People's Defence Force Of Tachileik

People's Defence Force Of Tachileik တာချီလိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေး?

11/01/2022

အသိပေး ထုတ်ပြန် ကြေငြာချက်

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လမ်းညွှန်မှုဖြင့် တရား၀င်ဖွဲ့စည်းထားသော တာချီလိတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF) သည် စစ်အာဏာရှင်အား အမြစ်ပြတ်တိုက်ခိုက်နေသော မြို့နယ်အတွင်းရှိ မည့်သည့် အသင်းအဖွဲ့နှင့်မျှ မိတ်ဖက်ပေါင်းစည်းထားခြင်း မရှိသေးကြောင်း အသိပေးထုတ်ပြန်အပ်သည်။

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF) သည် အမျိုးသားညီညွှတ်ရေးအစိုးရမှ ချမှတ်ထားသည့် ဦးဆောင်လမ်းညွှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်နေသည့် တရား၀င်အဖွဲ့စည်းဖြစ်သည်။

ဇန်နဝါရီလ (၁၁)ရက်စွဲဖြင့် TCL.KKK.SHN အမည်ဖြင့် ထုတ်ပြန်လာသည့် ထုတ်ပြန်ချက်သည်လည်း မိမိတို့ တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF) နှင့် သက်ဆိုင်ခြင်း (လုံး၀) မရှိပါ။

တာချီလိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF)
ဆက်သွယ်ရန် - [email protected]

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF) ၏ ပြည်သူများသို့ အရေးပေါ် သတိပေး ထုတ်ပြန်ကြေငြာချက် (ကြေငြာချက်အမှတ်...
10/01/2022

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TCL.PDF) ၏ ပြည်သူများသို့ အရေးပေါ် သတိပေး ထုတ်ပြန်ကြေငြာချက် (ကြေငြာချက်အမှတ် - ၃/၂၀၂၁)

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၏ အရေးပေါ် သတိပေးထုတ်ပြန်ကြေငြာချက် (ကြေငြာချက်အမှတ် - ၂/၂၀၂၁)အမျိုးသားည...
07/09/2021

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၏ အရေးပေါ် သတိပေးထုတ်ပြန်ကြေငြာချက် (ကြေငြာချက်အမှတ် - ၂/၂၀၂၁)

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) သည် ယနေ့ စက်တာဘာလ (၇)ရက်နေ့မှ စတင်ကာ နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြောင်းကြေငြာချက်ကို တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)အနေဖြင့် လက်ခံကြိုဆိုပါသည်။

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)မှ ရှမ်းပြည်နယ်အတွင်းရှိ တခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် လက်တွဲ၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

တာချီလိတ်ပြည်သူလူထုအနေဖြင့် ကျရာနေရာမှ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ပေးကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

အရေးတော်ပုံအောင်ရမည်

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)

ဆက်သွယ်ရန် - [email protected]

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၏ သဘောထား ထုတ်ပြန်ကြေညာချက်၂၀၂၁ ခုနှစ် ၊ ဇွန်လ (၉)ရက်နေ့ ည (၇:၃၀)နာရီ၀န်...
09/06/2021

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၏
သဘောထား ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၊ ဇွန်လ (၉)ရက်နေ့ ည (၇:၃၀)နာရီ၀န်းကျင်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးအား သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)နှင့် (လုံး၀) သက်ဆိုင်မှုမရှိကြောင်း အသိပေးအပ်ပါသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)မှ တရား၀င်ဖွဲ့စည်းထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့၏ လမ်းညွှန်မှု တစ်စုံတစ်ရာရရှိမှသာ စည်းမျဉ်း စည်းကမ်း နှင့်အညီ ဖော်ဆောင်ရသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) သည် ယခင်ထုတ် ပြန်ထားသည့် (ကြေညာချက်အမှတ် - ၁/၂၀၂၁)တွင် ပါ၀င်သည့် ရည်ရွယ်ချက် (၄)ချက်ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေး အဓိကထား ဆောင်ရွက် နေကြောင်း သဘောထားကြေညာချက်ထုတ်ပြန်အပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)

ဆက်သွယ်ရန် - [email protected]

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တရားဝင်ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာချက် (ကြေညာချက်အမှတ် - ၁/၂၀၂၁)တာချီလိတ...
07/06/2021

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တရားဝင်ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာချက် (ကြေညာချက်အမှတ် - ၁/၂၀၂၁)

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force Of Tachileik) ကို တာချီလိတ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် အကြမ်း ဖက် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျှက်ရှိသော ရဲဘော်များနှင့် လူငယ် (GZ) များ စုစည်းညှိနှိုင်း၍ ၂၀၂၁ ခုနှစ် ၊ ဇွန်လ (၈)ရက်နေ့တွင် အောက်ပါ ရည်ရွယ်ချက်များဖြင့် တရားဝင်ဖွဲ့စည်း တည်ထောင်လိုက်သည်။

၁။ တာချီလိတ်ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များအား ဖျက်စီး နေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ရန်မှ အကာအကွယ်ပေးနိုင်ရေး။

၂။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေး။

၃။ အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော တာချီလိတ်မြို့မှ ပြည်သူများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရေး။

၎။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အလျှင်အမြန် တည်ဆောက်နိုင်ရေး။

အထက်ဖော်ပြပါ ရည်ရွယ်ချက်များအား တာချီလိတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF) အနေဖြင့် ဖော်ဆောင်ရာတွင် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) မှ ဖွဲ့စည်းလိုက်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့၏ လမ်းညွှန်မှုများနဲ့အညီ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်သည်။




ที่อยู่

Mae Sai
57130

เว็บไซต์

แจ้งเตือน


ติดต่อ องค์กรนั้น


แชร์