30/08/2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်က "ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်း ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee ၏ ဖိတ်ကြားချက်အရ ချင်းမိုင်မြို့၊ Central Chiang Mai Airport Plaza တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၌ ကျင်းပပြုလုပ်ခဲ့သော "ဒုတိယအကြိမ်ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆" ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ချင်းမိုင်ခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Siwa Thamikanon၊ ထိုင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Pratana Sinthunawa၊ ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ ထိုင်းနိုင်ငံမြောက်ပိုင်း ရုပ်ရှင်နှင့်ဒီဂျစ်တယ်မီဒီယာအသင်းဥက္ကဋ္ဌ Mr. Adisorn Suddee၊ ချင်းမိုင်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရုပ်ရှင်လောကမှ သရုပ်ဆောင်များ၊ ဒါရိုက်တာများနှင့် ထုတ်လုပ်သူများအပါအဝင် ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ရုပ်ရှင်ဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယအကြိမ် ချင်းမိုင်နိုင်ငံတကာရုပ်ရှင်ပွဲတော် ၂၀၂၆" ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲတော်၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ရုပ်ရှင်ကား (၂) ကားဖြစ်သည့် ညမွှေးပန်းကလေးရဲ့ကျောက်ပုစွန် နှင့် ကံကောင်း ရုပ်ရှင်ကားတို့ ပါဝင်ပြသလျက်ရှိပြီး သက်ဆိုင်ရာဇာတ်ကားများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်လျက်ရှိကြပါသည်။
*********
Consul-General attended the Opening Ceremony of the "2nd Chiang Mai International Film Festival 2026"
U Ming Kyaw Linn, Consul-General of the Consulate General of the Republic of the Union of Myanmar in Chiang Mai, at the invitation of Mr. Adisorn Suddee, President of the Northern Film and Digital Media Association, attended the opening ceremony of the "2nd Chiang Mai International Film Festival 2026," held at Central Chiang Mai Airport Plaza in Chiang Mai on 28 August 2026.
The opening ceremony was attended by Mr. Siva Thamikanon, Deputy Governor of Chiang Mai Province, Ms. Pratana Sinthunawa, Deputy Director-General of the Department of Cultural Promotion, Ministry of Culture of Thailand; Consuls-General and diplomatic officials from various Consulates-General based in Chiang Mai, Mr. Adisorn Suddee, President of the Northern Film and Digital Media Association; senior officials from government departments in Chiang Mai Province, actors, directors, and producers from the International film industry, including Myanmar; film enthusiasts; as well as invited guests.
The "2nd Chiang Mai International Film Festival 2026" is being held from 28 to 30 August 2026. Through the coordination of the Consulate-General of Myanmar in Chiang Mai, two films from Myanmar, I wanna be your lobster and Kan Kaung, are being screened at the festival, with representatives from the respective movies currently attending the event.
********