Water Supply -Naypyitaw

  • Home
  • Water Supply -Naypyitaw
Call Directions Contact the organization

Water Supply -Naypyitaw Water supply

31/08/2026
တစ်နေ့  ရေဂါလံ  (၆) သန်း သန့်စင် ပေးဝေ နိုင်မည့်   ဓနသိဒ္ဓိ ရေသန့်စင် စက်ရုံ ဖြစ်ပါသည်။ အမြန်နှုန်းသဲစစ် စနစ်ဖြင့်  သန့်...
02/08/2026

တစ်နေ့ ရေဂါလံ (၆) သန်း သန့်စင် ပေးဝေ နိုင်မည့် ဓနသိဒ္ဓိ ရေသန့်စင် စက်ရုံ ဖြစ်ပါသည်။ အမြန်နှုန်းသဲစစ် စနစ်ဖြင့် သန့်စင်ပေးဝေမည် ဖြစ်ပြီး မကြာမီ စတင်လည်ပတ်ပေးဝေ တော့မှာ ဖြစ်ပါတယ်။ မြို့ရေပေးရေး လိုအပ်ချက်များကို ဖြည့်စွမ်းပေးရန်ရည်ရွယ် တည်ဆောက်ခဲ့ပြီး သုခတော်ဝင် အိမ်ရာ ၊သုခဝတီအိမ်ရာ ၊ ဓန သိဒ္ဓိရပ်ကွက်၊ ပိတောက်အိမ်ရာ နှင့် ဆက်စပ်နေရာများကို ပေးဝေနိုင်မှာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အသိပေးကြေငြာအပ်ပါသည်။
14/05/2026

အသိပေးကြေငြာအပ်ပါသည်။

(၂.၅.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝ...
02/05/2026

(၂.၅.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော မင်္ဂလာသိဒ္ဓိရပ်ကွက်အတွင်းရှိ ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိစစ်ဆေးရာ ဌာနမှူး ဦးလှမိုးထွန်းမှ ရေဆိုးသန့်စင်စက်ရုံ၏ တစ်ရက်လည်ပတ်နိုင်စွမ်းမှာ ၁၆၀၀ m3/day ရှိကြောင်း၊ ယခုအခါ မင်္ဂလာသိဒ္ဓိရပ်ကွက်ဝန်ထမ်းအိမ်ရာ တိုက်(၁၁၀)လုံးရှိ လူဦးရေ (၅၀၀၀) ခန့်မှ သုံးစွဲထွက်ရှိလာသော မီးဖိုချောင်သုံးရေနှင့် မိလ္လာရေများအား Aerobic စနစ်ဖြင့်သန့်စင်နေမှု၊ အခြားရပ်ကွက်မှ ရေပုတ်စုတ်ယာဉ်များဖြင့် စုပ်ယူသော ရေဆိုးများကို အနည်ထိုင်ကန်တွင် ကနဦးထည့်သွင်းပြီး သန့်စင်မှုစနစ်တွင် သန့်စင်ပေးနေမှု၊ သန့်စင်ပြီးမိလ္လာရေများအား Chlorination ပြုလုပ်ပြီးသည့်နောက်တွင် (၁.၃) ဧကရှိ မြေသားကန်တွင် ထိန်းသိမ်းထားရှိမှု၊ ရေဆိုးစက်ရုံမှ ထွက်ရှိလာသော အနည်အနှစ်များကိုလည်း မြို့သာယာလှပရေးအတွက် အထောက်အကူဖြစ်စေမည့် ပန်းအလှပင်များအတွက် မြေဩဇာဖြန့်ဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်မှ လည်ပတ်နေသောစက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေး အမြဲကြပ်မတ်ဆောင်ရွက်ရန်၊ ထွက်ရှိလာသော သဘာဝမြေဩဇာများကိုလည်း ပန်းဥယျာဉ်ဌာနများသို့ ချိတ်ဆက်ပေးဝေရန်နှင့် နေပြည်တော်သည် မြို့အင်္ဂါရပ်များနှင့်အညီ တစ်မြို့လုံးအတိုင်းအတာအနေဖြင့် ရေဆိုးသန့်စင်မှုကို ရာနှုန်းပြည့်လွှမ်းခြုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

(၂.၅.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝ...
02/05/2026

(၂.၅.၂၀၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ကွပ်ကဲမှု လက်အောက်ရှိ ရေသန့်စင်စက်ရုံအမှတ်(၁)သို့ ရောက်ရှိစစ်ဆေးရာ ဌာနမှူး ဦးလှမိုးထွန်းမှ ရေသန့်စင်စက်ရုံဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဌာနမှူး ဦးလှမိုးထွန်းမှ ချောင်းမကြီးဆည်မှတဆင့်ရေသန့်စင်စက်ရုံအမှတ် (၁)သို့ ရေပေးပို့သည့် ၂၄” Ø ကွန်ကရိပိုက်လိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့်ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါသဖြင့် ၁၈” Ø HDPE ပိုက်လိုင်းဖြင့် အစားထိုးသွယ်တန်းပြီး ရေသန့််စင်စက်ရုံသို့ ရေတင်ပို့သည့် အခြေအနေများအား လည်းကောင်း၊ ရေသန့်စင်စက်ရုံအမှတ် (၁)သည် တစ်နေ့လျင် ရေဂါလန် (၅.၅) သန်းခန့် သန့်စင်စစ်ထုတ်ပေးလျက်ရှိပြီး အဆိုပါရေသန့်စင်စက်ရုံမှ လေးကျွန်းရေပေးရေးသို့ ရေတင်ပို့ပြီး ထိုမှတဆင့် ဝန်ကြီးဌာနရုံးများ၊ နန်းဦးရေပေးရေးဝင်းရှိ ဂါလံ(၂)သိန်းဆံ့ ရေစုကန် (၅)ကန် သို့တင်ပို့ပြီး ထိုမှတဆင့် စံပါယ်အိမ်ရာ၊ ခရေအိမ်ရာ၊ ကံ့ကော်အိမ်ရာ၊ ကုတင်(၁၀၀၀) ဆေးရုံ၊ မြို့တော်ခန်းမ၊ စည်ပင်အိမ်ရာနှင့် သုခတော်ဝင်အိမ်ရာများသို့ ရေပေးဝေလျက်ရှိကြောင်း၊ ရေတွန်းပို့နေသော ပန့်မော်တာများ လျှပ်စစ်ဓါတ်အားကုန်ကျမှုသက်သာစေရန် Solar Panel များတပ်ဆင်ထားရှိမှုအခြေအနေနှင့် သဲစစ်ကန်များတွင် သဲခြစ်၊သဲဖြည့်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်မှ ရေသန့်စင်စက်ရုံမှ ရေဖြန့်ဝေပေးလျက်ရှိသောနေရာများအား သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးနှင့် သောက်သုံးရေအရည်အသွေးကောင်းမွန်စေရေး ဆောင်ရွက်ရန် နှင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှုလျော့ကျစေရေး ဆိုလာတပ်ဆင်မှုကို အခြားရေပေးရေးနေရာများတွင်လည်း ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

အသိပေးအပ်ပါသည်။
29/04/2026

အသိပေးအပ်ပါသည်။

19/04/2026
18/04/2026

မြန်မာ နှစ်သစ်ကူး ၁ ရက်နေ့တွင် ဌာနမှူး နှင့် ဇနီး မှ ရေသန့်ဌာန ဝန်ထမ်းများအား နှစ်သစ်ကူး မုန့်ဖိုးများ ပေးဝေခဲ့ပါသည်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ၂၀၂၆ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင...
17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ၂၀၂၆ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကွပ်ကဲမှုအောက်ရှိ ဌာနရုံး၊ဆည်များ၊ ရေလှောင်ကန်ကြီးများ၊ ရေသန့်စင်စက်ရုံများ၊ ရေပေးရေးဝင်းများတွင် သံဃာတော် အရှင်သူမြတ်တို့အား နှစ်ဦးဆွမ်းကပ်လှူခြင်း၊ အန္တရာယ်ကင်းပရိတ် တရားတော်နှင့် ကမ္မွဝါစာ ရွတ်ဖတ်နာယူခြင်း၊ ဆည်များ ရေကန်များအတွင်းသို့ အန္တရာယ်ကင်းပရိတ်ရေများသွန်းလောင်းခြင်းများပြုလုပ်ပြီး အများပြည်သူများ နှစ်သစ်မှာ ဘေးဘယာဝေးကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ဝန်ထမ်းများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ #အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ဆောင်ရွက်ချက်များ၊ဝန်ဆောင်မှုများအားပိုမိုသိရှိနိုင်ရန် Water Supply- Naypyitaw Tik Tok acc သို့ လာရောက်လေ့လာ အကြံပြုဖို့ ဖိတ်ခေါ်ပါသည်။ https://www.tiktok.com/.supplynaypy?_r=1&_t=ZS-95cvv90Z1IW

Address

Pyigyi Zeyar

Telephone

+492600001

Website

Alerts

Be the first to know and let us send you an email when Water Supply -Naypyitaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Water Supply -Naypyitaw:

Shortcuts

  • Want your organization to be the top-listed government service?

Share