YUOE စာပေပျိုးခင်း

  • Home
  • YUOE စာပေပျိုးခင်း

YUOE စာပေပျိုးခင်း .

01/08/2020

shorturl.at/rtvBP ဖော်ပြပါPageသည်
စာပေပျိုးခင်း(စာပေစကားဝိုင်း)ရဲ့ သတင်းပြန်ကြားရေးအတွက် ညီငယ်များ လက်ရှိအသုံးပြုနေသောpageဖြစ်ပါတယ်။ pageဟောင်းမှာfollowerအထိုက်အလျောက်ရှိနေပြီး
ဖြစ်သည့်အတွက် ဖျက်ရမှာနှမြောလှပါတယ်။
ဒါ့ကြောင့် page ဟောင်းကိုnameပြောင်းကာ YUOEမှသိမီသ​လောက် စာပေဝါသနာရှင်တို့၏စာတိုပေစလေးများကို ကြိုးစားတင်ပြသွားလိုပါကြောင်း ...။

စာပေပျိုးခင်း

ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင်တွင်အပတ်စဉ်ပြုလုပ်နေကျဖြစ်သော ''စာပေပျိုးခင်း'' စာပေစကားဝိုင်းကို ၁၀၊၇၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က...
13/07/2019

ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင်တွင်အပတ်စဉ်ပြုလုပ်
နေကျဖြစ်သော ''စာပေပျိုးခင်း'' စာပေစကားဝိုင်းကို
၁၀၊၇၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါသည်။
စကားဝိုင်းတွင် ကိုညီညီချစ်(ဒုတိယနှစ်)နှင့်ကိုမြတ်မင်းထွေး
(ပဉ္စမနှစ်)တို့ကဦးဆောင်ဆွေးနွေးခဲ့ကြပါသည် ။ ကိုညီညီချစ်က "ယနေ့လူငယ် နောင်ဝယ်လူကြီး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ကိုမြတ်မင်းထွေးက "မေတ္တာဖြင့်သာ "ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။စကားဝိုင်းကို တက်ရောက်လာသူများကလည်းသူတို့အမြင်များကိုတက်တက်ကြွကြွဆွေးနွေးဖလှယ်ခဲ့ကြသည်။

#ရန်ကုန်ပညာရေးတက္ကသိုလ်_မေခဆောင်

ဒီတစ်ပတ်စာပေစကားဝိုင်းလေးမှာ ဦးဆောင်ဆွေးနွေးကြမယ့်သူတွေကတော့ ကိုဇေယျာမြင့်သူ(ပဉ္စမနှစ်)နှင့် ကိုအောင်နိုင်ဖြိုး(ဒုတိယနှစ...
02/07/2019

ဒီတစ်ပတ်စာပေစကားဝိုင်းလေးမှာ ဦးဆောင်ဆွေးနွေးကြမယ့်သူ
တွေကတော့ ကိုဇေယျာမြင့်သူ(ပဉ္စမနှစ်)နှင့်
ကိုအောင်နိုင်ဖြိုး(ဒုတိယနှစ်)တို့ဖြစ်ကြပါတယ်။ကိုဇေယျာမြင့်သူက ''ရောက်တတ်ရာရာရသစာ'' ၊ကိုအောင်နိုင်ဖြိုးက
"ရွှေစကား မြွေစကား'' ဆိုတဲ့ခေါင်းစဉ်များနဲ့အသီးသီးဦးဆောင်
ဆွေးနွေးကြမှာဖြစ်ပါတယ် ။
📢မေခဆောင်ရှိ ညီအစ်ကိုတို့ကိုလည်း
ဆွေးနွေးပွဲသို့လာရောက်၍ မိမိတို့၏စာပေအတွေ့အကြုံ ၊
အတွေးမြင်တို့ကိုမျှဝေပေးဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ ။

မေခဆောင်

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းပြုလုပ်သော စာပေစကားဝိုင်းလေးကိုယခုပညာသင်နှစ်ဝက်တွင်လည်း ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီဖြစ်ပါသည်။ 19....
29/06/2019

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းပြုလုပ်သော စာပေစကားဝိုင်းလေးကို
ယခုပညာသင်နှစ်ဝက်တွင်လည်း ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီဖြစ်ပါသည်။
19.6.2019 ဗုဒ္ဓဟူးနေတွင် ကိုကောင်းထက်ဝင်း(ပဉ္စမနှစ်)နှင့်
ကိုဟိဏ်းထက်ကို(တတိယနှစ် )တို့ကဥိးဆောင်ဆွေးနွေးခဲ့ကြပါ
သည် ။ကိုကောင်းထက်ဝင်းက ''အမှီအငြမ်းအကိုးအကားတွေ စုကြမယ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ကိုဟိဏ်းထက်ကိုက ''ခေတ်လူ
ငယ်နှင့် ဘာသာစိတ်''ဟူသောခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ကြသည် ။
26.6.2019 ဗုဒ္ဓဟူးနေ့တွင် ဥိးဆောင်ဆွေးနွေးပေးခဲ့သူများမှာ
တတိယနှစ်မှ ကိုလင်းအောင်နှင့် ကိုထူးပြည့်အောင်တို့ဖြစ်ပါသည် ။ကိုလင်းအောင်က ''ဆရာတွေဘာလုပ်နိုင်သလဲ'' ခေါင်းစဉ်ဖြင့်
လည်းကောင်း ၊ကိုထူးပြည့်အောင်က ''လိုအပ်ချက်တွေဖြည့်ပေးကြပါ ''ခေါင်းစဉ်ဖြင့်လည်းကောင်း အတွေးအမြင်များ၊အတွေ့ အကြုံများကိုမျှဝေခဲ့ကြပါသည် ။စကားဝိုင်းကိုရောက်ရှိလာသူများကလည်း ဥိးဆောင်ဆွေးနွေးပေးခဲ့သောအကြောင်းအရာများနှင့်ပတ်၍ တက်တက်ကြွကြွဆွေးနွေးပေးခဲ့ကြပါသည်။

12/06/2019

နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့  စာပေစကားဝိုင်းပြန်စပြီဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ

26/02/2019

၂၇.၂.၂၀၁၉(ဗုဒ္ဓဟူး)နေ့  စာပေစကားဝိုင်းမှာတော့ ပထမနှစ်ဝက် တစ်ခုလုံးတွင် ဆွေးနွေးခဲ့ သောအကြာင်းအရာများကို ခြုံ၍ဆွေးနွေးကြမည်ဖြစ်သည့်အတွက် ယခင်စကားဝိုင်းများတွင် လာရောက်နားထောင် ဆွေးနွေးခြင်း မပြုခဲ့ သော သူငယ်ချင်းများအနေဖြင့်လဲ နှစ်ဝက်တစ်ခုလုံးဆွေးနွေးခဲ့ သော အကြောင်းအရာများကို လာရောက်နားထောင်ဆွေးနွေး နိုင်ပါတယ်ဆိုတဲ့ အကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ......
#သတင်းပြန်ကြားရေးအဖွဲ့ 

အကြောင်းအမျိုးမျိုးကြောင့် သတင်းထုတ်ပြန်ခြင်းနောက်ကျခဲ့သည့်အတွက် ကျွန်တော်တို့ပြန်ကြားရေးအဖွဲ့မှ အနူးညွတ်တောင်းပန်အပ်ပါတ...
17/02/2019

အကြောင်းအမျိုးမျိုးကြောင့် သတင်းထုတ်ပြန်ခြင်းနောက်ကျခဲ့သည့်အတွက် ကျွန်တော်တို့ပြန်ကြားရေးအဖွဲ့မှ အနူးညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ....🙏
ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင် စာပေပျိုးခင်း ၏ စတုတ္ထအကြိမ် စာပေစကားဝိုင်းကို ၆၊၂၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါသည် ။ စကားဝိုင်းတွင် ကိုအောင်ထက်မြတ်သူ(ပဉ္စနှစ်) နှင့် ကိုဖြိုးအောင်(ဒုတိယနှစ်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည် ။ ကိုအောင်ထက်မြတ်သူက "စာမဖတ်သူပပျောက်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကိုဖြိုးဇော်က " နှလုံးသားမှလာသော"ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။
ကိုအောင်ထက်မြတ်သူက "စာမဖတ်သူ ပပျောက်ရေး"ခေါင်းစဉ်ဖြင့် စကားဝိုင်းကို စတင်ဆွေးနွေးခဲ့သည်။
ကိုအောင်ထက်မြတ်သူက
▪ လူတိုင်းသည် စာဖတ်ခြင်းကိုဝါသနာအရမဟုတ်ဘဲအလေ့အ
ကျင့်သဘောထားလုပ်ဆောင့်ကရန်လိုအပ်ကြောင်း
▪ ကျောင်းဆရာများဖြစ်သည့်အားလျော်စွာ အနာဂတ်မျိုးဆက်များစာဖတ်အောင်ကြိုးစားလုပ်ဆောင်သင့်ကြောင်း စတက်ဥိးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက်တွင်ကိုဖြိုးဇော်က"နှလုံးသားမှလာသော ''ခေါင်းစဉ်ဖြင့်ဆက်လက်၍
▪ လူမှုဆက်ဆံရေးတွင်ဦးနှောက်ထက်နှလုံးသားကိုအလေး
ပေး၍ပြောဆိုဆက်ဆံခြင့်ဖြင့် ကောင်းမွန်သောလူ့ဘောင်တစ်
ပေါ်ပေါက်လာနိုင်ကြောင်း
▪ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာတွင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မည့်နည်းလမ်းများကို ဦးစားပေးဖြေရှင်းကြမည့်အစား အမှန်တကယ်လိုအပ်ချက်ကိုသာ ညှိုနှိုင်းဆွေးနွေးသင့်ကြောင်း ဥပမာ ဥပမေယျများဝေဆာစွာဖြင့် ဆွေးနွေးခဲ့သည်။စကားဝိုင်းကို တက်ရောက်လာသူများကလည်းသူတို့အမြင်များကိုတက်တက်ကြွကြွဆွေးနွေးဖလှယ်ခဲ့ကြသည်။

-လက်ဖက်သုပ်နှင့် ကော်ဖီ ကိုကောင်းထက်ဝင်းနှင့် High Stakes Tests (ETM) အဖွဲ့ ကကျွေးမွေးခဲ့ ပါသည်။
-ကိုဒွေးနှင့်အဖွဲ့ က ကူညီဆောင်ရွက်ပေးခဲ့ သည်။
#စာပေပျိုးခင်းရန်ကုန်ပညာရေးတက္ကသိုလ်မေခဆောင်
#စာပေစကားဝိုင်း

ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင် စာပေပျိုးခင်း ၏ တတိယအကြိမ် စာပေစကားဝိုင်းကို ၃၀၊၁၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က အောင်မြင်စွာပြုလုပ်ြ...
31/01/2019

ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင် စာပေပျိုးခင်း ၏ တတိယအကြိမ် စာပေစကားဝိုင်းကို ၃၀၊၁၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါသည် ။ စကားဝိုင်းတွင် ကိုအောင်နိုင်ဖြိုး(ဒုတိယနှစ်)နှင့် ခန့်ဇော်ထွန်း(ဒုတိယနှစ်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည် ။ ကိုအောင်နိုင်ဖြိုးက"စာပေ၊စာကြည့်တိုက်နှင့်ဘာညာကွိကွ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကိုခန့်ဇော်ထွန်းက " ပညာရေးစွမ်းအား "ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပါသည်။
ကိုအောင်နိုင်ဖြိုးက "စာပေ၊စာကြည့်တိုက် နှင့် ဘာညာကွိကွ" ခေါင်းစဉ်ဖြင့် စကားဝိုင်းကို အစပျိုးခဲ့သည်။
ကိုအောင်နိုင်ဖြိုးက
ငြိမ်းချမ်းရေး၊ကျန်းမာရေး၊ပညာရေး၊စီးပွားရေး၊လူမှုရေး စသည့်နိုင်ငံတွင် ဖြစ်ပေါ်နေသော အခက်အခဲများ၊အဆင်မပြေမှုများကိုဖြေရှင်းရန် လုပ်ဆောင်ရမည့် တစ်ခုတည်းသော နည်းလမ်းမှာ စာပေဖတ်ရှုခြင်းပင်ဖြစ်ကြောင်း၊
စာပေဖတ်ရှုနိုင်ရေး အတွက် စာကြည့်တိုက်များ ရှိရန်လိုအပ်ပြီး
စာကြည့်တိုက်များ တည်ဆောက်ရေး၊ပြန့်ပွားရေးနှင့် အရှည်တည်တန့်ရေး အတွက် "စာကြည့်တိုက် စိတ်ဓာတ်" ရှိရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။သူတစ်ပါးအား ဘာညာကွိကွ အပြစ်မတင်ကြပဲ မိမိကိုယ်တိုင်က စပြင်သင့်ကြောင်းပြောဆိုကာ
စကားဝိုင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် ကိုခန့်ဇော်ထွန်းက "ပညာရေး စွမ်းအား"ခေါင်းစဉ်ဖြင့် ဆက်လက်ဦးဆောင်ဆွေးနွေးခဲ့သည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပညာရေး၏ အခန်းကဏ္ဍ ရှုထောင့်မှနေ၍ အတွေးအမြင်များကို တင်ပြခဲ့သည်။
အတန်းတွင်း ငြိမ်းချမ်းမှုမှ ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ ရှေးရှုနိုင်ရန်
စာသင်ခန်းတွင်း ရိုက်နှက်ဆုံးမမှုများ၊ခွဲခြားဆက်ဆံမှုများရှိနေခြင်းကိုထောက်ပြ၍ ထိုအရာများကို ရှောင်ရှားကာကွယ်ခြင်းဖြင့် ငြိမ်းချမ်းမှု နှင့် တန်းတူညီမျှရှိမှု တို့ကို ဖော်ဆောင်ကြရန် တိုက်တွန်းပြောဆိုကာ စကားဝိုင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
စကားဝိုင်းကို တက်ရောက်လာသူများကလည်းသူတို့အမြင်များကိုတက်တက်ကြွကြွဆွေးနွေးဖလှယ်ခဲ့ကြသည်။
-လက်ဖက်သုပ်နှင့် ကော်ဖီ ကိုကောင်းထက်ဝင်းနှင့် High Stakes Tests (ETM) အဖွဲ့ ကကျွေးမွေးခဲ့ ပါသည်။
-ကိုဒွေးနှင့်အဖွဲ့ က ကူညီဆောင်ရွက်ပေးခဲ့ ပါသည်။
#စာပေပျိုးခင်းရန်ကုန်ပညာရေးတက္ကသိုလ်မေခဆောင်
#စာပေစကားဝိုင်း

25/01/2019

ရန်ကုန်ပညာရေးတက္ကသိုလ် ၊မေခဆောင် စာပေပျိုးခင်း ၏ ဒုတိယအကြိမ် စာပေစကားဝိုင်းကို ၂၃၊၁၊၂၀၁၉(ဗုဒ္ဓဟူးနေ့)က အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါသည် ။ စကားဝိုင်းတွင် ကိုအောင်ပိုင်ခန့်(ဒုတိယနှစ်)နှင့် ကိုလှိုင်မင်းသူ (ဒုတိယနှစ်)တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည် ။ ကိုအောင်ပိုင်ခန့်က"မညီမျှခြင်းနှင့်ညီမျှခြင်းကိုညီမျှခြင်းကိုညီမျှခြင်းလေးချကြရအောင်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ကိုလှိုင်မင်းသူက '' ဝ မရှိလည်း ဝိ ဖြစ်ရမယ်''ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပါသည်။
ကိုအောင်ပိုင်ခန့်က "မညီမျှခြင်းနှင့်ညီမျှခြင်းကိုညီမျှခြင်းကိုညီမျှခြင်းလေးချကြရအောင်'' ခေါင်းစဉ်ဖြင့် စကားဝိုင်းကို အစပျိုးခဲ့သည်။
ကိုအောင်ပိုင်ခန့်က နိုင်ငံတွင်အမြစ်တွယ်နေသောပြည်တွင်းစစ်
နှင့်လူမျိုးရေးမုန်းတီးမှုချုပ်ငြိမ်းသွားစေရန် ''အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက "ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများက လောကနီတိကဲ့သို့သောအခြေခံအသိတရားများရရှိအောင် သင်ကြားပေးနိုင်ရန်လိုသည်ဟူ၍လည်းကောင်း
ပြဋ္ဌာန်းထားသော သမိုင်းဘာသာရပ် သင်ရိုးတွင် လိုအပ်ချက်အချို့ ရှိနေသည်ဟူသော သူ၏အမြင်ကို တင်ပြ၍လည်းကောင်း
စကားဝိုင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် ကိုလှိုင်မင်းသူ(လင်းနေရောင်မင်း)က ''ဝ မရှိလည်း ဝိ ဖြစ်ရမယ်''ခေါင်းစဉ်ဖြင့် သူ၏ ဆောင်းပါးကို ရွတ်ပြဆွေးနွေးခဲ့သည်။ ရှိပြီးသားအရည်အချင်း၊လုပ်အားနှင့်လုပ်ချင်စိတ်ကို ဇွဲ၊လုံ့လအရင်းခံ၍ သမ္မာအာဇီဝကျကျကြိုးစားလုပ်ကိုင်ခြင်းဖြင့် အလုပ်လက်မဲ့ဦးရေလျော့နည်းကာနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိအသုံးချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးစကားဝိုင်းတွင် ပါဝင်ခဲ့ကြသူများကလည်းမိမိတို့၏ အတွေးအမြင်များကိုဖလှယ်ခဲ့ကြသည်။
-High Stakes Test (HTM) အဖွဲ့ ဝင်များကလက်ဖက်သုတ်၊ဆရာဦးသက်ကိုကိုထွေးကကော်ဖီဖြင့် ကျွေးမွေးပါသည်။ကိုဒွေးနှင့်အဖွဲ့ ကကူညီဆောင်ရွက်ပေးခဲ့ ပါသည်။
#စာပေပျိုးခင်းရန်ကုန်ပညာရေးတက္ကသိုလ်မေခဆောင်
#စာပေစကားဝိုင်း

Address

Pyay

Website

Alerts

Be the first to know and let us send you an email when YUOE စာပေပျိုးခင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your organization to be the top-listed Government Service?

Share