Mandalay Revolution And Defense Organization - MRDO

Mandalay Revolution And Defense Organization  - MRDO ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Mandalay Revolution And Defense Organization - MRDO, Ban Tak.

    19.June.2026
19/06/2026




19.June.2026

စစ်ရှောင်အခမဲ့ဆေးပေးခန်းဖြစ်မြောက်ရေးအားလုံးဝိုင်းလို့အပြစ်တင်ဆဲဆိုပေး( "$ပိုအလုပ်တွေ၊အရေးမကြီးတာတွေလုပ်နေတယ်၊ရေပေါ်ဆီသမ...
16/06/2026

စစ်ရှောင်အခမဲ့ဆေးပေးခန်းဖြစ်မြောက်ရေးအားလုံးဝိုင်းလို့အပြစ်တင်ဆဲဆိုပေး( "$ပိုအလုပ်တွေ၊အရေးမကြီးတာတွေလုပ်နေတယ်၊ရေပေါ်ဆီသမားတွေ၊အရေးမပါတာတွေလုပ်နေတယ်၊​တော်လှန်ရေးဗန်းပြလုပ်စားအဖွဲ့ပါကွာ")

ကူညီပေးကြပါသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို
ကျေးဇူးအထူးတင်ရှိပါတယ်။

အစိုက်တစိုက်ပါဝင်အားဖြည့်ပေးပါသောမိတ်ဆွေများကိုကျေးဇူးအထူးတင်ရှိပါသည်။
19/05/2026

အစိုက်တစိုက်ပါဝင်အားဖြည့်ပေးပါသောမိတ်ဆွေများကိုကျေးဇူးအထူးတင်ရှိပါသည်။

၂၀၂၆လေးလတာMRDO၏လှုပ်ရှားမှုအစီရင်ခံစာ   ---------------------------------------------------------------------မန္တလေးတော်...
30/04/2026

၂၀၂၆လေးလတာMRDO၏လှုပ်ရှားမှုအစီရင်ခံစာ
---------------------------------------------------------------------

မန္တလေးတော်လှန်ရေးနှင့်ကာကွယ်ရေးအဖွဲ့သည်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလ၊မတ်လ၊ဧပြီလစသည့်လေးလတာအတွင်းဆောင်ရွက်ခဲ့သောလုပ်ငန်းများစွာကိုတော်လှန်ပြည်သူများသိရှိနိုင်စေရန်ထုတ်ပြန်အပ်ပါသည်။




မတရား ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်...
26/04/2026

မတရား ဖမ်းဆီးခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်ရှိနေသေးသည်ကို သက်သေနှင့်ပြပေးဖို့အတွက်တောင်းဆိုသည့် လှုပ်ရှားမှု့လေးဖြစ်သည့် Proof of life လှုပ်ရှားမှုမှာ ကင်မ် ခေါ် ထိန်လင်းနဲ့ အတူ ပါ၀င်ပါတယ်။

(၁) ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေကြောင်း ကို သက်သေပြပေးရန် အတွက် social media မှတဆင့် မိမိခံစားချက်များအတိုင်းတောင်းဆိုပေးကြရန်
(၂) မိမိနေထိုင်ရာနိုင်ငံများတွင်ပြုလုပ်မည့် သက်ဆိုင်ရာအစိုးရဌာနများမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်ရှိထင်ရှားရှိနေကြောင်းအထောက်အထားတစ်ခုခုကို မတရားဖမ်းဆီးထောင်ချထားသူများက ထုတ်ပြပေးနိုင်ရန်အတွက်အကူအညီပေးဖို့တောင်းဆိုမှု့များတွင်ပါဝင်ပေးကြပါရန်ဖြစ်ပါ။

This is a movement called “Proof of Life”, initiated by a son’s simplest wish for his mother, Daw Aung San Suu Kyi, who has been unjustly detained, to provide evidence that she is still alive and in good health. I am joining this movement together with Kim (also known as Htein Lin).

(1) To kindly request people to express their feelings on social media, calling for proof that Daw Aung San Suu Kyi is alive and in good health.

(2) To encourage participation in appeals to the relevant government authorities in the countries where you reside, asking for their assistance in urging those unlawfully detaining her to provide credible proof that Daw Aung San Suu Kyi is alive.

မကွေးတိုင်းဒေသရှိ LPDF များသည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ကွပ်ကဲမှုဖြင့်တော်လှန်မည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ကြေညာ #နွေဦးတော...
18/04/2026

မကွေးတိုင်းဒေသရှိ LPDF များသည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ၏ကွပ်ကဲမှုဖြင့်တော်လှန်မည်ဖြစ်ကြောင်း
သတင်းထုတ်ပြန်ကြေညာ

#နွေဦးတော်လှန်ရေးမှသည်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီသို့

အာရက္ခတပ်တော်-AA (၁၇)နှစ်မြောက်တပ်တော်မွေးနေ့သို့ ပေးပို့သောဂုဏ်ပြုမေတ္တာသဝဏ်လွှာ၁၀၊ဧပြီ၊၂၀၂၆ ရက်နေ့တွင်ကျရောက်သောအာရက္ခ...
10/04/2026

အာရက္ခတပ်တော်-AA (၁၇)နှစ်မြောက်တပ်တော်မွေးနေ့သို့ ပေးပို့သောဂုဏ်ပြုမေတ္တာသဝဏ်လွှာ

၁၀၊ဧပြီ၊၂၀၂၆ ရက်နေ့တွင်ကျရောက်သောအာရက္ခတပ်တော် - AA (၁၇) နှစ်မြောက်တပ်မွေးနေ့အားဂုဏ်ပြုဝမ်းမြောက်ပါကြောင်းဦးစွာပြောကြားအပ်ပါသည်။

ယနေ့ကျရောက်သောအာရက္ခတပ်တော်တည်ထောင်ခြင်းမွေးနေ့၌ရခိုင်အမျိုးသားလွတ်မြောက်ရေးနှင့်မြန်မာပြည်သူလူထု‌လွတ်မြောက်ရေးအတွက်
သက်စွန့်ကြိုးစားနေသောအာရက္ခတပ်တော်တပ်မတော်သားများ၊ကျဆုံးသွားခဲ့သောအာရက္ခတပ်‌တော်တပ်မတော်သားများအားလုံးကိုအလေးအမြတ်ပြုအပ်ပါသည်။

မြန်မာနိုင်ငံပြည်ထောင်စုကိုနှစ်ပေါင်း(၇၀)ကြာဖျတ်စီးပြီးတိုင်းရင်းသားပြည်သူများအပေါ်နေ့စဉ်သတ်ဖြတ်၊ဓားပြတိုက်၊ခိုးယူ၊ဖိနှိပ်အနိုင်ကျင့်၊ပြည်တွင်းပြည်ပအားကျားဖြန့်ပြုလုပ်နေသည့်
အကြမ်းဖက်စစ်တပ်(ကျားဖြန့်စစ်အစိုးရ)အမြစ်ဖြတ်ရေး‌တိုက်ပွဲများတွင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်များနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်တို့ကို
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကူညီပံ့ပိုးမှုများအတွက်
ကျေးဇူးတင်ရှိပါကြောင်းပြောကြားခွင့်ပြုပါရန်
‌တောင်းဆိုပါသည်။

ထို့အတူမပြီးဆုံးသေးသော‌စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး‌တော်လှန်ရေးတွင်နိုင်ငံရေးအစုအဖွဲ့များ၊တော်လှန်ရေးတပ်မတော်များနှင့်ယခုထက်ပိုမို၍ပူးပေါင်းဆောင်ရွက်၊ကူညီပံ့ပိုးပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။

အာရက္ခတပ်တော်-AA ၏ ရခိုင်အမျိုးသားလွတ်မြောက်ရေးရည်မှန်းချက်များကိုတော်လှန်ရေးအင်အားစုများဖြင့်လက်တွဲ၍အမြန်ဆုံး‌ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာသဝဏ်လွှာပေးပို့အပ်ပါသည်။

အမှုဆောင်ကော်မတီ
မန္တလေးတော်လှန်ရေးနှင့်ကာကွယ်ရေးအဖွဲ့

09/04/2026

တော်လှန်ရေးတပ်တွေထဲမှာကျားဖြန့်အစိုးရ(အကြမ်းဖက်စစ်တပ်)အကြောက်ဆုံးက
MDY-PDF ပါ။

တော်လှန်ရေး ၅ နှစ်တာကာလမှာ PDF တွေအမှောင်ဝင်တယ်ဆိုတာ လိမ်ခေါ်တာ၊မိသားစုကနေတဆင့်ခြိမ်းခြောက်ခြင်းတယဖြားယောင်သွေးဆောင်ခေါ်ယူတာကြောင့်သာ မလည်မဝယ်ရဲဘော်အချို့အမှောင်ဝင်တယ်ဆိုပြီးပြည်သူလူထုကိုဝါဒဖြန့်ချီနေတာဖြစ်တယ်။

ရန်သူ့ရဲ့ထောက်လှမ်းရေးတွေဟာ PDF တပ်တွေထဲ
ဝင်ရောက်ပြီးသွေးခွဲတာတွေတော်လှန်ရေးကိုစိတ်ပျက်အောင်လုပ်တာတွေအမှောင်ဝင်ဖို့(မိသားစုဆီပြန်ဖို့)စည်းရုံးတာတွေ၊တပ်ကနေထွက်ပြေးဖို့
စည်းရုံးတာတွေတချိန်လုံးလုပ်ဆောင်နေတာပါ။

MDY-PDF ဆိုတာ PDF တပ်မတော်တွေထဲမှာ
အကြမ်းဖက်စစ်တပ်ကိုဖြိုခွဲနိုင်တဲ့စွမ်းဆောင်ရည်
အပြည့်အဝရှိတယ်ဆိုတာရန်သူဟာကောင်းကောင်းသိပါတယ်။

ပထဝီအနေအထားအရလည်း မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းဟာကျားဖြန့်စစ်အစိုးရအတွက်
အရေးကြီးဆုံးဖြစ်သလိုဂုဏ်သိက္ခာလည်းဖြစ်တယ်။တနည်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့နယ်မြေနဲ့အနီးစပ်ဆုံးဟာမန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းဖြစ်တာကြောင့်အခြားတော်လှန်ရေးတပ်တွေထပ် MDY-PDF ကိုပိုပြီးပစ်မှတ်ထားတာပါ။ တခြားတော်လှန်ရေးတပ်တွေဘယ်လောက်အားကောင်းကောင်းအကြမ်းဖက်စစ်တပ်ရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာကိုမကျိုးပေါက်ပါဘူး။

AA,KIA,KNLA,TNLA စတဲ့တော်လှန်ရေးတပ်တွေဘယ်လောက်အင်အားကောင်းကောင်းဘယ်လောက်စစ်ရှုံးရှုံးအကြမ်းဖက်စစ်တပ်အတွက်
ဂုဏ်သိက္ခာဆုံးရှုံးတာကလွဲလို့သူတို့အတွက်
လုံခြုံရေးစည်းမကျိုးပေါက်ပါဘူး။

ဒါကြောင့် စစ်ကိုင်းတော်လှန်ရေးတပ်‌တွေ
အတွင်းမှာရှိနေတဲ့အကြမ်းဖက်စစ်တပ်စေခိုင်းခံထားရသူတွေနဲ့ MDY-PDF အတွင်းမှာရှိနေတဲ့
အကြမ်းဖက်စစ်တပ်ကစေခိုင်းခြင်းခံထားရသူတွေအနေနဲ့ကိုယ့်အပြစ်ကိုဝန်ခံပြီးပြည်သူတွေကို
ကျေးဇူးဆပ်ပါ။တိုင်းပြည်ကိုကယ်တင်ပါ။

ဒီလိုမှမဟုတ်ပဲမင်းတို့ဒီအတိုင်းအကြမ်းဖက်စစ်တပ်ခိုင်းတာဆက်လုပ်နေမယ်ဆိုရင်မင်းတို့ဟာအကြမ်းဖက်စစ်တပ်ဘက်ကိုရောက်ရင်လည်း
အကျဉ်းသားဖြစ်ပြီးရက်စက်စွာစစ်ကြောရေးလုပ်ခံရပြီးအကြမ်းဖက်စစ်တပ်ရဲ့စခ‌ဘဝကိုသာပိုင်ဆိုင်
ရမှာဖြစ်တယ်။ တော်လှန်ရေးဘက်မှာလည်းဂုဏ်သိက္ခာမဲ့စွာဆွေစဉ်မျိုးဆက်မျက်နှာငယ်
နေရမှာဖြစ်ကြောင်းအသိပေးလိုတယ်။

(ရုပ်သံ - MDY - PDF မှအကြမ်းဖက်စစ်တပ်ကကနေကျားဖြန့်လုပ်၍ခေါ်ဆောင်ခံရပြီးပြန်လည်ဖမ်းဆီးခနိုင်ခဲ့သူ PDF တစ်ဦး၏ထွက်ဆိုချက်ဖြစ်သည်)

#မန္တလေးတော်လှန်ရေးနဲ့ကာကွယ်ရေးအဖွဲ့

ที่อยู่

Ban Tak

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mandalay Revolution And Defense Organization - MRDOผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์