Justice Soldier PDF Official

โทร เส้นทาง

Justice Soldier PDF Official Pageအတုများရှိသည့်အတွက်
video call ခေါ်ပီးမှ ပါဝင်ထောက်ပို့ကြပါ

viber
+66 825787030

10/11/2026

တော်လှန်မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့ Justice Soldier တပ်ဖွဲ့မှ ပြုလုပ်တဲ့ 100Armors,100Lives(ကျ*ည်ကာ ၁၀၀,အသက် ၁၀၀)ကမ်ပိန်းဟာ ယနေ့အချိန်ထိ ရဲဘော် (၂၂)ယောက်စာပဲရရှိပါသေးတယ်ခင်ဗျာ။

ကျ*ည်ကာ၊ကျည်ကာဦးထုပ်ဆိုတာ ရဲဘော်တစ်ယောက်ရဲ့ အသက်ဖြစ်လို့ ရှေ့တန်းရဲဘော်များ စိတ်လုံခြုံမှုရရှိစေရန် ကျန်ရှိနေသေးတဲ့ ရဲဘော်(၇၈)ယောက်စာအတွက် အားဖြည့်ပေးဝင်ပေးကြပါဦးခင်ဗျာ ...

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

06/11/2026

တပ်ဖွဲ့ဝင်အသစ်ခေါ်ယူခြင်း

Justice Soldier တပ်ဖွဲ့ အပတ်စဉ်(၁၄) အခြေခံစစ်သင်တန်းအတွက် ရဲဘော်သစ်များခေါ်ယူနေပါပြီ။
ပြည်သူအကျိုးအတွက် တာဝန်ထမ်းဆောင်လိုသော ညီကို၊မောင်နှမများအနေဖြင့်
အောက်ပါအချက်အလက်များနှင့်ကိုက်ညီပါက မိမိတို့ Justice Soldier Page Messenger တွင် လာရောက်လျှောက်ထားနိုင်ပါသည်။

(၁) အသက် (၁၈) နှစ် မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
(၂) စစ်သင်တန်းတက်ရန် လုံလောက်သော ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။
(၃) စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သံဓိဋ္ဌာန်ချထားသူဖြစ်ရမည်။
(၄) တော်လှန်ရေးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်ရမည်။
(၅) မိမိအထက်တာဝန်ရှိသူမှ ပေးအပ်သော တာဝန်နှင့်အမိန့်ကို တိကျသေချာစွာ လိုက်နာနိုင်သူဖြစ်ရမည်။
(၆) ရာဇဝတ်မှု ကင်းရှင်းသူဖြစ်ရမည်။

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

03/11/2026

တောတွင်းစခန်းချလေ့ကျင့်မှုသင်ခန်းစာ

လကုန်ရက်လေးဖြစ်လို့ ကျွန်တော်တို့Justice Soldier တပ်ဖွဲ့မှ ပြုလုပ်နေသော 100 Armors, 100 Lives ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

28/10/2026

ရဲဘော်ပျဉ်းမနား

ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့်
ကျည်ကာနှင့်ကျည်ကာဦးထုပ်ကြောင့် အသက်အန္တာရာယ်တော့မထိခိုက်ခဲ့ပါဘူး
လူငယ်ဆိုတာ စိတ်ဓာတ်ကျဖို့ထက် ပိုသန်မာအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်နှင့်အတူ ခန္ဓာကိုယ်ကိုနေ့စဉ် တည်ဆောက်နေတာပါ။

ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေ၊ ဆုံးရှုံးမှုတွေ ရှိခဲ့ပေမဲ့ စိတ်ဓာတ်ကိုလည်း အရှုံးမပေးခဲ့ပါဘူး။ အခုအချိန်မှာ FPV Team မှာ တာဝန်ပြန်လည်ထမ်းဆောင်ရင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ပါဝင်နေပါတယ်။
ရဲဘော်ပျဉ်းမနားရဲ့ အတွေ့အကြုံဟာ စစ်မြေပြင်မှာ အသက်အန္တရာယ် ဘယ်လောက်နီးကပ်နေသလဲဆိုတာကို သတိပေးနေသလို၊ အသက်တစ်ချောင်းရဲ့ တန်ဖိုးကိုလည်း ပိုမိုနားလည်စေပါတယ်။
ဒါကြောင့် “ကျည်ကာ ၁၀၀ အသက် ၁၀၀” ကမ်ပိန်းဟာ ကျွန်တော်တို့အတွက် ရည်မှန်းချက်တစ်ခုသာမဟုတ်ပါဘူး။ အသက်အန္တရာယ်ကြားက တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေအတွက် အကာအကွယ်တစ်ခု ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းမှုတစ်ခုပါ။
လက်ရှိအချိန်အထိ ရည်မှန်းချက်ရဲ့ ၂၂% သာ ရရှိထားပြီး ၇၈% ကျန်ရှိနေပါသေးတယ်။
ဒီရည်မှန်းချက် ပြည့်မီဖို့အတွက် လူတိုင်းရဲ့ ပါဝင်ကူညီမှုက အရေးကြီးပါတယ်။ မိမိတတ်နိုင်တဲ့ ပမာဏကနေ ပါဝင်လှူဒါန်းပေးခြင်း၊ ကမ်ပိန်းအကြောင်းကို ပြန်လည်မျှဝေပေးခြင်းအားဖြင့် အသက်ကာကွယ်ရေး ကြိုးပမ်းမှုမှာ အတူတကွ ပါဝင်ပေးကြပါဦးခင်ဗျာ

ကျည်ကာတစ်ထည်ဟာ ပစ္စည်းတစ်ခုထက် ပိုပါတယ်။ အသက်တစ်ချောင်းအတွက် အကာအကွယ်တစ်ခု ဖြစ်နိုင်ပါတယ်။

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

20/10/2026

ကျည်ကာတစ်စုံရဲ့တန်ဖိုးဟာ
ရဲဘော်တစ်ယောက်ရဲ့ အသ*က်ဖြစ်လို့
ရဲဘော်များ ထိခိုက်မှုမရှိရအောင်
မိဘပြည်သူများအနေဖြင့်
ရဲဘော်တွေရဲ့ အသ*က်အန္တရာယ်ကို ကာကွယ်ပေးဖို့အတွက် ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ....

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

18/10/2026

မိဘပြည်သူများခင်ဗျာ
ကျွန်တော်တို့ Justice Soldier တပ်ဖွဲ့မှ ပြုလုပ်တဲ့ 100 Armors,100 Lives(ကျည်ကာ ၁၀၀,အသက် ၁၀၀) ကမ်ပိန်းဟာ သက်မှတ်ကာလ ပြီးဆုံးသည်အထိ ရဲဘော် (၂၁) ယောက်စာသာ ရရှိခဲ့ပါသည်။
သို့ဖြစ်ပါ၍ 100Armors,100Lives (ကျည်ကာ ၁၀၀,အသက် ၁၀၀) ကမ်ပိန်းမှာ ရဲဘော် (၇၉)ယောက်စာအတွက်လိုအပ်နေသောကြောင့် ကမ်ပိန်းကာလအား ဒီဇင်ဘာလ (၁)ရက်နေ့ တိုးမြင့်ပြုလုပ်မည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ...

်ဖွဲ့

#သတင်းနှင့်ပြန်ကြားရေး

ကျွန်တော်တို့ Justice Soldier ဆေးတပ်ဖွဲ့အနေဖြင့် ၂၀၂၆ခုနှစ်၊စက်တင်ဘာလအတွင်း မိဘပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို အနီး...
17/10/2026

ကျွန်တော်တို့ Justice Soldier ဆေးတပ်ဖွဲ့အနေဖြင့် ၂၀၂၆ခုနှစ်၊စက်တင်ဘာလအတွင်း မိဘပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို အနီးကပ်စောင့်ရှောက်ပေးခဲ့ပြီး အောက်ပါအတိုင်း ဆေးကုသမှုဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဆေးကုသမှုခံယူသူ စုစုပေါင်း – (၃၇) ဦး

အမျိုးသား – (၂၃) ဦး
အမျိုးသမီး – (၁၄) ဦး

အသက် (၁၈) နှစ်နှင့် အထက် – (၂၄) ဦး
အသက် (၁၈) နှစ်အောက် ကလေးငယ် – (၁၃) ဦး

မိဘပြည်သူများ၏ ကျန်းမာရေးသည် ကျွန်ုပ်တို့ Justice Soldier ဆေးတပ်ဖွဲ့၏ပထမဦးစားပေးဖြစ်သည့်အတွက် လိုအပ်သည့် ဆေးဝါးနှင့် စောင့်ရှောက်မှုများကို အစွမ်းကုန် ဆက်လက်ဖြည့်ဆည်း ပေးသွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်ခင်ဗျာ။


်ဖွဲ့

ที่อยู่

Mu Ban Phing Phayom Alley
Doi Suthep
50000

เบอร์โทรศัพท์

+66970900386

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Justice Soldier PDF Official โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

บริการภาครัฐใกล้เคียง