05/02/2024
၁.၅.၂၀၂၄ရက်နေ့တွင်ကျဆရာက်ခဲ့သည့်(၁၃၄)ကြိမ်မြှောက်အလုပ်သမားမေဒေးနေ့တွင် အလုပ်သမားများနစ်နာဆုံးရှုံးလျှက်ရှိနေသည့် အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးသွားရန်နှင့်၂၀၁၃ခုနှစ်အလုပ်အကိုင်နှင့်ကျွမ်းကျင်ဖွံ့ဖြိုးတိုးတတ်ရေးဥပဒေအားလေးစားလိုက်နာမှုမရှိသည့်အလုပ်ရှင်များကိုထိရောက်စွာအရေးယူဆောင်ရွက်ပေးသွားရန်နှင့်အလုပ်သမားဘက်မှအားနည်းသော(၃)ပွင့်ဆိုင်အငြင်းပွားမှုဖြေရှင်းရေးယန္တရားအားအလိုမရှိကြောင်း၊အလုပ်သမားများအားမျက်ကွယ်ပြုထားတာရပ်တန့်ပေးရေး၊အလုပ်သမားများရဲ့လူနေမှုဘ၀မြှင့်မားဖို့အနည်းဆုံးအခကြေးငွေပြောင်းလှဲသတ်မှတ်ပေးဖို့၊အောက်ခြေရှိ၀န်ထမ်းများကိုငဲ့ကြည့်ကြပါအုန်းဆိုသည့် စသည့်အကြောင်းအရာများကိုဆိုင်းဘုတ်ကိုင်ဆွဲကာနိုင်ငံတော်မှပြုပြင်ပြောင်းလှဲမှုပြုလုပ်ပေးနိုင်ရန် အလုပ်သမားများမှကိုယ်တတ်နိုင်သည့်ဘက်မှကြိုးစားအားထုတ်ပြသခဲ့ကြပါသည်။