Mon State Federal Council - MSFC

เส้นทาง เว็บไซต์

Mon State Federal Council - MSFC MSFC is a political organization representing Mon State and Mon people during the Spring Revolution.

01/11/2026

MSFC ဟီုဂှ် မုရော?

ဗီုလဵုဒက်ပတန်လဝ်တုဲ ညးဂှ် ပါလုပ်ရော? သွက်ဂွံကၠောန်ပ္တုဲ ကမၠောန်ဗီုလဵုနွံရော? တၚ်ရန်တၟံ MSFC ဂှ်ရော ဗီုလဵုနွံရောဂှ် တ္ၚဲဏံ လဴပတိုန်ထ္ၜးကဵု ညးဍုၚ်ကွာန်တံရောၚ်။



31/10/2026

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဆိုတာ ဘာလဲ ?

ဘယ်လိုပုံစံမျိုးနဲ့ စုဖွဲ့ထားပြီး ဘယ်လို လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေသလဲ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ရဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကရော ဘာတွေဖြစ်မလဲဆိုတာကို တင်ပြပေးပါမယ်။



ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် ပံက်ဘာ တန်ဗတောန်ဘာဂဥုဲ ညးဍုၚ်ကွာန် ဍာ်ဇမၠိၚ် - လၟေၚ် (၂) အံက်တဝ်ပါ ၂၈၊ ၂၀၂၆ပ္ဍဲကဵုစၟတ်တ္ၚဲ ၂၇ ဂိ...
28/10/2026

ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် ပံက်ဘာ တန်ဗတောန်ဘာဂဥုဲ ညးဍုၚ်ကွာန် ဍာ်ဇမၠိၚ် - လၟေၚ် (၂)

အံက်တဝ်ပါ ၂၈၊ ၂၀၂၆

ပ္ဍဲကဵုစၟတ်တ္ၚဲ ၂၇ ဂိတုအံက်တဝ်ပါဂှ် နူကဵု ဌာနပရေၚ်ထတ်ယုက် ကံၚ်ဇြဳ ဖေဝ်ဒရေဝ်ဍုၚ်မန် သ္ပသကိုပ်သကတုဲ ပံက်ဘာ တန်ဗတောန်ဘာဂဥုဲ ညးဍုၚ်ကွာန် ဍာ်ဇမၠိၚ် - ပွိုၚ် (၆) ဂိတု ပ္ဍဲကဵုတိဍာ်ဗၠးၜးမွဲဒၞာဲရ။

ပ္ဍဲကဵုအသေအဟာန် ပံက်တန်ဗ္တောန် ဘာဂဥုဲဂှ်မ္ဂး ဖဍောတ်နမော တဿ ပိလတုန်တုဲ ပံက်အသေအဟာန်ရ။ ကြဴနူဂှ် ကျာ်ဇၞော်အာစာ မွဲဇကု ဟီုဂလာန် ကဵုသြဝါဒရ။

အတိုၚ်လၟေၚ်အစဳအဇန် နကဵု ဥက္ကဌ ကမ္မတဳပရေၚ်အုပ်ဓုပ် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် နာဲကသုမန် တိုန်စိုပ် ဟီုဂလာန်တုဲ ဗကန်ဖျန် ကွးဘာဂဥုဲတံ သွက်ဂွံကတ်အာပညာဂဥုဲ ၜဳယဲ ဗွဲမဇြိုဟ်နက်တုဲ တန်ဗတောန်တုဲမ္ဂး သွက်ဂွံဒတုဲဖဵု ကုညးဍုၚ်ကွာန် ဒၞာဲမဒးမံၚ်ဘဲပၞာန် ကေုာံ ဒၞာဲညးမကလိဂွံ ရံၚ်စံၚ်ပရေၚ်ထတ်ယုက်အောန်တံညိဂှ် ဆဝ်ဗ္ၚုဟ်ဏာကီုရ။

ဆက်တုဲမ္ဂး စပ်ကဵု တန်ဗတောန်ဂဥုဲ သောဲသောဲဗြောဲဗြောဲ အခန်ဗီုလဵု ပါလုပ်ဂှ် နူကဵု ညးမက္ဍိုက်ပ်တန်ဗ္တောန် ဒံက်တာ ခရစ် သောၚ်ကလးကဵုနွံကီုရ။

ပ္ဍဲကဵု တန်ဗ္တောန်ဏံမ္ဂး အာစာသဝ် နူကဵု ဌာနပရေၚ်ထတ်ယုက်ကီု အာစာသဝ် နူကဵုတၞဟ်ဟ်ကီု ကဵုဏာတန်ဗ္တောန်ကဵု ကွးဘာတံ ပွိုၚ် (၆) ဂိတု သီုလ္ၚတ်လိက် သီုဒးပါလုပ် နတဲရောၚ်။

---------------------

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သား ရက်ရှည်ဆေးသင်တန်းဖွင့်လှစ်

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၏ ကျန်းမာရေးဌာနမှ ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သား ၆ လတာ ရက်ရှည် ဆေးသင်တန်းကို အောက်တိုဘာလ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီးနောက် ဆရာတော်တစ်ပါးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းမှ သင်တန်းကျင်းပ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့ရာတွင် ယခုလို တော်လှန်ရေးနယ်မြေနှင့် တိုင်းရင်းသား ဒေသများတွင် ကျန်းမာရေးကူညီစောင့်ရှောက်သည့်ဝန်ဆောင်မှု နည်းပါးစွာရရှိနေသည့်အချိန်ကာလတွင် သင်ယူလေ့လာရရှိခဲ့သည့် ဆေးပညာရပ်များကို ပြည်သူလူထုကို အကျိုးပြုကြရန်နှင့် သင်တန်းကာလအတွင်း သင်တန်းသား/သူများ အနေဖြင့် ဇွဲလုံ့လဝီရိယထားပြီး လေ့လာသင်ကြားရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဆေးသင်တန်း အသေးအစိတ်ကို ဦးဆောင်သင်ကြားပေးမည့် ဒေါက်တာ ဝင်းဇနူအောင် သင်ကြားပေးမည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဆေးသင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် (၆) လကြာသင်ကြားပို့ ချပေးမည်ဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဆရာဝန်များအပါအဝင် ပြင်ပမှ ဆရာဝန်များကလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



#ကျန်းမာရေးဌာန
#ရပ်ရွာအခြေပြုကျန်းမာရေးလုပ်သားဆေးသင်တန်း
#ထုတ်ပြန်ချက်

တန်ဗ္တောန် ပရေၚ်ဂီုကၠီု ကေုာံ ဒတုဲဖဵု ညးဍုၚ်ကွာန် တုဲဒှ်စၟတ်တ္ၚဲ (၆)၊ ဂိတုအံက်တေမ်ဗာ ၂၀၂၆နူကဵု ဌာနအပ္ဍဲဍုၚ် ကံၚ်ဇြဳဖေဝ်ဒ...
26/10/2026

တန်ဗ္တောန် ပရေၚ်ဂီုကၠီု ကေုာံ ဒတုဲဖဵု ညးဍုၚ်ကွာန် တုဲဒှ်

စၟတ်တ္ၚဲ (၆)၊ ဂိတုအံက်တေမ်ဗာ ၂၀၂၆

နူကဵု ဌာနအပ္ဍဲဍုၚ် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC) သ္ပသ္ကိုပ်သ္ကတုဲ ကဵုတန်ဗတောန် မဆေၚ်စပ်ကဵု ပရေၚ်ဂီုကၠီု ကေုာံ ဒတုဲဖဵု ညးဍုၚ်ကွာန်ဂှ် ညးတာလျိုၚ်ဌာနပရေၚ်အုပ်ဓုပ် MSFC ကီု၊ ညးတာလျိုၚ် နူကဵု ဗျူဟာ ၃၃ ကီု ညးဍုၚ်ကွာန် နူကဵုဒေသတံကီု တိုန်စိုပ်ကီုရ။

ပ္ဍဲတန်ဗတောန်ဂှ်မ္ဂး ပ္ဍဲကဵု အခိၚ်အခါ ကာမံက်တိုန် အခိၚ်ပၞာန်ဏံ သာ်လဵု ဂွံဆက်စၠောံကီု၊ ပရေၚ်ဆက်ဆောံ အကြာပၞာန်ကဵု ညးဍုၚ်ကွာန်ကီု၊ စပ်ကဵုဗီုပြၚ် ချူလိက်ကီု၊ ဆက်မိတ်ကဵု ပရေၚ်အုပ်ဓုပ်ညးဍုၚ်ကွာန်တံကီု ပါလုပ် ဗတောန်လဝ် နွံကီုရ။

တၚ်ရန်တၟအ် တန်ဗတောန်ဝွံ ပ္ဍဲကဵုတိဍာ်ဒေသ ဒပ်သၟဝ်ကံၚ်ဇြဳ မချဳဒရာၚ်မံၚ်ဂှ် သွက်ဂွံရံၚ်စံၚ်ကဵု ပရေၚ်ဂီုကၠီု ညးဍုၚ်ကွာန်ကီု၊ ဗပေၚ်ကဵု တၚ်နွံပၟိက် ညးဍုၚ်ကွာန်ကီု၊ ဒြဟတ်မၞိဟ် သွက်ဂွံပါလုပ် ဒတုဲဖဵုညးဍုၚ်ကွာန်တအ်ကဵု ပရေၚ်အုပ်ဓုပ်ဒေသတံကီုရ။

---------------------

ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှုဆိုင်ရာသင်တန်း ပြုလုပ်

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာနမှ ကြီးမှူးပြီး ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှုဆိုင်ရာသင်တန်းတရပ်အား တော်လှန်ရေးနယ်မြေတနေရာတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ဝန်ထမ်းများ၊ နည်းဗျူဟာ (၃၃) မှ လုံခြုံရေးဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတချို့ တက်ရောက်ခဲ့ကြသည်။

အရေးပေါ်အခြေအနေအတွက် တုံ့ပြန်ခြင်း၊ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးအပါအဝင် ရုံးစာရေးသားခြင်းနှင့် ပြည်သူ့အုပ်ချုပ်ရေးမိတ်ဆက် အစရှိသော အကြောင်းအရာများကို သင်ကြားဆွေးနွေးခဲ့ကြသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီသည် မိမိတို့လှုပ်ရှားရာဒေသတဝိုက်ရှိ ပြည်သူလူထု၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်နိုင်မည့် လူသားအရင်းအမြစ်များ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး သင်တန်းများ ပြုလုပ်လျက်ရှိသည်။



#ပြည်ထဲရေးဌာန
#ပြည်သူ့လုံခြုံရေးနှင့်ဝန်ဆောင်မှုဆိုင်ရာသင်တန်း
#ထုတ်ပြန်ချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၈)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သော ဂ...
13/10/2026

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၈)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ



#လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

#သဝဏ်လွှာ

ကောံဓရီုသ္ၚဳဂၠိပ် ပၠေဝ်တ် သၞောဝ်ဥပဒေပၞာန် ကေုာံ ဒ္ဂေတ်ဝတ်ပဋိပတ်ကောန်သ္ဂံင်မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကွပ်ကဲမှုတွင်ရှိသ...
26/09/2026

ကောံဓရီုသ္ၚဳဂၠိပ် ပၠေဝ်တ် သၞောဝ်ဥပဒေပၞာန် ကေုာံ ဒ္ဂေတ်ဝတ်ပဋိပတ်ကောန်သ္ဂံင်

မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကွပ်ကဲမှုတွင်ရှိသည့် တပ်ဖွဲ့များလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဥပဒေအား ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးပြုလုပ် (ဗမာဘာသာဖြင့် အောက်တွင်ဖတ်ရှု့နိုင်သည်။)

စၟတ်တ္ၚဲ (၆)၊ ဂိတုသာပ်တေမ်ဗာ ၂၀၂၆

ပ္ဍဲကဵု စၟတ်တ္ၚဲ (၂၃) ဂိတုသာတေမ်ဗာဂှ် ရန်တၟအ်ကဵု တံဒပ် ကေုာံ သ္ဂံင် မၞုံသၟဝ်ပၠတရဴ ဌာနစဵုဒၞာကီု၊ ဒပ်ဗၠာဲသၟိင် မၞုံသၟဝ်ဌာနအပ္ဍဲဍုင်တံကီု ညံၚ်သ္ဂောံဒ္ဂေတ်ဗက်မင်မွဲအာ အတိုၚ်သၞောတ်ဝ်မာန်တုဲ နူကဵုကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် (MSFC) သ္ပသ္ကိုပ်သ္က ကၠောန်ဗဒှ်လဝ် ကောံဓရီုသ္ၚဳဂၠိပ် ပၠေဝ်တ် သၞောဝ်ဥပဒေပၞာန် ကေုာံ ဒ္ဂေတ်ဝတ်ပဋိပတ်ကောန်သ္ဂံင် ပ္ဍဲတိဍာ်ပၠန်ဂတးမွဲဒၞာဲရ။

သဘာပတိ ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် နာဲကောရတ် တိုန်စိုပ်လဝ်တုဲ ”ဒပ်ပၠန်ဂတး နွံမံင် ပ္ဍဲကဵု (တွဵုရး) ဍုၚ်မန်ဏံဂှ် တုပ်တဴညံင်ရဴ ဒပ် မၞုံပ္ဍဲတွဵုရး ကေုာံ ဖေဝ်ဒရေဝ်ယူနေတ် တၞဟ်ဟ်တံကီု မွဲတ္ၚဲမ္ဂး ဒးပါလုပ် ဒက်ပတန်အာ ဒပ်ကၟိန်ဍုင်ဖေဝ်ဒရေဝ်ရောင်တုဲ တၞဟ်နသ္ဂောံကလိဂွံ ဓရ်ပတှ်ေ နူညးဍုင်ကွာန်တံဂှ်မ္ဂး ဒးရှ်ေသှ်ေ အခေါင်အရာမၞိဟ် ကေုာံ သၞောဝ်ဥပဒေပၞာန်ရောင်။ ဒးဒ္ဂေတ်ဗက် ဝတ်ပဋိပတ် ကောန်သ္ဂံင်တံရောင်၊ သၞောဝ်ပၞာန်တံဂှ်လေဝ် ဒးဂတာပ် ဒးကိတ်ညဳကဵု သၞောတ်ဝ်ဂၠးကဝ်တံတုဲ သ္ၚဳဂၠိပ်အာလၟေင်င်ညိ” မြဴသာ်ဝွံ ဟီုမြော်ဂလာန် ဗကန်ဖျန်လဝ် ပ္ဍဲကောံဓရီုဝွံရ။

လတုဲမ္ဂး နူညးဒုင်ကာသၟိင် ဒစဵုဒစးတၠအဝဵုပၞာန် (CDM) နူကဵု သွာင်ပၞာန်ကီု၊ တၠပညာ ညးမသ္ၚဳဂၠိပ်မံင် ပရေင်ပၞာန်တံ သဳကၠဳပတိုန်ထ္ၜး ပရေင်ဆဵုဂဗ ညးတံ မဆေင်စပ်ကဵု ဒ္ဂေတ်ပဋိပတ် ကောန်ပၞာန်ကဵု သၞောဝ်ဥပဒေပၞာန်တံကီုရ။ ဆက်တုဲ ညးမတိုန်စိုပ်တံ သဳကၠဳအာ သၞောဝ်ဥပဒေပၞာန် ကေုာံ ဒ္ဂေတ်ဝတ်ပဋိပတ်ကောန်သ္ဂံၚ် နူကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် မဖျေံလဝ် ပ္ဍဲကဵုသၞာံ ၂၀၂၄ ကဵု ၂၀၂၅ တေံရ။ စပ်ကဵုတင်ဂၞၚ် မ္ဒးရနုက်ဗပေၚ် ကေုာံ မ္ဒးပၠေဝ်တ် မသ္ၚဳဂၠိပ်လဝ်အိုဿီုတံဂှ် ညးတာလျိုင် နူကဵုဌာနစဵုဒၞာတံ ဆက်တုဲ ရေၚ်တၠုၚ်ကၠောန်ၜိုတ်အာရောင်။

ပ္ဍဲကဵု ကောံဓရီုဏံဝွံ သဘာပတိ ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန် နာဲကောရတ်၊ ဥက္ကဌ ကမ္မတဳပရေၚ်အုပ်ဓုပ် နာဲကသုမန်၊ ညးတာလျိုင်ဌာနစဵုဒၞာ၊ ညးတာလျိုၚ် ဌာနအပ္ဍဲဍုၚ်တံ တိုန်စိုပ်လဝ်တုဲ သ္ကိုပ်ဒပ်နူကဵု ဒပ်ပၠန်ဂတးဍုင်မန် (MSRF) ကေုာံ သ္ကိုပ်ဒပ် နူဒပ်စဵုဒၞာညးဍုင်ကွာန်-ဍုၚ်ရေဝ် (YPDF) တံလေဝ်ကီု ညးတာလျိုင် ဒပ်ဗၠာဲသၟိင် မၞုံသၟဝ်ဌာနအပ္ဍဲဍုင်တံလေဝ် တိုန်စိုပ်လဝ်ကီုရ။

--------------------------------------------------------------------------
မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကွပ်ကဲမှုတွင်ရှိသည့် တပ်ဖွဲ့များလိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဥပဒေအား ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးပြုလုပ်

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ဦးဆောင်မှုဖြင့် ကာကွယ်ရေးဌာန(DoD) အောက်ရှိ တပ်ဖွဲ့ များနှင့် ပြည်ထဲရေးဌာန(DoHA)အောက်ရှိ ရဲတပ်ဖွဲ့ များ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဥပဒေတို့အား ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို စက်တင်ဘာလ ၂၃ ရက်နေ့၌ လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၏ သဘာပတိမှ “နောင်တစ်ချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်၏အစိတ်အပိုင်းဖြစ်လာကြမည့် အခြားပြည်နယ်/ ဖက်ဒရယ်ယူနစ်တပ်များကဲ့သို့ မွန်ပြည်နယ်အတွင်းရှိ တပ်များအားလုံး လူ့ အခွင့်ရေးနှင့် ဥပဒေလေးစားလိုက်နာသည့် တပ်များ ဖြစ်လာမှသာလျှင် ပြည်သူလူထု၏ အလေးထားယုံကြည်မှု ရရှိမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် စစ်သည်တော်ကျင့်ဝတ် Code of Conduct အထူးလေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ၏ မူ၊ စံချိန်စံညွှန်းနှင့်အညီ လုပ်ဆောင်ကြရန် လိုအပ်ပြီး၊ ခေတ်နှင့် လျော်ညီသည့် စစ်ဥပဒေဖြစ်နိုင်ရေး သုံးသပ်ဆွေးနွေးကြရန်” အစရှိသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် စစ်ဘက်ဆိုင်ရာ CDM အရာရှိများနှင့် စစ်ရေးဆိုင်ရာကျွမ်းကျင်သူများမှလည်း ၎င်းတို့တွေ့ကြုံ ဖြတ်သန်းခဲ့သည့် စစ်ဘက်ဆိုင်ရာအတွေ့အကြုံများ၊ ဥပဒေပြန်ဌာန်းချက်နှင့် ကျင့်ဝတ်များအကြောင်းအား တက်ရောက်လာကြသူများနှင့် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)မှ ချမှတ်ထားသည့် စစ်သည်တော်ကျင့်ဝတ်များနှင့် စစ်ဥပဒေများကို ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး လိုအပ်သည့် ပြင်ဆင်ချက်များနှင့် ဖြည့်စွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ သဘာပတိ၊ အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းနှင့် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနှင့် တာဝန်ရှိသူများ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တပ်များ ဖြစ်ကြသည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) မှ တပ်မှူးများ၊ ပြည်ထဲရေးဌာနအောက်ရှိ မွန်ပြည်ရဲတပ်ဖွဲ့ မှ ရဲအရာရှိအချို့ တက်ရောက်ခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သည့် သဝဏ်လွှာ     #အပြည်ပြည်ဆိုင...
15/09/2026

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သည့် သဝဏ်လွှာ



#အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့
#သဝဏ်လွှာ

သဘၚ်ပံက်ထီမာဲ သၞာံ ၂၀၂၆ မာဲမန်ပၠန်ဂတး သွက်ဂွံဗၠးၜး ကၠောန်ဗဒှ် တုဲဒှ်အာ ဗွဲမအံၚ်ဇၞး“မွန်လွတ်မြောက်ဖို့ တော်လှန်မဲထီ ရှေ့သ...
06/09/2026

သဘၚ်ပံက်ထီမာဲ သၞာံ ၂၀၂၆ မာဲမန်ပၠန်ဂတး သွက်ဂွံဗၠးၜး ကၠောန်ဗဒှ် တုဲဒှ်အာ ဗွဲမအံၚ်ဇၞး

“မွန်လွတ်မြောက်ဖို့ တော်လှန်မဲထီ ရှေ့သို့ချီ" ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကိုကျင်းပ (ဗမာဘာသာဖြင့် အောက်တွင်ဖတ်ရှု့နိုင်သည်။)

စၟတ်တ္ၚဲ ၆၊ ဂိတု သေပ်တေမ်ဗါ၊ သၞာံ ၂၀၂၆

ရန်တၟအ်ကဵု သွက်ဂွံထံက်ပၚ် ဒပ်ပၠန်ဂတးဍုၚ်မန် (MSRF) ကေုာံ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ် (YPDF) မၞုံသၟဝ်တဲ ကံၚ်ဇြဳဖေတ်ဒရေဝ်ဍုၚ်မန် (MSFC)၊ ဌာနစဵုဒၞာ MSFC (DoD) တုဲ၊ စနူ ဂိတုမေ၊ သၞာံ ၂၀၂၆ ဂှ် သွံကၠုၚ်မံၚ် ထဳမာဲမန်ပၠန်ဂတး သွက်ဗၠးၜးမန်ဂှ် တ္ၚဲဏံ ပံက်ထဳမာဲ သွက်လာပ်နာနာတံရ။

ပ္ဍဲတ္ၚဲဏအ်၊ သေတ်တေန်ဗါ ၆ ဂှ်၊ နူကဵု ညးတာလျိုၚ် နူ ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် (MSFC)၊ ညးတာလျိုၚ် နူ ဒပ်ပၞာန်ပၠန်ဂတးဍုၚ်မန် (MSRF) ကေုာံ ညးအာက္ဍိုပ်ထံက်ပၚ်တံ ပါလုပ်တုဲ ကၠောန်ဗဒှ် ပေဲါပံက်လာပ် တၞးမာဲတံကီုရ။

သြန်ဘဏ္ဍာ မကလိဂွံ နူသွံလဝ်တၞးထီမာဲတအ်ဂှ် နကဵု ဒပ်ပၠန်ဂတးတံ စကာအာ ပ္ဍဲအရာ မလုပ်ပေါဲပၠန်ဂတး ဗတိုက်သရိုဟ်ကၠေံအဝဵုပၞာန် သွက်ညးဍုၚ်ကွာန် ပ္ဍဲဍုၚ်မန် ကေုာံ အလုံမွဲဍုၚ် သ္ဂောံဂွံဗၠးၜး နူသၞောတ်တၠအဝဵုပၞာန်တံရောၚ်။

မဂၞန်မာဲ လာပ်ပထမ၊ ဒုတိယ၊ တတိယ ကေုာံ လာပ်သ္ဍိုက်စိုတ် တိတ်အာတံဂှ် ဂွံဆဵုကေတ် အတိုၚ်ဗွဲသၟဝ်ဝွံရ။

“မွန်လွတ်မြောက်ဖို့ တော်လှန်မဲထီ ရှေ့သို့ချီ" ၂၀၂၆ ဖွင့်ပွဲအခမ်းအနားကိုကျင်းပ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ရက်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ ကာကွယ်ရေးဌာန(DoD) ၏ ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF) နှင့် ရေးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အတွက် အထောက်အကူဖြစ်စေရန် ၂၀၂၆ ခုနှစ် မေလမှစ၍ “မွန်လွတ်မြောက်ဖို့ တော်လှန်မဲထီ ရှေ့သို့ချီ” ကံစမ်းမဲထီလက်မှတ်များ ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချခဲ့သော ကံစမ်းမဲထီလက်မှတ်များကို ယနေ့ စက်တင်ဘာလ ၆ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) မှ တာဝန်ရှိသူများနှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူများနှင့် ထီလက်မှတ်ရောင်းချရန်အတွက် ပါဝင်ကူညီခဲ့ကြသည့် ထောက်ပို့ပြည်သူများမှ ထီဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ထီလက်မှတ်ရောင်းချရာမှ ရရှိသည့် ဘဏ္ဍာငွေများကို မွန်ပြည်တွင်းရှိ ပြည်သူများနှင့် တနိုင်ငံလုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အကြမ်းဖက်အာဏာသိမ်းစစ်တပ်အား တော်လှန်တိုက်ခိုက်ရာတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။

ထီလက်မှတ် ပေါက်မဲနံပါတ်များကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

#မာဲမန်ပၠန်ဂတး သွက်ဂွံဗၠးၜး

ကံင်ဇြဳဖက်ဒရယ်ဍုင်မန် (MSFC) တိုန်စိုပ် သဘင်ဖျေံကမ္မဋ္ဌာန် ညးအုပ်ကာနာနာ KNPP ဥူအံင်သာန်မျေအ် ဂိတ သေပ်တေမ်ဗာ ၅၊ ၂၀၂၆မၞိဟ်...
06/09/2026

ကံင်ဇြဳဖက်ဒရယ်ဍုင်မန် (MSFC) တိုန်စိုပ် သဘင်ဖျေံကမ္မဋ္ဌာန် ညးအုပ်ကာနာနာ KNPP ဥူအံင်သာန်မျေအ်

ဂိတ သေပ်တေမ်ဗာ ၅၊ ၂၀၂၆

မၞိဟ်တာလျိုင်တအ် နူ ကံင်ဇြဳဖက်ဒရယ် ဍုင်မန် (MSFC) တိုန်စိုပ်လဝ် သဘင်ဖျေံကမ္မဌာန် ညးအုပ်ကာနာနာ KNPP ဥူအံင်သာန်မျေအ် မကၠောန်ဗဒှ်လဝ် ပ္ဍဲဒေသပယျဵု သေံ-ကရေင်ဍာဲရ။
ညးက္ဍိုပ်သ္ကိုပ် နူဂကောံပၠန်ဂတး ဗွဲမဂၠိုင် သီုကဵု SCEF၊ NUG ကေုာံ NUCC တအ် တိုန်စိုပ်လဝ် သဘင်ဖျေံကမ္မဌာန် တုဲ၊ ကံင်ဇြဳဖဒရယ် ဍုင်မန်(MSFC) ဂှ် ပလံင်ဗစိုပ်လဝ် လိက်ကၞေင်စိုတ် ကေုာံ ဝါဲပ္ကဴကမ္မဌာန် ရ။
ကံင်ဇြဳဖက်ဒရယ်ဍုင်မန် (MSFC) ပ္ဍဲ ဂိတု သေတ်တေမ်ပါ (၁) ဂှ် ပတိတ်လဝ် လိက်လလောင်တြး ဒဒှ်ရ နာဲအံင်သာန်မျေအ် ပွမစုတိကလိလောန်အာတုဲ သွက်ပရေင်ပၠန်ဂတး ဒှ်အရာမဆောံလေင် ဇၞော်ကဵုဇြဟတ်ရောင်။ ဟိုတ်နူ ညးဝွံ ဒှ်ညးမပၠတရဴ မဒတူလိုင်ဗိုန်ဗတ် သွက်ပေါဲဗတိုက် တဝ်စၞေဟ် သၞောတ်တၠအဝှဵပၞာန် ကေုာံ သွက်ဂွံဒက်ပ္တန်ကၟိန်ဍုင်ဖက်ဒရယ်ကီုရ။

-------------------

KNPP အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ဈာပနသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ တာဝန်ခံများ တက်ရောက်။

ရက်စွဲ ။ ။ ၆ စက်တင်ဘာ ၂၀၂၆

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့၌ ပြုလုပ်သော ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ ( KNPP) အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၏ ဈာပနာအခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ နိုင်ငံခြားရေးနှင့် မဟာမိတ်ဆက်ဆံရေး တာဝန်ခံများမှ တက်ရောက်ခဲ့ကြသည်။

အဆိုပါဈာပနသို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများစွာမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခြင်းနှင့် လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည်။

ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်ပြတ်သားသော ခေါင်းဆောင်တဦးဆုံးရှုံးရခြင်းဖြစ်သည့်အတွက် တော်လှန်ရေးအတွက် ကြီးမားသည့်ဆုံးရှုံးမှုတခုဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ စက်တင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဦးအောင်ဆန်းမြင့်သည် မိခင်ကရင်နီပြည် တော်လှန်ရေး အစုအဖွဲ့ များတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ၏ ဥက္ကဌ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ KNPP ၏ အထွေထွေအတွင်းရေးမှူး သာမက မဟာမိတ်တပ်ပေါင်းစုများတွင် SCEF အတွင်းရေးမှူးတဦးအနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) တွင် ဆက်သွယ်ညှိနှိုင်းရေး တာဝန်အနေဖြင့်လည်းကောင်း တာဝန်ယူခဲ့ပေသည်။





#ဦးအောင်ဆန်းမြင့်
#ဝမ်းနည်းကြောင်းသဝဏ်လွှာ
#လွမ်းသူ့ပန်းခွေ

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင...
01/09/2026

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာ





#ဦးအောင်ဆန်းမြင့်
#ဝမ်းနည်းကြောင်းသဝဏ်လွှာ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Mon State Federal Council - MSFC โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

แชร์