06/08/2026
ကျောက်ကပ်ကင်ဆာ (𝐊𝐢𝐝𝐧𝐞𝐲 𝐂𝐚𝐧𝐜𝐞𝐫) အတွက် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (𝐋𝐚𝐩𝐚𝐫𝐨𝐬𝐜𝐨𝐩𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐫𝐲)
ကျောက်ကပ်ကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်များသော ကင်ဆာရောဂါများအနက် တစ်ခုဖြစ်ပြီး အချိန်မီ စစ်ဆေးရှာဖွေကုသနိုင်ရန် အရေးကြီးပါသည်။
⚠️ ဖြစ်ပွားနိုင်ခြေပိုများစေသည့် အကြောင်းရင်းများ
• အမျိုးသားများတွင် ပိုမိုအဖြစ်များခြင်း
• ဆေးလိပ်သောက်ခြင်း
• မိသားစုတွင် ကင်ဆာမျိုးရိုးရှိခြင်း
• ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း
• မူလကျောက်ကပ်ရောဂါအခံရှိခြင်း
🚨 သတိပြုရန် ရောဂါလက္ခဏာများ
ကျောက်ကပ်တစ်ရှူးများမှတစ်ဆင့် ပုံမမှန်သော ကင်ဆာဆဲလ်များ ဖြစ်ပေါ်လာပါက အောက်ပါလက္ခဏာများကို ခံစားရနိုင်ပါသည်။
• ခါးနောက်ကျောနှင့် ဝမ်းဗိုက်ဘေး နာကျင်ခြင်း
• သွေးတိုးခြင်း
• ဆီးထဲတွင် သွေးပါခြင်း
• ခြေထောက်များ ဖောရောင်ခြင်း
• သွေးအားနည်းခြင်း
• ပင်ပန်းနွမ်းနယ်ပြီး အစားအသောက်ပျက်ခြင်း
• ကိုယ်အလေးချိန် သိသိသာသာ လျော့ကျခြင်း
💡 ကုသမှုနည်းလမ်းများ
ကျောက်ကပ်ကင်ဆာ ကုသရာတွင် ရောဂါအဆင့်ပေါ်မူတည်၍ ကုသမှုနည်းလမ်းများ ကွဲပြားပါသည်။
✅ ခွဲစိတ်ကုသခြင်း - ကင်ဆာအလုံးကိုသာ ဖယ်ထုတ်ခြင်း (𝐏𝐚𝐫𝐭𝐢𝐚𝐥 𝐍𝐞𝐩𝐡𝐫𝐞𝐜𝐭𝐨𝐦𝐲) သို့မဟုတ် ကျောက်ကပ်တစ်ခုလုံးကို ဖယ်ထုတ်ခြင်း (𝐑𝐚𝐝𝐢𝐜𝐚𝐥 𝐍𝐞𝐩𝐡𝐫𝐞𝐜𝐭𝐨𝐦𝐲)
✅ ကင်ဆာဆေးသွင်းခြင်း (𝐂𝐡𝐞𝐦𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲)
✅ ဓာတ်ကင်ခြင်း (𝐑𝐚𝐝𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲)
🏥 ကျောက်ကပ်ကင်ဆာ ခွဲစိတ်ကုသရာတွင် ထိခိုက်ဒဏ်ရာအနည်းဆုံး နည်းလမ်း (Minimally Invasive Surgery) တစ်ခုဖြစ်သည့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (𝐋𝐚𝐩𝐚𝐫𝐨𝐬𝐜𝐨𝐩𝐢𝐜 𝐒𝐮𝐫𝐠𝐞𝐫𝐲) ကို ကျွန်ုပ်တို့ ထွန်ဘူရီဆေးရုံ (Thonburi 1 Hospital) တွင် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐁𝐚𝐧𝐬𝐢𝐭𝐡𝐢 𝐂𝐡𝐚𝐢𝐲𝐚𝐩𝐫𝐚𝐬𝐢𝐭𝐡𝐢 မှ စနစ်တကျ ဆွေးနွေးတိုင်ပင်၍ ကုသပေးလျက်ရှိပါသည်။ ✨
📞 ဆေးကုသမှုဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် Appointment ရယူရန် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
📍ထွန်ဘူရီဆေးရုံ မြန်မာကိုယ်စားလှယ်ရုံး
☎️ Phone : 09987477206
📧 Email : [email protected]
🏥 Building B၊ ဒုတိယထပ်၊ အာယုအင်တာနေရှင်နယ်ဆေးရုံ
အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။