09/20/2026
🔴 ရီမြုပ်နီသောစစ်ယှောင်လူငယ်၏ရုပ်အလောင်းအားယှာဖွီဆယ်ယူခြင်းနှင့်ကူညီပို့ဆောင်ခြင်း 🔴
(20.9.2026)
ပုဏ္ဏားကျွန်းမြို့နယ် စစ်ယှောင်စခန်းတစ်ခုတွင် ကွန်ပျူတာတက်ယင်းနီထိုင်သည့် အသက် (၂၀) အရွယ် ၊ မောင်ကျော်ကျော်ဝေ ၏ ရုပ်အလောင်းဆက်လက်ယှာဖွီရာ ဂနိ မိုးထက် (၈)နာရီ (၄၂)မိနစ်တွင် ယှာဖွီရဟိခပြီး သဂြိုလ်ရန်အတွက် မိတ္တာအားမာန်နာရီးကူညီအသင်း - ပုဏ္ဏားကျွန်းမြို့ နှင့်ပူးပေါင်းကာ ကူညီပို့ဆောင်ပီးခပါသည် ။
▪ ကူညီရီးလုပ်ငန်းတိလုပ်ဆောင်ဖို့ အလှူငွီတိလိုအပ်နီပါရေ ။ ပါဝင်လှူဒါန်းချင်ရေ အလှူသျှင်တိအနိန်နဲ့ Ponnagyun Youths Association - PYA Cb ကတစ်ဆင့်ဆက်သွယ်ပနာ ပါဝင်လှူဒါန်းနိုင်ပါရေ။
▪ အလှူငွီတိလှူဒါန်းရန် ▪
K Pay - 09896096269 (Myat Thazin)
Wave Pay - 09423259115 (Pyae Phyo Naing)
#သတင်းနှင့်ပြန်ကြားရေးကော်မတီ
#ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး