Platform of Politics PoP

Platform of Politics PoP Sharing social and political awareness to those who aim to serve for Myanmar society.

04/01/2026

လွတ်လပ်ရေးမှသည် လွတ်မြောက်ရေးဆီသို့ နိုင်ငံရေးစကား၀ိုင်း အပိုင်း (၁) မှ PoP တည်ထောင်သူ ဒေါ်ရွှေရည်လင်းထင်၏ ဆွေးနွေးမှု ကောက်နုတ်ချက် ...

ပြည်သူတွေ ညီကြလို့ အာဏာရှင်ဟာ အာဏာလုယူတဲ့ အဆင့်ကနေ ၎င်းတို့ စိတ်တိုင်းကျ အာဏာမသိမ်းနိုင်ကြောင်း အချိန်ကာလ (၅) နှစ်နီးပါး...
13/12/2025

ပြည်သူတွေ ညီကြလို့ အာဏာရှင်ဟာ အာဏာလုယူတဲ့ အဆင့်ကနေ ၎င်းတို့ စိတ်တိုင်းကျ အာဏာမသိမ်းနိုင်ကြောင်း အချိန်ကာလ (၅) နှစ်နီးပါးက သက်သေပြခဲ့ပြီ ဖြစ်ပါတယ်။

အခုလည်း အာဏာရှင်ဟာ ၎င်းတို့သုံးနေကျ လှည့်ကွက်အတိုင်း နိုင်ငံရေး ထွက်ပေါက်အနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှာ ပြုလုပ်ဖို့ အသည်းအသန် ပုံဖော် လုပ်ဆောင်နေပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဏာရှင်မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လားရုတ်စ်နဲ့ အာဆီယံနိုင်ငံအချို့ တို့က အားပေးအားမြှောက် ပြုလုပ်နေတာပါ။ ဒါဟာ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နိုင်ငံတွင်းမှာ ခုထက် ပိုမို ဆိုးဝါးစွာ လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ အသိမှတ်မပြုဖို့အတွက် မြန်မာ ပြည်သူတွေ နည်းလမ်းပေါင်းစုံနဲ့ တောင်းဆိုနေကြတာပါ။

ဒီ အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာလူထုရဲ့ ပြည်သူ့ဆန္ဒ လုံးဝ (လုံးဝ) မပါဝင်ကြောင်း နဲ့ လက်မခံကြောင်း နိုင်ငံတကာ အစိုးရတွေကို နည်းလမ်းပေါင်းစုံနဲ့ ပြောဖို့လိုပါတယ်။

ပြည်သူတယောက်ချင်းစီ အချိန် ၂ မိနစ်လောက်ပေးပြီး လက်မှတ်ထိုးပါဝင်ပေးဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

လက်မှတ်အရေအတွက် - ၁ သိန်း
လက်မှတ်ထိုးရန်ကြာချိန် - ၂ မိနစ်
လက်မှတ်ထိုးရန် link - https://actionnetwork.org/petitions/reject-the-myanmar-military-juntas-sham-elections-2

🔔လက်မှတ် ၁ သိန်းရဖို့ အတွက် မိမိကိုယ်တိုင် လက်မှတ်ထိုးပြီး ပြည်တွင်း၊ ပြည်ပက မိမိ မိတ်ဆွေ၊ သူငယ်ချင်း၊ ကွန်ယက်တွေကိုလည်း မျှဝေပေးပါအုံးနော်။





♦️အတုအယောင်ရွေးကောက်ပွဲကို လက်မှတ်ထိုးပြီးဆန့်ကျင်ပါ။♦️မကြာခင်ကျင်းပတော့မယ့် ရာဇဝတ် ဂိုဏ်း စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက...
03/12/2025

♦️အတုအယောင်ရွေးကောက်ပွဲကို လက်မှတ်ထိုးပြီးဆန့်ကျင်ပါ။♦️

မကြာခင်ကျင်းပတော့မယ့် ရာဇဝတ် ဂိုဏ်း စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုက လုံးဝ မထောက်ခံဘူးဆိုတာ နိုင်ငံတကာကသိစေဖို့ ပြည်သူများစုပေါင်း လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ သင်လည်းပါဝင်နိုင်ပါပြီ။

✍️လက်မှတ်ထိုးရန်လင့် - https://actionnetwork.org/petitions/reject-the-myanmar-military-juntas-sham-elections-2

🚦လုပ်ဆောင်ရန် အဆင့် ၅ ဆင့် -
1. First Name / Last Name - အရှေ့နာမည်၊ အနောက် အမည် ရေးရန်
(အမည် မူရင်းသုံးစရာမလိုပါ။)

2. Postel or zip code - မိမိနေထိုင်ရာမြို့နယ် ၏ Zip Code No. ကိုရေးရန်။
(မိမိနေရာ Zip Code မရေးချင်ပါက " 11421 " ကိုလည်း အသုံးပြုနိုင်ပါသည်။)

3. နိုင်ငံရွေးသည့်နေရာတွင် Myanmar ကိုရွေးရန်လို။ ( ပြည်ပရောက် မြန်မာများအနေဖြင့်လည်း မိမိရောက်ရှိနေသည့် နိုင်ငံအမည်ကို ရွေးချယ်နိုင်ပါသည်။)

4. Comments နေရာတွင်
Reject Myanmar military junta’s Sham Election and its fraudulent results.
(မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့် အလိမ်အညာရလဒ်များကို ပြတ်ပြတ်သားသား ပယ်ဖျက်ပါ။)
စသဖြင့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိမိတောင်းဆိုလိုသည်ကို ရေးသားနိုင်ပါသည်။

5. Add your name ကိုနှိပ်ပါ။
မိတ်ဆွေ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှု ပြီးပါပြီ။

သင့် မိတ်ဆွေ၊ သူငယ်ချင်း၊ ကွန်ယက်များသို့ ပြန်လည် မျှဝေပါ။




29/11/2025

ထရမ့် - အမေရိကန်နိုင်ငံရေးနဲ့ မြန်မာ့အကျပ် ကမ္ဘာ့အခက် နိုင်ငံရေးစကား၀ိုင်း အပိုင်း (၃) မှ PoP တည်ထောင်သူ ဒေါ်ရွှေရည်လင်းထင်၏ ဆွေးနွေးမှု ကောက်နုတ်ချက် ...

24/11/2025

ထရမ့် - အမေရိကန်နိုင်ငံရေးနဲ့ မြန်မာ့အကျပ် ကမ္ဘာ့အခက် နိုင်ငံရေးစကား၀ိုင်း အပိုင်း (၂) မှ PoP တည်ထောင်သူ ဒေါ်ရွှေရည်လင်းထင်၏ ဆွေးနွေးမှု ကောက်နုတ်ချက် ...

20/11/2025

ထရမ့် - အမေရိကန်နိုင်ငံရေးနဲ့ မြန်မာ့အကျပ် ကမ္ဘာ့အခက် နိုင်ငံရေးစကား၀ိုင်း အပိုင်း (၁) မှ PoP တည်ထောင်သူ ဒေါ်ရွှေရည်လင်းထင်၏ ဆွေးနွေးမှု ကောက်နုတ်ချက် ...

လိုက်ဘေးရီးယား သံမဏိနှင်းဆီများစာအုပ်အမည် _ လိုက်ဘေးရီးယားသံမဏိနှင်းဆီများ (ebook)မူရင်း -  Inclusive Peace & Transition...
14/09/2025

လိုက်ဘေးရီးယား သံမဏိနှင်းဆီများ

စာအုပ်အမည် _ လိုက်ဘေးရီးယားသံမဏိနှင်းဆီများ (ebook)
မူရင်း - Inclusive Peace & Transition Initiative ၀က်ဘ်ဆိုက်တွင် ဖော်ြပခဲ့သည့် Women in Peace and Transition Processes, Liberia (2003–2011) Case Study
ဘာသာပြန်သူ _ ရွှေရည်လင်းထင်
တန်ဖိုး - Thai Baht 100, MMK – 13500

Platform of Politics မှ ထုတ်၀ေသည့် လိုက်ဘေးရီးယားသံမဏိနှင်းဆီများ ebook ကို ၂၀၂၅၊ စက်တင်ဘာ ၇ ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ လိုက်ဘေးရီးယားနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့အတွက် အကြီးမားဆုံးပါ၀င်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ လှုပ်ရှားကြိုးပမ်းမှုတွေအတွင်း အားနည်းချက်၊ အားသာချက်များ၊ အကျိုးသက်ရောက်မှုများ၊ အခွင့်အလမ်းများ၊ ကန့်သတ်ချက်များ၊ လှုပ်ရှားဆောင်ရွက်သည့် နည်းနာများကို လေ့လာမှတ်သားနိုင်ကြမှာဖြစ်လို့ မြန်မာပြည်နိုင်ငံရေးကို စိတ်ပါ၀င်စားသူများအနေနဲ့ လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသမီးနိုင်ငံရေးသမားတွေ ဖတ်မှတ်လေ့လာဖို့ အကောင်းဆုံးစာအုပ်တအုပ်ပဲ ဖြစ်ပါတယ်။

စာအုပ်၀ယ်ယူလိုပါက _
Platform of Politics FB page - https://www.facebook.com/profile.php?id=61555470568532
Ma Ma Moe _ https://www.facebook.com/ma.ma.moe.709383/ သို့ ဆက်သွယ်၀ယ်ယူနိုင်ပါတယ်။

ဒီမိုကရေစီအမှတ်လက္ခဏာများသင်ခန်းစာမှ နိုင်ငံရေး၀ေါဟာရများ . . .
06/08/2025

ဒီမိုကရေစီအမှတ်လက္ခဏာများသင်ခန်းစာမှ နိုင်ငံရေး၀ေါဟာရများ . . .

ဒီမိုကရေစီ၏ အမှတ်လက္ခဏာများ အပိုင်း (၃)ရွှေရည်လင်းထင်PoP Facebook Liveမွန်းလွဲ - ၁:၀၀ နာရီ (မြန်မာစံတော်ချိန်)၃၁ - ဇူလို...
23/07/2025

ဒီမိုကရေစီ၏ အမှတ်လက္ခဏာများ အပိုင်း (၃)
ရွှေရည်လင်းထင်
PoP Facebook Live
မွန်းလွဲ - ၁:၀၀ နာရီ (မြန်မာစံတော်ချိန်)
၃၁ - ဇူလိုင် - ၂၀၂၅။

ဒီမိုကရေစီ၏ အမှတ်လက္ခဏာများ အပိုင်း (၂)ရွှေရည်လင်းထင်PoP Facebook Liveမွန်းလွဲ - ၁:၀၀ နာရီ (မြန်မာစံတော်ချိန်)၁၃- ဇူလိုင...
09/07/2025

ဒီမိုကရေစီ၏ အမှတ်လက္ခဏာများ အပိုင်း (၂)
ရွှေရည်လင်းထင်
PoP Facebook Live
မွန်းလွဲ - ၁:၀၀ နာရီ (မြန်မာစံတော်ချိန်)
၁၃- ဇူလိုင် - ၂၀၂၅။

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66958251803

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Platform of Politics PoPผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Platform of Politics PoP:

แชร์