26/08/2026
တိဘက်၊ ဟိမဝန္တာ - သေမင်းတမန် ရေကျောက်ကြီး ရုတ်တရက်ဆင်းလာ၍ လွတ်မြောက်ရန် အသက်လုပြေးလွှားခဲ့ရသည့် ကြောက်မက်ဖွယ် သဘာဝဘေးအန္တရာယ်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် - နီပေါနိုင်ငံမြောက်ပိုင်း၊ တိဘက် (တရုတ်နိုင်ငံ) နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဟိမဝန္တာတောင်တန်းဒေသတွင် ရုတ်တရက် တောင်ကျရေကြမ်းများ စီးဆင်းလာပြီး ပြင်းထန်စွာ ရိုက်ခတ်ဖျက်ဆီးခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် လူနေအိမ်များ၊ ရေအားလျှပ်စစ်ဒိုင်များ၊ အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ကြိုတင်သတိမမူမိဘျဲ သမုဒ္ဒရာရေလှိုင်းပမာ မျောပါပျက်စီးခဲ့ရသည်။
လတ်တလော စာရင်းများအရ နိဂုံးချုပ် မသေချာသေးသော်လည်း အနည်းဆုံး လူ ၉ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး၊ နိုင်ငံခြားသား ၂၉၁ ဦး (အိန္ဒိယနိုင်ငံသား ၁၀၅ ဦးခန့် ပါဝင်) အပါအဝင် ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၃၈၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ ကံကြမ္မာကို မသိရှိရသေးပေ။
နီပေါ-တရုတ် နယ်စပ်အနီး၊ တိဘက်ဒေသ ဂျီလုန်းမြို့ (Gyirong) တွင် မဟာတံတိုင်းကြီးပမာ ရုန်းကန်စီးဆင်းလာသော ရွှံ့နွံများနှင့် ရေစီးကြောင်းကြီး၏ ရိုက်ခတ်မှုကြောင့် အဆောက်အအုံများ ပျက်စီးသွားပုံနှင့် ပြည်သူများ အသက်လွတ်ရုန်းပြေးခဲ့ရသည့် ထိတ်လန့်ဖွယ် မိနစ်ပိုင်း ရုပ်သံမှတ်တမ်းများကို CCTV တွင် ရိုက်ကူးထားနိုင်ခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ဘေးဒုက္ခကြုံတွေ့နေရသူများကို အရေးပေါ် ကူညီကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။