IR Iran Embassy in Myanmar

IR Iran Embassy in Myanmar Iran Embassy in Myanmar (Non-Resident)

ယခုနှစ် « ဘရာအသ် » ကြေငြာချက်သည် ဟဂျ်၏ ကျင့်စဥ် များ အထိသာ မဟုတ်ဘဲ တကမ္ဘာလုံး တွင် လည်း ဆက်လက် ရှိနေရပါမည် ရဲဟ်ဗရ်အင်န်က...
16/06/2024

ယခုနှစ် « ဘရာအသ် » ကြေငြာချက်သည် ဟဂျ်၏ ကျင့်စဥ် များ အထိသာ မဟုတ်ဘဲ တကမ္ဘာလုံး တွင် လည်း ဆက်လက် ရှိနေရပါမည်

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဘိုက်သိုလ္လာဟ်ဟေလ်ဟရာမ် ၏ ဟာဂျီများ ကိုမိန့်ကြားသည့် ဟဂျ်မိန့်ခွန်း တွင် မိန့်ကြားသည် မှာ - ယခုနှစ် « ဘရာအသ် » ကြေငြာချက် အား ဟဂျ်ရာသီ နှင့် မီကာသ် ဟဂျ်အထိသာ မဟုတ်ဘဲ မွတ်စလင်မ်များနေထိုင်သည့် နိုင်ငံများ ၊ မြို့များ တကမ္ဘာလုံး တွင် တွင်လည်း ဆက်လက် ရှိနေရပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ ဘိုက်သိုလ္လာဟ်ဟေလ်ဟရာမ် ၏ ဟာဂျီများ ကိုမိန့်ကြားသည့် ဟဂျ်မိန့်ခွန်း၏ အချို့ မှ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဟဂျ်၏ ကြီးမားသောစုဝေးမှုနှင့် ခက်ခဲသည့် ဟဂျ်ကျင့်စဥ်များ ကို စေ့စေ့ စပ်စပ် မျက်လုံးများဖြင့်ကြည့်ရပါမည်။ ဟဂျ် မွတ်စလင်မ်များ အတွက် စိတ်နှလုံးခွန်အားနှင့် ယုံကြည်မှု၏ရင်းမြစ်ဖြစ်ပြီး ရန်သူနှင့် မလိုလားသူအတွက် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာဖြစ်ပါသည်။

ယခုနှစ် « ဘရာအသ် » ကြေငြာချက် အား ဟဂျ်ရာသီ နှင့် မီကာသ် ဟဂျ်အထိသာ မဟုတ်ဘဲ မွတ်စလင်မ်များ နေထိုင် သည့် နိုင်ငံများ ၊ မြို့များ တကမ္ဘာလုံး တွင် တွင်လည်း ဆက်လက် ရှိနေရပါမည်။ ဟဂျ်ပြု သူများ အပြင် လူထု ထံ ပျံ့နှံ့သွားရမည် ဖြစ်ပါသည်။

ဟဂျ် ပြုသူ ညီအကိုမောင်နှမများခင်ဗျား ၊ လူကြီးမင်းတို့ သည် ယခု ဤအမှန်တရားများနှင့် အသိပညာများကို ကျင့်ကြံခြင်းနယ်ပယ်တွင် ရှိနေပါသည်။

လူကြီးမင်းတို့ ၏ အတွေးအမြင်နှင့် လုပ်ဆောင်ချက်များကို ဤဖြစ်ရပ်မှန်များနှင့် သွန်သင်ချက်များနှင့် ပိုမိုနီးစပ်စေပြီး ဤသွန်သင်ချက်များဖြင့် ကြွယ်ဝသော ကိုယ်ရည်ကိုယ်သွေးနှင့် အိမ်ကို ပြန်လာကြရန် ဖြစ်ပါသည်။

ဤသည် လူကြီးမင်းတို့၏ ဟဂျ် ခရီးစဉ် ၏ အဖိုးတန်ပြီး စစ်မှန်တဲ့ အမှတ်တရလက်ဆောင် ဖြစ်ပါသည်။

ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ ၏ ဟဂျ် မိန့်ခွန်း အပြည့်အစုံ အား ရဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ကိုယ်စားလှယ်တော် နှင့် အီရန် ဟာဂျီများ အား ခေါင်းဆောင် မှ အရ်ဖာသ် ကွင်းပြင် တွင် မွတ်ရှ်များ အား « ဘရာအသ် » ပြုသည့် အစီအစဥ် တွင် ဖတ်ကြမည် ထုတ်ဝေမည် ဖြစ်ပါသည်။

ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ သည် ၁၉၈၃ခုနှစ် မှ စ၍ ယခုနှစ်တိုင်း ဟဂ်ျရာသီအခါသမယ တွင် နှစ်စဉ်နှစ်တိုင်း ဟဂျ်အခြေအနေ နှင့် အစ္စလာမ့် လူ့အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မွတ်စလင်မ် များ၏ တာဝန် ဝတ္တရား အချို့ကို မိန့်ကြားခဲ့ကြောင်း မိန့်ကြားနေကြောင်း မှတ်သား ထိုက်ပါသည်။

16/06/2024
Congratulations on Myanmar Independence Day! (ဂုဏ်ယူပါတယ်။ မြန်မာ လွတ်လပ်ရေးနေ့)
04/01/2024

Congratulations on Myanmar Independence Day! (ဂုဏ်ယူပါတယ်။ မြန်မာ လွတ်လပ်ရေးနေ့)

Happy New Year!The Embassy of the Islamic Republic of Iran in Thailand (accredited to Myanmar) wishes you a successful a...
29/12/2023

Happy New Year!
The Embassy of the Islamic Republic of Iran in Thailand (accredited to Myanmar) wishes you a successful and prosperous year in 2024.
The embassy hopes the new year will be free from war, bloodshed, poverty and oppression against people across the world.

Congratulations on Myanmar Independence Day! (ဂုဏ်ယူပါတယ်။ မြန်မာ လွတ်လပ်ရေးနေ့)
03/01/2023

Congratulations on Myanmar Independence Day!
(ဂုဏ်ယူပါတယ်။ မြန်မာ လွတ်လပ်ရေးနေ့)

تبریک سال جدید میلادی از طرف جناب سفیرI.R. Iran’s ambassador to Thailand (accredited to Myanmar and Laos) congratulates ...
31/12/2022

تبریک سال جدید میلادی از طرف جناب سفیر
I.R. Iran’s ambassador to Thailand (accredited to Myanmar and Laos) congratulates the New Year.

بسم الله الرحمن الرحیمသံအမတ်ကြီး၏ကုရ်ဘာနီအီးဒ်အထိမ်းအမှတ်သဝဏ်လွှာ ဇိလ်ဟဂျ်လ(၁၀)ရက်နေ့တွင်ကျရောက်သော ကုရ်ဘာနီအီးဒ်သည် ကို...
09/07/2022

بسم الله الرحمن الرحیم
သံအမတ်ကြီး၏ကုရ်ဘာနီအီးဒ်အထိမ်းအမှတ်သဝဏ်လွှာ
ဇိလ်ဟဂျ်လ(၁၀)ရက်နေ့တွင်ကျရောက်သော ကုရ်ဘာနီအီးဒ်သည် ကိုးကွယ်ခံထိုက်သည့်အရှင်မြတ်၏ ရှေ့မှောက်၌ အလှပဆုံးသောအစေခံမှု၊ အမိန့်နာခံမှုတို့ကိုပြသသည့်ပြယုဂ်ကြီး ဖြစ်သည်။ ဤအီးဒ်ကို အားလုံး သောမွတ်စ်လင်မ်များ၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင်နေထိုင်ကြသောအီရန်နိုင်ငံသားများ၊ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ တွင် နေထိုင်ကြပါသောမွတ်စ်လင်မ်များကို မိုဘာရက်စကားပြောကြားအပ်ပါသည်။
ဤအီးဒ်ကြီးသည် အလ္လာဟ်အရှင်မြတ်၏ပြင်းထန်သည့်စမ်းသပ်မှုကြီးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ သည့် အလ္လာ့ဟ်အချစ်တော်တမန်တော်အိဗ်ရာဟီမ်သခင်၏အောင်မြင်မှုကို အမှတ်ရစေသည်။ ကိုယ်တော်သည် လောကီရေးရာအနှောင်အဖွဲ့ဟူသမျှကို စိတ်နှလုံးမှထုတ်ပယ်နိုင်ခဲ့ပြီး မိမိ၏စိတ်အလိုရမ္မက်များကို စတေးနိုင်ခဲ့ သည်။ ထို့ပြင် အစေခံမှုဓလေ့ထုံးတမ်းကိုလည်းကောင်း၊ အနှောင်အဖွဲ့များ နောက်ဆုံးအဆင့်၌မိမိ၏ရင်သွေးကိုပင် စွန့်ပယ်နိုင်ရခြင်းကိုလည်းကောင်း လူသားများကို သင်ကြားပေးခဲ့သည်။
ဤမွန်မြတ်သည့်အီးဒ်အခါသမယတွင် တစ်နေ့ထက်တစ်နေ့တိုးတက်ခိုင်မြဲလာသည့်ညီနောင်မိတ်ဖက် ဆက်ဆံရေး၊ နိုင်ငံများအကြားချစ်ကြည်ရင်းနှီးခြင်း၊ ကမ္ဘာကြီး၌တရားမျှတမှုအပြည့်အဝလွှမ်းမိုးနေရာယူခြင်း၊ ကမ္ဘာ့အရှေ့နှင့်အနောက် အထူးသဖြင့်အစ္စလာမ့်အွမ္မသ်ထုကြီးအကြား တည်ငြိမ်အေးချမ်းမှုနှင့်လုံခြုံမှု အစဉ် ထာဝရရှိခြင်းတို့ကိုမြင်တွေ့ရပါလို၏။ ထိုနည်းတူ ကိုဗစ်ရောဂါအမြစ်ပြတ်ပျောက်ဆုံးသွားသည်ကိုလည်း လိုလား တောင့်တမိပါ၏။
ကြီးကျယ်မြင့်မြတ်တော်မူသည့်အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့အဖို့ ကျန်းမာသုခနှင့်ပျော်ရွှင် ချမ်းမြေ့ခြင်းတို့ကို တောင်းခံပါ၏။

စိုင်ယစ်ဒ် ရေဇာ နုံဗခ်သီ
ထိုင်းနိုင်ငံအခြေစိုက် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်သံရုံး၏သံအမတ်၊
မြန်မာနိုင်ငံဆိုင်ရာ တရားဝင်အသိအမှတ်ပြုသံအရာရှိ

04/07/2022

အီရန်နိုင်ငံရှိ Damavand တောင် အမျိုးသားနေ့ (ဇူလိုင် ၄ ရက်)
Visitiran.ir

14/06/2022

Iran; the land of religions
(အီရန်၊ ဘာသာတရား၏ပြည်)
visitiran.ir

23/05/2022

Iran souvenirs
(အီရန်အမှတ်တရပစ္စည်းများ)
visitiran.ir

A message by Iran's accredited ambassador to Myanmar on the occasion of Eid al-Fitr. (Eid al-Fitr အခမ်းအနားတွင် မြန်မာနိ...
04/05/2022

A message by Iran's accredited ambassador to Myanmar on the occasion of Eid al-Fitr.
(Eid al-Fitr အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးမှ သဝဏ်လွှာပေးပို့ခဲ့သည်။)

ที่อยู่

No 215, Soi Sukhumvit 49/11, Sukhumvit Road, Klongtan Nua, Wadhana
Bangkok

เวลาทำการ

จันทร์ 09:00 - 16:00
อังคาร 09:00 - 16:00
พุธ 09:00 - 16:00
พฤหัสบดี 09:00 - 16:00
ศุกร์ 09:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ IR Iran Embassy in Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์