01/09/2026
ယနေ့ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ထိတိုင်အောင် မိမိတို့ကြယ်လင်းရောင်(ဆာကပေါ)တပ်ရင်း၏ တပ်ရင်းမှူးအပါအဝင် နှင့် တပ်ရင်းတစ်ရင်းလုံးသည် မည်သည့်အဖွဲ့အစည်းကြီး၏ လက်အောက်ခံအဖြစ် မရှိသေးပါ။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းမှ အပ မိမိတို့သည် မူရင်း အဖွဲ့အစည်းအဖြစ်သာ ရပ်တည်နေပါသေးသည်။
ရှေ့ဆက်ဆောင်ရွက်လုပ်ကိုင်မည့် ကိစ္စမှန်သမျှ သတင်းများကို လက်ရှိ page နှင့် တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံမှ ထုတ်ပြန်ကြေညာခြင်းသည်သာ တရားဝင် ဖြစ်ကြောင်းနှင့် လက်ရှိအခြေအမြစ်မရှိသော သတင်းMedia (အချို့)နှင့် Influencers အချို့၏ လိုရာဆွဲတွေး၊ ဆွဲရေး၊ ဆွဲပြောသော စကားများအား မယုံကြည်ကြပါရန် အများပြည်သူသို့ လေးစားစွာ အသိပေးအပ်ပါသည်။
-"ပြည်သူသာ အဓိကဖြစ်ပါသည်"-