CICC-mdy

CICC-mdy စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) Consumer Information and Complaint Center, Mandalay Region

လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့(A Just Transition to Sustainable Lifestyles)===========================...
20/03/2025

လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့
(A Just Transition to Sustainable Lifestyles)
============================
ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေး တန်ဖိုးရှိမှုနှင့် ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှုဆိုသော အချက်တို့သည် ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD)အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International-CI)က သတ်မှတ်ပေးသည့် ‘A Just Transition to Substainable Lifestyles’ ဆောင်ပုဒ်ကို ဘာသာပြန်ဆိုမှုပြုရာ ‘လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့’ ဟူသော အဓိပ္ပါယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ပုဒ်မ(၁၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်အနက် နောက်ဆုံးအချက်ဖြစ်သော “ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဟူသောအချက်ကို ညွှန်းဆိုခြင်းဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။
#စားသုံးသူရေးရာဦးစီးဌာန
#စားသုံးသူများလုံခြုံစေဖို့၊ Online Sales ကို မှတ်ပုံတင်ကြစို့
.ecomreg.gov.mm

.doca.gov.mm

15/03/2025

၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
=====================================

11/03/2025
10/03/2025

ပြည်သူတိုင်းဟာ စားသုံးသူဖြစ်တယ်။ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါတယ်။
စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက Call Center - 1535 ကို ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

09/03/2025

စားသုံးသူများအနေဖြင့် လိမ်လည်လှည့် ဖြားသည့် ကြော်ငြာများနှင့်ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန်ပါရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာပါက ၎င်းတို့၏ နစ်နာမှုများအား တိုင်ကြားခွင့်နှင့် ကုစားခွင့်ရရှိနိုင်ကြောင်း ပိုမိုသိရှိနိုင်ရန်အတွက် ဖော်ပြပါ စားသုံးသူအသိပညာပေး ဗီဒီယိုအားကြည့်ရှုလေ့လာနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။

၂၀၂၅ခုနှစ်၊မတ်လ (၁၅)ရက်နေ့တွင်ကျရောက်မည့် ‘ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့’ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုနှစ်ဆောင်ပုဒ...
09/03/2025

၂၀၂၅ခုနှစ်၊မတ်လ (၁၅)ရက်နေ့တွင်ကျရောက်မည့် ‘ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့’ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုနှစ်ဆောင်ပုဒ်ဖြစ်သော ‘ လူနေမှူဘဝအစဉ်တည်တံ့ဖို့မျှတအသွင်ကူးပြောင်းစို့’ ‘A Just Transaction to Sustainable lifestyles’ခေါင်းစဉ်ပါ ဆိုင်းပုဒ်အား ၃၅x၆၅လမ်းထောင့် စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့၌ စိုက်ထူခဲ့ပါသည်။

08/03/2025

ဆက်သွယ်ရေးဝန်ဆောင်မှုများနဲ့စပ်လျဉ်းပြီးလိမ်ညာလှည်ဖျားမှုများကြောင့်စားသုံးသူနစ်နာဆုံးရှုံးပြီးစားသုံးသူအခွင်အရေးချိုးဖောက်မှူတွေကြုံတွေ့နေရပီဆိုရင်စားသုံးသူရေးရာဉီးစီးဌာနရဲ့ call centre number 1535သို့ဆက်သွယ်၍လည်းကောင်း၊page messengerမှတစ်ဆင့်သော်လည်းကောင်း၊DOCA myanmar application ကို downloadရယူ၍applicationမှတစ်ဆင့်သော်လည်းကောင်း၊ ၃၅x၆၅လမ်းထောင့်၊ချမ်းအေးသာစံမြို့နယ်ရှိမန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဉီးစီးဌာနရုံးသိုလူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း တိုင်ကြားနိုင်ပါတယ်

07/03/2025

စားသုံးသူရေးရာဦးစီးဌာနသို့ အလွယ်တကူဆက်သွယ်နိုင်ဖို့နဲ့ သိလိုတာတွေ မေးမြန်းနိုင်ဖို့အတွက် Consumer Call Center 1535နှင့် 02-4036340 ကို ဖုန်းခေါ်ဆိုနိုင်ပါတယ်။

22/07/2023

Address


Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+9524036340

Alerts

Be the first to know and let us send you an email when CICC-mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CICC-mdy:

Shortcuts

  • Want your organization to be the top-listed Government Service?

Share