08/06/2025
❐ လော့စ်အိန်ဂျယ်လိစ်တွင် လဝက ဖမ်းဆီးမှုကြောင့် ဆန္ဒပြမှုများဖြစ်ပွား၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်။
ဇွန် ၈၊ ၂၀၂၅။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့၌ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE) ၏ ဖမ်းဆီးမှုများကြောင့် ဇွန်လ ၆ ရက်မှ စတင်ကာ ဆန္ဒပြမှုများ ပြင်းထတ်စွာ ဖြစ်ပွားလျက်ရှိသည်။
ICE သည် မြို့တော်အတွင်းရှိ မိသားစုဝင်များ၊ အလုပ်သမားများအား လူဝင်မှုဥပဒေချိုးဖောက်မှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုတို့ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
ယင်းဖမ်းဆီးမှုများအပေါ် မကျေနပ်သော ပြည်သူအစုအဝေးများသည် ICE ရုံး၊ ဖက်ဒရယ်အဆောက်အဦးများနှင့် မြို့တော်လမ်းမကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
သို့သော် ဇွန် ၇ ရက်တွင် ဆန္ဒပြမှုများသည် တဖြည်းဖြည်း ပြင်းထန်လာခဲ့ တချို့က ယာဉ်မီးရှို့ခြင်း၊ အများသုံးအဆောက်အဦးများ ဖျက်ဆီးခြင်းစသည်တို့ကို ပြုလုပ်ခဲ့ကြကြောင်း အမေရိကန်သတင်းဌာနများက ဆိုသည်။
ရဲတပ်ဖွဲ့များနှင့် ICE အဖွဲ့ဝင်များက ဆန္ဒပြလူအုပ်ကြီးအတွင်း မျက်ရည်ယိုဓာတ်ငွေ့ဗုံးများ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
တဖက်တွင်လည်း ဤကဲ့သို့ ပြင်းထန်သောအခြေအနေများအပေါ် စိုးရိမ်မှုရှိလာသဖြင့် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၂၀၀၀ ကို ချက်ချင်းပေးပို့ရန် သမ္မတ Donald Trump က ဖက်ဒရယ်အမိန့်ဖြင့် ကြေညာခဲ့သည်။
လတ်တလောအချိန်တွင် ဖမ်းဆီးခံရသူဦးရေမှာ ၁၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဆန္ဒပြမှုများမှာလည်း ဆက်လက်ဖြစ်ပွားဆဲ ဖြစ်သည်။
- မင်းဘုန်း (စာတည်း - ဇီးကွက်)
#အမေရိကန် #လော့စ်အိန်ဂျယ်လိစ် #ဒေါ်နယ်ထရမ့် #ဆန္ဒပြ
#ဆီသို့
-------------------------------------
Subscribe to us on;
Telegram >>> https://t.me/towardsweeklynews
SoundCloud >>> https://soundcloud.com/towards-podcast
YouTube >>> https://www.youtube.com/-Towards-Media
Website >>> http://towardsmedia.info