ကျားသစ်နက်တပ်မတော် Black Leopard Army

ကျားသစ်နက်တပ်မတော် Black Leopard Army ကျားသစ်နက်တပ်မတော်
official page ဖြစ်ပါတယ်
(1)

03/09/2026

*ဘုရားပွင့်ဖို့မလို*
တော်လှန်ရေးသမားသာပွင့်ဖို့လိုတယ်
သူရဲကောင်းတို့အရိုးပြာကို
လေးမြတ်သော ငါတို့အလံနဲ့ထုပ်
ရှင်သန်ဆဲ ငါတို့နှလုံးမှာ
မြုပ်နှံပြဌာန်းရင်း အမှန်တရားစီးခြင်းအတွက် ဒီတောအုပ်မှာ ပန်းတွေ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လျှက်.....

ဒီတိုင်းပြည်မှာ အာဏာရူးစစ်ဘီလူးတို့မြူးတူးကခုန်နေတာ စက်ဆုတ်ဖွယ်ရာအတိ လူ့အရိရွဲတို့ ထိုင်ကြည့်ကြလော့အမှန်သရဲတို့ စိတ်ရဲ့ အခက်လက်ကိုချိုင်၊ပင်စည်ကိုပိုင်း အမြစ်ကိုတူး မီးရှို့အစဖျောက်ကြလော့..

တော်လှန်ရေးဟာ စကားလုံးခြင်း လိင်ဆက်ဆံအာသာဖြေနေရမျိုးတာမဟုတ်ဖူး အသွေးအသားထဲကရုန်းထကြွကန်လာတဲ့ တောက်မြူးလက်ထ ဓါးတစ်လက်ပဲ...

အရိုးကဓါးသွား
အသားကဓါးအိမ်
သွေးကြောကဓါးရိုး
ငါတို့စိတ်နဲ့ပန်းပဲတည်
ငါတို့ခန္တာနဲ့ ဓါးထုဆစ်လိုက်ပါပီ
အရေးအကြောင်းဆို
ငါတို့ကဓါးကောင်းတစ်လက်ဖြစ်ရမယ်
ပြည်ပျက်ကြီးထဲက ထွက်ပြေးသောသူရဲဘောတို့ နားဆင်လော့..

မင်းတို့ မချစ်လို့ ပစ်ခွါပြေးတဲ့ ဌာနီချက်မြုပ်ကို သွေးကြောင်နောက်ဆုတ်ခဲ့လည်း အပစ်မပြောလို
ကျန်ရစ်သူငါတို့ဟာ အာဏာနစ်မြုပ်
ဖုံးအုပ်နေတဲ့ ငါတို့တိုင်းပြည်ကို ဆွဲထူယက်ဖေါ် ဖို့ တော်လှန်ရေးစိတ်မောက်မာခဲ့တယ် ..

ဒီတိုင်းပြည်မှာ ဘုရားပွင့်တာမလိုဘူး တော်လှန်ရေးသမားသာပွင့်ဖို့လိုတယ်
သေခြင်းမကင်းတဲ့အသက်တွေပဲ ကြောက်စိတ်ကိုသယ်နေရတာလေးတယ် ..

ဟောကြည့်
ရဲဘော်တစ်ယောက် ရဟတ်ယာဉ်ရဲ့လက်နက်ကြောင့် ကျဆုံးသွားပြီ။
ဘယ်သူတွေဘာသိလိုက်လဲ။

နောက်တစ်ယောက်
လက်လုပ်သေနတ်တွေစမ်းရင်း
ကိုယ့်အသက်ကို စတေးလိုက်ရပြန်ပီ ဘယ်သူတွေဘာမှမသိပြန်ဘူး...

‌နောက်တစ်သုတ်
စစ်ကြောင်းတားခံပစ်ရင်း..
ကျဆုံးသွားသောရဲဘော်များရယ်
အဖမ်းခံရတဲ့ရဲဘော်ကို‌ခြေလက်ဖြတ်တောက်ညှဉ်းဆဲလိင်အင်္ဂါလှီးဖြတ် နှိပ်စက်သတ်ခဲ့ ဘယ်သူတွေဘာမှ
မသိလိုက်ပြန်ဘူး..

နောက်တစ်ကျော့
ငါတို့ရဲဘော် အရှင်မိသူမိ၊ အသေရသူရချိန် ခေါင်းဟတ်တက် ရိုက်ခွဲ ခြေထောက်တွေ မွစာကြေအောင်ခြေပစ်ခဲ့ ဘယ်သူတွေဘာမှမသိဘူး
‌
ခေါက်ချိုးအားကိုး စစ်ပွဲတိုးခဲ့တဲ့
မပေါ်လွင်မထင်ရှား #ကျားသစ်နက် သူရဲကောင်းများဟာ ဆီဦးထောပတ်စား လိုင်းပေါ်လေတိုက် အလကားအမှိုက်တွေ မဟုတ်ဖူး..

သူတို့ဟာ
ဓါးကောင်းတစ်လက်အနေနဲ့
မြင့်မြတ်စွာလဲကျသွားသူတွေပဲ
ကားဘီးတာယာ ဆိုင်ကဘီးတာယာ ခင်းပြီး ထင်းအုံဒီဇယ် လောင်းထားတဲ့အပေါ် သူရဲကောင်းရုပ်ကလပ်တွေကို ‌တင်လိုက်ပါပီ

ဒီစစ်ကြောင်းထဲ
ကိုယ့်သား အလောင်းကို ဖက်ငိုခွင့်မရလိုက်တဲ့မိဘများ၊ နီးရာဘုရားမှာသာ ဆွမ်းကပ်အမျှဝေလိုက်ပါတော့

အမိန့်ပြန်တမ်းစပြီ
သေနတ်ဖေါက်သံဟိန်းထလာပြီ
အလေးပြုသံကြားမှာ အံကြိတ်မျက်ရည်များ တသွင်သွင်

ရဲဘော်တို့
ရှင်နေတုန်းက ကောင်းကောင်းမနေခဲ့ရ ၊ကောင်းကောင်းမစားခဲ့ရ၊ ကောင်းကောင်းမနားခဲ့ရ ။
ငါမြင်၊ငါသိ၊ငါကြားခဲ့ရလို့ ငါကိုယ်တိုင်ရင်နာ၊ ငါကိုယ်တိုင်ငိုကြွေး
အမျှပေးဝေလိုက်ပါတယ်
ငါပြုသမျှကုသိုလ်မျှယူပါ ...

နောက်ဘဝသင့်မှာ
စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲ
အနေဆင်းရဲ
အစားဆင်းရဲရတဲ့ ဘဝခန္တာကိုယ်ကို
မပိုင်ရပါစေနဲ့

စိတ်ချ
မင်းတို့ #ကျားသစ်နက်က
တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
တစ်ပွင့်ကြွေ တစ်ခိုင်လုံးဝေ ဆိုတဲ့
စကားအတိုင်း တော်လှန်ရေးမို့ ရဲရဲစွေနေအုံးမယ်ဆိုတာ ငါယုံကြည်လျှက်ပါ ရဲဘော်တို့

နိုင်ငံတော်ကြီး
ကောင်းရာသုဂတိလားပါစေ...

#ဆရာသရက်သီးရေနံချောင်း
ဂုဏ်ပြုရေးသားသည်

02/09/2026

ရဲဘော်တို့...
တော်လှန်ရေးကာလ (၆) နှစ်ထဲကို ရောက်လာတဲ့အခါ..
“နောက်မဆုတ်ဖူး” ဆိုတဲ့ ဇွဲနဲ့
အချင်းချင်း ချိတ်ဆက်ထားကြတဲ့
တော်လှန်ရေးစိတ်ဓာတ်ဟာ
လွယ်လွယ်နဲ့တော့ ပြိုပျက်သွားမှာ မဟုတ်ဖူး ။
ဘာကြောင့်လဲဆိုတော့...
တော်လှန်ရေးအစုအဖွဲ့တွေ၊
ဒါမှမဟုတ် #တော်လှန်ရေး ဆိုတဲ့ စကားလုံးကိုတဖြည်းဖြည်း သံယောဇဉ်ဖြစ်လာပြီး
ချစ်သွားကြလို့ပါ။

ဒီနေ့အထိ ရပ်တည်နေကြတဲ့
တော်လှန်ရေးအဖွဲ့အသီးသီးက ရဲဘော်တွေဟာ
ကိုယ်ချစ်တဲ့ အစုအဖွဲ့၊
ကိုယ်ယုံကြည်တဲ့ တော်လှန်ရေးကို
လွယ်လွယ်နဲ့ စွန့်ခွာထွက်ပြေးဖို့ဆိုတာ
တော်ရုံအသဲမာရုံနဲ့ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်ပဲ...
ကိုယ်ချစ်တဲ့ အစုအဖွဲ့ထဲမှာ၊
ကိုယ်ယုံကြည်တဲ့ တော်လှန်ရေးထဲမှာ
ဒုက္ခအမျိုးမျိုးကို ခံကြရင်း၊
ဆင်းရဲပင်ပန်းမှုတွေကို ကျော်ဖြတ်ရင်းဆက်လက်နေရပ်တည်‌နေကြတာပါ။
အခက်အခဲတွေဆိုတာလည်း
အခုတော့ ကိုယ်တွေနဲ့ တစ်သားတည်းဖြစ်နေတဲ့
မွေးရာပါအဖော်တွေလိုတောင် ဖြစ်နေပါပြီ။ကိုယ်ချစ်တဲ့ အစုအဖွဲ့ကနေ
စွန့်ခွာဖို့ စဉ်းစားမိတိုင်း...
“ငါမရှိရင်
ဒီဒုက္ခတွေ၊ ဒီဝန်တွေကို
သူတို့ပဲ ထမ်းကြရလိမ့်မယ်”
ဆိုတဲ့ စာနာစိတ်တွေက
အချင်းချင်းကို ပြန်လည်ချည်နှောင်ထားကြပြန်ပါတယ်။
အဲဒီသံယောဇဉ်တွေကိုလည်း
လွယ်လွယ်နဲ့ ဖြတ်တောက်ပစ်ဖို့
မဖြစ်နိုင်ကြပါဘူး။
ဒါဟာ တော်လှန်ရေးရဲ့
မမြင်နိုင်တဲ့ အင်အားတစ်ခုပါပဲ💪
ရဲဘော်တို့...
ဘယ်လောက်ပဲ ခက်ခဲပါစေ၊
တော်လှန်ရေးစိတ်ကို ခိုင်မာစွာရပ်တည်ရင်းတစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကြပါ🙏
အချင်းချင်း ဖေးမပေးကြပါ🙏
တော်လှန်ရေးရဲဘော်အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။🙏🙏🙏

ကျားသစ်နက်တပ်မတော်Black Leopard Army

အမှန်တရားရဲ့အရိုးတွန်သံဟာပိုမိုကျယ်လောင်လာလိမ့်မယ်:::::::::::::::::::::::::::::::::::::::::::::::::::::::::::::အမှန်တရား...
26/08/2026

အမှန်တရားရဲ့အရိုးတွန်သံဟာပိုမိုကျယ်လောင်လာလိမ့်မယ်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::
အမှန်တရားကို
အမုန်းတရားတွေက
အုပ်စုဖွဲ့ပြီး
စီးနင်းတိုက်ခိုက်ကြတဲ့အခါ......
အမှန်တရားတွေက ခေတ္တ
ငြိမ်သက်သွားတတ်ကြပေမယ့်
ပျောက်ကွယ်မသွားတတ်ကြပါဘူး။

တစ်နေ့နေ့မှာတော့
အချိန်က သက်သေခံပြီး
အမှန်တရားက
အမုန်းတရားတွေထက်
ပိုမိုကျယ်လောင်စွာ
ပြန်လည်ထွက်ပေါ်လာလိမ့်မယ်။

#အမှန်တရားရဲ့အရိုးတွန်သံဟာပိုမိုကျယ်လောင်လာလိမ့်မယ်...........
ကျားသစ်နက်တပ်မတော်Black Leopard Army
ကျားသစ်နက်တပ်မတော် Black Leopard Army

အခက်အခဲတွေကို အုတ်မြစ်လုပ်၊မျှော်လင့်ချက်တွေကို အမိုး မိုးမေတ္တာတွေကို နံရံလုပ်ပြီး…တစ်နေ့နေ့မှာငါတို့အားလုံး နွေးနွေးထွ...
25/08/2026

အခက်အခဲတွေကို အုတ်မြစ်လုပ်၊
မျှော်လင့်ချက်တွေကို အမိုး မိုး
မေတ္တာတွေကို နံရံလုပ်ပြီး…
တစ်နေ့နေ့မှာ
ငါတို့အားလုံး နွေးနွေးထွေးထွေး
နေထိုင်နိုင်မယ့် အနာဂတ်အိမ်လေး
တစ်လုံးအတူတူ ဆောက်ကြမယ်။ 🏠

ငါတို့ကြမ္မာ ငါတို့ဖန်တီးပိုင်ခွင့်တွေရဖို့

ငါတို့အတူတို၊က်ယူကြမယ်

#အနာဂတ်အိမ်အေးဆောက်ကြမယ်
ကျားသစ်နက်တပ်မတော်Black Leopard Army
#ယင်းမာပင်ခရိုင်အမှတ်-၁၁-တပ်ရင်း

" WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခြင်း အား အသေးစိတ်သတင်းထုတ်ပြန်ခြင်း " ၁.၈.၂၀၂၆ ရက်နေ့တွင် ဖားကန့်မြို့မှစစ်ကိုင်းတိုင...
19/08/2026

" WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခြင်း အား အသေးစိတ်သတင်းထုတ်ပြန်ခြင်း "

၁.၈.၂၀၂၆ ရက်နေ့တွင် ဖားကန့်မြို့မှစစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သို့ ထွက်ခွာလာသော အန်ဆာတုန်း ကားပေါ်တွင် ခရီးသည် (၆) ဦီးနှင့်အတူ မူးယစ်ဆေးဝါး (WY) စိတ်ကြွဆေးပြားများသယ်ဆောင်လာကြောင်း တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ သိရှိရပါသည်။
၎င်းခရီးသည်တင်ယာဉ်သည် ဖားကန့်မှ ပုလဲသို့ ထွက်ခွာလာရာလမ်းခုလတ် ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေကြီးရေလျှံမှုနှင့်ကြုံကာ ၄/၅ ရက်ခန့်ပိတ်မိနေခဲ့ပါသည်။ မိမိတို့အနေဖြင့် နယ်မြေထဲသို့အဝင်ကိုဖမ်းဆီးရန် စနစ်တကျ ကင်း/သတင်း ရယူကာစောင့်ဆိုင်းခဲ့ပါသည်။ ၁၅.၈.၂၀၂၆ ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် မိမိတို့စောင့်ဆိုင်းကင်းယူထားသော ပုလဲမြို့နယ် တစ်နေရာ ၌ အထက်ပါကားဝင်လာစဉ် အရပ်သားသက်သေများနဲ့အတူ တားဆီးရှာဖွေခဲ့ပါသည်။
စနစ်တကျရှာဖွေခဲ့ကြသော်လည်း မူးယစ်ဆေးဝါးများ မတွေ့ရှိခဲ့ပေ။ သို့သော် ခရီးသွား(၆)ယောက်အနက် (၂) ယောက်ပျောက်ဆုံးနေသည်ကို စိစစ်တွေ့ရှိရ၍ ကားပိုင်( ကားမောင်းသူ) အားမေးမြန်းရာတွင် ဖားကန့်အထွက်ကတည်းက မပါလာကြောင်း လိမ်ညာပြောဆိုခဲ့ပါသည်။
မိမိတို့အနေဖြင့် သတင်းအတိအကျ ရပြီးဖြစ်ကြောင်း ဖြစ်လို့ အမှန်တိုင်းဖြေဆိုရန်ပြောသည့်အခါမှ ပျောက်ဆုံးနေသောခရီး(၂) ယောက်မှာ ရွှေဘိုနယ်တစ်နေရာ မှ မုံရွာသို့ ကယ်ရီငှားပြီး ကူးသွားကြောင်း၊ အထုပ်တစ်ထုပ်ပါ ပါသွားကြောင်း ၊ မုံရွာမှတဆင့် နယ်‌မြေအတွင်းသို ၁၄.၈.၂၀၂၆ရက်နေ့က ရောက်ရှိသွားကြောင်းထွက်ဆိုခဲ့ပါသည်။ မိမိတို့အနေဖြင့် ၎င်း ခရီးသည်နှစ်ဦးမှာ ---------------ရွာမှ ဖြစ်ပြီး ၊ မ ---------------- ဖြစ်ကြောင်း သိရှိရ၍ သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ ပြည်သူ့အုပ်ချုပ်ရေး၊ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ အစွမ်းကုန် ဆောင်ရွက်ခဲ့ကြပါသည်။
၁၇.၈ .၂၀၂၆ ရက်နေ့ ညနေ (၆:၃၀ ) အချိန် ခန့်တွင် WY စိတ်ကြွဆေး ဝယ်ယူသုံးစွဲသူ အသွင်ယူကာ ဝယ်ယူ ရရှိခဲ့၍ မူးယစ်ဆေးဝါး ရောင်းချသူ နေအိမ်အား သက်ဆိုင်ရာ အဖွဲ့များနှင့် ဝင်ရောက်စီးနင်းရာဖွေခဲ့ရာ WY ဆေးပြား (၄၅၀) ပြားခန့်ကို သိမ်းဆည်းရမိခဲ့ပါသည်။
စုံစမ်းစစ်ဆေးမှူများ ပြုလုပ်ပြီးကွင်းဆက်များ ထပ်မံရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုဖမ်းဆီးရမိသော တရားခံသည် အထက်ပါ ကားပေါ်တွင် ပါလာသော ပျောက်ဆုံးနေသော ခရီးသည်(၂) ဦးအနက်မှ (၁) ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
မိမိတို့ ပူးပေါင်းအဖွဲ့မှ ဖမ်းမိ တရားခံအား ဆက်လက် စစ်ဆေးခဲ့ရာ ၎င်းတို့ လိုက်ပါလာခဲ့သော ဖားကန့်-ပုလဲ ခရီးသွားကား ပိုင်ရှင်(ဒရိုင်ဘာ) နဲ့အတူ ရှယ်ယာ ဝယ်ယူခဲ့ကြောင်းထွက်ဆိုခဲ့ပါသည်။
မူးယစ်ဆေးဝါးတရားခံဖြစ်သူ မ-------------- ၏ ထွက်ဆိုချက်အရ ကွင်းဆက်များ ဆက်လက် ဖော်ထုတ် ဖမ်းဆီးနိုင်ရန် ပုလဲမြို့နယ် တိုက်နယ်(၇) ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံ ဆက်သွယ်ကာ ကွင်းဆက် တရားခံ (ကားပိုင်) အားစိစစ်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တိုက်နယ်-၇ (ပုလဲမြို့နယ်) သည် ၎င်းတို့ ကျေးရွာသား‌ ဆွေမျိုးတော်စပ်သူ( ကားပိုင်) အား ယခုအချိန်အထိ ထိန်းသိမ်းစစ်ဆေးခွင့်မပြုပဲ ၎င်းတို့မှ အကာကွယ်ပေးထားပါသည်။
မိမိတို့အနေဖြင့် တိုက်ခိုက်ရေးအပြင် ဒေသတွင်းဥပဒေစိုးမိုးရေး အတွက်ပါ အစဉ်တစိုက် ပူးပေါင်းပါဝင်လာခဲ့သည်မှာ ဒေသခံ ပြည်သူများအသိပင်ဖြစ်ပါသည်။
ယခုဖြစ်စဉ်တွင်လည်း လူညွန့်တုန်းစေမည့် မူးယစ်ဆေးဝါဖြန့်ဖြူးရောင်းချခြင်းအား နှိမ်နင်းနိုင်ရေး နှင့် လူငယ် မျိုးဆက်သစ်များ မူးယစ်ဆေးဝါး၏ သားကောင်အဖြစ် မရောက်ရှိစေရေးအတွက် ဆောင်ရွက်ခြင်းသာဖြစ်ပါသည်။ မိမိတို့အနေဖြင့် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်နယ်(၇) ထံ အကြိမ်ကြိမ် ဆက်သွယ်ကာ အမှူမှန်ပေါ်ပေါက်နိုင်းရေး ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် အကြိမ်ကြိမ်ငြင်းဆိုခြင်းကိုခံခဲ့ရပါသည်။

သို့ပါသောကြောင့် ပြည်သူ့ထံတိုင်တည်ပါသည်

ယခုဖြစ်စဉ်အား မိမိတို့အနေဖြင့် ဆောင်ရွက်ခြင်းသည် ပြည်သူအတွက်မှ တပါး အခြားရည်ရွယ်ချက် စိုးစဉ်းမျှ မရှိပါ။ ပြည်သူက အပ်နှင်း လာသော အုပ်ချုပ်ရေး ယန္တရား အုပ်ချုပ်ရေးအာဏာ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်သူ၏ စိတ်ကြိုက် ပြည်သူ၏ သဘောထားအတိုင်းဖြစ်စေရပါမည်။
မူးယစ်ဆေးဝါးကိစ္စသည် မိမိတို့ လက်နက်ကိုင်အစုအဖွဲ့ သည်ပင်လျှင် မကိုင်တွယ်နိုင်၊မကိုင်တွယ်ရဲလျှင် မည်သူ တားဆီးနိုင်ပါမည်နည်း။
ယခုကိစ္စအား ဆက်လက် ဖော်ထုတ်ရန် အဆုံးထိသွားရန် အန္တရာယ်ကြားက ပြည်သူ့အတွက် ကြိုးစားဖော်ထုတ်သွားပါမည်။

ကျားသစ်နက်တပ်မတော်Black Leopard Army
ကျားသစ်နက်တပ်မတော် Black Leopard Army

အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့သောယခင်အပတ်မှ အဆက်**********************ရဲဘော်တို့ရဲဘော်တို့ အခုရောက်ရှိနေတဲ့ ကျား...
16/08/2026

အကြောင်းအမျိုးမျိုးကြောင့်
မရေးဖြစ်ခဲ့သောယခင်အပတ်မှ အဆက်
**********************
ရဲဘော်တို့
ရဲဘော်တို့ အခုရောက်ရှိနေတဲ့ ကျားသစ်နက်ဆိုတာ....

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့မှာတော့
ဆရာနိုင်‌(ခ) ကိုကိုနိုင် ၊ ဆရာမိုက်တီး၊ ကိုဉက္ကာ ၊ ကိုပေ(ပေတလူ) စသည့်ခေါင်းဆောင်များနှင့် အင်အား (၇၀) ဖြင့် #ကျားသစ်နက်ပျောက်ကျား တပ်ဖွဲ့ဆိုပြီး စတင်ဖွဲ့စည်းကာ ပုလဲ၊မြိုင်၊ဆားလင်းကြီး တကြောမှာ စစ်ရေးလှုပ်ရှားမှုများကို နေ့ည မနားတမ်း ဆောင်ရွက်ခဲ့ကြပါတယ်။

ရဲဘော်တို့ရေ

ကျားသစ်နက် ဆိုတာ အဲဒီကစခဲ့တာပါ...

✍️၂၃.၁၀.၂၀၂၁ ရက်နေ့ ပထမဆုံး အင်အား(၇၀) နဲ့ သင်တန်းဆင်းတဲ့အချိန်မှာတော့ ကိုဖိုးသား (ယခုပုလဲမြို့နယ်လျှပ်စစ်တာဝန်ခံအဖြစ်ထမ်းဆောင်နေသူ) မှ တပ်ဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ပြီး သတင်းနှင့်ပြန်ကြားရေးအပိုင်းကိုတာဝန်ယူခဲ့ပါတယ်။
✍️အဲဒီနောက်မှာတော့ သင်တန်း (၅)ကြိမ် ဆက်တိုက်ဖွင့်လှစ်နိုင်ခဲ့ပြီး အင်အား (၇၀၀) ခန့် စုဆောင်းနိုင်ခဲ့ပါတယ်။ အင်အားများလာတာနဲ့အမျှ စိန်ခေါ်မှူတွေနဲ့ စတင်ရင်ဆိုင်ကြရပါတော့တယ်။ အရေးကြီးဆုံးစိန်ခေါ်မှူနဲ့ အကြီးမားဆုံး စိန်ခေါ်မှူကတော့ *လက်နက်* တပ်ဆင်ရေးပါပဲ။
လက်လုပ် လက်နက်တွေနဲ့ စတင်ခဲ့ကြတယ်ဆိုပေမယ့် ကျနော်တို့မှာတော့ လက်လုပ် လက်နက်ကို လောက်ငှအောင် ထုတ်မပေးနိုင်ခဲ့ပါဘူး။ မိမိတို့ဌာနတွင် ထုတ်လုပ်ရေး စခန်း(၄) ခုလောက် ထားပြီး ထုတ်လုပ်ခဲ့ပေမယ့် အဲဒီအချိန်မှ တူမီးထုတ်လုပ်နိုင်ရန် သံပိုက် အထူ ကုန်ကြမ်းရှားပါးမှူကြောင့် ရှေ့ကို ရောက်သင့်သလောက်မရောက်ဖြစ်ခဲ့ရပါတယ် ။
✍️ ယမ်းစိမ်းရှားပါးမှူ၊ လက်နက်ထုတ်လုပ်ရန် ပြောင်းရှားပါးမှူဆိုတဲ့ စိန်ခေါ်မှူကို ရင်ဆိုင်နေရချိန်မှာ တစ်ဖက်မှာလည်း ငွေကြေးစိန်ခေါ်မှူတွေ ရှိခဲ့ပါတယ်။ နယ်မြေအတွင်းမှာ တချို့ အခွန်အခတွေ ကောက်လို့ရပါလျှက် ကျနော်တို့ဟာ ပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ ကောက်ခံခဲ့ခြင်းမရှိပဲ အခုချိန်အထိ ပြည်သူ့အလှူငွေများနဲ့သာ ရပ်တည်လာခဲ့တာဖြစ်ပါတယ်။
✍️ ဘယ်လိုစိန်ခေါ်မှူမျိုးပဲရှိနေပါစေ တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့်ရဲဘော်များဟာ စိတ်ဓါတ် တက်ကြွစွာနဲ့
တစ်ဖက်မှာ လေ့ကျင့်ရေးသင်တန်းတွေ ပေးနေ‌ ပေးနေ သလို တစ်ဖက်မှာလည်း စစ်ဆင်ရေးတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါသေးတယ်။

၂၀၂၁ တစ်နှစ်တည်းမှာပဲ
၁။ ၆ .၁၁.၂၀၂၁ ရက်နေ့မှာ ပုလဲမြို့နယ် ဦးနှောက်ကျေးရွာအနီး စခ စစ်ကြောင်းအား မိုင်းဆွဲ တို၊က်ခိုက်(စစ်ကြောင်းပျက်နောက်ပြန်ဆုတ်)

၂။ ၁၇.၁၂.၂၀၂၁ ရက်နေ့တွင် ပုလဲမြို့မှ အနောက်အရပ်သို့ ထွက်ခွာ လာခဲ့သော စကစ ကားတန်းကို ပုလဲမြို့အနောက်ဖက် (၅) မိုင်အရောက်မှာ မိုင်းဆွဲတို၊က်ခ၊ိုက်ခဲ့ (ကားတစ်စင်းမီးလောင်ပျက်စီး)

၃။ ၁၈.၁၂.၂၀၂၁ ရက် ပုလဲမြို့ အနောက်ဖက် မြကုန်းကျေးရွာအနီး တွင် ဆိုင်ကယ်၊ကားတန်းနှင့် ထွက်လာသော စစ်ကြောင်း မို၊င်းဆွဲ

စသည် စသည် ဖြင့် စဖွဲ့စ မွေးကင်းစ ကျားသစ်နက်တို့ဟာ ၂၀၂၁ တစ်နှစ်တည်းမှာ တင် (၉) ပွဲတိတိ ကခဲ့ကြပါတယ်။

၂၃.၁၂ ၂၀၂၁ ရက်‌နေ့မှာတော့
- မြေပြင်တိုက်ပွဲ အဖြစ်ပထမဆုံး စတင်ရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲ၊
- ပထမဆုံး လေယာဉ်သုံးခဲ့တဲ့တိုက်ပွဲ၊
- ရန်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့တိုက်ပွဲ၊
- အညာရဲ့"ဇ" ကိုပထမဆုံးပြသခွင့်ရခဲ့တဲ့တိုက်ပွဲ။
- ကျားသစ်နက်တို့ရဲ့သွေး ပထမဆုံး မြေခခဲ့ရတဲ့တိုက်ပွဲ။
- နာရီပေါင်းများစွာ တူမီးနဲ့ ခံတိုက်ခဲ့တဲ့ တိုက်ပွဲ

ရဲဘော်နေဇင် ကျဆုံးခဲ့ရတဲ့ ပုလဲမြေရဲ့တိုက်ပွဲ

အဲဒါ ကျားသစ်နက်ပဲ
အဲဒီလိုစခဲ့ရတဲ့ ကျားသစ်နက် ပဲ

ကျားသစ်နက်တပ်မတော်Black Leopard Army
#အပိုင်းဆက်ကိုမျှော်..........

တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၊  ၁၅ ရက် ။      အကြမ်းဖက်စစ်ကောင်စီသည် မကွေးဒေသ/ယူနစ်တွင်းတို့ အင်အား(၅၀၀...
15/08/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၆ခုနှစ် ၊ ဩဂုတ်လ ၊ ၁၅ ရက် ။

အကြမ်းဖက်စစ်ကောင်စီသည် မကွေးဒေသ/ယူနစ်တွင်းတို့ အင်အား(၅၀၀ခန့်) အလုံးအရင်းဖြင့် လူသတ်မီးရှို့အကြမ်းဖက်ရန် ဝင်ရောက်လျှက်ရှိရာ ပခုက္ကူခရိုင်တွင်းသို့ မေလမှစတင်ပြီး ယခုချိန်ထိ အကြမ်းဖက်လုပ်ငန်းများကို စဉ်ဆက်မပျက် ကျူးလွန်လျှက်ရှိပါသည် ။ မိမိတို့ ပခုက္ကူခရိုင်တွင်းရှိ ဒေသတွင်းတော်လှန်ရေးညီအစ်ကို အင်အားစုများက မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး ၊ မိမိတို့တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်ရေး၊ မိမိတို့ စိုးမိုးဒေသများ ချဲ့ထွင်ရေးအတွက် " အညာတမာ" စစ်ဆင်ရေးစုဖွဲ့မှုဖြင့် စနစ်တကျစုဖွဲ့ကာ ရန်သူအကြမ်းဖက်စကစများကို ရဲဝင့်စွန့်စားစွာဖြင့်ခုခံတိုက်ခိုက်လျှက်ရှိပါသည် ။

အကြမ်းဖက်စကစများသည် ဇွန်လဆန်းပိုင်းတွင် မြိုမြို့နယ် တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှင်ပင်ကျေးရွာ ၊ ထို့နောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ရောက်ရှိလာပြီး ကိုင်းတောမ - ဝက်ပုတ် - ဗောဓုံ- ဘောင်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း အစရှိသည့် ကျေးရွာလမ်းပိုင်းများကို အသုံးပြုပြီး စစ်ကြောင်းထိုးလူသတ်အကြမ်းဖက်လျှက်ရှိရာ မိမိတို့ " အညာတမာ" အင်အားစုများနှင့် ထိတွေ့မှု ကြီး/ငယ် အကြိမ်ပေါင်း ( ၃၀)ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါသည် ။ ၎င်းထိတွေ့မှုဖြစ်စဉ်များအတွင်း ရန်သူအကြမ်းဖက်လူသတ်ကောင် အနည်းဆုံး( ၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ကာ ရန်သူ့လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည် ။ ထို့ပြင် နက်လက်(မဲ့) အလင်းဝင်ရောက်လာသူ ပစ (၄)ဦးလည်း ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာ မိဘများနှင့်ချိတ်ဆက်ကာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ပါသည် ။
အဆိုပါ တိုက်ခိုက်မှုများကို 'အညာတမာ"စစ်ဆင်ရေးအင်အားစုများဖြစ်သည့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစုတို့ နှင့်အတူ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နှင့် ဒေသတွင်းညီအစ်ကိုများက စနစ်တကျစုဖွဲ့ကာ ညီညီညွတ်ညွတ် ပူးပေါင်းကာကွယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ရန်သူအကြမ်းဖက်စကစများသည် ပေါက်၊မြိုင်အတွင်းရှိ ကျေးရွာပေါင်း ( ၁၁)ရွာရှိ ပြည်သူ့နေအိမ်ပေါင်း ( ၃၀၀) ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ အပစ်မဲ့ပြည်သူ (၂၄)ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါသည် ။ အကြမ်းဖက်များသွားရာလမ်းကြောင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့်နေထိုင်ကြပါရန် ၊ "တို့တော့ မလုပ်လောက်ပါဘူး"ကွာဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည် ။
ထို့ပြင် ရန်သူ့စစ်ကြောင်းများတွင် မင်းအောင်လှိုင်၏စစ်မှုထမ်းဉပဒေကြောင့် အတင်းအဓမ္မအကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေရ သော ပစ (ခေါ်) လူငယ်လူရွယ်များနှင့် ၎င်းတို့၏တို့မိဘများအနေဖြင့် မိမိတို့ "အညာတမာ" အင်အားစုများနှင့်သော်လည်းကောင်း ၊ နီးစပ်ရာ တော်လှန်ရေးအင်အားစုများနှင့်သော်လည်း‌ကောင်း
ချိတ်ဆက်ကာ အကြမ်းဖက်စကစများ၏ အတင်းအဓမ္မကျွန်ပြုခြင်းမှရုန်းထွက်ရန် တိုက်တွန်းအပ်ပါသည် ။

မိမိတို့အနေဖြင့် ရန်သူအကြမ်းဖက်များအား တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ကာ ပြည်သူလူထုအားကာကွယ်လျှက်ရှိပြီး ယခုထက်ပိုသော စည်းလုံးညီညွှတ်စုဖွဲ့မှုမျိုးဖြင့် တော်လှန်ရေးတာဝန်များထမ်းဆောင်ရန်ကြိုးပမ်းလျှက်ကြောင်း မိဘပြည်သူများကို လေးစားစွာတင်ပြအပ်ပါသည် ။

ကျားသစ်နက်တပ်မတော် Black Leopard Army
ကျားသစ်နက်တပ်မတော်Black Leopard Army
ပြည်သူ့ကာကွယ်ရေးတပ်မတော်
"အညာတမာ" စစ်ဆင်ရေး

" ဝှီးတော့ဖြစ်စေချင် "ဟိုတုန်းက ရွာတစ်ရွာမှာ လက်သမားဆရာတစ်ယောက် ရှိခဲ့ဘူးတယ်။  လက်သမားဆရာက အသားတစ်ချောင်းကိုယူကာ လှေလှော...
13/08/2026

" ဝှီးတော့ဖြစ်စေချင် "

ဟိုတုန်းက ရွာတစ်ရွာမှာ လက်သမားဆရာတစ်ယောက် ရှိခဲ့ဘူးတယ်။
လက်သမားဆရာက အသားတစ်ချောင်းကိုယူကာ လှေလှော်တဲ့ လှော်တက် လုပ်ဖို့ရည်ရွယ်ပြီး ထုထည်ထူသော သစ်သားကို ရဲဒင်းနဲ့စပြီး ခုတ်ထစ်တာ ပုံဖော်တာတွေ လုပ်ခဲ့တယ်။ ခုတ်ရင်း ခုတ်ရင်းနဲ့ပဲ လှော်တက်က ငယ်သွားတယ်..တဲ့
ကဲ မထူးတော့ပါဘူး လှော်တက်မဖြစ်လဲ ထမင်းအိုးမွှေတဲ့ ယောက်မတော့ ဖြစ်သေးတယ်ဟ လို့ စိတ်ကူးပြီး အချောကိုင်တာတွေ ထပ်လုပ်ခဲ့ပြန်တယ်..တဲ့
အဲဒီမှာ လည်း စိတ်ကူးယဉ်တာတွေများပြီးတော့ ယောက်မလုပ်မရပဲ ငယ်သွားပြန်တယ်.. ဒီလိုနဲ့ လှော်တက်လုပ်တယ် လှော်တက်မဖြစ်ဖူး.... ယောက်မ လုပ်တယ် ယောက်မ မဖြစ်ဖူး..ဆိုတော့ လက်သမားဆရာက စိတ်တိုလာတယ် ။ စိတ်တိုတိုနဲ့ လက်ထဲက ချောလက်စ အသားကို လွှင့်ပစ်လိုက်တယ်.. လွှင့်ပစ်တဲ့ အရှိကလည်းပြင်း လေနဲ့တိုးဝှေ့တဲ့ အသံက " ဝှီး " ဆိုမြည်တာပေါ့ဗျာ...

အဲတော့ လက်သမားဆရာက လက်မထောင်ပြီး သူ့ကိုယ်သူ ဂုဏ်ယူတဲ့ လေသံနဲ့ ပြောလိုက်သတဲ့ ...

လှော်တက်လည်းမဖြစ်..ယောက်မလည်း မဖြစ်ပေမယ့် " ဝှီး‌ " တော့ ဖြစ်သေးတယ် ဟ ဆိုပြီးကြွေးကြော်လိုက်သတဲ့...

ဒီကနေ့ ခေတ်အခြေနေမှာ အစကတော့ " ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် " လို့ ကြွေးကြော်ခဲ့ကြပေမယ့် ယုန်လိုက် ခိုင်းတာတောင် ဆူးစူးပြနေကြတဲ့ ဆရာကြီးများ
" လှော်တက်မဖြစ်ပေမယ့် " ဝှီး " လောက်တော့ ဖြစ်အောင်လုပ်ပေးကြပါ။

#တချို့ကပြန်စရာအိမ်မရှိတော့ဘူး
#တချို့ကမိသားစုထမင်းဝိုင်းဆိုတာမရှိတော့ဘူး

ကမ္ဘာထဲမှာ ကြည့်လိုက်ယုံကြည်ချက်ကို သတ်လို့ရတဲ့ အာဏာရှင်မရှိသေးဘူး.. #အရှုံးမပေးမချင်းငါတို့နိုင်တယ်ကျားသစ်နက်တပ်မတော်Bl...
10/08/2026

ကမ္ဘာထဲမှာ ကြည့်လိုက်
ယုံကြည်ချက်ကို
သတ်လို့ရတဲ့ အာဏာရှင်
မရှိသေးဘူး..
#အရှုံးမပေးမချင်းငါတို့နိုင်တယ်
ကျားသစ်နက်တပ်မတော်Black Leopard Army

ရဲဘော်တို့.....လောကမှာ ကြောက်စရာအကောင်းဆုံး “ဝါဒ” ဟာကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းဝါဒပဲ…ကိုယ့်အမှားကို ကိုယ်မမြင်တော့ဘူး...
09/08/2026

ရဲဘော်တို့.....
လောကမှာ ကြောက်စရာအကောင်းဆုံး “ဝါဒ” ဟာ
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းဝါဒပဲ…
ကိုယ့်အမှားကို ကိုယ်မမြင်တော့ဘူး၊
ကိုယ့်စကားကိုပဲ အမှန်လို့ထင်လာတယ်၊
ကိုယ်လုပ်တာမှ အမှန်လို့ထင်လာတတ်တယ်
အဲဒီတော့...
ဝေဖန်မှုကို ရန်သူလို့မြင်လာတယ်၊
အကြံပေးသူကို မုန်းလာတယ်။
နောက်ဆုံးမှာတော့
“ငါမှန်တယ်” ဆိုတဲ့ အတ္တက
“ငါမှားနိုင်တယ်” ဆိုတဲ့ အသိဉာဏ်ကို
တဖြည်းဖြည်း ဖုံးကွယ်ပစ်လိုက်ကြတယ်။
တကယ်တော့..
လူတစ်ယောက်ရဲ့ အကြီးမားဆုံးရန်သူဟာ
အပြင်က ရန်သူမဟုတ်ဘူး…
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး
ကိုယ့်အမှားကို မမြင်နိုင်တော့တဲ့
ကိုယ့်အတွင်းက အတ္တပဲ။
ဒါကြောင့်..

"မြင်ရမယ်"
"ပြင်ရမယ်"
အဲဒီအချက်(၂) မှာ ဘယ်အချက်က အရေးကြီးတယ်လို့ ထင်ပါသလဲ ??
မြင်တာနဲ့ ပြင်တာ ဘယ်အပိုင်းကို အရင်လုပ်ရမယ် လို့ယူဆပါလဲ ??
တကယ်တော့ မြင်တဲ့အပိုင်းကို အရင်လုပ်ရပါမယ်

ဘယ်အရာမဆို မမြင်ရင် ပြင်လို့မရပါဘူး။

မြင်မှ ပြင်လို့ရမှာပါ။

ရဲဘော်တို့ ကိုယ့်အတ္တနဲ့ကို အမှောင်မဖုံးပါစေနဲ့
ကိုယ့်ကိုကိုယ်လည်းပြန်ဆုံးမရင်း...

#မြင်မယ်
#ပြင်မယ်
#အတ္တတွေကိုမြင်အောင်ကြည့်
#ကျားသစ်နက်
Admin team

ที่อยู่

Bangkok
Y

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကျားသစ်နက်တပ်မတော် Black Leopard Armyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์