Vibharam Hospital ဝိဘာရာမ်ဆေးရုံ

Vibharam Hospital ဝိဘာရာမ်ဆေးရုံ မြန်မာပြည်မှ ဆေးကုသမှုလာရောက်ခံယူသ
(8)

02/04/2024

General Check up အ​နေနဲ့ အမျိုးအစားစုံစုံလင်လင်လဲ စစ်လို့ရမယ့်အပြင်
ဘန်​ကောက်​လေဆိပ် စ​ရောက်တာနဲ့ ဘာမှစိတ်ပူစရာမလို​အောင် ​transportation နဲ့ ​နေစရာကွန်ဒို​၂ရက် အပြီးအစီးပါရှိမယ့် RUBY package ​လေး

​ဆေးရုံမှာလဲ ကူညီ​ဖော်​​ရွေတဲ့ မြန်မာဆရာဝန်များမြန်မာဝန်ထမ်း လဲရှိတဲ့အတွက် ချက်ကပ် ခရီးစဥ် အစအဆုံး​ အဆင်​ပြေ​ချော​မွေ့​အောင် စီစဥ်​ထားရှိ​ပေးထားပါတယ်
စိတ်ဝင်စားလို့ Booking တင်မယ်ဆို Chat Box က​နေ အမြန်ဆုံး ဆက်သွယ်​ပေးကြပါ​နော်




မြန်မာပြည်မှ ဆေးကုသမှုလာရောက်ခံယူသ

အတန်ဆုံး Promotion လာပါပြီခင်ဗျGeneral Check up package ကိုမှ အမျိုးအစား စုံလင်တဲ့အပြင် ​လေဆိပ် အကြိုအပို့နဲ့ တည်းခိုဖို...
11/02/2024

အတန်ဆုံး Promotion လာပါပြီခင်ဗျ

General Check up package ကိုမှ အမျိုးအစား စုံလင်တဲ့အပြင် ​လေဆိပ် အကြိုအပို့နဲ့ တည်းခိုဖို့ ကွန်ဒို ​နေစရာ ၂ရက် ​မေတ္တာလက်​ဆောင်ပါပြီးသားဆို​တော့ ချစ်တဲ့ Customer များအတွက် ဘာမှအပိုထပ်ကုန်ကျစရာမရှိ​သ​လောက်ပါပဲ​နော်။

၂ဦးစစ်ရင်လဲ ၅% discount က ထပ်ရအုံးမှာမို့ အမြန်ဆုံး Booking တင်ထားကြပါလို့

ศูนย์บริการทางการแพทย์โรงพยาบาลวิภาราม ให้บริการตามมาตรฐานสากลชั้นนำ ด้วยจิตสำนึกแห่งวิชาชีพ

2024 နှစ်သစ်မှာ အစာအိမ်နှင့် အူလမ်း​ကြောင်း​ဝေဒနာရှင်များအတွက် မှန်​ပြောင်း Package ကို အထူး Promotion ​စျေးဖြင့် စစ်​ဆေ...
11/01/2024

2024 နှစ်သစ်မှာ အစာအိမ်နှင့် အူလမ်း​ကြောင်း​ဝေဒနာရှင်များအတွက် မှန်​ပြောင်း Package ကို အထူး Promotion ​စျေးဖြင့် စစ်​ဆေးကြည့်ရှုနိုင်ပါပြီ။

အ​သေးစိတ်စုံစမ်း​မေးမြန်းလိုပါက Chat Box မှာ ​မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာ

20/09/2023
အရမ်းတန်တဲ့ Check Up promotion ​တွေလာပါပြီခင်ဗျာအသက်အရွယ်နဲ့ စစ်ချင်တဲ့ အမျိုးအစားရယ်သုံးမယ့် ပမာဏ ရယ်​ပေါ်မူတည်ပြီး ​ရွ...
02/07/2023

အရမ်းတန်တဲ့ Check Up promotion ​တွေလာပါပြီခင်ဗျာ

အသက်အရွယ်နဲ့ စစ်ချင်တဲ့ အမျိုးအစားရယ်
သုံးမယ့် ပမာဏ ရယ်​ပေါ်မူတည်ပြီး ​ရွေးချယ်လို့ရတဲ့ အတွက် အရမ်းကို အဆင်​ပြေ​စေမှာပါ

အမျိုးသမီး အယောက် ၁၀၀ မှာ ၁၅ ယောက်ခန့်သည် Stress Urinary Incontinence လို့ခေါ်တယ့် အားပြုသည့်အခါ ဆီးထွက်ကျခြင်းရောဂါကို ...
19/06/2023

အမျိုးသမီး အယောက် ၁၀၀ မှာ ၁၅ ယောက်ခန့်သည် Stress Urinary Incontinence လို့ခေါ်တယ့် အားပြုသည့်အခါ ဆီးထွက်ကျခြင်းရောဂါကို ခံစားရတတ်ပါတယ် ။ အထူးသဖြင့် အသက်အရွယ်ရလာခြင်း၊ ကလေးများများမွေးဖွားခဲ့ရခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကာလရှည်ကြာချောင်းဆိုးခြင်း စတယ့်အခြေအနေများမှာ ပိုပြီးအဖြစ်များပါတယ် ။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဆီးလမ်းကြောင်းတဝိုက်ရှိ ဆီးထိန်းပေးသည့် ကြွက်သားများအားနည်းလာခြင်းကြောင့် ဆီးမလုံခြင်းဖြစ်ပြီး ရယ်မောသည့်အခါ၊ လက်ရေဆေးသည့်အခါ၊ ပြေးလွှားသည့်အခါ၊ ချောင်းဆိုးသည့်အခါများမှာ ဆီးထွက်ကျလာတာမျိုး ဖြစ်ပါတယ် ။ Stress Incontinence ရောဂါသည် ရှက်စရာ မဟုတ်ပါ ။ ကုသမှုခံယူရန်လိုအပ်ပါတယ် ။

ကုထုံးများအနေဖြင့် နေ့စဉ်နေထိုင်မှုဘဝကို ဂရုတစိုက်ပြုပြင်ပြောင်းလဲနေထိုင်ခြင်း၊ တင်ပဆုံကွင်း အောက်ခြေကြွက်သားများကို လေ့ကျင့်ပေးခြင်း၊ ခွဲစိတ်ကုသခြင်းများရှိသလို ပြောင်းလဲတိုးတက်လာသောခေတ်နဲ့အညီ ယခုနောက်ပိုင်း ခွဲစိတ်စရာမလိုဘဲ ထိရောက်သည့် HIFEM (High Intensity Focused Electromagnetic Technology) အသုံးပြုလာကြပါတယ် ။

HIFEM Technology ဆိုတာ ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက်စွမ်းအင်ထုတ်လွှတ်ပေးခြင်းဖြင့် ကြွက်သားများကို နှိုးဆွကာ ကြွက်သားများကို တင်းရင်းသန်မာလာစေတာပါ ။ HIFEM နည်းပညာဖြင့် Pelvic Floor Muscle များကို တင်းရင်းသန်မာလာအောင်လုပ်ပေးခြင်းဖြင့် ဆီးမထိန်းနိုင်တယ့် Stress Urinary Incontinence ရောဂါကို ထိရောက်စွာ ကုသလာနိုင်ပါတယ် ။

ကျွန်မတို့ဆီမှာ ရရှိနိုင်တယ့် BTL EMSELLA Treatment ကတော့ အထက်ပါထိရောက်လာတယ့် HIFEM Technology ကိုအသုံးပြုကာ Stress Urinary Incontinence ကိုထိထိရောက်ရောက်ကုသပေးပြီး အမျိုးသမီးများအတွက် Quality of Life ပိုမိုကောင်းမွန်အောင် ဖန်တီးပေးမယ့်ကုသမှုတစ်ခုဖြစ်ပါတယ် ။ လေ့လာတွေ့ရှိချက်များအရ ကုသမှု ၆ ကြိမ်ခံယူပြီး (၃)လ followup သေချာလုပ်ပြီးနောက်ပိုင်းမှာ လူနာအခြေအနေမှာ သိသိသာသာကောင်းမွန်လာသလို Hygienic Pads သုံးစွဲရမှုကိုသိသိသာသာလျှော့ချပေးနိုင်တာကြောင့် နေ့စဉ်နေထိုင်လှုပ်ရှားမှူ ပိုမိုလွယ်ကူလာစေပြီး Quality of Life ကောင်းမွန်တယ့်အပြင် မိမိကိုယ်ကိုယုံကြည်မှု ပြန်လည်ရရှိလာမှာပါ ။ ခွဲစိတ်စရာမလိုတယ့် Non-invasive method ဖြစ်တယ့်အပြင် ဆေးရုံတက်စရာလည်းလုံးဝမလိုဘဲ အချိန်အနည်းငယ်သာကြာမြင့်တာမို့ လူနာတွေအတွက်လည်း တော်တော်လေး အဆင်ပြေစေပါတယ် ။ ခွဲစိတ်စရာမလိုတာကြောင့် မေ့ဆေးအန္တရာယ်တွေလည်း စိတ်ပူစရာမလိုတော့ပါဘူး ။

👉🏻BTL EMSELLA ကုထုံးသည် ဘယ်သူတွေရွေးချယ်သင့်ပါလဲ ?
ဆီးမထိန်းနိုင်တယ့်ရောဂါခံစားနေရတယ့် မည်သည့်အမျိုးသမီးမဆို မိမိကိုယ်ကိုယုံကြည်မှုနှင့် Quality of Life ပိုမိုကောင်းမွန်ချင်ရင်တော့ BTL EMSELLA ကုထုံးကို တွေဝေမနေဘဲ အမြန်ဆုံးရွေးချယ်လိုက်ပါရှင် ။

👉🏻ကုသမှုခံယူနေစဉ် နာကျင်မှုရှိလား ။ ဘယ်လိုခံစားရတတ်လဲ ?
BTL EMSELLA စက်​လေး​ပေါ် မိနစ် ၃၀ ခန့် ထိုင်ရုံပါပဲ
ကုထုံးခံယူနေချိန်မှာ နာကျင်မှုမခံစားရပေမယ့် တင်ပဆုံကြွက်သားများ လှုပ်ရှားပြောင်းလဲနေတာ၊ အနည်းငယ်ကျဉ်တာကိုတော့ ခံစားသိရှိရမှာပါ ။

👉🏻ကုသမှုကြာချိန်ဘယ်လောက်ရှိလဲ ? ဘယ်နှကြိမ်လောက်ခံယူဖို့လိုမလဲ ?
ကုသမှုကြာချိန်ကတော့ တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့်ကြာပြီး တစ်ပတ်လျှင် နှစ်ကြိမ် မှ သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ်ပြည့်အောင် ခံယူဖို့လိုပါတယ် ။

👉🏻ဘယ်နှကြိမ်လောက်ဆိုရင် သိသာလာမလဲ ?
တစ်ကြိမ်ဆိုတစ်ကြိမ်ဆိုသ​လောက် ရောဂါလက္ခဏာသက်သာလာသလို အပတ်ကြာလာတာနဲ့အမျှ လုနာအခြေအနေမှာ စိတ်ကျေနပ်ဖွယ်ရာ သိသိသာသာတိုးတက်လာပါတယ် ။

လေ့လာတွေ့ရှိချက်များအရ BTL EMSELLA ကုထုံးသည် Hygienic Pads သုံးစွဲရမှုကို 75 % ခန့်လျှော့ချပေးပြီး Quality of Life ကို 95 % ခန့်သိသိသာသာမြှင့်တင်ပေးတာမို့ Stress Urinary Incontinence ရောဂါအတွက် ရွေးချယ်ရန်အကောင်းဆုံးသောကုထုံးဖြစ်ပါတယ်ရှင် ။

စိတ်ပါဝင်စားတယ်ဆိုလျှင် Chat box မှ တဆင့် ဆက်သွယ်​မေးမြန်းနိုင်ပါတယ်

လတ်တ​လော ​စျေးချ​နေတဲ့ အစာအိမ်နှင့်အူလမ်း​ကြောင်း မှန်​ပြောင်းကြည့်တဲ့ Package ​လေးဖြစ်ပါတယ်ခင်ဗျအစာအိမ်မှန်​ပြောင်း ဘတ်...
26/03/2023

လတ်တ​လော ​စျေးချ​နေတဲ့ အစာအိမ်နှင့်အူလမ်း​ကြောင်း မှန်​ပြောင်းကြည့်တဲ့ Package ​လေးဖြစ်ပါတယ်ခင်ဗျ

အစာအိမ်မှန်​ပြောင်း ဘတ် ၁၄၉၀၀

အူမကြီးမှန်​ပြောင်း ဘတ် ၁၈၉၀၀

၂ခုလုံး တပြိုင်တည်းကြည့်မယ်ဆိုရင် ဘတ် ၂၈၉၀၀ ပါ

မှန်​ပြောင်းကိုလဲ အိပ်​ဆေးနှင့်ပြုလုပ်မှာ ဖြစ်တဲ့အတွက် နာကျင်မှုမရှိပဲ သက်​တောင့်သက်သာဖြစ်​စေမှာပါ

အ​သေးစိတ်သိရှိလိုပါက Chat box မှတဆင့်​အ​သေးစိတ် မေးမြန်းလို့ရပါတယ်

Allergy ဓာတ်မတည့်ခြင်းသည် လူကြီးလူငယ်မရွေး အသက်အရွယ်၊ လူမျိုးဘာသာ၊ လူနေမှုအဆင့်အတန်းမရွေး ဘယ်သူမဆိုဖြစ်နိုင်ပါတယ် ။ ကလေး...
12/03/2023

Allergy ဓာတ်မတည့်ခြင်းသည် လူကြီးလူငယ်မရွေး အသက်အရွယ်၊ လူမျိုးဘာသာ၊ လူနေမှုအဆင့်အတန်းမရွေး ဘယ်သူမဆိုဖြစ်နိုင်ပါတယ် ။ ကလေးတွေမှာတော့ ပိုအဖြစ်များတာတွေ့ရပါတယ် ။ ဓာတ်မတည့်တယ့် Allergens တစ်ခုခုရှိနေတာမျိုးဆိုရင် ခန္ဓာကိုယ်ရဲ့ Immune System မှ IgE Antibodies တွေဖြင့် ပြန်လည်တုံ့ပြန်ခြင်းဖြင့် Histamine နှင့် အခြားသော ဓာတ်ပစ္စည်းမျိုးထွက်လာစေပါတယ် ။ Hitamine တို့က သွေးကြောထဲက အရည်တချို့ကိုစိမ့်ထွက်စေကာ Allergic Reaction ကိုဖြစ်လာစေပါတယ် ။ Allergic Reaction သည် အရေပြား၊ မျက်လုံး၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ် ကစလို့ ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ် ။

Allergic Reaction ဖြစ်လာပြီဆိုရင်တော့
‼️ မျက်လုံးနီရဲယားယံခြင်း၊ မျက်ရည်ပူကျခြင်း
‼️ ဓာတ်မတည့်ခြင်းကြောင့် ရာသီဥတုမရွေး နှာစေးခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာမွှန်ခြင်း
‼️ အင်ပျဉ်ထခြင်း
‼️ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ခံစားရခြင်း(မကြာခဏချောင်းဆိုးခြင်း၊ အသက်ရှုလျှင်တရွှီရွှီမြည်၍ ကျပ်ခြင်း၊ အသက်ရှူမဝခြင်း စသဖြင့်)
‼️ အသက်ရှူလမ်းကြောင်းတစ်လျှောက် မကြာခဏပိုးဝင်ပြီး လေပြွန်ယောင်ခြင်း
‼️ Allergy ထသောနေရာတဝိုက်မှာ ဖူးယောင်ခြင်း စတယ့်ရောဂါလက္ခဏာများဖြစ်လာနိုင်ပါတယ် ။ သိပ်စိုးရိမ်စရာမလိုတယ့်အခြေအနေမျိုးလည်းရှိတတ်ပေမယ့် အခန့်မသင့်ရင် သွေးလန့်မေ့မြောပြီး အသက်အန္တရာယ်စိုးရိမ်ရတယ့် Anaphylactic reaction အထိ ဖြစ်လာနိုင်ပါတယ် ။

Allergic reaction ဖြစ်စေတယ့်အကြောင်းရင်းများကတော့
👉🏻 အစားအသောက်နဲ့ ဓာတ်မတည့်ခြင်း
👉🏻 Virus ပိုးကူးစက်ခံရခြင်း
👉🏻 အချို့ရနံ့ပြင်းသော ပန်းများ၊ ပန်းဝတ်မှုန်၊ ရေမွှေး၊ ဆေးလိပ်ငွေ့၊ ခြင်ဆေးငွေ့၊ ဖုန်မှုန့် အမှုန်အမွှားများ၊ တိရစ္ဆာန်အမွှေးအမျှင်များကို ထိတွေ့ရှူရှိုက်မိခြင်း
👉🏻 ဆေးဝါးနဲ့မတည့်ခြင်း
👉🏻 အင်းဆက်ပိုးမွှားကိုက်ခံရခြင်း၊ ပျားတုတ်ခံရခြင်း
👉🏻 မျိုးရိုးလိုက်ခြင်း
👉🏻 စိတ်ဖိစီးမှုများခြင်း စသဖြင့် အကြောင်းရင်းမျိုးစုံရှိပေမယ့် တစ်ခါတလေမှာလည်း ဓာတ်မတည့်တယ့်အကြောင်းရင်းကိုရှာမတွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ် ။

ကုသနည်းကတော့ မတည့်တယ့်အကြောင်းရင်းခံကို သိရှိကုသနိုင်ရန်အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး လိုအပ်တယ့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ မတည့်တယ့်အကြောင်းရင်းကို ရှာဖွေကုသရပါမယ် ။ မတည့်တယ့်အကြောင်းရင်းကို သိရင် အဲဒါကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ် ။ ဒါ့အပြင် Antihistamine (Histamine ဆန့်ကျင်ပစ္စည်း) အုပ်စုဝင်နှင့် အလားတူအုပ်စုဆေးဝါးများ၊ နှာခေါင်းတွင်းဖြန်းဆေး၊ ပဋီဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားမှုနှင့်အညီ အသုံးပြုပြီး ကုသနိုင်ပါတယ် ။

ကလေးမှာ ဓာတ်မတည့်တာတစ်ခုခုရှိနေပြီဟု သံသယရှိလျှင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ် ။ ဆရာဝန်နှင့် စောစောပြသကုသခြင်းဖြင့် နေ့စဉ်ခံစားရမယ့်ရောဂါဝေဒနာများကို သက်သာစေရုံမက ပိုမိုဆိုးရွားလာနိုင်ချေရှိသည့် ပန်းနာရင်ကျပ်ရောဂါ၊ ထိပ်ကပ်နာရောဂါ အရေးပေါ်ဖြစ်လာနိုင်ချေစတာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ် ။

ဒါ့ကြောင့် ကလေးများတွင် ဓာတ်မတည့်ခြင်း Allergic reaction ကိုကာကွယ်နိုင်ရန်အတွက် ဖြစ်နိုင်သည့် အကြောင်းရင်းများကို ဂရုတစိုက်ရှောင်ရှား​​ပေးရန် လိုအပ်သလို သိကျွမ်းနားလည်သည့် ဆရာဝန်ဖြင့် တိုင်ပင်ကုသဖို့လဲ အ​ရေးကြီးပါတယ်ခင်ဗျာ

က​လေးအထူးကုဆရာဝန်ကြီး Dr Wichan ဟာ အ​တွေ့အကြုံရင့် က​လေးဓါတ်မတည့်ခြင်းနှင့်ဆိုင်​သော​ရောဂါများကို စနစ်တကျ တိုင်ပင်​ဆွေး​နွေး​ပေးပြီး ​ဆွေမျိုးရင်းသဖွယ် ကုသမှု​ပေးလျက်ရှိပါတယ်။

ဆရာကြီးနှင့်တိုင်ပင်​ဆွေး​နွေးလိုပါက Chatbox မှ တဆင့်ဆက်သွယ်​မေးမြန်းလို့ရပါတယ်

ယခုလို နည်းပညာများ တိုးတက်လာတယ့်ခေတ်ကြီးမှာတော့ ဆီးကျောက်ရောဂါကို ကုသတယ့်အခါ ဆီးကျောက်အရွယ်အစားကိုကြည့်ပြီး ခွဲစိတ်ကုသတယ...
22/02/2023

ယခုလို နည်းပညာများ တိုးတက်လာတယ့်ခေတ်ကြီးမှာတော့ ဆီးကျောက်ရောဂါကို ကုသတယ့်အခါ ဆီးကျောက်အရွယ်အစားကိုကြည့်ပြီး ခွဲစိတ်ကုသတယ့်နည်းလမ်းသာမက အခြားသော အဆင့်မှီကိရိယာများဖြင့် ကုသ​နည်းများကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ် ။ ဒါကြောင့် ဆီးကျောက်များရဲ့ 80 % လောက်ကိုတော့ ဗိုက်ကိုဓားနဲ့မခွဲဘဲ အခြားခေတ်မှီနည်းလမ်းများနဲ့ ကုသလာကြပါတယ် ။ ထိုနည်းလမ်းများအနက် Ureteroscopy with Laser Lithotripsy လို့ခေါ်တယ့် မှန်ပြောင်း + လေဆာဖြင့် ကျောက်ခြေခြင်း အကြောင်းကို ဗဟုသုတမျှဝေပေးပါရစေရှင် ။

🩺 မှန်ပြောင်း + လေဆာဖြင့် ကျောက်ခြေခြင်း (Ureteroscopy with Laser Lithotripsy) ဆိုတာဘာလဲ ❔
ဆီးလမ်းကြောင်းတစ်လျှောက် ကင်မရာတပ်ထားသော Ureterscope မှန်ပြောင်းငယ်ထည့်ပြီး လေဆာဖြင့် ဆီးကျောက်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင်လုပ်ပြီး ဆီးသွားရာမှတဆင့် ကျောက်များကို ဖယ်ရှားကာကုသခြင်း ဖြစ်ပါတယ် ။

🩺 ကုသမှုလုပ်ငန်းစဉ်က ဘယ်လိုမျိုးလဲ ❔
ဆီးပြွန်နဲ့ ကျောက်ကပ်ထဲမှာရှိတယ့် အရွယ်အစားအရမ်းမကြီးတဲ့ ကျောက်များကိုတော့ ထိုနည်းသုံးပြီး ကုသလေ့ရှိပါတယ် ။
ကုသတယ့်နေရာမှာတော့ လူနာကိုပေးမယ့် ထုံဆေးပေါ်မူတည်ပြီး လုပ်ငန်းစဉ်မစခင် ၈နာရီ-၁၂နာရီခန့် အစာဖြတ်ခြင်း fasting လုပ်ထားရပါမယ် ။ ပြီးရင်တော့ ဆရာဝန်မှ လူနာရဲ့ ဆီးပြွန်(urethra) မှတဆင့် မှန်ပြောင်းငယ် Ureteroscope ကိုထည့်ကာ ကျောက်​၏တည်နေရာကိုရှာပြီး တွေ့ရင် လေဆာသုံးပြီး အစိတ်စိတ် အမြွှာမြွှာကွဲသွားအောင် ချေပစ်လိုက်ပါတယ် ။ ဆီးကျောက်ရဲ့အရွယ်အစား၊ တည်နေရာပေါ်မူတည်ပြီး မိနစ် ၃၀ မှ ၂ နာရီလောက်ထိ ကြာနိုင်သလို ၂နာရီအထက် ပိုမိုကြာတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။အချို့သော အခြေအနေမျိုးမှာတော့ ဆီးလမ်းကြောင်းတစ်လျှောက် စီးဆင်းမှူကောင်းအောင် Stent ကိရိယာထည့်ပြီး ရက်အနည်းငယ်နေမှ ပြန်ထုတ်တာမျိုးလုပ်လေ့ရှိပါတယ် ။

🩺 ဘယ်လိုအခြေအနေမျိုးမှာ ULL ကို ရွေးချယ်ပါလဲ ❔
ဆီးကျောက်သည် ဆီးပို့ပြွန်အတွင်းပိတ်မိနေတယ့်အခါမျိုးမှာ အဓိကသုံးသလို ဆီးအိမ်နဲ့နီးသော ဆီးပို့ပြွန်အောက်ပိုင်းအတွင်း ဆီးကျောက်များဖယ်ရှားရမှာလည်း အသုံးပြုပါတယ် ။

🩺 ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဘေးထွက်ဆိုးကျိုးတွေရှိပါလဲ
မှန်ပြောင်းဖြင့် လေဆာကျောက်ချေကုသရာမှာ 15 % ခန့်လောက်သာ ကုသမှုခံယူအပြီး အနည်းငယ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ အခန့်မသင့်ဆီးပိုးဝင်ခြင်းတို့ တစ်ခါတရံရှိတတ်ပါတယ် ။ တော်တော်များများဝေဒနာများကတော့ Stent ပြန်ဖြုတ်လိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ် ။ ဆီးအိမ် ဆီးလမ်းကြောင်းကို မတော်တဆထိခိုက်မိပြီး ဒဏ်ရာရတာမျိုးရှိတတ်ပေမယ့် အင်မတန်ရှားပါတယ် ။

🩺 အားသာချက်များ၊ ကောင်းကျိုးများ ❔
✅ခွဲစိတ်စရာမလိုတာကြောင့် ထုံဆေး၊ မေ့ဆေးတို့ရဲ့ နောက်ဆက်တွဲ ဝေဒနာများကို စိုးရိမ်စရာမလိုခြင်း၊ ခဲစိတ်ဒဏ်ရာမရှိခြင်း
✅ ဆီးကျောက်ကို လေဆာဖြင့်တိုက်ရိုက်ခြေတာတာကြောင့် အောင်မြင်မှုရာခိုင်နှုန်းလည်း များခြင်း
✅နာရီပိုင်းမျှသာကြာပြီး ဆေးရုံတက်ရန် အများအားဖြင့်မလိုခြင်း
✅ကုသမှုခံယူပြီးရင်လည်း ရက်အနည်းငယ်အတွင်း ပုံမှန်နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ခြင်း စတယ့် အကျိုးကျေးဇူးများကြောင့် ကျယ်ပြန့်စွာ အသုံးပြုလာကြပါတယ် ။

ခေတ်မီတိုးတက်နေသောဆေးပညာများနှင့် စက်ကိရိယာများကြောင့် ယခုလိုဆီးကျောက်တည်ခြင်းကို အသားအနာခံ ခွဲစိတ်နေစရာမလိုတယ့်အပြင် လွယ်ကူလျင်မြန်စွာလည်း ကျောက်ထုတ်ကုသနိုင်ပါတယ် ။ သို့သော် မည်သည့်နေရာမှာရှိစေ ဆီးကျောက်တွေက အရမ်းကြီးလာပြီဆိုရင်တော့ ခွဲစိတ်တယ့်နည်းကို သုံးလာရပါတယ် ။ ဒါ့ကြောင့် ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်တာမျိုးရှိသည်ဖြစ်စေ၊ မိမိကိုယ်ကို ဆီးကျောက်တည်သည်ဟု သံသယရှိတာမျိုးဖြစ်စေ ဆရာဝန်ဖြင့် အမြန်ဆုံးသွားရောက်ဆွေးနွေးပြီး ကုသမှုကို သေချာခံယူသင့်ပါတယ် ။

ကျန်းမာသုခနှင့် ပြည့်စုံကြပါစေ ။

ဝိဘာရာမ်​ဆေးရုံကြီးတွင် ​ဆေးကုသမှုခံယူလိုပါက Chatbox မှတဆင့်ဆက်သွယ်​မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာ

ဆီးကျောက်တစ်လုံးဟာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်တယ့်အရွယ် ပင်အပ်ခေါင်းတစ်ခုစာလောက်ထိ သေးငယ်နိုင်ပါတယ် ။ သို့သော် ဆီးက...
16/02/2023

ဆီးကျောက်တစ်လုံးဟာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်တယ့်အရွယ် ပင်အပ်ခေါင်းတစ်ခုစာလောက်ထိ သေးငယ်နိုင်ပါတယ် ။ သို့သော် ဆီးကျောက်တည်ခြင်းရောဂါ Urolithiasis (Renal Stones) ဖြစ်လာတယ့်အခါမှာတော့ အင်မတန်ကို ကြီးမားတယ့် နာကျင်မှုဝေဒနာကိုခံစားရတယ်ဆိုတာ ဆီးကျောက်တည်ဖူးသူတိုင်း သိပါတယ် ။ ကိုယ်ဝန်သည်တွေ ကလေးမီးဖွားချိန်နာတယ့် နာကျင်မှုနဲ့တောင် တင်စားလေ့ရှိပါနယ် ။

📌ဆီးကျောက်တည်ရောဂါ Urolithiasis (Renal Stones)ဆိုတာ ဘာလဲ ❓
ဆီးကျောက်ဆိုတာကတော့ ကျောက်ကပ်မှ စွန့်ထုတ်တယ့် အနည်အနှစ်တွေများလာတယ့်အခါ အနည်ထိုင်ပြီးဖြစ်ပေါ်လာတယ့်ပုံဆောင်ခဲလေးတွေ တဖြည်းဖြည်းစုစည်းရာမှ ဖြစ်လာတာပါ ။ ပုံဆောင်ခဲအတွင်း ပါဝင်တယ့်ပုံဆောင်ခဲအမျိုးအစားပေါ်မူတည်ပြီး အဖြစ်များဆုံးတယ့် Calcium oxalate အပါအဝင် Calcium phosphate, Struvite, Uric acid and Cysteine ဆီးကျောက်အမျိုးအစားခွဲ ငါးမျိုးရှိပါတယ် ။ ဆီးကျောက်များသည် ကျောက်ကပ်ထဲမှာ အချိန်အကန့်သတ်မရှိဘဲ တဖြည်းဖြည်းအနည်ထိုင်ကြီးထွားလာပြီး ထိုမှတဆင့် ဆီးပြွန်ထဲသို့ ရောက်သွားနိုင်ပါတယ် ။ ကျောက်ကပ်ထဲမှ သေးငယ်လှတယ့်ဆီးကျောက်များအနေဖြင့် ရောဂါလက္ခဏာပြလေ့မရှိသော်လည်း အကယ်လို့ အရွယ်အစားကြီးသော ဆီးကျောက်ဆိုရင်တော့ ဆီးပြွန်ကိုဖြတ်ဖို့ ခက်ခဲသွားတာကြောင့် ဆီးလမ်းကြောင်းတလျှောက် ပိတ်ဆို့တာမျိုး ဖြစ်လာပါတယ် ။ ဒါ့ကြောင့် နာကျင်မှုဝေဒနာခံစားရခြင်း၊ ဆီးပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာခံစားရခြင်းတို့ ဖြစ်ပေါ်လာပါတယ် ။

📌ဆီးကျောက်တည်ရောဂါလက္ခဏာတွေက ဘာတွေလဲ ❓
ဆီးကျောက်တည်တာကြောင့် ဗိုက်နာခြင်းသည် မီးဖွားချိန်နာတာနဲ့တောင် တူတယ်လို့နှိုင်းရလောက်အောင် အင်မတန်နာပါတယ် ။ နောက်ကျောဘက်ဘေးနားမှာ ပိုနာပါတယ် ။ ၃-၄မိနစ်လောက်ထိုးနာလိုက်၊ သက်သာလိုက်ဖြစ်ပြီး ဗိုက်ကနေ ဆီးစပ်ဆီးခုံနားထိ နာလာတတ်ပါတယ် ။ အရပ်အခေါ် ကျောက်လှည့်တယ်လို့လည်း ခေါ်ကြပါတယ် ။ ဒါ့အပြင် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးပိုးဝင်ကာ ချမ်းတုန်ဖျားခြင်း၊ ဆီးပူခြင်း၊ ဆီးကျင်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးခဏခဏသွားချင်စိတ်ဖြစ်ခြင်း၊ ဆီးအနည်ထိုင်ခြင်း၊ ဆီးအနံ့ဆိုးခြင်း စတယ့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများပါ ဖြစ်ပေါ်လာတတ်ပါတယ် ။

📌ဆီးကျောက်တည်ရောဂါကို သက်သာပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ ❓ဆီးကျောက်တွေကို ဘယ်လိုရှင်းလင်းဖယ်ထုတ်လို့ရမလဲ ❓
ဆီးကျောက်တည်ရောဂါရှိပြီဆိုရင်တော့ အများစုမှာ ကုသင့်ပါတယ် ။ သို့သော် ကျောက်ကပ်အပေါ်မှာပဲရှိနေပြီး ဆီးလမ်းကြောင်းမှာလည်း ပိတ်ဆို့နေခြင်းမရှိတယ့် အချို့ကျောက်အသေးလေးတွေဆိုရင်တော့ ချက်ချင်းခွဲထုတ်စရာမလိုပါဘူးရှင် ။ ရေများများသောက်ခြက်းဖြင့် သက်သာသွားနိုင်သလို လူနာရဲ့အခြေအနေ၊ ဆီးကျော​က်ရဲ့အရွယ်အစား၊ အနေအထား၊ ထပ်ခါတလဲလဲပြန်ဖြစ်တာမျိုးရှိခြင်း စတာတွေပေါ်မူတည်ပြီး ဆရာဝန်များဖြင့်ဆွေးနွေးတိုင်ပင်ကာ ညွှန်ကြားချက်အတိုင်း
🔺စားသောက်နေထိုင်မှုပုံစံပြောင်းလဲပေးခြင်း
🔺အသံလှိုင်းဖြင့် ကျောက်ခြေခြင်း (ESWL-Extracorporeal Shock Wave Lithotripsy)
🔺ခွဲစိတ်ကုသခြင်း
🔺ဆီးကျောက်ဖြစ်ရခြင်းအကြောင်းရင်း ရောဂါအခံရှိလျှင့် ထိုရောဂါအခံကိုပါ သေချာကုသမှုခံယူခြင် တို့ဖြင့် ဆီးကျောက်များကို ဖယ်ထုတ်ကုသပြီး သက်သာပျောက်ကင်းပါတယ် ။

ယခုနောက်ပိုင်း ဆီးကျောက်တည်လူနာများအတွက် လွန်စွာ convenient ဖြစ်ပြီး ဆီးလမ်းကြောင်းကျောက်တည်ခြင်းကို 96% ခန့် အောင်မြင်စွာကုသနိုင်တာကြောင့် တွင်ကျယ်စွာသုံးစွဲလာတယ့် ကုသနည်းကတော့ အသံလှိုင်းကိုအသုံးပြုပြီး ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတစ်လျှောက် ကျောက်ခြေကုသခြင်း - ESWL ဖြစ်ပါတယ် ။ ခွဲစိတ်စရာမလိုဘဲ စက်ဖြင့် ခန္ဓာကိုယ်ပြင်ပမှ ပြုလုပ်တယ့် ကျောက်ခြေနည်းပါ ။ အရွယ်အစားကြီးတယ့်ကျောက်ကို သေးငယ်တယ့် အမှုန်အမွှားဖြစ်အောင်ခြေပြီး ဆီးမှတဆင့်ပြင်ပစွန့်ထုတ်စေတာပါ ။ ထိုကဲ့သိုစွန့်ပစ်ရာမှာ ပိုမိုအဆင်ပြေစေရန် ဆီးလမ်းကြောင်းတစ်လျှောက်ကြွက်သားများကို ဖြေလျော့စေတယ့် Alpha-blockers လိုဆေးများကို ကျောက်မခြေခင် ကြိုတိုက်လေ့လည်း ရှိကြပါတယ် ။ အနည်းဆုံးရေ ၃ လီတာခန့်တော့ လိုက်သောက်ပေးရန် လိုအပ်ပါတယ် ။ အကယ်လို့ သွေးကြဲဆေးပုံမှန်သောက်နေတယ့်လူနာဆိုရင်တော့ Procedure မတိုင်ခင် သွေးကြဲဆေး ခဏရပ်ထားရန်လိုပါတယ် ။ ကျောက်ရဲ့တည်နေရာကို X ray ဓာတ်မှန် ဒါမှမဟုတ် Ultrasound ဖြင့် ကြည့်ရှုရိုက်ကူးကာ ကြိမ်နှုန်းမြင့်အသံလှိုင်းဖြင့်ထိအောင်ချေတာမျိုးပြုလုပ်ပါတယ် ။ ယခုအခါ ဓာတ်ရောင်ခြည်သင့်မှုဒဏ်မှကင်းပြီး ပိုမိုကောင်းမွန်စိတ်ချရတယ့် Ultrasound guided ESWL စက်များကို ပိုမိုအသုံးပြုလာတာတွေ့ရပါတယ် ။ ESWL ကုသမှူတစ်ခုမှာ ကျောက်ရဲ့တည်နေရာအနေအထား၊ အရွယ်အစား(

ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီး Heart attack ရနေသောသူသည် အချိန်မှီကုသမှုမရခဲ့လျှင် အချိန်ကြာသည်နှင့်အမျှ နှလုံးကြွက်သားထိ...
07/02/2023

ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီး Heart attack ရနေသောသူသည် အချိန်မှီကုသမှုမရခဲ့လျှင် အချိန်ကြာသည်နှင့်အမျှ နှလုံးကြွက်သားထိခိုက်မှုများလာပြီး ကုသမှုကောင်းစွာပေးသော်ငြားလည်း ဝေဒနာခံစားရသူအနေဖြင့် ရာနှုန်းပြည့် ပျောက်ကင်းနိုင်မှုနည်းသလို အသက်ဆုံးရှုံးနိုင်ခြေလည်း များပါတယ် ။ ပင်မနှလုံးသွေးကြော Coronary arteries (၁)ချောင်း (သို့မဟုတ်) (၂)ချောင်းပိတ်တယ့် အခါမျိုးမှာ အသက်ကယ်ဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ နှလုံးသွေးကြောချဲ့ stent ထည့်ကုသခြင်း (Percutaneous Coronary Intervention-PCI)ဖြစ်ပါတယ် ။ Coronary arteries (၃)ချောင်းလုံးပိတ်တယ့်အခြေအနေ ဒါမှမဟုတ် ဘယ်ဘယ်နှစ်ချောင်းလုံးပိတ်တယ့် အခြေအနေမျိုးမှာတော့ Coronary Artery Bypass Graft-CABG လို့ခေါ်တယ့် နှလုံးသွေးကြောဖြတ်ဆက်ခွဲစိတ်ကုသခြင်းကို လုပ်ဆောင်ရပါတယ် ။

🫀PCI မှာ ရုတ်တရက် ပြင်းပြင်းထန်ထန်နှလုံးသွေးကြောပိတ်ခြင်းကြောင့် အရေးပေါ်သွေးကြောချဲ့ခြင်း Primary PCI ရှိသလို နှလုံးသွေးကြောကျဉ်းရောဂါများကို ကုသရာမှာ သောက်ဆေးနဲ့ မသက်သာပဲ သွေးကြောတဖြည်းဖြည်းပိတ်လာတယ့်အခါမှာ ပုံမှန်ဆေးရုံရက်ချိန်းဖြင့် သွေးကြောချဲ့တယ့် Elective PCI ဆိုပြီး နှစ်မျိုးရှိပါတယ်။

🫀PCI မလုပ်ခင်မှာ မဖြစ်မနေလုပ်ကို လုပ်ရမှာကတော့ Coronary Angiogram လို့ခေါ်တယ့် နှလုံးသွေးကြောထဲ dye ထည့်ပြီး သွေးကြောဓာတ်မှန်ရိုက်ခြင်း ဖြစ်ပါတယ် ။ ဒါမှသာ သွေးကြောကျဉ်းတယ့် တည်နေရာ ၊ ကျဉ်းတယ့်သွေးကြော အရေအတွက် ၊ သွေးကြောကျဉ်းတယ့်ပမာဏ အခြေအနေတို့ကိုသေချာစွာ သိရှိပြီး ကုသမှုပိုင်းမှာ သေချာထိရောက်စွာ လုပ်ဆောင်မှာ ဖြစ်ပါတယ် ။ ဒါကြောင့် နှလုံးသွေးကြောဓာတ်မှန်(Coronary Angiogram-CAG)သည် ရောဂါစစ်တမ်းအတွက်ရော ရောဂါကုသမှု PCI အတွက်ရော အရေးပါလှတယ့် ရောဂါစစ်ဆေးမှု (Gold standard test) ဟုဆိုနိုင်ပါတယ် ။

🫀PCI လုပ်ဆောင်ပုံအဆင့်ဆင့်ကတော့ အထက်မှာဖော်ပြခဲ့သလို သွေးကြောဓာတ်မှန်ရိုက်ခြင်း (Coronary Angiogram) ပြုလုပ်၍ အခြေအနေသိပြီးလျှင် ထုံဆေးအနည်းငယ်ပေးပြီး ပိုက်ပြွန်အသေးတစ်ခုကို လက် (သို့မဟုတ်) ပေါင်ရင်းရှိသွေးကြောမှတဆင့် နှလုံးသွေးကြောထိရောက်သည်အထိ ထည့်ရပါတယ် ။ နှလုံးသွေးကြောပိတ်တယ့်နေရာရောက်တာနဲ့ Balloon ကိုဖောင်းကာသွေးကြောချဲ့ပြီး သွေးကြောထောက်ကိရိယာ Stent ကိုထားပါတယ် ။ ထိုနည်းဖြင့် ပိတ်နေတယ့် နှလုံးသွေးကြောကိုချဲ့ပြီး သွေးစီးဆင်းမှုကို ပြန်ကောင်းစေပါတယ် ။

🫀ဒါကြောင့် နှလုံးသွေးကြောချဲ့ကုသခြင်း PCI ဖြင့် ✅ နှလုံးသွေးကြောပိတ်တယ့် အရေးပေါ်အခြေအနေဖြစ်တယ့် နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarct) မှကာကွယ်ပေးနိုင်ခြင်း
✅ ပိတ်နေတယ့်သွေးကြောကို ၁၀၀ % နီးပါး ပြန်ပွင့်သွားတာမို့ တကယ့်ကို လူနာအတွက် Life saving treatment တစ်ခုဖြစ်ခြင်း
✅သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်လာတာကြောင့် နောက်တစ်ကြိမ် Myocardial Infarct ဖြစ်နိုင်ချေကိုလျှော့ချနိုင်ခြင်း
✅ နှလုံးသွေးကြောကျဉ်းရောဂါကြောင့်ဖြစ်တယ့် ရင်ဘတ်အောင့်ခြင်းဝေဒနာကို သက်သာစေခြင်း
✅ သွေးကြောချဲ့ကုသခန်း (Cardiac Catherizatiom Lab) မှာသာ ပြုလုပ်နိုင်တာကြောင့် ခွဲစိတ်ကုသစရာမလိုခြင်း ၊ ဆေးရုံတွင်းကာလရှည်ကြာ နေရန်မလိုသဖြင့် စရိတ်စကလည်းသိပ်မများခြင်း စတယ့် အကျိုးကျေးဇူးများစွာရှိပါတယ် ။

🫀PCI လုပ်ပြီးသွားရင်လည်း ဆရာဝန်ညွှန်ကြားထားတယ့် သွေးကျဲဆေးကို စနစ်တကျ ရေရှည်သောက်သုံးရနိလိုသလို ပြန်လည်ပြသရမည့် ရက်ချိန်းရှိရင်လည်း မပျက်မကွက် သွားရောက်ပြသင့်ပါတယ် ။ ကျန်းမာရေးနဲ့ညီညွတ်သော နေထိုင်စားသောက်မှု Life Style ဖြင့် ပုံမှန်သင့်တင်လျောက်ပတ်သော လေ့ကျင့်ခန်းများပြုလုပ်ပေးရန်လည်း လိုအပ်ပါတယ် ။ ဒါမှသာ မိမိချစ်သောမိသားစုဖြင့် ကာလရှည်ကြာ ကျန်းမာပျော်ရွှင်စွာ သက်တမ်းစေ့နေသွားနိုင်မှာ ဖြစ်ပါတယ် ။

ကျန်းမာရေးဗဟုသုတပြည့်ဝကာ နှလုံးရောဂါမှစလို့ ရောဂါဘယပေါင်းစုံကင်းဝေးပြီး ကျန်းမာသုခနဲ့ ပြည့်စုံကြပါစေ ။

Angiogram နဲ့ ​သွေး​ကြောချဲ့ထားတဲ့ Package ကိုလည်း လတ်တ​လောမှာ ​စျေးချထားတဲ့အတွက် စိတ်ပါဝင်စားတဲ့ မိဘပြည်သူများအ​​နေဖြင့်လည်း Chatbox မှာ လာ​ရောက်ဆက်သွယ်​မေးမြန်းလို့ရပါတယ်



January လ ၁လတည်းမှာပဲ၁ဦးဝယ် ၁ဦး အခမဲ့ ရမှာဆို​တော့ မြန်မြန်သာ လာခဲ့ကြပါခင်ဗျစစ်​ဆေးမှု​တွေ စုံလင်ပြီး အ​ဖြေနဲ့ report ...
09/01/2023

January လ ၁လတည်းမှာပဲ
၁ဦးဝယ် ၁ဦး အခမဲ့ ရမှာဆို​တော့ မြန်မြန်သာ လာခဲ့ကြပါခင်ဗျ

စစ်​ဆေးမှု​တွေ စုံလင်ပြီး အ​ဖြေနဲ့ report များကို ​နေ့ချင်းပြီးထုတ်​ပေးမယ့်အပြင် ​ဆေးစစ်စဥ် တ​လျှောက်လုံး ဘာသာစကားအခက်အခဲမရှိ​အောင်ကူညီ​ပေးမယ့် ​ဖော်​ရွေပျူငှာတဲ့ မြန်မာဆရာဝန်များ နဲ့ မြန်မာဝန်ထမ်းများက အသင့်ရှိ​နေ​တော့ ခုပဲ messenger က​နေ Hello လှမ်းလုပ်လို့ရပါပြီ

အမျိုးသမီး ​ရောဂါ များကို Laparoscopic မှန်​ပြောင်းဖြင့် ခွဲစိတ်ခြင်း အတွက် ​စျေးချထားတဲ့ Package ​စျေးနှုန်း​လေး ဖြစ်ပါ...
06/01/2023

အမျိုးသမီး ​ရောဂါ များကို Laparoscopic မှန်​ပြောင်းဖြင့် ခွဲစိတ်ခြင်း အတွက် ​စျေးချထားတဲ့ Package ​စျေးနှုန်း​လေး ဖြစ်ပါတယ်

ဝါရင့်ကျွမ်းကျင်တဲ့ အထူးကုဆရာဝန်ကြီးများနှင့် ​ဆွေး​နွေးတိုင်ပင်ပြီး လူနာနဲ့ သင့်​တော်တဲ့ ခွဲစိတ်ကုသမှုများကို ​​ရွေးချယ်​စေကာ ကြည့်ရှု​စောင့်​လျှောက်မှု ​ပေးလျက်ရှိပါတယ်

စိတ်ပါဝင်စားပါက Page messenger မှာ လာ​ရောက်ဆက်သွယ်​မေးမြန်းနိုင်ပါတယ်

နှစ်သစ်မှာ လူကြီးသူမ​တွေအတွက် ပြီးပြည့်စုံတဲ့ General Check up Program ​တွေလာပါပြီစစ်​ဆေးမှု​​ Tests တွေ စုံလင်တဲ့ အပြင်...
03/01/2023

နှစ်သစ်မှာ လူကြီးသူမ​တွေအတွက် ပြီးပြည့်စုံတဲ့ General Check up Program ​တွေလာပါပြီ

စစ်​ဆေးမှု​​ Tests တွေ စုံလင်တဲ့ အပြင်
​မေတ္တာလက်​ဆောင် အ​နေနဲ့ ​ဆေးရုံရဲ့ ကွန်ဒို မှာ ၂ရက်​နေထိုင်ခွင့်ပါပြီး ​လေဆိပ်ကြိုပို့လဲ ပါ​တော့ ကဲ....ဘာလို​သေးလဲဗျာ

စိတ်ပါဝင်စားရင် messenger မှ လာ​ရောက်စုံစမ်း​မေးမြန်းနိုင်ပါတယ်

နှစ်သစ်မှာ ကမ္ဘာသူကမ္ဘာသား အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး ​ဘေးဘယာ ​ဝေးကွာကြပါ​စေ လို့ ဝိ...
01/01/2023

နှစ်သစ်မှာ ကမ္ဘာသူကမ္ဘာသား အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး ​ဘေးဘယာ ​ဝေးကွာကြပါ​စေ လို့ ဝိဘာရာမ်​ဆေးရုံ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ရပါတယ် ခင်ဗျာ

Happy New Year

Inguinal Hernia ( အူကျွံခြင်း ) ● အူကျွံခြင်းဆိုတာဘာလဲ?-အူကျွံတယ်ဆိုတာ ကိုယ်တွင်းကလီစာတစ်ခုကသူ့ကိုထိန်း​ပေးထားတဲ့ကြွက်သာ...
20/12/2022

Inguinal Hernia ( အူကျွံခြင်း )

● အူကျွံခြင်းဆိုတာဘာလဲ?
-အူကျွံတယ်ဆိုတာ ကိုယ်တွင်းကလီစာတစ်ခုကသူ့ကိုထိန်း​ပေးထားတဲ့ကြွက်သား​တွေကို​ဖောက်ပြီး အပြင်ကိုထွက်လာခြင်းဖြစ်တယ်။

●အူကျွံတဲ့လက္ခဏာ​တွေကဘာလဲ?
​-​ပေါင်ခြံနားပတ်လည်တင်း​နေခြင်း၊
- ​ချောင်းဆိုးလျှင်၊ အ​လေးအပင်မလျှင် ​ပေါင်ခြံနားတစ်ဝိုက်​ဖောင်းလာခြင်း၊

● မကုသပဲထားလျှင် လက္ခဏာပိုဆိုးလာခြင်း၊ ​​ရောင်ရမ်းနာကျင်လာခြင်း၊
- ပျို့အန်ခြင်း၊ ဝမ်း​ချုပ်ခြင်း
- အူသို့သွားသည့်​သွေး​ကြောပိတ်လျှင် အူပုပ်ခြင်း၊ ​သွေးဆိပ်တက်​သေဆုံးခြင်း စသည်တို့အထိ ဖြစ်နိုင်ပါတယ်။

●ဘယ်လိုကုသမလဲ?
- အူကျွံခြင်းအတွက် အဓိကကုသမှုက ခွဲစိတ်ခြင်းဖြစ်ပါတယ်။ ခွဲစိတ်ရာတွင် အ​​ရေး​ပေါ်ခွဲစိတ်ခြင်းနှင့် အ​ရေး​ပေါ်မဟုတ်​​သော ရက်ချိန်း​ပေးခွဲစိတ်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။

● ဘယ်လိုအချိန်​တွေမှာ အ​ရေး​ပေါ်ခွဲစိတ်မလဲ?
- အူကျွံသည့်​နေရာမှာ ​ရောင်ရမ်းမှု၊ နာကျင်မှုဆိုးဝါးလာခြင်း၊
- ထို​နေရာမှာ အ​ရောင်​ပြောင်းလာခြင်း၊
- ​လေမလည်ခြင်း၊ ဝမ်းမသွားခြင်း၊
- ပျို့အန်ခြင်း

●ဘယ်လိုခွဲစိတ်မှု​တွေရှိလဲ?
- သမားရိုးကျခွဲစိတ်မှုနှင့်
Mesh Repair ​ခေါ် ဇကာ​ပေါက်ခံပြီးကုသခြင်းကို သုံး​​လေ့ရှိပါတယ်။

●ခွဲစိတ်ပြီးရင် ဘာ​တွေကို ဂရုပြုရမလဲ?
- အ​လေးအပင်မခြင်း၊
- ​လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်းတို့ကို​ရှောင်ရပါမယ်။
- ​ဆေးလိပ်ဖြတ်သင့်ပါတယ်။

ခွဲစိတ်ကုသဖို့ ဆက်သွယ်​မေးမြန်းလိုပါက
Chat box မှ တဆင့် စုံစမ်းနိုင်ပါတယ်

လိပ်ခေါင်းရောဂါ (piles) သည် စအိုဆိုင်ရာ ရောဂါများထဲတွင် အနာကျင်ဆုံးနှင့် အဖြစ်အများဆုံး ရောဂါ တစ်မျိုးဖြစ်သည်။ လိပ်ခေါင်...
21/11/2022

လိပ်ခေါင်းရောဂါ (piles) သည် စအိုဆိုင်ရာ ရောဂါများထဲတွင် အနာကျင်ဆုံးနှင့် အဖြစ်အများဆုံး ရောဂါ တစ်မျိုးဖြစ်သည်။ လိပ်ခေါင်းရောဂါဆိုသည်မှာ စအိုအတွင်း သို့မဟုတ် အပြင်ဘက်တွင် ရောင်ရမ်းနေသော တစ်ရှူးအစုအဝေးကို ခေါ်ပါသည်။

လိပ်ခေါင်းသည် အပြင် လိပ်ခေါင်း (external) နှင့် အတွင်းလိပ်ခေါင်း (internal) ဟူ၍ (၂) မျိုးရှိပါသည်။ အဓိကအားဖြင့် နာတာရှည်ဝမ်းလျှောခြင်း၊ နာတာရှည်ဝမ်းချုပ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ အလေးအပင်မခြင်းတို့ကြောင့် လိပ်ခေါင်းရောဂါဖြစ်တတ်ပါသည်။

လိပ်ခေါင်းရောဂါသည် နေ့စဥ်လုပ်ဆောင်မှုများနှင့် လူနေမှုဘဝကို ထိခိုက်စေနိုင်ပြီး အချိန်မီ ကုသမှုမခံယူပါက ပိုးဝင်ခြင်း၊ သွေးအလွန်အကျွံထွက်ရာမှတဆင့် သွေးအားနည်းခြင်း (သွေးသွင်းရနိုင်ခြင်း)
ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။

လိပ်​ခေါင်းခွဲစိတ်မှုသည် အခြား ခွဲစိတ်မှုများနှင့်ယှဥ်လျှင်
👉🏻 ခွဲစိတ်မှု ကြာချိန်တိုတောင်းခြင်း။
👉🏻 သွေးထွက်နည်းခြင်း။
👉🏻 ခွဲစိတ်မှုကြောင့် ဖြစ်ပေါ်နိုင်သော နာကျင်မှုများနှင့် သွေးဆုံးရှုံးမှု လျော့နည်းစေခြင်း။
👉🏻 ဆေးရုံတက်ရောက်ကုသချိန်တိုတောင်းခြင်း။
👉🏻 ပုံမှန်လုပ်ငန်းဆောင်တာများကို လျှင်မြန်စွာ ပြန်လည်လုပ်ကိုင်နိုင်ခြင်းတို့ဖြစ်ပါသည်။

အ​သေးစိတ်​မေးမြန်းစုံစမ်းလိုပါက Chat Box မှ ​သော်လည်း​ကောင်း ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

#လိပ်​ခေါင်းခွဲစိတ်ကုသခြင်း


Osteoarthritis 🤔 osteoarthritis (OA) ဆိုတာဘာလဲ?💡osteoarthritis (OA) ဆိုတာ အရိုးအဆစ်ယောင်ရမ်းခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒူး၊...
11/11/2022

Osteoarthritis

🤔 osteoarthritis (OA) ဆိုတာဘာလဲ?

💡osteoarthritis (OA) ဆိုတာ အရိုးအဆစ်ယောင်ရမ်းခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒူး၊ တင်ပဆုံ၊ လက်တွေမှာ အဖြစ်များပြီး အခြားနေရာများမှာလည်းဖြစ်တော့ဖြစ်တတ်ပေမယ့် ရှားပါတယ်။

🤔 ဘယ်သူတွေဖြစ်တတ်လဲ?

💡 အသက်ကြီးသူများ၊ အမျိုးသမီးများ၊ အဝလွန်သူများ၊ ယခင်က အဆစ်ဒဏ်ရာရဖူးသူများဟာ OA ဖြစ်နိုင်ချေများပြီး မျိုးရိုးလိုက်တတ်တဲ့ရောဂါဖြစ်တာကြောင့် မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူရှိရင် သတိထားသင့်ပါတယ်။

🤔 ဘယ်လိုရောဂါလက္ခဏာတွေရှိရင် OA လို့ပြောလို့ရလဲ?

💡 OA ရဲ့အဓိကလက္ခဏာတွေကတော့
⁃ အရိုးအဆစ်နာကျဉ်ခြင်း
⁃ လှုပ်ရှားရခက်ခြင်း
⁃ ကြွက်သားမသန်မာခြင်း
⁃ အဆစ်တောင့်တင်းခြင်း တို့ဖြစ်ပြီး ဒီရောဂါလက္ခဏာရှိတဲ့သူတွေအနေနဲ့ အရိုးဆရာဝန်နဲ့သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

🤔 ဒီရောဂါကဘယ်လောက်ဆိုးလဲ?

💡 ဒီ OA ရောဂါဟာ ယနေ့ခေတ်မသန်စွမ်းမှုများရဲ့အဓိကအကြောင်းအရင်းဖြစ်လာကြောင်း World Physiotherapy Day မှာ ပညာရှင်များကအညီအညွတ်ဆိုထားကြပါတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ OA ဖြစ်ပွါးမှုနှုန်းဟာ ၄၉% တက်လာတယ်လို့ဆိုထားကြပါတယ်။ အဝလွန်တဲ့သူတွေများလာတာနဲ့အမျှ OA ရောဂါကြောင့် မသန်မစွမ်းဖြစ်သွားတဲ့သူလည်း အချိုးကျလိုက်တက်လာတယ်လို့ research paper များကထုတ်ဖော်ထားပါတယ်။

🤔 OA ဖြစ်လို့ ဒူးနာရင် မလှုပ်ရှားသင့်ဘူးဆိုတာဟုတ်လား?

💡 မဟုတ်ပါဘူး။ OA ဟာမလှုပ်ရှားရင်ပိုဆိုးတတ်ပါတယ်။ မလှုပ်ရှား၊ အားကစားမလုပ်လို့လည်း OA ဖြစ်တာပါ။ OA ဖြစ်လို့နာ၊ နာလို့မလှုပ်ရှားဆိုရင် ပိုပိုဆိုးလာတတ်ပါတယ်။ Physiotherapist များနဲ့တိုင်ပင်ပြီး ဖြည်းဖြည်းချင်းဆီ ခံနိုင်သလောက် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

🤔 OA ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ?

💡 OA ဖြစ်ပြီလို့ သံသယရှိလာရင် အရိုးဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆေးစစ်မှုများပြုလုပ်ကာ ကုသမှုခံယူသင့်ပါတယ်။ ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး လေ့ကျင့်ခန်းလုပ်ရုံနဲ့သက်သာသွားသူများရှိသလို၊ အဆစ်ထဲကိုဆေးထိုးရတာမျိုး ခွဲစိတ်ကုသမှုခံယူရတာမျိုးလည်းရှိပါတယ်။ အဆစ်အစားထိုးခွဲစိတ်မှု (Total Knee Replacement Surgery) ပြုလုပ်ခြင်းအထိလုပ်ရတာမျိုးရှိပါတယ်။ OA နောက်ဆုံးအဆင့်ဆိုရင်တော့ Total Knee Replacement Surgery ကိုပြုလုပ်ရန် ဆရာဝန်များက အကြံပြုလေ့ရှိပါတယ်။

🤔 Total Knee Replacement Surgery ဆိုတာဘာလဲ?

💡 Total Knee Replacement Surgery ဆိုတာဟာ ဒူးဆစ်ထဲက မကောင်းတဲ့အစိတ်အပိုင်းတွေအကုန်လုံးကို ဖယ်ထုတ်ပြီး လူလုပ် artificial implant တွေနဲ့ အစားထိုးကုသတဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။

🤔 Total Knee Replacement လုပ်ရင်ဘာတွေကောင်းသွားလဲ?

💡 TKR ခွဲစိတ်မှုပြုလုပ်လိုက်တဲ့သူတွေဟာ ခွဲစိတ်မှုအပြီးမှာ လှုပ်ရရှားရတော်တော်လွယ်ကူသွားပြီး နာကျဉ်မှုသိသိသာသာသက်သာသွားအောင်ပြုလုပ်နိုင်တဲ့ခွဲစိတ်မှုဖြစ်ပါတယ်။ ခွဲစိတ်မှုအပြီး သုံးပတ်ကနေ ခြောက်ပတ်အထိ အနားပေးပြီးပုံမှန်လှုပ်ရှားမှုများပြန်လည်ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုအပြီးမှာတော့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခြင်း၊ ပြေးခြင်း၊ အထိအခိုက်များနိုင်သောအားကစားပြုလုပ်ခြင်းတို့ကိုရှောင်ရှားရပါတယ်။ အစားထိုးထည့်ထားသော implant လေးများခံနိုင်ရည်မရှိမှာ၊ ကြာရှည်မခံမှာကို စိုးရိမ်ရလို့ဖြစ်ပါတယ်။

🤔 TKR လုပ်ရင် ဘာတွေ risk ရှိလဲ?

💡 TKR surgery ဟာ တော်တော်လေး safe ဖြစ်တဲ့ procedure တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုတစ်ခုဖြစ်တာနဲ့အညီ ပိုးဝင်ခြင်း(infection)၊ သွေးခဲကျန်ခြင်း(blood clots)၊ သွေးကြောများ အာရုံကြောများဒဏ်ရာရခြင်း စတဲ့ risk တွေကတော့ရှိပါတယ်။ ထည့်ထားတဲ့ implant လေးတွေ ခံနိုင်ရည်စွမ်းအလျင်အမြန်ကျဆင်းတာမျိုးရှိနိုင်ပေမယ့် နောက်ပိုင်း ခွဲစိတ်မှုအဆင့်အတန်းမြင့်လာတာကြောင့် နည်းသွားပြီလို့ဆိုပါတယ်။

ဒူးဆစ်အစားထိုးခြင်းကို ဘန်​ကောက်မှာ ခွဲစိတ်ဖို့ စိတ်ဝင်စားလျှင် Chat Box မှ ​သော်လည်း​ကောင်း
Viber/Line +66995026124 သို့​​လည်း​ကောင်း
ဆက်သွယ်​မေးမြန်းနိုင်ပါတယ်




#ဒူးနာ

📣📣📣 ATK Covid test for travel, only 700 bahts📣📣📣ဆက်သွယ်ရန်ဖုန်း +66995026124, +66992931620 (တိုက်ရိုက်သို့မဟုတ် Viber, L...
21/08/2022

📣📣📣 ATK Covid test for travel, only 700 bahts📣📣📣

ဆက်သွယ်ရန်ဖုန်း +66995026124, +66992931620 (တိုက်ရိုက်သို့မဟုတ် Viber, Line ) တို့ကိုဆက်သွယ်​မေးမြန်းကြိုတင်ဘိုကင်တင်နိုင်ပါသည်။

အစာအိမ်အူလမ်း​ကြောင်းမှန်​​​​ပြောင်းပက်​ကေ့ပရိုမိုးရှင်း 📣📣📣
30/06/2022

အစာအိမ်အူလမ်း​ကြောင်းမှန်​​​​ပြောင်းပက်​ကေ့ပရိုမိုးရှင်း 📣📣📣

Medical check up promotion ​ 📣📣📣
18/04/2022

Medical check up promotion ​ 📣📣📣

မြန်မာတို့၏နှစ်သစ်ကူး အခါသမယ သင်္ကြန်အချိန်အခါမှာ လူတိုင်းအားလုံး ဘေးဘယာကင်းကွာ၍ ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းမေတ္တာ...
14/04/2022

မြန်မာတို့၏နှစ်သစ်ကူး အခါသမယ သင်္ကြန်အချိန်အခါမှာ လူတိုင်းအားလုံး ဘေးဘယာကင်းကွာ၍ ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းမေတ္တာပို့အပ်ပါတယ် 🙏🙏🙏

ဘန်​ကောက်မှာ PFIZER ကို Walk In အ​နေနဲ့  အခ​ကြေး​ငွေမလိုပဲ (Free of Charge) အ​နေနဲ့ VIBHARAM မှာ ထိုးလို့ရပါပြီခင်ဗျာမနက...
27/02/2022

ဘန်​ကောက်မှာ PFIZER ကို Walk In အ​နေနဲ့ အခ​ကြေး​ငွေမလိုပဲ (Free of Charge) အ​နေနဲ့ VIBHARAM မှာ ထိုးလို့ရပါပြီခင်ဗျာ

မနက်ဖန် ၂၈ ရက်​နေ့ ကို ပထမဆုံး အ​ယောက် ၅၀၀ ကိုပဲ ထိုး​ပေးမှာဖြစ်လို့ မြန်မြန်သာ လာခဲ့ကြပါခင်ဗျ

ဝိဘာရမ်ဆေးရုံကြီးမှာ ကိုဗစ်အတွင်း ဆေးကုသမှု လာရောက်ခံယူချင်ကြတဲ့ မိတ်ဆွေများအတွက် ဆေးရုံမှာနေပြီး Quarantine ၁၄ ရက် ဝင်ရ...
25/08/2020

ဝိဘာရမ်ဆေးရုံကြီးမှာ ကိုဗစ်အတွင်း ဆေးကုသမှု လာရောက်ခံယူချင်ကြတဲ့ မိတ်ဆွေများအတွက် ဆေးရုံမှာနေပြီး Quarantine ၁၄ ရက် ဝင်ရမယ့် Package လေးနဲ့ မိတ်ဆက်လိုက်ပါတယ်

လူနာ တဦး အတွက် ဘတ် ၅၀၀၀၀ ကျသင့်မှာဖြစ်ပြီး Covid 19 PCR test ကို ၃ ကြိမ်စစ်ဆေးခြင်း အပါအဝင်
ဆေးရုံမှာ ၁၅ ရက်နေထိုင်ခြင်း အခန်းနဲ့ သူနာပြုဝန်ဆောင်မှုများ
နေ့စဥ် အဖျားတိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း
တနေ့၃ကြိမ် အစားအသောက်များ ပါဝင်ပါတယ်

Relief flight နှင့် ထိုင်းသံရုံးတို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံကိုလည်း ပေးပို့ပေးမှာ ဖြစ်ပါတယ်


25/06/2020

July 1st က စပြီး Thai ကိုဝင်ဖို့ ပထမ ဦးစားပေးတဲ့အထဲမှာ ဆေးလာကုမယ့် လူနာတွေကိုလဲ လက်ခံမယ်လို့ပါပါတယ်

ထိုင်းကိုဝင်ရင် Quarantine 14 ရက်(ပြန်ရင်လဲ မြန်မာမှာ 21ရက်) ဝင်ရမှာဆိုတော့ အရမ်းအရေးကြီးတဲ့လူနာ မဟုတ်ရင် လာဖို့ကို တော်တော်စဥ်းစားကြမှာပဲ

ထိုင်းအစိုးရက ပုဂ္ဂလိကဆေးရုံ တွေကို Alternative Hospital Quarantine ဆိုတဲ့ ဆေးရုံမှာပဲ Quarantine နေရင်း ကုသမှုခံယူတဲ့ အစီအစဥ်တွေကို ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်

အရေးကြီးလူနာဆို စရောက်ရောက်ချင်း covid test စစ်ပီး negative ဆိုတာနဲ့၂ရက်အတွင်း ဆေးကူသမှူလုပ်ငန်းစဥ်စလို့ရနိုင်အောင် ညှိနှိုင်းထားပါတယ်

ကျွန်တော်တို့ဆေးရုံလဲ AHQ package အတွက် စီစဥ်ထားပါတယ်လို့ လူနာအဟောင်းများနှင့် ဆေးလာကုချင်သောမိတ်ဆွေများကို အသိပေးအပ်ပါတယ်
အသေးစိတ်အချက်အလက်များကို Chat Box သို့မဟုတ် Viber မှတဆင့် လာရောက်မေးမြန်းလို့ရပါတယ်

Source: Bangkok Post

Link: https://www.bangkokpost.com/thailand/general/1940340/50-000-select-foreigners-to-start-arriving-next-week

ဝိဘာရမ်ဆေးရုံမှ ရင်ခေါင်းနှင့်နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်မိတ်ဆက်ပေးပါရစေ။တွဲဖက်ပါမောက္ခဒေါက်တာ စီရီ သည် လက်ရှိဘုရ...
13/01/2020

ဝိဘာရမ်ဆေးရုံမှ ရင်ခေါင်းနှင့်နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်မိတ်ဆက်ပေးပါရစေ။
တွဲဖက်ပါမောက္ခဒေါက်တာ စီရီ သည် လက်ရှိဘုရင့်ဆေးရုံကြီး (Chulalongkorn Hospital) ၏နှလုံးခွဲစိတ်ဌာနတွင်လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် နှစ်ပေါင်း ၂၅နှစ် အတွင်း နှလုံးခွဲစိတ်မှုပေါင်းများစွာကို ခွဲစိတ်ခဲ့ပြီးဖြစ်ပါတယ်။
အထူးကျွမ်းကျင်သော ခွဲစိတ်မှုများအနေနဲ့ကတော့ နှလုံးသွေးကြောလွှဲခွဲစိတ်မှုများ (Coronary Artery Bypass Graft) နှင့် နှလုံးအဆို့ရှင်နှင့်ဆိုင်သောအစားထိုးခွဲစိတ်မှုများ (Valve repair and replacement Surgery) တို့ဖစ်ပါတယ်။
ဆရာကြီးနှင့်စမ်းသပ်ဆွေးနွေးတိုင်ပင်လိုပါက ရက်ချိန်းယူရန် Chat box မှသော်လည်းကောင်း +66995026124 ကို Viber သို့မဟုတ် တိုက်ရိုက်ဖုန်းခေါ်၍လည်းကောင်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

အရမ်းတန်တဲ့ အထူး Promotionဘတ် ၁၁,၀၀၀ ကို မှ တယောက်စစ် တယောက်အခမဲ့ဆိုတော့ မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်ပဲကျသင့်မှာပါလေဆိပ်...
16/10/2019

အရမ်းတန်တဲ့ အထူး Promotion
ဘတ် ၁၁,၀၀၀ ကို မှ တယောက်စစ် တယောက်အခမဲ့ဆိုတော့ မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်ပဲကျသင့်မှာပါ

လေဆိပ်အကြိုအပို့လဲရှိတယ်
စကားပြန်သီးသန့်ထပ် ငှါးစရာမလိုဘူးဆိုတော့
ဒီထက်အဆင်ပြေတာ မရှိတော့ဘူးဗျို့

Promotion လေးက ဒီဇင်ဘာလကုန် အထိပဲရှိမှာပါ




#ဘန်ကောက်ဆေးကုသခြင်း
#ကျန်းမာရေးစစ်ဆေးမှု

ที่อยู่

Bangkok
10250

เบอร์โทรศัพท์

+66995026124

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Vibharam Hospital ဝိဘာရာမ်ဆေးရုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Vibharam Hospital ဝိဘာရာမ်ဆေးရုံ:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริการภาครัฐ


Bangkok บริการภาครัฐอื่นๆ

แสดงผลทั้งหมด