11/08/2026
***တိုက်ပွဲသတင်းထုတ်ပြန်ခြင်း***
"28/7/2026ရက်နေ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အဝင် မန်ကျည်းရိုးရှိ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညစ်နေတဲ့ စကစ စစ်ဆေးရေးဂိတ်နှင် ဗိဿနိုး အထိုင်ဂိတ်နှစ်ခုအား Burmese 21အဖွဲ့၊
မြင်းခြံခရိုင်အမှတ်
(၂) တပ်ရင်းနှင့်မဟာမိတ်များစုပေါင်း၍
တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။
တ်ိုက်ခိုက်မှုအတွင်း အကြမ်းဖက် ငွေတောင်း ငွေညစ်နေသော မန်ကျည်းရိုးဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။
တိုက်ခိုက်သိမ်းပိုက် ပြီးစကစတပ်သားများ ခွေးပြေး ဝက်ပြေး ထွက်ပြေးသွားပါသည်။
တိုက်ခိုက်မှုအတွင်း လက်နက်နှစ်လက်ရရှိ ပြီးဂိတ်စခန်းအား မီးရှို့ဖျက်စီးန်ိုင်ခဲ့ပါသည်။
တိုက်ခိုက်မှုအား
Burmese 21အဖွဲ့
မြင်းခြံခရိုင် အမှတ် (1/2/3/7/8)ခရိုင်တပ်ရင်းများ၊
မြင်းခြံခရိုင်ပကဖ၊
နွားထ်ိုးကြီးမြို့နယ်ပကဖ/တောင်သာမြို့နယ်ပကဖ နှင့်စဉ့်ကိုင်ပကဖ တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
တိုက်ခိုက်မှုအတွင်း ရဲဘော်တဉီးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။