Permanent Mission of Myanmar to the United Nations

Call Directions Website Contact the organization

Permanent Mission of Myanmar to the United Nations Permanent Mission of Myanmar to the United Nations. as well as in Jamaica and Mexico. Government Organization

A consular section is attached to the Mission to provide consular services to Myanmar community living in New York, New Jersey Connecticut States in the U.S.

Regional Group Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to...
09/14/2026

Regional Group Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, in his capacity as the Chair of the Asia-Pacific Group for the month of September 2026: at the General Assembly Plenary Meeting to pay tribute to the memory of His Majesty King Harald V of Norway held on 14 September 2026

[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်

နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် ကွယ်လွန်နတ်ရွာစံခြင်းအတွက်ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော အာရှ-ပစိဖိတ်ဒေသ အုပ်စုကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်း

(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)

၁။ နော်ဝေဘုရင် ပဉ္စမမြောက်ဟာရဲလ်ဒ် (His Majesty King Harald V) ကွယ်လွန် နတ်ရွာစံခြင်းအတွက် ၎င်းအား အောက်မေ့လွမ်းဆွတ်သည့် အခမ်းအနားကို ၁၄-၉-၂၀၂၆ ရက် (တနင်္လာနေ့)၊ နံနက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကျင်းပခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ H.E. Mr. Khalilur Rahman က ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံးမှ Chef de Cabinet Mr. Courtney Rutrige က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်စား တက်ရောက်ကာ အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြပါသည်။ ထို့နည်းတူ အစဉ်အလာအရ ကုလသမဂ္ဂရှိ သက်ဆိုင်ရာ ဒေသအုပ်စုများ၏ အလှည့်ကျဥက္ကဋ္ဌများကလည်း ပါဝင်တက်ရောက်၍ အမှတ်တရ အောက်မေ့ဖွယ်စကားများ ပြောကြားခဲ့ကြပါသည်။

၃။ မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအုပ်စု၏ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခမ်းအနားသို့ တက်ရောက်၍ အုပ်စုကိုယ်စား မိန့်ခွန်းပြောကြားခဲ့ပါသည်။

၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား ပြောကြားခဲ့သည့် အုပ်စုမိန့်ခွန်း တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-

(က) အာရှ-ပစိဖိတ်ဒေသအုပ်စုအနေဖြင့် နော်ဝေဘုရင်ကြီး ပဉ္စမမြောက် ဟာရဲလ်ဒ် ကွယ်လွန် နတ်ရွာစံခြင်းအပေါ်အလွန်စိတ်အားညှိုးငယ်ရပြီး တော်ဝင်မိသားစု၊ နော်ဝေအစိုးရနှင့် နော်ဝေပြည်သူများနှင့်ထပ်တူ ဘုရင်ကြီးအား အောက်မေ့ရပါကြောင်း၊

(ခ) ဘုရင်ကြီးအနေဖြင့် မင်းစံသက် (၃၅) နှစ်တာကာလတွင် စည်းလုံးညီညွတ်မှု၊ ကရုဏာတရား ထားရှိမှုနှင့် ဂုဏ်သိက္ခာပြည့်ဝမှုတို့၏ မီးပြတိုက်တစ်ခု ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြောင်း၊ ထို့ပြင် ဘုရင်ကြီးသည် မင်းစံသက်တစ်လျှောက်တွင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် စဉ်ဆက် မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ထားကာ ကြိုးပမ်းအားထုတ်ခဲ့သည့် လုပ်ဆောင်ချက်များကြောင့် သူသည် ဥရောပဒေသ နယ်နိမိတ်များကို ကျော်လွန်၍ မိမိတို့ ဒေသတွင်းနိုင်ငံများ၏ နှလုံးသားကိုပင် လှုပ်ခတ်နိုင်ခဲ့သည့် လေးစားဖွယ် ဘုရင်တစ်ပါး ဖြစ်ခဲ့ပါကြောင်း၊

(ဂ) ထို့အတူ ဘုရင်ကြီးသည် အလွှာပေါင်းစုံ၌ရှိသော ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံခြင်းနှင့် အမြဲတစေ နှိမ့်ချဆက်ဆံခြင်းတို့ကို ပေါင်းစပ်ထားသည့် ထူးကဲသော စွမ်းရည်များကြောင့် ခေတ်သစ်တော်ဝင်စနစ်ကို အမျိုးသားရေး စိတ်သက်သာရာရမှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့၏ တည်တံ့ ခိုင်မြဲသော သင်္ကေတအဖြစ် ပြောင်းလဲ ပုံဖော်နိုင်ခဲ့ကြောင်း၊

(ဃ) ဘုရင်ကြီးအနေဖြင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်လေးစားရေးတို့အတွက် မမှိတ်မသုန်ကြိုးပမ်းခဲ့ခြင်းအပေါ် အာရှ-ပစိဖိတ်ဒေသအုပ်စု ၏ နိုင်ငံများအနေဖြင့် အလေးအနက် ဂုဏ်ပြုအောက်မေ့ရပါကြောင်း၊ ထို့အပြင် နိုင်ငံပေါင်းစုံဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုတို့အတွက်လည်း ဘုရင်ကြီး၏ အသံသည် မောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပါကြောင်း၊

(င) ဘုရင်ကြီးမှ ပြည်သူ့အကျိုးပြု လုပ်ဆောင်ခဲ့သည့်အမွေအနှစ်များနှင့် မူဝါဒခိုင်မာသော ခေါင်းဆောင်မှုတို့သည် မိမိတို့အားလုံး အတုယူလေးစားအားကျရသည့် အချက်များပင် ဖြစ်ကြောင်း၊

(စ) ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် အောက်မေ့လွမ်းဆွတ်ရသည့် အချိန်အခါတွင် မိမိတို့ အာရှ-ပစိဖိတ်ဒေသအုပ်စုအနေဖြင့် နန်းတက်ဘုရင်အသစ် ဟားကွန် (၈)၊ တော်ဝင်မိသားစုနှင့် နော်ဝေ ပြည်သူများနှင့် ထပ်တူခံစားရပါကြောင်း၊ တန်ဖိုးကြီးမားသည့် အမွေအနှစ်တစ်ခုအား အလေးထား ဂုဏ်ပြုသည့်ကာလတွင် မိမိတို့ အားလုံးအနေဖြင့် နော်ဝေနိုင်ငံနှင့် အပြည့်အဝ ရပ်တည်ပါကြောင်း။

၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ အာရှ-ပစိဖိတ်ဒေသအုပ်စုကိုယ်စား ပြောကြားခဲ့သည့် အုပ်စုမိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။

၆။ အာရှ-ပစိဖိတ်ဒေသအုပ်စုတွင် ကုလသမဂ္ဂအဖွဲ့ဝင် အာရှနှင့် ပစိဖိတ်ဒေသမှ နိုင်ငံပေါင်း (၅၅) နိုင်ငံ ပါဝင်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ တာဝန်ယူကြရပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက်ရှိပါကြောင်းလည်း ဖော်ပြအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
နယူးယောက်မြို့

*****

Regional Group Statement by Ambassador Kyaw Moe Tun,
Permanent Representative of the Republic of the Union of Myanmar to the United Nations, in his capacity as the Chair of the Asia-Pacific Group for the month of September 2026: at the General Assembly Plenary Meeting to pay tribute to the memory of His Majesty King Harald V of Norway

(Monday, 14 September 2026)

Mr. President,

Mr. Secretary-General,

Excellencies and Dear Colleagues,

In memory of His Majesty King Harald V of Norway, I have the honour to deliver this statement on behalf of the member states of the Asia-Pacific Group, in my capacity as the Chair of the group for this month.

It is with profound sadness that the Asia-Pacific Group conveys its deepest, most heartfelt condolences to the Royal Family, the Government, and the people of the Kingdom of Norway on the passing of His Majesty King Harald V.

Throughout his remarkable 35-year reign, King Harald V served as a steady beacon of unity, compassion, and dignity. He was a revered monarch whose lifelong commitment to peace, human rights, and sustainable development resonated far beyond the borders of Europe, touching the hearts of many in our own region. His unique ability to connect with people from all walks of life, combined with his unwavering humility, transformed the modern monarchy into an enduring symbol of national comfort and resilience.

The nations of the Asia-Pacific region remember with immense gratitude His Majesty's steadfast dedication to international cooperation, dialogue, and mutual respect. In an interconnected world, his voice was a consistent force for multilateralism and global solidarity. His legacy of service and his principled leadership stand as an inspiration to us all.

During this period of mourning, the Asia-Pacific Group extends its warmest sympathies to His Majesty King Haakon VIII, the Royal Family, and all Norwegians. We stand in absolute solidarity with the Kingdom of Norway as it honours a truly historic legacy.

I thank you, Mr. President.

*****
Please visit the official website of Permanent Mission of Myanmar to the United Nations: https://www.myanmarmissionnewyork.org/post/asia-pacific-group-statement-by-ambassador-kyaw-moe-tun-at-the-general-assembly-plenary-meeting-to

Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Na...
09/09/2026

Participation of Myanmar delegation led by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations, to the closing of the 80th Session of the UN General Assembly and the opening of the 81st Session of the UN General Assembly, held on 8 September 2026

[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်

(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး စတင်ကျင်းပ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိ
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်)

၁။ နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်၊ အထွေေထွေညီလာခံတွင် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံ (80thSession of the United Nations General Assembly) ပိတ်ပွဲအခမ်းအနားကို ၈-၉-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက် (၁၁၀၀) နာရီအချိန်၌ ကျင်းပခဲ့ပါသည်။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ (81st Session of the United Nations General Assembly) ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ယင်းနေ့မွန်းလွဲပိုင်း (၁၅၀၀) နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

၂။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံပိတ်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် H.E. Mr. António Guterres က ယခုကာလများတွင် လူသားဆန်မှုအပေါ် ကြီးလေးသော စိန်ခေါ်မှုများ ကျရောက်နေပြီး ပျက်စီးဆုံးရှုံးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် သေကြေမှုများ ဖြစ်ပေါ်နေချိန်၌ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ၏ သဘာပတိဖြစ်သူ H.E. Ms. Annalena Baerbock အနေဖြင့် ညီလာခံ ကာလတစ်လျှောက်ပြည့်ဝသော ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သည့်အပေါ် အသိအမှတ်ပြုသည့် ဂုဏ်ပြုချီးမွမ်းစကား ပြောကြားခဲ့ပါသည်။

၃။ H.E. Ms. Annalena Baerbock ကလည်း (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံကာလအတွင်း ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး၊ ပဋိညာဉ်အား ထိန်းသိမ်းကာကွယ်ခြင်းနှင့် အတွင်းရေးမှူးချုပ်အသစ် ရွေးချယ်သည့်လုပ်ငန်းစဉ်တို့အား ဦးစားပေး (၃) ရပ်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးများအား အကာအကွယ်ပေးရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရေးရာကိစ္စရပ်များ၊ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ အပြန်အလှန် အားဖြည့်ပေးခြင်းနှင့် ကုလသမဂ္ဂ ၏မဏ္ဍိုင်များအား စောင့်ရှောက်ခြင်းတို့ကို အလေးထားလုပ်ဆောင်ခဲ့ခြင်းတို့အား ပြန်လည်သုံးသပ် မှတ်ကျောက်တင် ပြောကြားခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အတူတကွ ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ကာ ပြည်သူများကို ဗဟိုပြုသည့် ဆုံးဖြတ်ချက်များ ချမှတ်လျှင် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖော်ဆောင်နိုင်မည်ဟု ၎င်း၏ “Better Together” theme နှင့်အညီ အပိတ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

၄။ ထို့နောက် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Khalilur Rahman က ကုလသမဂ္ဂကျင့်ထုံးနှင့်အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Ms. Annalena Baerbock ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ပါသည်။

၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအကုန်အထိ ကျင်းပပြုလုပ်ခဲ့သည့် Main Part of the Session ကာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းမှ စက်တင်ဘာလ (၇) ရက်နေ့အထိ ပြုလုပ်ခဲ့သော Second Part of the Session ကာလအတွင်း အထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးများနှင့် ကုလသမဂ္ဂ ပင်မကော်မတီ(၆)ခု၏အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

၆။ ထို့ပြင် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးများ၊ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးများနှင့် အဆိုပါကောင်စီအောက်မှ ကျင်းပခဲ့သည့် အစည်းအဝေးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ ပုံမှန်အစည်းအဝေးများနှင့် ဖွံ့ဖြိုးမှု၊ ကလေးသူငယ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များစသည့် ဘာသာရပ်များနှင့် ဆက်စပ်အစည်းအဝေးများ၊ Side Event များသို့လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလတလျှောက်လုံးအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မိန့်ခွန်းပေါင်း (၈၀) ကျော် ပြောကြားခဲ့ပါသည်။

၇။ မိန့်ခွန်းများတွင် ဘာသာရပ်များနှင့် ဆက်စပ်၍ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုမှ တရားမဝင် စစ်အာဏာသိမ်းခဲ့သည့်အချိန်မှ စတင်၍ မြန်မာပြည်သူ လူထုတစ်ရပ်လုံးအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ၊ ချိုးဖောက်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှုများ၊ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ရှောင်တိမ်းနေခြင်းများနှင့် ပြည်သူအများ ကြုံတွေ့ခံစားနေရမှု စသည်တို့ကို အလေးအနက်အထား ပြောကြားခဲ့ပါသည်။ ထို့နည်းတူစွာပင် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ထင်ဟပ်ပြောကြားခဲ့ပါသည်။

၈။ ၈-၉-၂၀၂၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ H.E. Mr. Khalilur Rahman က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း (၆၂) အရ (၁) မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ၎င်းအနေဖြင့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း၌ “Restoring trust, managing transformation: A United Nations that delivers for all” ဟူသော မျှော်မှန်းချက်ဖြင့် ငြိမ်းချမ်းရေးနှင့်၊ လုံခြုံရေး၊ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးမှု၊ ရာသီဥတုဒဏ် ကြံ့ခိုင်ရေး၊ လူ့အခွင့်အရေး၊ နည်းပညာ အုပ်ချုပ်စီမံခန့်ခွဲမှုနှင့် ဘက်ပေါင်းစုံ ပြုပြင်ပြောင်းလဲရေးတို့ကို ဦးစားရေး (၆) ရပ်အနေဖြင့် ဖော်ဆောင်သွားမည်ဟု အလေးထား ပြောကြားခဲ့ပါသည်။

၉။ ထို့နောက် အဖွဲ့ဝင်(၉) နိုင်ငံ ပါရှိရမည့် Credentials Committee အား ဘဟားမားစ်၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဂျမေကာ၊ ရုရှားဖယ်ဒရေးရှင်း၊ ဗန်ဝါးတူး၊ ယူဂန်ဒါနှင့် အမေရိကန် ပြည်ထောင်စုတို့ဖြင့် ခန့်အပ်ဖွဲ့စည်းခဲ့ပါသည်။

၁၀။ ထို့ပြင် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများအား ထိုင်ခုံနေရာချထားမှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက် A/RES/71/323 ပါ စာပိုဒ် (၄၂) နှင့်အညီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ မဲနှိုက်ပေးခဲ့ပြီး၊ ရရှိလာသည့် ရလဒ်အရ မော်ရိုကိုနိုင်ငံဖြင့် စတင်ပြီး နိုင်ငံများအား အင်္ဂလိပ်အက္ခရာစဉ်အတိုင်း နေရာချထားပါကြောင်း ဖော်ပြအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
နယူးယောက်မြို့

Please visit the official website of Permanent Mission of Myanmar to the United Nations: https://www.myanmarmissionnewyork.org/post/participation-of-myanmar-delegation-to-the-closing-of-the-80th-unga-and-the-opening-of-the-81st-unga

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nat...
08/27/2026

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the High-Level Open Debate of the United Nations Security Council on “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises”, held on 26 August 2026

[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်

စားနပ်ရိက္ခာအကျပ်အတည်းနှင့် စပ်လျဉ်း၍ “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises” ခေါင်းစဉ်ဖြင့် ကျင်းပသည့် လုံခြုံရေးကောင်စီ တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခြေခံကုန်စည်များ၊ ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ဆိုးရွားနေပြီးဖြစ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် စားနပ်ရိက္ခာမဖူလုံမှု အခြေအနေတို့ကို ပိုမို ခက်ခဲစေလျက်ရှိ၊

စစ်အုပ်စုအနေဖြင့် လယ်ယာများ၊ ကောက်ပဲသီးနှံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအရင်းအနှီးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဈေးတန်းများကို ဗုံးကျဲတိုက်ခိုက်ခြင်းတို့မှာ ၎င်းတို့၏ အရက်စက် အကြမ်းကြုတ်ဆုံးသော၊ လူသားမဆန်သော ဖြတ်လေးဖြတ်မဟာဗျူဟာဖြစ်၊

အရပ်သားပြည်သူများအား ခွဲခြားခြင်းမရှိ အကြမ်းဖက်နေခြင်းက အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၏ လက်သည်ပင်ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် သာယာဝပြောရေးတို့အပေါ် ကြီးလေးစွာ ယှဉ်တွဲ သက်ရောက်လျက်ရှိ၊

စစ်အုပ်စုအား အလျှော့ပေးလိုက်လျောခြင်းနှင့် ၎င်းတို့နှင့် မလျော်ကန်သော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းက ရာဇဝတ်သား စစ်အုပ်စုအား ပိုမိုရဲတင်းစေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်ကျူးလွန်စေရန် တွန်းအားပေးရာရောက်၊

စစ်အုပ်စုအနေဖြင့်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမြဲတစေ လက်နက်သဖွယ် အသုံးချပြီး ဒုက္ခရောက်သည့် အသိုက်အဝန်းများထံသို့ အဆိုပါအကူအညီများ မရရှိစေရန်နှင့် မပို့ဆောင်နိုင်ရန် နှောင့်ယှက်တားဆီးလျက်ရှိ၊

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံချမှတ်ပေးရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ဖြတ်တောက်ရန် အလေးအနက် တောင်းဆို၊

မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာ မဖူလုံမှုသည် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ ကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများက တိုက်ရိုက်ဖန်တီးသည့် နောက်ဆက်တွဲ ဆိုးကျိုးများပင်ဖြစ်၊

ရေတို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းက ရေရှည် နိုင်ငံရေးနည်းလမ်းများကို အစားထိုးနိုင်မည် မဟုတ်သကဲ့သို့ ပဋိပက္ခ၏ အပေါ်ယံလက္ခဏာများကို ကုစားခြင်းကလည်း ပဋိပက္ခ ဖြစ်ပေါ်စေသည့် အဓိကဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကို အစားထိုးနိုင်မည်မဟုတ်သည့်အချက်ကို မိမိတို့ကောင်းစွာ သတိချပ်ရမည်ဖြစ်၊

မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မဖူလုံသည့် ပြဿနာနှင့် အရပ်သား ပြည်သူလူထုအား သဘာဝနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ၏ ရန်စွယ်မှ ကယ်တင်နိုင်ရန် စိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက် ဒီမိုကရေစီအင်အားစုများအနေဖြင့်
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့

(နယူးယောက်မြို့၊ ၂၀၂၆ခုနှစ်၊ သြဂုတ်လ ၂၆ ရက်)

၁။ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လအတွက် ဒိန်းမတ်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်အောက်မှ “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises” ခေါင်းစဉ်ဖြင့် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေသော စားနပ်ရိက္ခာ အကျပ်အတည်းအား ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို ၂၅-၈-၂၀၂၆ ရက်နှင့် ၂၆-၈-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။

၂။ အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ World Food Program ၏ Acting Executive Director နှင့်အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားပြုအဖြစ် Action Against Hunger မှ Co-CEO တို့က ဆွေးနွေးသူများအဖြစ် ပါဝင်ခဲ့ကြပြီး စားနပ်ရိက္ခာ မဖူလုံမှု အကျပ်အတည်း၏ အန္တရာယ်ရှိမှုကို မီးမောင်းထိုး ပြောကြားကာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၄၁၇) အား ပြည့်ဝစွာနှင့် အချိန်မဆိုင်းဘဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် ဆာဟဲလ်ဒေသ၊ ဆူဒန်၊ ဟေတီ၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဂါဇာဒေသ၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ စသည့်နေရာများတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်သည့် ဝန်ထမ်းများပင် ဝန်ဆောင်မှုပေးအပ်ခြင်းမှ တားမြစ်ခံနေရခြင်းနှင့် UN Hunger Hotspot နောက်ဆုံးထုတ် အစီရင်ခံစာ၌ ပဋိပက္ခနှင့် အကြမ်းဖက်မှုတို့အား ငတ်မွတ်ခေါင်းပါးမှုများ အဓိကဖြစ်ပေါ်စေသည့် အကြောင်းအရင်းခံများ အဖြစ် ဖော်ပြထားသောကြောင့် ရှက်စဖွယ် သမိုင်းအဖြစ် မှတ်တမ်းတွင်လာခဲ့ကြောင်း၊ စားနပ်ရိက္ခာ မဖူလုံမှု အကျပ်အတည်းအတွက် အကောင်းဆုံးအကာအကွယ်မှာ ငြိမ်းချမ်းရေးဖြစ်သကဲ့သို့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန် ဆာလောင်ငတ်မွတ်မှု ကင်းမဲ့နေရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၈၀) ကျော်ကလည်း တက်ရောက်၍ မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါသည်။

၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အနေဖြင့် ၂၆-၈-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြုလုပ်သည့် အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က) ၂၀၂၅ ခုနှစ်တွင် လူသန်းပေါင်း (၁၄၇) သန်း စားနပ်ရိက္ခာဖူလုံမှုမရှိခဲ့ခြင်းမှာ ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် ဖြစ်ကြောင်း၊

(ခ) ဒေသတွင်း ပဋိပက္ခများနှင့် ပဋိပက္ခများ က လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ပင်မနေရာများမှ ကျော်လွန်ကာ သက်ရောက်မှုရှိလာပြီး ကမ္ဘာ့စားနပ်ရိက္ခာ၊ စွမ်းအင်၊ စိုက်ပျိုးရေးသုံးပစ္စည်းများ ထုတ်လုပ်တင်သွင်းမှုတို့ကို ဟန်ချက်ပျက်စေပြီး စားနပ်ရိက္ခာ မဖူလုံမှုကို အလွန်အမင်း ဆိုးရွားစေ သည်မှာ ဧကန်မလွဲဖြစ်ကြောင်း၊ ထိုသို့သောအခြေအနေများ ဆက်လက် ဖြစ်ပွားမည်ဆိုလျှင် ထပ်တိုး လူဦးရေ (၄၅) သန်းအနေဖြင့် စားနပ်ရိက္ခာ မဖူလုံမှုနှင့် ရင်ဆိုင်ရမည့် အန္တရာယ် ရှိကြောင်း၊

(ဂ) သို့ဖြစ်ရာ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စားနပ်ရိက္ခာစနစ်များအား ပိုမိုကြံ့ခိုင်မှုရှိစေပြီး နောင်အနာဂတ် ပထဝီနိုင်ငံရေးဆိုင်ရာ ရိုက်ခတ်မှုများကြောင့် ဖြစ်ပေါ် လာနိုင်ချေရှိသော ကမ္ဘာ့အငတ်ဘေး၏ဆိုးကျိုးသက်ရောက်မှုကိုပါ လျော့နည်းစေမည့် ရေရှည်ကာလအား ရှေးရှုသောချဉ်းကပ်မှုကို မဖြစ်မနေကျင့်သုံးသွားရန် အလွန်အရေးကြီးကြောင်း၊

(ဃ) ထို့ပြင်ဟော်မုဇ်ရေလက်ကြားအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ကုန်စည်များချောမွေ့စွာ စီးဆင်းနိုင်ရန် ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ယန္တရား၏ ပံ့ပိုးပေးမှုနှင့် စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအတွက်လည်း မိမိတို့အနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အား ကျေးဇူးတင်ရှိပါကြောင်း၊

(င) အလွန်အချက်အချာကျသည့် ပင်လယ်ရေကြောင်းစင်္ကြံတွင် ကာလရှည်ကြာစွာ အတားအဆီးများ ဖြစ်ပေါ်နေခြင်းက ထိရှအလွယ်ဆုံးဖြစ်သည့်နေရာများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ပဋိပက္ခဒဏ်သင့်နေရာများအပေါ်တွင် အချိုးမညီမျှသော ထိခိုက်သက်ရောက်မှု ရှိကြောင်း၊

(စ) အခြေခံကုန်စည်များ၊ ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် မြန်မာ နိုင်ငံ၌ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်မှစတင်၍ ဆိုးရွားနေပြီးဖြစ်သော လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကျပ်အတည်းနှင့် စားနပ်ရိက္ခာမဖူလုံမှုအခြေအနေတို့ကို ပိုမို ခက်ခဲစေလျက်ရှိကြောင်း၊

(ဆ) သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိသော စားနပ်ရိက္ခာ အကျပ်အတည်းအား လျော့ပါးစေရန် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၁၇ (၂၀၁၈ ခုနှစ်) နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂ ခုနှစ်) တို့နှင့်အညီ ခိုင်မာသော အရေးယူ လုပ်ဆောင်ချက်များအား ဖော်ဆောင်ပေးရန် အောက်ပါအတိုင်း အကြံပြုလိုပါကြောင်း -

(၁) ပထမဦးစွာ စစ်အုပ်စုအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ တွင် ပြဋ္ဌာန်းထားသည့်တာဝန်များအား လိုက်နာမှုရှိစေရေးတောင်းဆိုရန် - စစ်အုပ်စုသည် စားသောက်ကုန်စည်ထုတ်လုပ်မှုနှင့် အရပ်သားပြည်သူလူထု၏ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သော အများပြည်သူသုံးကုန်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလျက်ရှိကြောင်း၊

၎င်းတို့အနေဖြင့် လယ်ယာများ၊ ကောက်ပဲသီးနှံများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အရင်းအနှီးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဈေးတန်းများကို ဗုံးကျဲတိုက်ခိုက်ခြင်းတို့မှာ ၎င်းတို့၏ အရက်စက် အကြမ်းကြုတ်ဆုံးသော၊ လူသားမဆန်သော ဖြတ်လေးဖြတ်မဟာဗျူဟာ ဖြစ်ကြောင်း၊

ထို့ပြင် စစ်အုပ်စုမှ အရပ်သားပြည်သူများအားခွဲခြားခြင်းမရှိ အကြမ်းဖက်နေခြင်းက အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၏ လက်သည်ပင်ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် သာယာ ဝပြောရေးတို့အပေါ် ကြီးလေးစွာ ယှဉ်တွဲ သက်ရောက်လျက်ရှိကြောင်း၊

ထို့ကြောင့် စစ်အုပ်စုအား အလျှော့ပေးလိုက်လျောခြင်းနှင့် ၎င်းတို့နှင့် မလျော်ကန်သော ထိတွေ့ဆက်ဆံမှုများပြုလုပ်ခြင်းက ရာဇဝတ်သားစစ်အုပ်စုအား ပိုမိုရဲတင်းစေပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများတိုးမြှင့်ကျူးလွန်စေရန် တွန်းအားပေးရာရောက်ခြင်းထက် မပိုကြောင်း၊

(၂) ဒုတိယအချက်အနေဖြင့် စစ်အုပ်စုအပေါ်၌ ထိုက်သင့်သော အရေးယူ ဆောင်ရွက်ချက်များ ချမှတ်ရန် - စစ်အုပ်စုအနေဖြင့်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို အမြဲတစေ လက်နက်သဖွယ်အသုံးချပြီး ဒုက္ခရောက်သည့် အသိုက်အဝန်းများထံသို့ အဆိုပါအကူအညီများ မရရှိစေရန်နှင့် မပို့ဆောင်နိုင်ရန် နှောင့်ယှက်တားဆီးလျက် ရှိကြောင်း၊

မကြာသေးမီကပင် စစ်အုပ်စုအနေဖြင့် စစ်ဆေးရေးဂိတ်များတွင် အခြေခံကျသော လူသားစာနာ ထောက်ပံ့ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရေဘေးသင့်နေသည့် ပြည်သူ များအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် သာမာန် ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခဲ့သည့် သာဓကဖြစ်စဉ်များ ရှိကြောင်း၊

ယခင်ကလုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များရရှိရေးနှင့် ပို့ဆောင်ရေးတို့အား အဟန့်အတားဖြစ်စေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ကြောင်း၊

သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာနောက်ဆက်တွဲ ဆုံးဖြတ်ချက် ထပ်မံ ချမှတ်ပေးရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ် နည်းပညာများ ဖြတ်တောက်ရန် အလေးအနက် တောင်းဆိုကြောင်း၊

(၃) တတိယအချက်အနေဖြင့် ကြိုတင်သတိပေးသည့် ယန္တရားများကို လက်တွေ့ အကောင်အထည်ဖော်ရန် - ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization– FAO) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme – WFP) တို့အနေဖြင့် ယခုနှစ် သြဂုတ်လလျှင် မြန်မာနိုင်ငံ တွင် လူဦးရေ (၁၂.၄) သန်းစားနပ်ရိက္ခာ မလုံလောက်၍ အငတ်ဘေးသင့်နိုင်ပြီး IPC Phase 3 သို့ ယင်းအဆင့်နှင့် အထက်သို့ ကျရောက်နိုင်ကြောင်း၊ အဆိုပါ လူဦးရေအနက် (၁) သန်းခန့်မှာ အရေးပေါ် IPC Phase 4 အဆင့်အတွင်း ကျရောက်နိုင်ကြောင်း ခန့်မှန်းကာ သတိပေးထားကြောင်း၊

ယခုနှစ် စက်တင်ဘာလတွင် ကလေးသူငယ် (၃၆၀,၀၀၀) ခန့် အာဟာရချို့တဲ့သည့် အခြေအနေသို့ စိုက်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊

ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ လုံခြုံရေးကောင်စီထံသို့ မဆိုင်းမတွ အစီရင်ခံခြင်း အပါအဝင် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၄၁၇ ၏ ကြိုတင်သတိပေးရေးယန္တရားကို ကမ္ဘာ့အာရုံစူးစိုက်မှု တိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံအခြေအနေအပေါ် အရေးယူဆောင်ရွက်ရေးတို့အတွက် ထပ်လောင်းအားပြုရမည်ဖြစ်ကြောင်း၊

(ဇ) လက်နက်ကိုင်ပဋိပက္ခက စားနပ်ရိက္ခာမဖူလုံမှုအား ခြိမ်းခြောက်လာလျှင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၄၁၇ ပါ ကတိကဝတ်များအား ထိရောက်သော အရေးယူလုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲခြင်းက အရေးအကြီးဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံအနေဖြင့် အလေးထား သုံးသပ်ကြောင်း၊

(ဈ) မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာမဖူလုံမှုသည် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စုမှ ကျယ်ပြန့်စွာ ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများက တိုက်ရိုက်ဖန်တီးသည့် နောက်ဆက်တွဲ ဆိုးကျိုးများပင် ဖြစ်ကြောင်း၊

(ည) ရေတို လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းက ရေရှည် နိုင်ငံရေး နည်းလမ်းများကို အစားထိုးနိုင်မည် မဟုတ်သကဲ့သို့ ပဋိပက္ခ၏ အပေါ်ယံလက္ခဏာများကို ကုစားခြင်းကလည်း ပဋိပက္ခဖြစ်ပေါ်စေသည့် အဓိကဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းကို အစားထိုးနိုင်မည် မဟုတ်သည့်အချက်ကို မိမိတို့ ကောင်းစွာ သတိချပ်ရမည် ဖြစ်ကြောင်း၊

(ဋ) မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မဖူလုံသည့် ပြဿနာနှင့် အရပ်သား ပြည်သူလူထုအား သဘာဝနှင့် လူဖန်တီးသော ဘေးအန္တရာယ်များ၏ ရန်စွယ်မှ ကယ်တင်နိုင်ရန် စိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်ဒီမိုကရေစီအင်အားစုများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအောက်မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊

(ဌ) သို့ဖြစ်ပါ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် မြန်မာ ပြည်သူများမှ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး စုပေါင်းလုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာအသိုက်အဝန်းမှ ဝိုင်းဝန်း ပံ့ပိုးကူညီပေးကြပါရန် မိမိအနေဖြင့် တိုက်တွန်း တောင်းဆိုပါကြောင်း။

၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊
နယူးယောက်မြို့

Please check against delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the High-Level Open Debate of the United Nations Security Council on “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises”

(New York, 26 August 2026)

Mr. President,

At the outset, I wish to congratulate Denmark on assuming the Presidency and thank you for convening this high-level open debate.

I also thank the UN Secretary-General for his remarks and the Acting Executive Director for WFP and the civil society representative for their insightful briefings.

Mr. President,

Conflict and insecurity remain the primary drivers of acute food insecurity for 147 million people in 2025.

No doubt, the impact of regional conflicts and conflicts in general has extended beyond the immediate area of hostilities, disrupting global food, energy, agricultural supply chains, and exacerbating food insecurity.

An additional 45 million people are at risk of facing acute food insecurity if the situation remains protracted.

It is imperative that the UN, the Security Council, and Member States take a forward-looking approach to secure more resilient food systems and mitigate the impact of future geopolitical shocks on global hunger.

At the same time, we thank the Secretary-General for his recent updates on the UN task force mechanism to facilitate the movement of goods for humanitarian purposes through the Strait of Hormuz.

Mr. President,

The prolonged disruption in a critical maritime corridor has a disproportionate impact on the most vulnerable, particularly those in the least developed countries and conflict-affected situations.

The rising price of commodities, fertilizers and fuel is compounding the already-dire humanitarian situation and food insecurity in Myanmar since the illegal military coup.

Against this backdrop, I wish to recommend the following concrete measures to the Council to mitigate the food crisis in Myanmar in line with Resolution 2417 (2018) as well as with Resolution 2669 (2022).

First, demand the military junta to comply with their IHL obligations – the military has been deliberately targeting civilian objects necessary for food production and indispensable to the survival of the civilian population. Burning down farms, crops, livestock, agricultural assets and airstrikes over markets constitute their brutal and inhumane “four cuts” strategy.

Indiscriminate violence against civilians by the military has been the biggest driver of forced displacement, with devastating impacts on agricultural production and livelihoods across the country.

Appeasement and unwarranted engagements with the military junta have only emboldened the latter to perpetrate more violations against civilians, which brings me to my next point.

Second, enforce appropriate measures against the military junta –the military junta has consistently weaponized humanitarian assistance by obstructing its access and delivery to affected communities.

As a recent example, the junta was confiscating essential supplies at checkpoints and arresting civilians for food relief efforts to flood victims in central Myanmar.

Previously, the Council adopted sanction measures on individuals and entities obstructing the delivery of or access to humanitarian assistance.

As such, I urge the Council to produce a follow-up resolution on Myanmar and call upon Member States to cease the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta.

Third, operationalize the early warning mechanisms – FAO and WFP warned that a total of 12.4 million peoplein Myanmar are projected to face high levels of acute food insecurity (IPC Phase 3 or above) by August, including almost 1 million people in Emergency (IPC Phase 4).

Around 360,000 children are expected to be acutely malnourished by September this year.

Accordingly, the early warning mechanisms of Resolution 2417 must be leveraged for renewed global attention and action on the situation in Myanmar, including the swift reporting by the Secretary-General to the Council.

In conclusion, Mr. President, Myanmar underscores the utmost importance of translating the commitments of Resolution 2417 into effective actions when armed conflict threatens food insecurity.

Conflict-induced food insecurity in Myanmar is the direct consequence of the military coup and their widespread campaign of violence.

We all have to be mindful that Short-term humanitarian support cannot replace long-term political resolutions, and repairing the symptoms of the conflict cannot substitute for addressing the root cause of the conflict.

Mr. President,

Despite facing challenges, the National Unity Government (NUG) and allied democratic forces are coordinating through the Steering Council for the Emergence of a Federal Democratic Union (SCEF), to address food insecurity and help alleviate the civilian population from natural and man-made disasters.

I urge the international community to support the SCEF and the people of Myanmar in their collective efforts to eradicate the military dictatorship and build a federal democratic union.

I thank you.

*****
Please visit the official website of Permanent Mission of Myanmar to the United Nations: https://www.myanmarmissionnewyork.org/post/statement-by-ambassador-kyaw-moe-tun-at-the-high-level-open-debate-of-the-united-nations-security-c

Address

10 East 77th Street
New York, NY
10075

Opening Hours

Monday 9:30am - 1pm
Wednesday 9:30am - 1pm
Friday 9:30am - 1pm

Telephone

+12127441271

Alerts

Be the first to know and let us send you an email when Permanent Mission of Myanmar to the United Nations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Permanent Mission of Myanmar to the United Nations:

Shortcuts

Share