Agricultural Mechanization Department

Agricultural Mechanization Department To share knowledge for agricultural mechanization

24/08/2026

စက်မှုလယ်ယာဦးစီးဌာနမှ
လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၅)အတွက် သင်တန်းသားများခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန၊ စက်မှု လယ်ယာ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ဖွင့်လှစ်မည့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၅)သို့ တက်ရောက်ရန် သင်တန်းသားများ ခေါ်ယူမည်ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) စနစ်ဟောင်း(၁၀)တန်း ဖြေဆိုဖူးသူ/ စနစ်သစ် Grade-12 ဖြေဆိုဖူးသူ (သို့မဟုတ်) အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ (သင်တန်းစတင် ဖွင့်လှစ်သည့် နေ့ရက်)တွင် အသက် (၁၇)နှစ်ပြည့်ပြီး (၂၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဂ) ပြည်ထောင်စုမြန်မာနိုင်ငံသား၊ အမျိုးသား အိမ်ထောင်မရှိသူ (လူပျို)ဖြစ်ရမည်။
(ဃ) ကျန်းမာသန်စွမ်းပြီး လယ်ယာသုံး စက်ကိရိယာများကို စိတ်ပါဝင်စားသူ ဖြစ်ရမည်။
၃။ သင်တန်းတက်ရောက်ခွင့် ရရှိရေးအတွက် သတ်မှတ်အရည်အချင်းများ ပြည့်မီမှုရှိ/ မရှိ စိစစ်၍ ပြည့်မီသူများမှာ လူတွေ့၊ နှုတ်မေး စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင် သူများကို သင်တန်းတက်ရောက်ခွင့်ပြုပါမည်။
၄။ သင်တန်းကာလမှာ(၁)နှစ်ဖြစ်ပြီး နေထိုင်စရိတ်နှင့်သင်ကြားမှုစရိတ်ကို ဌာနမှကျခံပါမည်၊ လစဉ် စားသောက်စရိတ်နှင့် စာအုပ်စာတမ်းကြေးများကို သင်တန်းသားမှ ကျခံရပါမည်။
၅။ သင်တန်းဝင်ခွင့်လျှောက်လွှာများကို စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးဌာနမှူးရုံး၊ ခရိုင်ဦးစီးဌာနမှူးရုံးနှင့် မြို့နယ်ဦးစီးဌာနမှူးရုံးများတွင် (၂၄.၈.၂၀၂၆)ရက်နေ့မှ စတင်ထုတ်ယူနိုင်ပြီး သင်တန်းတက်ရောက်ခွင့်လျှောက်လွှာ၊ ကတိဝန်ခံချက်၊ စနစ်ဟောင်း (၁၀)တန်း/ စနစ်သစ် Grade-12 ဖြေဆိုဖူးသည့်အထောက်အထား (သို့မဟုတ်) အစိုးရ နည်း ပညာအထက်တန်းကျောင်း အောင်မြင်ကြောင်း အောင်လက်မှတ်တို့နှင့်အတူ (၅.၁၀.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ မိမိထုတ်ယူခဲ့သည့်ရုံးတွင် ဝင်ခွင့်လျှောက်လွှာ တင်သွင်းရမည် ဖြစ်သည်။
၆။ အစိုးရ နည်းပညာအထက်တန်းကျောင်းများမှ မော်တော်ယာဉ်နည်းပညာသင်တန်း ဘာသာရပ် (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း ဘာသာရပ်တို့ဖြင့်အောင်မြင်ပြီး၊ လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၅)တွင် ထူးချွန်စွာအောင်မြင်သောသူများသည် သတ်မှတ်အစိုးရနည်းပညာကောလိပ် နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၌ ဖွင့်လှစ်မည့် စက်မှုလယ်ယာနည်းပညာဘာသာရပ် ပထမနှစ် သင်တန်းတွင် တက်ရောက်ရန် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။
၇။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက စက်မှုလယ်ယာဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းဌာနခွဲ ဖုန်းအမှတ်၊ ၀၆၇-၃၄၃၁၂၄၆ နှင့် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဖုန်းအမှတ်၊ ၀၉-၄၅၈၁၄၉၄၇၁ သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

20/08/2026
စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဦးစီးမှူး(လုပ်ငန်းခွင်)သင်တန်းအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) သင်တန်း ဆင်းပွဲ ကျင်းပ...
24/07/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့၊ ဦးစီးမှူး(လုပ်ငန်းခွင်)သင်တန်းအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇)
သင်တန်း ဆင်းပွဲ ကျင်းပပြီးစီးခြင်း

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် ဦးစီးမှူး (လုပ်ငန်းခွင်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဆင်းပွဲအခမ်းအနား ကို (၂၄.၇.၂၀၂၆) ရက်နေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကား ပြောကြား၍ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ တာဝန် ရှိသူများ၊ ဗဟိုသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ ၊ တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ(၈)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ ကယား ပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၃)ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ(၁)ဦး၊ ရှမ်းပြည်နယ်(ရှေ့ပိုင်း) မှ(၁)ဦး၊ မွန်ပြည်နယ်မှ(၃)ဦး စုစုပေါင်း သင်တန်းသား ( ၃၅ ) ဦး တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းကို (၁၃.၇.၂၀၂၆) နေ့မှ (၂၄.၇.၂၀၂၆) နေ့ ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

21/07/2026

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းဘုရားကြီးမြို့တွင် (ဇူလိုင်လ(၂၀)ရက်) နေ့က ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်း၊ အမှတ်စဉ်(၂/၂၀၂၆-၂၀၂...
21/07/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်း၊ အမှတ်စဉ်(၂/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ ကျင်းပပြီးစီးခြင်း

စက်မှုလယ်ယာဦးစီးဌာန ၊ ဗဟိုသင်တန်းကျောင်း ၊ မိတ္ထီလာမြို့တွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း၊ အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို (၂၀.၇.၂၀၂၆) ရက်နေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ( ကိုယ်စား ) စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကား ပြောကြား၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူးရုံး နှင့် မြို့နယ် ဦးစီးဌာနမှူးရုံးတို့မှ တာဝန်ရှိသူများ၊ ဗဟိုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ(၄)ဦး ၊ ကယား ပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ (၄)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၁၅)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၉)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ (၁၃)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၃)ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ(၂)ဦး စုစုပေါင်း သင်တန်းသား ( ၅၁ ) ဦး တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းကို (၂၀.၇.၂၀၂၆) နေ့မှ (၁၁.၉.၂၀၂၆) နေ့ ထိ ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

14/07/2026

ဝါစိုက်တောင်သူများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်း

ဝါစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးစေရန် စက်ယန္တရားများဖြင့် မြေပြုပြင်ခြင်း၊ ဝါမျိုးစေ့ချခြင်း၊ ကြားပေါင်းလိုက်ခြင်း၊ ကျောပိုးဝါကောက်စက်ဖြင့် ဝါဆွတ်ခူးခြင်းများလုပ်ဆောင်ရန် လိုအပ်ပါ သည်။ အဆိုပါလိုအပ်သည့် စက်ယန္တရားများ၊ စက်ကိရိယာများ အသုံးပြုဆောင်ရွက်လိုသော ဝါစိုက်တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှ အကောင်းဆုံးပံ့ပိုးကူညီပေးနိုင်ပါသဖြင့် စိတ်ပါဝင်စားသူ တောင်သူများသည် ဖုန်းနံပါတ် (067-3431215)၊ စက်မှုလယ်ယာဦးစီးဌာန၊ နေပြည်တော်သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့ဦးစီးမှူး(လုပ်ငန်းခွင်)သင်တန်းအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ ကျင်းပ ...
14/07/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့
ဦးစီးမှူး(လုပ်ငန်းခွင်)သင်တန်းအမှတ်စဉ်(၁/၂၀၂၆-၂၀၂၇)
သင်တန်း ဖွင့်ပွဲ ကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် ဦးစီးမှူး (လုပ်ငန်းခွင်) သင်တန်းအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကို (၁၃.၇.၂၀၂၆) ရက်နေ့နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းဖွင့်အမှာစကား ပြောကြား၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိများ၊ ဗဟိုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများ၊ တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ(၈)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ ကယား ပြည်နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၆)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၃)ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ(၁)ဦး၊ ရှမ်းပြည်နယ်(ရှေ့ပိုင်း) မှ(၁)ဦး၊ မွန်ပြည်နယ်မှ(၃)ဦး စုစုပေါင်း သင်တန်းသား ( ၃၅ ) ဦး တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းကို (၁၃.၇.၂၀၂၆) နေ့မှ (၂၄.၇.၂၀၂၆) နေ့ ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်...
10/07/2026

စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့
အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု
(အထူး) သင်တန်း ဆင်းပွဲ ကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ မိတ္ထီလာမြို့တွင် အမှတ်စဉ် (၁/၂၀၂၆-
၂၀၂၇) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား ကို (၁၀.၇.၂၀၂၆) ရက်နေ့နံနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ( ကိုယ်စား ) ဗဟိုသင်တန်းကျောင်း - ကျောင်းအုပ်ကြီးက သင်တန်းဆင်းအမှာစကားပြောကြား၍ စက်မှုလယ်ယာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးဌာနမှူး ၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ များ ၊ ဗဟို သင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ပြီး နံနက် ( ၁၀:၀၀ ) နာရီတွင် သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါသင်တန်းတွင် နေပြည်တော်မှ(၂)ဦး ၊စစ်ကိုင်းတိုင်းဒေသကြီးမှ(၅)ဦး၊ မကွေးတိုင်း ဒေသကြီးမှ(၉)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ(၃)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၂၉)ဦး ၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၁)ဦး ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မှ(၆)ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ(၁)ဦး၊ စုစုပေါင်း သင်တန်း သား (၅၆) ဦးတက်ရောက်ခဲ့ကြပြီး (၁၈.၅.၂၀၂၆) ရက်နေ့မှ (၁၀.၇.၂၀၂၆) ရက်နေ့ထိ ရက်သတ္တပတ်( ၈ ) ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ ပါသည်။
အဆိုပါသင်တန်းဆင်းလူငယ်များသည် စက်မှုလယ်ယာဦးစီးဌာနနှင့် လယ်ယာသုံးစက် ကိရိယာဝန်ဆောင်မှုကုမ္ပဏီများ ၊ ကိုယ်ပိုင်လယ်ယာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြမည် ဖြစ်သည်။
အမှတ်စဉ် ( ၂/၂၀၂၆-၂၀၂၇ ) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ( အထူး ) သင်တန်းကိုလည်း၂၀၂၆ခုနှစ်ဇူလိုင်လတတိယပတ်တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း တက်ရောက် လိုပါကနီးစပ်ရာ စက်မှုလယ်ယာအဖွဲ့အစည်းများနှင့် ဖုန်းနံပါတ်-၀၉-၉၈၆၇၀၅၇၁၀၊ ၀၉-၄၂၉၆၂၄၀၈၄၊ ၀၉-၇၉၀၂၉၂၇၀၀ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ဧက(၁၀၀)တွင် ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျ...
09/07/2026

မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာ စနစ်ကျလယ်ယာမြေ ဧက(၁၀၀)တွင် ကောက်စိုက်စက် ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
မြန်အောင် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၆-၂၀၂၇ခုနှစ် မိုးစပါး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း သရုပ်ပြ ပွဲကို ယနေ့နံနက် ၉ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာ စနစ်ကျဧက(၁၀၀) ကွင်းရှိ ကွင်းအမှတ် (၂၄၉)တောင်သူ ဦးစိုး၏ လယ်မြေ(၃)ဧကတွင်ကျင်းပပြုလုပ်သည်။
KUBOTA(၆)တန်းသွား ကောက်စိုက်စက်ဖြင့် မြန်အောင်မြို့နယ်တွင် ဧက(၆၀)စိုက်ပျိုးသွားမည် ဖြစ်ပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း ၊ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင် များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီးစပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက်စက် ဖြင့် စိုက်ပျိုးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိကြောင်းနှင့်စပါးပျိုးထောင်စက်နှင့်ကောက်စိုက် စက်၏ စက်မှုပိုင်းဆိုင်ရာများကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းက လက်တွေ့ပြုလုပ်ရှင်းလင်းပြောကြား၍ ကောက်စိုက်စက်ဖြင့် လက်တွေ့ မောင်းနှင်စိုက်ပျိုးသရုပ်ပြခဲ့ကြသည်။
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ် ပြပွဲသို့ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေလင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်း၊ မြန်အောင်ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ဒေသခံတောင်သူများတက်ရောက်ခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင် 09451240702

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ရေကြည်မြို့နယ်တွင်ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ...
09/07/2026

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ရေကြည်မြို့နယ်တွင်
ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း
ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိဒေသခံတောင်သူများ အနေဖြင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးလယ်ယာသုံး စက်ကိရိယာပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် စနစ်တကျကိုင်တွယ်မောင်းနှင် အသုံးပြု တက်စေရေးနှင့် စပါးရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်နည်းပါးစေရေးအတွက်ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၇)စက်မှုလယ်ယာစခန်း၊ ရေကြည်မြို့တွင် ရိတ်သိမ်း ခြွေလှေ့စက်မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၆-၇၂၀၂၆) ရက်နေ့နံနက်(၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊စက်မှုလယ်ယာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးဌာနမှူး ဦးကျော်ခင် ၊ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသန်းဇော်လင်း၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်တောင်သူသင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးစောထွန်းဝင်း မှ အဖွင့်အမှာစကားပြောကြားခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး၊ ဦးကျော်ခင်မှသင်တန်းဆိုင်ရာ ကိစ္စရပ်များရှင်းလင်းပြောကြားခြင်း၊ ရေကြည်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးသန်းဇော်လင်းမှ သင်တန်းသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Address

Office No. 50
Naypyidaw
15011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

0673431217

Alerts

Be the first to know and let us send you an email when Agricultural Mechanization Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Agricultural Mechanization Department:

Shortcuts

Share