ပါ၍ 96 Soldiers - PDF တပ်ဖွဲ့မှ ရဲဘော်အောင်အောင်အတွက်‌ ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွတ်အနစ်နာခံမှူအတွက်လည်း ဂုဏ်ယူမိပါသည်။
ထပ်မံ၍ မပြီးဆုံးသေးသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကို ပြီးဆုံးအောင်ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူများ၏အရှေ့၌ ကျွန်ုပ်တို့ 96 Soldiers - PDF တပ်ဖွဲ့မှကတိသစ္စာပြုအပ်သည်။ ယခုအခါသင်၏ဝိညာဉ်သည် ငြိမ်းချမ်းစွာအနားယူနိုင်ပြီး ငြိမ်းချမ်းသောနေရာ မြင့်မြတ်သောနေရာသို့ ရောက်ရှိပြီးဖြစ်သည့်အတွက် ယနေ့မှစ၍သင်သည် 96 Soldiers - PDF တပ်ဖွဲ့နှင့် လုံးဝမသက်ဆိုင်တာ့ပါကြောင်း သင်သွားလိုရာသွားနိုင်သည်ဖြစ်ကြာင်း ဤစာဖြင့်အမိန့်ပြန်လိုက်သည်။

"နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု" ဖွဲ့စည်းကြောင်းကြေညာခြင်းရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
15/12/2025

"နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု" ဖွဲ့စည်းကြောင်းကြေညာခြင်း

ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

Address

Singapore

Telephone

+19515251510

Website

Alerts

Be the first to know and let us send you an email when 96 Soldiers PDF - အညာတပ်ခွဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to 96 Soldiers PDF - အညာတပ်ခွဲ:

Shortcuts

Share

Category