25/07/2026
မြန်မာဘာသာဖြင့် ဖော်ပြချက်ကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။
(Burmese text below.)
┅ ┅ ┅ ┅ ┅
┃ Call for Applications (Pathways Program)
Are you seeking alternative pathways to complete your degree?
Virtual Federal University (VFU), in partnership with international universities, is launching pathways program for Myanmar students whose education has been disrupted since the 2021 coup, as well as those who have completed Associate Degrees (AB).
This free program combines:
• European and U.S.-accredited courses offered by partner universities
• VFU- and partner-designed courses
• Internships
• A final thesis
■ Eligibility
Applicants must meet one of the following:
○ Completed at least one year of study at a Myanmar university before the 2021 coup; or
○ Completed an Associate Degree (AB) or an equivalent two-year program at a local or minority higher education institution in Myanmar.
➡ High school graduates (govt., community-based, ethnic-based, or private or GED) may also apply; however, priority will be given to applicants who have already begun higher education.
Former Capstone Program students:
If you did not complete the Capstone Program, you do not need to submit this application form. Please contact us directly at [email protected] if you would like to join the new program.
■ Application
➡ Application Form: https://forms.gle/FLhxCAmrN222Pgv37
➡ Application Deadline: 10 August 2026 (24:00 Myanmar Time)
Please complete all sections of the application form before submitting your application.
We look forward to receiving your application and supporting your academic journey.
Virtual Federal University (VFU)
https://www.federaluniversity.org
┅ ┅ ┅ ┅ ┅
┃ လျှောက်လွှာခေါ်ယူခြင်း (ဘွဲ့လမ်းညွှန်အစီအစဉ်)
စာဆက်သင်ပြီးဘွဲ့ရနိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေနေပါသလား။
ဖက်ဒရယ်လေလှိုင်းတက္ကသိုလ် (VFU) သည် နိုင်ငံတကာ မိတ်ဖက်တက္ကသိုလ်များနှင့် ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ တက္ကသိုလ်ပညာရေးကိုရပ်ထားခဲ့သော ကျောင်းသူကျောင်းသားများနှင့် Associate Degree (AB) သို့မဟုတ် နှစ်နှစ်တာအဆင့်မြင့်ပညာရေးဘွဲ့ရထားသူများအတွက် ဘွဲ့လမ်းညွှန်အစီအစဉ်ကို စတင်မည်ဖြစ်သည်။
ဤအစီအစဉ်သည် ဥရောပနှင့် အမေရိကန် မိတ်ဖက်တက္ကသိုလ်များမှ ခရက်ဒစ်နှင့် သင်ကြားပို့ချသော ဘာသာရပ်များ၊ VFU နှင့် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်မည့် အတန်းများ၊ အလုပ်သင်အစီအစဉ်များနှင့် သုတေသနစာတမ်းတို့ကို ပေါင်းစပ်ထားသော အခမဲ့အစီအစဉ်တစ်ခုဖြစ်ပါသည်။
■ ပါဝင်လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်
လျှောက်ထားသူသည် အောက်ပါအချက်များထဲမှ အနည်းဆုံးတစ်ချက် နှင့် ကိုက်ညီရပါမည်။
၁။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံရှိ တက္ကသိုလ်/ဒီဂရီ/ကောလိပ်တစ်ခုခုတွင် အနည်းဆုံး ပညာသင်နှစ်တစ်ခု (ပထမနှစ်) ပြီးမြောက်အောင်မြင်ထားသူ (သို့မဟုတ်)
၂။ မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာ သို့မဟုတ် လူမျိုးစုတိုင်းရင်းသားပညာရေးအဖွဲ့အစည်းတစ်ခုခုမှ Associate Degree (AB) သို့မဟုတ် နှစ်နှစ်ကြာ ဘွဲ့အစီအစဉ်တစ်ခုကို အောင်မြင်စွာ ပြီးမြောက်ထားသူ ဖြစ်ရမည်။
၃။ အထက်တန်းကျောင်း (အစိုးရကျောင်း၊ ရပ်ရွာအခြေပြုပညာရေးကျောင်း၊ လူမျိုးစုတိုင်းရင်းသားအခြေပြုပညာရေးကျောင်း၊ ပုဂ္ဂလိကကျောင်း သို့မဟုတ် GED အထက်တန်းပညာ) ပြီးမြောက်ထားသူများလည်း လျှောက်ထားနိုင်ပါသည်။ သို့သော် တက္ကသိုလ်အဆင့်ပညာရေးကို စတင်သင်ယူထားသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
ယမန်နှစ် Capstone Program ကို မပြီးမြောက်ခဲ့သော ကျောင်းသူကျောင်းသားများအနေဖြင့် ဤဘွဲ့လမ်းညွှန်အစီအစဉ်သစ်တွင် ပါဝင်လိုပါက အောက်ပါလျှောက်လွှာကို ထပ်ဖြည့်ရန် မလိုပါ။ သို့သော် [email protected] သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် လိုအပ်ပါသည်။
■ လျှောက်လွှာဖောင်တင်ရန်
လျှောက်လွှာဖောင်ရယူရန် လင့်ခ် - https://forms.gle/FLhxCAmrN222Pgv37
လျှောက်လွှာဖောင်၏ ကဏ္ဍအားလုံးကို ပြည့်စုံစွာ ဖြည့်ပြီး ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် (မြန်မာစံတော်ချိန် ည (၁၂) နာရီ) မတိုင်မီ ပေးပို့လျှောက်ထားရန် မေတ္တာရပ်ခံအပ်ပါသည်။
➡ တက်ရောက်ခွင့်ရပါက လျှောက်လွှာဖောင်တွင် ဖြည့်ထားသော ဆက်သွယ်ရေးချန်နယ်များမှ ဆက်သွယ်မည်ဖြစ်သဖြင့် မိမိနှစ်သက်သည့် ဆယ်သွယ်ရေးချန်နယ်နှင့် ဆက်သွယ်ရန်လိပ်စာကို မှန်ကန်စွာ ဖြည့်ပေးရန် လိုပါသည်။
Virtual Federal University ၏ ပညာရေးခရီးစဉ်တွင် ပါဝင်လျှောက်ထားသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ သင်၏ပညာရေးခရီးစဉ်ကို ဆက်လက်ပံ့ပိုးနိုင်ရန် မျှော်လင့်ပါသည်။
┅ ┅ ┅ ┅ ┅
Program