The Breeze - Taiwan

The Breeze - Taiwan Nothing Special.

လုကာ ဆေးရုံသို့ The Breeze Taiwan ၏ အလှု
29/05/2026

လုကာ ဆေးရုံသို့ The Breeze Taiwan ၏ အလှု

ကရင်နီ O1 ဆေးရုံအတွက်
29/05/2026

ကရင်နီ O1 ဆေးရုံအတွက်

06/05/2026
ညောင်ဦးဖီး အတွက်
04/05/2026

ညောင်ဦးဖီး အတွက်

လက်သီး လက်မောင်းတန်းပြီးဒို့အရေး လို့အော်ခဲ့တုန်းကလည်းသူတို့ပဲ။အားကြိုးမာန်တက် လက်သုံးချောင်းထောင်ပြီးစစ်,အာဏာရှင် အလိုမ...
16/04/2026

လက်သီး လက်မောင်းတန်းပြီး
ဒို့အရေး လို့အော်ခဲ့တုန်းကလည်းသူတို့ပဲ။

အားကြိုးမာန်တက် လက်သုံးချောင်းထောင်ပြီး
စစ်,အာဏာရှင် အလိုမရှိ လို့အော်ခဲ့ကြတာလည်းသူတို့ပဲ။

တစ်နေရာရာမှာ စစ်တပ်က Bံုးကြဲလို့ အိမ်တွေပြို
လူ6သ လို့လိုင်းပေါ်တက်ပြီးဝမ်းနည်းပြတာလည်းသူတို့ပဲ။

မ င် း ‌ေ အ ာ င် လှို င် ကို
ပတ်"စက်" ဆဲခဲ့ကြတာလည်း သူတို့ပဲ။

အခုကြတော့လည်း ထမင်းလွတ် ဟင်းလွတ်
အားလုံးကိုမေ့လို့ပျော်နေလိုက်ကြတာလည်း သူတို့ပဲ။

#နွေဦးတော်လှန်ရေး_ပြီးသွားပါပြီ__❓
#မြန်မာပြည်ဘယ်တော့မှ_ဒီမိုကရေစီမရဘူး_မှတ်

၂၀၂၆ /၄/ ၁၆ရက်Facebook မှရရှိသောဝင်ငွေများကိုလှူဒါန်းခဲ့ပါတယ် #သွေးကြွေးမှာဆွေးနွေးစရာမရှိ
16/04/2026

၂၀၂၆ /၄/ ၁၆ရက်
Facebook မှရရှိသောဝင်ငွေများကိုလှူဒါန်းခဲ့ပါတယ်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ

အသုဘအိမ်ဆိုပေမယ့်ဖဲနိုင်တဲ့အိမ်ကတော့ပျော်နေမှာပဲမောင်လှမျိုး
16/04/2026

အသုဘအိမ်ဆိုပေမယ့်
ဖဲနိုင်တဲ့အိမ်ကတော့ပျော်နေမှာပဲ
မောင်လှမျိုး

08/04/2026

တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ကိုဖြိုချတာဖြစ်ပါတယ်။
- အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။
- ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။
အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်။

ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ။
ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ၊ ခံယူချက်၊ ရဲဝံ့မှု မတူတတ်ဘူး။

အသုံးဝင်ပုံလည်း မတူကြသလို အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး။ အပြေးကျွမ်းသူဟာ သူ့လောက်မပြေးနိုင်ရကောင်းလားလို့ ရေကူးကျွမ်းတဲ့ရေကူးသမားကို သွားအပြစ် တင်နေလို့မရဘူး။ ကိုယ့်အတွက် အိမ်ကွင်းဖြစ်နေပေမယ့် သူ့အတွက် အဝေးကွင်းဖြစ်ချင်ဖြစ်နိုင်တယ်။

ထင်သာမြင်သာမဟုတ်တိုင်း မရှိဘူးမထင်သင့်ဘူး။ သူ့နေရာနဲ့သူရှိပါတယ်။

ဒါကြောင့် သွေးမကွဲနဲ့၊ ကြောက်တတ်ရန်ကောလို့ အပြစ်မတင်နဲ့။ ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့ ကောင်းနေပြီ။

ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။
- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့တဲ့။

မြန်မာပြည်ကလူတွေကို ခေတ်ပျက်ကြီးထဲစစ်မှု့ထမ်း ပေါ်တာကတမျိုး မီးမလာ ဆီပြတ် စားဝတ်နေရေးတွေ ဆင်းရဲ ဘယ်လောက်တောင် ခက်ခဲစိတ်ည...
08/04/2026

မြန်မာပြည်ကလူတွေကို ခေတ်ပျက်ကြီးထဲ

စစ်မှု့ထမ်း ပေါ်တာက

တမျိုး မီးမလာ ဆီပြတ် စားဝတ်နေရေးတွေ

ဆင်းရဲ ဘယ်လောက်တောင်

ခက်ခဲစိတ်ညစ်နေကြမယ်ထင်လို့ သနားနေတာ..

အာဏာရှင် သဝေထိုးခဝစွဲ 🐕

တစ်စု စစ်အုပ်ချုပ်ရေးအောက်

ပွဲလမ်းသဘင်တွေမှာ မြန်မာပြည်ကြီးက

လူပင်လယ်လောက်ရှိတဲ့

ပြည်သူတွေ စိတ်ချမ်းသာပြီး

သာယာဝပျော်နေပါလားဆိုတဲ့

ကမ္ဘာကထင်မြင်ရတဲ့ထိ

နှာBuuuမတစ်သိုက်/စောက်Tawသားတသိုက်

ဆုတွေ အပြိုင်အဆိုင် ပျော်ပျော်ပါးပါး

အလုအယက် သိန်းကို ရာချီ

ထောင်ချီ သောင်းချီ ပေးတာမြင်..

ဒီကြားထဲ အနဲ နှင့် ဘာဘူ နှစ်ကောင်

စောင်ပြသာနာတက်တော့မှ

ရေမွှေးကလုန်းကိုတောင် သိန်း၃၀

သိန်း၄၀ပေးဝယ်နေတဲ့သူတွေပါ ထပ်တွေ့..

ကိုယ်တွေတောင် ဝယ်ရမှာ နှမြောလို့

ကိုရီးယားမှာ ရပ်ကွက်အလှကုန်ဆိုင်တွေက

စမ်းသပ်ရေမွှေးတွေ ခေါင်းလိမ်းဆီတွေကို

ဝယ်တော့မလိုလိုယောင်ယောင်နဲ့ ခပ်တည်တည်

ဝင်ဝင်စွပ် လိမ်းတာများလို့ ဆိုင်ရှင်တွေတောင်

ငါ့စောင်ခွက်ကို မှတ်မိနေပြီ..

ငုံးမ အကုန်သူဌေးတွေချည်းပဲဆိုပြီး

ကိုယ့်ကိုကိုယ် သနားမိ..လို့
😵‍💫😵‍💫😵‍💫

Address

Taipei

Website

Alerts

Be the first to know and let us send you an email when The Breeze - Taiwan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category