26/09/2026
ဩစတြီးယားနိုင်ငံ၌ ကျင်းပသော ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာသံရုံး/ အဖွဲ့ရုံးက ပါဝင်တင်ဆက်
(၂၆-၉-၂၀၂၆၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ မတူကွဲပြားသော ယဥ်ကျေးမှုအဖွဲ့အစည်း (International Cultural Diversity Organization-ICDO) က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ၂၅-၉-၂၀၂၆ ရက်တွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြန်မာသံရုံးနှင့် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့်ဇနီး၊ ဗီယင်နာမြို့အခြေစိုက် သံရုံး/ အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြပါသည်။
အခမ်းအနားကို ဗီယင်နာမြို့တော်ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Mr.Omar Al-Rawi၊ ဗီယင်နာတက္ကသိုလ် ယဥ်ကျေးမှုပါမောက္ခ Dr. Hermann Muckler နှင့် ICDO ဥက္ကဋ္ဌ Ms. Josipa Palac တို့က နှုတ်ခွန်းဆက် အမှာစကားများဖြင့် ပြောကြားဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံက ရိုးရာဝတ်စုံများ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
မြန်မာသံရုံး/ အဖွဲ့ရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား လူမျိုး (၈) မျိုး၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ "ထာဝရသစ္စာ" တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
*********************
Myanmar Embassy/Permanent Mission Participates in the Costumes of the World Show in Austria
(26-9-2026, Vienna)
The Costumes of the World Show, organized by the International Cultural Diversity Organization (ICDO) based in Vienna, Austria, was held on 25 September 2026, at Festsaal Rathaus.
U Aung Kyaw Zan, Chargé d'Affaires/Ambassador of the Embassy and Permanent Mission of Myanmar, and wife, along with Ambassadors, cultural attachés from embassies and missions in Vienna and many spectators attended the event.
The ceremony was opened with welcoming remarks by Mr. Omar Al-Rawi, Member of the Vienna City Council and Provincial Parliament, Dr. Hermann Muckler, Professor of Cultural Studies at the University of Vienna, and Ms. Josipa Palac, President of ICDO. A total of 31 countries, including Myanmar, showcased their traditional costumes with cultural performances.
Diplomats and family members of the Embassy and Permanent Mission of Myanmar showcased traditional costumes of Kachin, Kayah, Kayin, Chin, Bamar, Mon, Rakhine, and Shan with the song "Htar Wa Ya Thitsa".
************