Forest Department - Minhla Township

Forest Department - Minhla Township Top #1 2024 | Premium Quality | Reduces Pain | Posture Correction | Even Pressure Distribution

😍Thank you for your interest in our products. In gratitude for the SUMMER  sale 2024🎄, our products are currently discou...
07/05/2024

😍Thank you for your interest in our products. In gratitude for the SUMMER sale 2024🎄, our products are currently discounted up to 60% ⚡. Get yours now -> https://bestsell.today/product/2029

Follow my acc🙏🏽
07/12/2023

Follow my acc🙏🏽

06/12/2023

Any of yall got bi***es?

 #မတူသောသစ်ပင်စိုက်ပျိုးခြင်းAfforestation နှင့် Reforestation သစ်တောတခါမှ မဖြစ်ဘူး မရှိခဲ့ဘူးသေးတဲ့ လွင်တီးခေါင်နေရာတွေ...
12/02/2020

#မတူသောသစ်ပင်စိုက်ပျိုးခြင်း
Afforestation နှင့် Reforestation
သစ်တောတခါမှ မဖြစ်ဘူး မရှိခဲ့ဘူးသေးတဲ့ လွင်တီးခေါင်နေရာတွေ တောင်ကတုန်းတွေမှာ သစ်ပင် စိုက်ပျိုး၊ သစ်တောတည်ထောင်ခြင်း က Afforestation လို့ခေါ်ပြီး ပြုန်းတီးပျက်ဆီးသွားတဲ့ သစ်တောမြေမှာ သစ်တောစိုက်ခင်းတွေ ပြန်လည်စိုက်ပျိုးပြုစုခြင်းက Reforestation လို့ခေါ်ပါတယ်။
သစ်တောမဖြစ်ထွန်းခဲ့ဘူးတဲ့နေရာမှာ သစ်တောတည်ထောင်ခြင်းဟာ အတော်ခက်ခဲပြီး ကုန်ကျစရိတ်အလွန်များပါတယ်။ တရုတ်၊ အစ္စရေး နိုင်ငံတွေက သဲကန္တာရမှာ ပြန်ပြီး ခက်ခက်ခဲခဲ စိုက်ပျိုးတာတွေလုပ်ကြပါတယ်။ ပထမဦးစွာ သစ်ပင်စိုက်ပျိုးရှင်သန်နိုင်ဖို့ မြေဆီလွှာ ရရှိအောင် နည်းမျိုးစုံနဲ့ဖန်တီးရပါတယ်၊ ပြီးရင် ရေရရှိအောင် လုပ်ကြပြီး အပင်တွေ ရေလောင်းကြရပါတယ်။ သဲကန္တာရအတွင်း တိုက်တဲ့ လေပူကြမ်းဒဏ်တွေခံနိုင်အောင် ဒဏ်ခံနိုင်တဲ့ လေကာတန်းအပင်တွေစိုက်ပြီး မှ အထဲမှာ အခြားအသုံးဝင်အပင်တွေစိုက်ကြပါတယ်။ တောင်ကိုရီးယားမှာတော့ မြေသားပါးတဲ့ တောင်ကုန်းမှာသစ်တောပြန်စိုက်နိုင်အောင် နိုင်လွန်ဇကာ ကိုတောင်ကုန်းတခုလုံးဖုံးလွှမ်းပြီး biomass တွေ စုဆောင်းဖြစ်ပေါ်နိုင်အောင် ရှေ့ဦးစွာဖန်တီးပါတယ်၊ ပြီးမှ မြေကို အခြားနေရာတွေကသယ်လာပြီး ကွန်တိုအလိုက် မြက်ပင်၊ မြေဩပင်တွေ စိုက် ကြားမှာ သစ်ပင်ကြီးမျိုးတွေစိုက်နှင့် မြေပြင်ပြီးစိုက်တာတွေ ကြည့်ဘူးပါတယ်။
၂၀၁၂ ကိုယ်တိုင် ကာတာနိုင်ငံရောက်တော့ သဲကန္တာရထဲမှာ စိမ်းလန်းအောင်စိုက်တာတွေ လေ့လာခဲ့ရဘူးပါတယ်။ ပင်လယ်ရေငံကို ရေချိုပြောင်းတဲ့စက်ရှေ့ဦးစွာတည်ထောင်ပြီး ရေမှော်တွေမွေးမြူပြီးပွားများပါတယ်။ ပြီးတော့ သစ်ပင်စိုက်မဲ့နေရာတွေမှာမြေစာအဖြစ် ထည့်ပြီးသစ်ပင်တွေစိုက်ကြပါတယ်၊ သစ်ပင်တပင်တိုင်းအတွက် ရေလောင်းပေးနိုင်ဖို့ ရေပိုက်တွေသွယ်ယူပြီး ဖြန့်ဝေပါတယ်၊ ဘီလျံနဲ့ချီပြီးအကုန်အကျများပါတယ်။
မြန်မာပြည်မှာတော့ ချောက်မြို့နယ် ဧရာဝတီမြစ်တဖက်ကမ်း ဝါဇီအရပ်မှာ ငွေစက္ကူပုံနှိပ်စက်တည်ဆောက်တဲ့အခါ လေပူတိုက်လို့ ပါလာတဲ့ သဲမှုန်တွေကြောင့်ငွေစက္ကူရိုက်ထုတ်တဲ့အခါမှာ မပျက်ဆီးရအောင် သစ်တောဦးစီးဌာနက Afforestation ဆန်ဆန် လေကာတန်းတွေစိုက်တာ၊ အရိပ်ရအပင်တွေ၊ သရက်ပင်တွေ အောင်မြင်စွာစိုက်ပျိုးခဲ့တာမှတ်သားခဲ့ဘူးပါတယ်။ တခါမှတော့ ကိုယ်တိုင်သွားရောက်မကြည့်ဘူးခဲ့ပါ။
Reforestation က afforestation ထက်လွယ်တယ်ပြောလို့ရပေမဲ့ ပြောင်းလဲလာတဲ့ရာသီဥတုအောက်မှာ ပုံမှန်စိုက်ပျိုးတဲ့ စနစ်နဲ့တော့မဖြစ်ထွန်းနိုင်ဘူးလို့ ဆင်ခြင်လေ့လာမိပါတယ်။ ပူပြင်းလွန်းတဲ့ နေဒဏ်အောက်မှာ မြင့်မားလှတဲ့ Evapotranspiration သစ်ရည်ငွေ့ပြန်ဆုံးရှုံးခြင်းတွေကို လျှော့ချနိုင်အောင် ခြုံပင်၊ အကြမ်းခံအပင်တွေကို ရောနှောပြီး လေကာတန်းတွေကို shelter belt ပတ်ပတ်လည်အနေနဲ့ရော grid အကွက်ကြီးအလိုက်သော လည်းကောင်း ရှေ့ဦးစွာ စိုက်ဖို့လိုမယ်ထင်ပါတယ်။ အတွင်းမှာ ကွန်တိုလိုင်းအလိုက် မြေဆီဩဇာစုနိုင်မဲ့ အပင်ငယ်တွေစိုက်ပြီး ရေမြေအနေအထားလိုက်လို့ moisture ရနိုင်အောင် brushwood check dam တွေတည်ဆောက်ပေးသင့်ပါတယ်၊ ဒီလို humidity ရော မြေပါ၊ ငါးနှစ်လောက်ပြင်ပြီးမှ အတွင်းမှာ အလိုရှိရာအပင်တွေစိုက်ပျိုးမှသာအောင်မြင် နိုင်မယ်လို့ အတွေ့အကြုံပေါ်အခြေခံပြီးဆင်ခြင်မိပါ တယ်၊ ဒါမှမဟုတ်လဲ မိုးရေချိန် ၂၀ နဲ့ ၄၀ ကြားရတဲ့နေရာတွေမှာ မင်ဂျန်ရှား ကို strip လိုက်အရင်စိုက်ပြီး မှ အတွင်း strip အကန့်တွေကို နှစ်အနည်းငယ်ခြား မန်ဂျင်ရှာရွက်ပုတ်မြေတွေနဲ့ ပြင်ပြီး အခြားအလိုရှိရာအပင်တွေစိုက်တာမျိုးက စီးပွားဖြစ်စိုက်ခင်းတွေအတွက်ပိုအောင်မြင်နိုင်ပါလိမ့်မယ်။ မဖြစ်မနေကတော့ water harvesting ကို နေရာတိုင်းမှာ ထည့်သွင်းပြီး moisture management လုပ်ဖို့ပါပဲ။ သစ်တောစိုက်ခင်းတွေအတွက်စိန်ခေါ်မှုက အလုပ်သမား ရရှိမှုဖြစ်တဲ့အတွက် semi mechanization ကိုထည့်စဉ်းစားမှ ဖြစ်ပြီး plantation layout နဲ့ design မှာကို ပြင်ဆင်ရပါမယ်။
ကိုယ်တိုင်သစ်ပင်မစိုက်ဖြစ်တော့တာ ၁၅ နှစ်လောက်တော့ရှိသွားပါပြီ၊ သို့သော် သွားရင်းလာရင်း တောပျက်တောင်ကုန်းတွေမြင်ရင်တော့ စိတ်ထဲမှာ အကြိမ်ကြိမ် သစ်ပင်စိုက်မိနေပါတယ်၊ ဟိုလိုလေးစိုက်လိုက် ဒီလိုလေးစိုက်လိုက်ပေါ့လေ။ ဒီလိုဆောင်းပေါက်လာရင်လည်း တောထဲတောင်ထဲသွားခြင်တဲ့ ပိုးကထလာပါတယ်။ လူတွေကတောတောင်ထဲမှာ သွားလာနေထိုင်ခြင်းက ခန္ဓာကိုယ်တွင်းက ကိုယ်ခံအားဓာတ်ကိုကောင်းစေတယ်လို့ Harvard ဆေးဆောင်းပါးတပုဒ်က ဆိုပါတယ်။ ကိုဗစ်ကာလ ကနောက်ထပ် ၁၅ရက်ဆန့်လိုက်ပြန်ပြီဆိုတော့လည်း စာရေးပြီးပဲ သစ်ပင်စိုက်လိုက်၊ တောထဲသွားလိုက် လုပ်လိုက်ပါတယ်။
Credit-Win Myo Thu

Happy Thidingyut...သီတင်းကျွတ်အခါသမယမှာမင်းလှမြို့နယ် မြို့နယ်ဦးစီအရာရှိအား သစ်တောဝန်ထမ်းများမှ စုပေါင်း၍ ဂါဝရပြု ကန်တေ...
11/01/2020

Happy Thidingyut...

သီတင်းကျွတ်အခါသမယမှာ
မင်းလှမြို့နယ် မြို့နယ်ဦးစီအရာရှိအား
သစ်တောဝန်ထမ်းများမှ စုပေါင်း၍
ဂါဝရပြု ကန်တော့🙏🙏🙏

Address

321 Oak Lane
Mountain View, CA
98765

Alerts

Be the first to know and let us send you an email when Forest Department - Minhla Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Forest Department - Minhla Township:

Share