Click For PDF

  • Home
  • Click For PDF
Call Directions Website

Click For PDF 🌟💌ပြည်သူမှ ပြည်သူသို့💌🌟
💓 Click လုပ်ပ?

မွန်တပ်၂ တပ်ပေါင်း၍ ရာမညမွန်တပ်တော် ဖွဲစည်း
24/05/2025

မွန်တပ်၂ တပ်ပေါင်း၍ ရာမညမွန်တပ်တော် ဖွဲစည်း

မွန်တော်လှန်ရေးတပ်များဖြစ်သော NMSP(AD)နှင့် MLAပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် ဖွဲစည်း
24/05/2025

မွန်တော်လှန်ရေးတပ်များဖြစ်သော NMSP(AD)နှင့် MLAပေါင်းစည်းပြီး ရာမညမွန်တပ်တော်အဖြစ် ဖွဲစည်း

08/04/2025

RIP

လားရှိးမြိုတွင်းကနေ ကိုးကန့်တပ်များ ဧပြီလ (၂၁)ရက်နေ့ ဆုတ်ခွါမည်ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြိုတွင်းမှ ကိုးကန့်(MNDA...
04/04/2025

လားရှိးမြိုတွင်းကနေ ကိုးကန့်တပ်များ ဧပြီလ (၂၁)ရက်နေ့ ဆုတ်ခွါမည်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြိုတွင်းမှ ကိုးကန့်(MNDAA)တပ်များ ၂၀၂၅ခုနှစ် ဧပြီလ(၂၁) ရက်နေ့ ပြန်ဆုတ်ခွါမည်ဟု MNDAA သတင်းအရင်းအမြစ်ထံမှ သိရသည်။၊

MNDAA တပ်များ ပြန်လည်ဆုတ်ခွါပြီးနောက် ဧပြီလ(၂၂)ရက်နေ့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာများက ဝင်ရောက်ထိန်းချုပ်မည်ဖြစ်သည်ဟု MNDAA သတင်းအရင်းအမြစ်က Tachileik News Agencyကို ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် နေ့လည်ပိုင်းတွင် ပြောသည်။

ထွက်ပေါ်လာသည့် သတင်းများအရ စစ်ကောင်စီသည် လားရှိးမြိုတွင်းကို ပြန်ယူသော်လည်း လားရှိးမြိုအနီးရှိ နေရာများကို MNDAA က သိန္နီခရိုင်အတွင်းထည့်ထားသည်ဟု ဆိုသည်။

ဒီလထဲမှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ရှိတယ် (၁)ကြိမ်ကမုန်တိုင်းငယ်အဆင့်ရောက်မယ်လို့ (၂၈.၃.၂၀၂၅)ရက်ကတည်းက မိုး/ဇလ ကကြိုတင်ခ...
01/04/2025

ဒီလထဲမှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ရှိတယ်
(၁)ကြိမ်ကမုန်တိုင်းငယ်အဆင့်ရောက်မယ်လို့ (၂၈.၃.၂၀၂၅)ရက်ကတည်းက မိုး/ဇလ ကကြိုတင်ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်
မုန်တိုင်းတစ်ခုဖြစ်လာဖို့ အဆင့်အဆင့်ဖြတ်ကျော်ရသေးတယ်
လေဖိအားနည်းရပ်ဝန်းဖြစ်ပြီးမှသာ မုန်တိုင်းဖြစ်/ မဖြစ်ရယ်မုန်တိုင်းလမ်းကြောင်းကို သေချာခန့်မှန်းလို့ရတာ
ဘာဖြစ်လို့လဲဆိုရင် မုန်တိုင်းတွေက မာယာများပါတယ်
အနီးကပ်မှ ပင်လယ်ထဲမှာ ပျက်ပြယ်သွားတာတို့ မုန်တိုင်းလမ်းကြောင်းပြောင်းသွားတာတို့ ဖြစ်တတ်လို့ပါ
အခုက လေဖိအားနည်းရပ်ဝန်းတောင်မဖြစ်သေးပါဘူး
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးတွေရွာတာတော့ရှိပါမယ်
❌မုန်တိုင်းက ဧရာဝတီတိုင်းထဲကို ဦးတည်မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး ❌
Credit; မိုးဇလ ပညာရှင်တစ်ဦး

ပေးဆပ်မှုတွေ ကြီးမားလှပါတယ်
28/01/2025

ပေးဆပ်မှုတွေ ကြီးမားလှပါတယ်

တီးတိန် နှင့် ရိဒ် ဆက်သွယ်ထားသည့် လမ်းကို CDF-Hualngoram က ပြုပြင်ဆောင်ရွက်ပေးချင်းပြည်နယ်၊ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ...
24/12/2024

တီးတိန် နှင့် ရိဒ် ဆက်သွယ်ထားသည့် လမ်းကို CDF-Hualngoram က ပြုပြင်ဆောင်ရွက်ပေး

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် တီးတိန် - ရိဒ် လမ်းကို CDF - Hualngoram က ဦးဆောင်ပြီး ပြုပြင်ဆောင်ရွက်ပေးနေကြောင်း CDF-Hualngoram တာဝန်ရှိသူထံက သိရှိရသည်။
မြန်မာ - အိန္ဒိယ အမှတ် ၂ နယ်စပ် ကုန်သွယ်ရေးတည်ရှိသည့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသော တီးတိန် - ရိဒ် ကားလမ်းသည် ဒေသတွင်း ကုန်သွယ်ရေးစီးဆင်းမှု အလွန်အရေးကြီးသည့်အတွက် ဦးစားပေး ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။
"ကျွန်တော်တို့ အဲ့ဒီလမ်းကို တောက်လျောက် ပြင်နေပါတယ်။ အခု ပွင့်လင်းရာသီရောက်ပြီဆိုတော့ လုပ်ငန်းတွေ ပြန်စတင်တဲ့ သဘောပါ။ အဓိက ကုန်သွယ်စီးဆင်းမှု နဲ့ ဒေသတွင်း အကျိုးပြုမယ့် လမ်းတွေကို ဥဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု CDF - Hualngoram တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန် - ရိဒ် ကားလမ်းကို CDF - Hualngoram မှ ဦးဆောင်ပြီး ချင်းပြည်အစိုးရက မတည်ငွေပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်းများက အလှူငွေထည့်ဝေခြင်း စသည့်အလှူငွေများဖြင့် ပြုပြငါဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိ အဆိုပါလမ်းကို သိန်းတစ်ထောင်ကျော် ကုန်ကျပြီး ဆောင်ရွက်နေပြီဖြစ်သော်လည်း လမ်းသည် ကြီးကြီးမားမား ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ ပြည်သူများအနေဖြင့် တက်နိုင်သလောက် ကူညီပေးရန် CDF-Hualngoram က တောင်းဆိုထားသည်။
တီးတိန် - ရိဒ် လမ်းသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကိစ္စရပ်များတွင် ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်သည် အားထားပြီး အသုံးပြုသည့်လမ်းဖြစ်သည့်အတွက် အလွန်အရေးကြီးသည့် လမ်းဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ဒီဘက်မှာထွက်တဲ့ ကုန်စည်တွေကို နယ်စပ်မှာ သွားရောင်းတယ်။ နယ်စပ်ဘက်က ကုန်ပစ္စည်းတွေကိုလည်း ဝယ်ယူပြီး ကိုယ့်ဒေသတွင်း ပြန်လည်ရောင်းချနေရတာလည်းရှိတယ်။ အဲ့ဒီအတွက် တီးတိန် - ရိဒ် လမ်းဟာ ကုန်သွယ်ရေးအတွက် အရမ်းအရေးကြီးတယ်။ လူမှုရေးဖြစ်ဖြစ်၊ ကျန်းမားရေးဖြစ်ပေါ့။ အဲ့ဒီလမ်းကို အသုံးပြုပြီး မီဇိုရမ်ဘက်သွားဖြေရှင်းတာတွေရှိတယ်” ဟုတီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိဒ်ခေါဒါရ်မြို့ကို ချင်းပြည်အစိုးရ လက်အောက်ရှိ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရိဒ်ခေါဒါရ်မြို့ကို CDF-Hualngoram နှင့် ချင်းပြည်အစိုးရတို့က ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ပြီး ထိန်းချုပ်ထားသည်။
ပုံစာ - တီးတိန် - ရိဒ် ဆက်သွယ်ထားသည့် လမ်းကို ပြုပြင်ဆောင်ရွက်နေသည် တွေ့ရစဥ်။ (ဓာတ်ပုံ - ပေးပို့)
#တီးတိန် #ရိဒ် #ဆက်သွယ်ထားသည့်လမ်း - Hualngoram #ပြုပြင်ဆောင်ရွက်ပေး

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၁၀၀၆ တပ်ရင်း စစ်သင်တန်းအပတ်စဥ် ၃ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
11/09/2024

ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၁၀၀၆ တပ်ရင်း စစ်သင်တန်းအပတ်စဥ် ၃ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

$ ရမ်းကြမ်းတဲ့ ဘီးကြဲကြီးတွေ😍
12/03/2024

$ ရမ်းကြမ်းတဲ့ ဘီးကြဲကြီးတွေ😍

စစ်မှုထမ်းဥပဒေထွက်ပြီးနောက် ရောက်ရှိလာသော လူငယ်များကို စစ်သင်တန်းပေးနေပြီဟု တော်ဝင်ဒေါင်း ဆိုစစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြ...
08/03/2024

စစ်မှုထမ်းဥပဒေထွက်ပြီးနောက် ရောက်ရှိလာသော လူငယ်များကို စစ်သင်တန်းပေးနေပြီဟု တော်ဝင်ဒေါင်း ဆို

စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက် တော်လှန်ရေးနယ်မြေထဲသို့ ရောက်ရှိလာသော လူငယ် များကို စစ်သင်တန်းပေးနေပြီဖြစ်ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းထံက သိရသည်။

ပဲခူးတိုင်းအတွင်းရှိ လူငယ်များသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် နီးစပ်ရာ တပ်ရင်း၊တပ်ဖွဲ့များနှင့်KNU နယ်မြေများထံသို့ သွားရောက်သူများပြားကြောင်း ပဲခူးတိုင်းအရှေ့ခြမ်း အခြေစိုက် တော်ဝင်ဒေါင်းစစ်ကြောင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။

“ကျနော်တို့ စစ်ကြောင်းထံ ဆက်သွယ်လာတာ ဒီ ၂ လပိုင်းနဲ့ ၃ လပိုင်းအစအတွင်းမှာ အရမ်းကို များပါတယ်။ကျနော်တို့ သေချာစိစစ်ပြီး လက်ခံပေးပါတယ်။ကျနော်တို့ဆီ ဝင်ရောက်လာတဲ့ သင် တန်းသားသစ်တွေအတွက် သင်တန်းတွေတောင် စနေပါပြီ” ဟု၎င်း ကပြောသည်။

တော်ဝင်ဒေါင်းစစ်ကြောင်းထံ ဒေသတွင်းလူငယ် ၃၀၀ကျော် ဆက်သွယ်ကြပြီး ရောက်ရှိနေသော လူငယ်အရေအတွက်နှင့် သင်တန်းပေးနေသည့် အရေအတွက်ကိုမူ လုံခြုံရေးအရ ထုတ်မပြောနိုင် သေးကြောင်းဆိုသည်။
“လတ်တလောတော့ အလုံးအရင်းနဲ့ ကျနော်တို့ဆီကို ဝင်ရောက်လာခြင်းမရှိသေးပါဘူး။၂၅ ဦးဝန်းကျင်လောက်ပဲရှိပါသေးတယ်။တချို့ကလည်း စောင့်ကြည့်နေတဲ့သဘောမှာရှိတယ်လို့ ခန့်မှန်းလို့ရပါတယ်။ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ အတတ်နိုင်ဆုံး ပြည်သူလူထုကို ခိုလှုံခွင့်ပေးမှာပါ”ဟု Daung Minn Thar – Yedashe-PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် Daung Minn Thar – Yedashe-PDF ထံသို့ လူငယ် ၁၀၀ ခန့် ဆက်သွယ်လာကြောင်းသိရသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာ   ဖြင့် စိုးရိမ်ပူပန်မှုမြင့်တက်လာပြီး လူငယ်များအစုလိုက်အပြုံလိုက် န...
21/02/2024

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စိုးရိမ်ပူပန်မှုမြင့်တက်လာပြီး လူငယ်များအစုလိုက်အပြုံလိုက် နိုင်ငံတွင်းမှထွက်ခွာရန် ကြိုးပမ်းလာချိန်တွင် စစ်ကောင်စီက လတ်တလော အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိဟု ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်
myanmar now

ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနား ပြုလုပ်စစ်ကိုင်းတိုင်း ယင်းမာပင် ...
19/02/2024

ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၆၀ရက်မြောက်နေ့တွင် ရဲဘော်များ၊ ပြည်သူများနှင့် ပူးပေါင်းကာ ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

Address


Alerts

Be the first to know and let us send you an email when Click For PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your organization to be the top-listed government service?

Share