28/11/2025
🌟 ကရင်နီပြည်နှင့်အတူ ရပ်တည်လျှက်_ကျေးဇူးတင်ခြင်း🌟
Together for Karenni အနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့သည့် ကရင်နီပြည်စစ်ရေးအတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်း၏ ပန်းတိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာရခြင်းအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဤအောင်မြင်မှုသည် အရေအတွက်တခုမျှသာ မဟုတ်ပါ။
၎င်းသည် စည်းလုံးညီညွတ်မှု၊ ကျွန်ုပ်တို့၏လူမျိုးများအပေါ် မေတ္တာနှင့် ကရင်နီလူမျိုးများ၏ မချိုးဖျက်နိုင်သော စိတ်ဓာတ်နှင့်ပတ်သက်ပါသည်။
အလှူရှင်များ၏ ပံ့ပိုးကူညီမှုတိုင်းသည် လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် ကျွန်ုပ်တို့၏လူမျိုးများ၏ ကြောက်ရွံ့မှုမရှိဘဲ နေထိုင်ခွင့်ကို ယုံကြည်သော နှလုံးသားများမှ လာပါသည်။ သင်၏ပံ့ပိုးမှုသည် ကျွန်ုပ်တို့၏မြေကို ကာကွယ်ရန်၊ ကျွန်ုပ်တို့၏အသိုင်းအဝိုင်းများကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့ဆက်လက်ရင်ဆိုင်နေရသော ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ရာတွင် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့း (JCS) ကို အားကောင်းစေခဲ့သည်။
💙 ထို့ကြောင့် ကျွန်ုပ်တို့ Together for Karenni အဖွဲ့သားများအားလုံးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။
ကျွန်ုပ်တို့ အလိုအပ်ဆုံးအချိန်တွင် ကမ္ဘာ့အနှံ့အပြားမှ အလှူရှင် အသီးသီးတို့သည် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ခဲ့သည်။
ကရင်နီပြည်နှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်။
ကျွန်ုပ်တို့ အတူတကွစုဝေးသောအခါ ကျွန်ုပ်တို့သည် ရပ်တန့်၍မရကြောင်း သင်ပြသခဲ့သည်။
✨ ဤအောင်ပွဲသည် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည်။
လွတ်လပ်မှုအတွက် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသော်လည်း ယနေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်မှု၏ စွမ်းအားကို ဂုဏ်ပြုပါသည်။
---
🌟 We Did It — Together for Karenni! 🌟
Today, we are deeply humbled and incredibly grateful to announce that we have reached our fundraising goal for the Together for Karenni campaign.
This achievement is not just about numbers.
It is about solidarity, love for our people, and the unbreakable spirit of Karenni.
Every single contribution — big or small — came from hearts that believe in freedom, dignity, and the right of our people to live without fear. Your support has strengthened the Joint Chiefs of Staff (JCS) as they defend our land, protect our communities, and stand against the brutality we continue to face.
💙 From the bottom of our hearts, thank you.
You stood with us when we needed you most.
You proved that Karenni is not alone.
You showed that when we come together, we are unstoppable.
✨ This victory belongs to all of us.
The fight for freedom continues — but today, we celebrate the power of unity.
Together for Karenni. Together for our future.