AIM International College - AIM

Call Directions Website Contact the organization

AIM International College - AIM Developing ethical leaders through quality education!

🎓 Grade 12, Grade 11, GED သို့မဟုတ် IGCSE ပြီးပြီလား? 🇬🇧 ဒါဆိုရင်တော့ ABE Level 4 Diploma in Business Management ကနေတဆင့...
29/10/2026

🎓 Grade 12, Grade 11, GED သို့မဟုတ် IGCSE ပြီးပြီလား? 🇬🇧

ဒါဆိုရင်တော့ ABE Level 4 Diploma in Business Management ကနေတဆင့် UK Ranking မြင့် တက္ကသိုလ်ကြီးမှ ဘွဲ့ကို ရယူနိုင်မယ့် လမ်းကြောင်း AIM မှာရှိပါတယ်။

ABE Level 4 ဆိုတာ ဘယ်လို Program မျိုးလဲ?
🎓 ABE Level 4 ဆိုတာ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ပထမနှစ်နဲ့ ညီမျှတဲ့ Credit 120 အပြည့်ရှိသော Ofqual အသိအမှတ်ပြု Qualification တစ်ခုဖြစ်ပါတယ်။
🎓 ABE Level 4 Diploma တက်ရောက်ပြီးပါက ပြည်တွင်းမှာပဲ အချိန်၃ နှစ်အတွင်း UK နိုင်ငံရဲ့ Gold Teaching Award ရ University of Hertfordshire မှ BA (Hons) ရယူနိုင်တာကြောင့် ပြည်ပမှာ သွားရောက်ပညာသင်ယူရမယ့် ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ရင် ၅ ဆအထိ သက်သာစွာနဲ့ UK Degree တစ်ခုကို ရယူနိုင်မှာ ဖြစ်ပါတယ်။
🎓 ပြည်ပနိုင်ငံတွေမှာ သွားရောက်ပညာသင်ယူဖို့ ရည်ရွယ်ထားသူတွေအတွက်လည်း နိုင်ငံတကာတက္ကသိုလ်တွေမှာ Credit Transfer ဖြင့် ဒုတိယနှစ်နဲ့ နောက်ဆုံးနှစ်ကို ဆက်လက်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ABE Level 4 က ယနေ့ခေတ် စီးပွားရေးနယ်ပယ်မှာ လိုအပ်တဲ့ ခေတ်မီဘာသာရပ်တွေ ဖြစ်တဲ့ ✅Entrepreneurship
✅Innovation
✅Project Management
✅Financial Management အစရှိတဲ့ ဘာသာရပ်တွေကို UK သင်ရိုးညွှန်းတမ်းအတိုင်း Real World Case Study တွေနဲ့အတူ စနစ်တကျ သင်ယူလေ့လာနိုင်မှာ ဖြစ်ပြီး Classroom Activities, Group Projects နဲ့ Presentations တွေပြုလုပ်ပြီး သင်ကြားရမှာဖြစ်လို့ လက်တွေ့ လုပ်ငန်းခွင်အတွက်များစွာ အထောက်အကူဖြစ်စေပါတယ်။

ဒါကြောင့် IGCSE, GED, Grade 11 သို့မဟုတ် Grade 12 ပြီးဆုံးထားပြီး—
✅ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့တစ်ခု ရယူချင်သူတွေ
✅ စီးပွားရေးလုပ်ငန်းတွေကို လက်တွေ့အသုံးချနိုင်တဲ့အထိ နားလည်တတ်ကျွမ်းချင်သူတွေ
✅ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလိုသူတွေ
✅ အောင်မြင်တဲ့ Entrepreneur တစ်ယောက်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ ဦးဆောင်လိုသူတွေအတွက်

ABE Level 4 ဟာ နိုင်ငံတကာတက္ကသိုလ်ပညာရေးဆီ လှမ်းလျှောက်ဖို့ အကောင်းဆုံး လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

ABE ကို တက်ရောက်ဖို့ရွေးချယ်မယ်ဆိုရင် ABE (UK)၏ ကမ္ဘာ့ အမှတ်အများဆုံး ဆုရှင်ကိုယ်တိုင် ဦးစီး သင်ကြားပြီ ကမ္ဘာ့အမှတ်ဆုံးဆုရှင်များနှင့် ထူးချွန် ကျောင်းသားများစွာ ကို နှစ်စဉ် မွေးထုတ်ပေးလျ AIM ကို စိတ်ချစွာ ရွေးချယ်လိုက်ပါ။

📩 Messenger: https://m.me/aiminternationalcolleg
☎️ 09 400 5999 30
☎️ 09 400 5999 29
📍 (၂၆) လမ်း၊ (၅၇) နှင့် (၅၈) ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🙏🙏🙏 သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ က...
25/10/2026

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🙏🙏🙏

သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး ပျော်ရွှင်ဖွယ်ကောင်းသော အားလပ်ရက်ဖြစ်ပါစေကြောင်း AIM International College - AIM မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🎆 အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်လေး ဖြစ်ပါစေ။

#သီတင်းကျွတ်ဆုမွန်တောင်း

🪔 သီတင်းကျွတ် ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း 🪔လေးစားအပ်ပါသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများရှင့်။သီတင်းကျွတ်ကာလ...
23/10/2026

🪔 သီတင်းကျွတ် ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း 🪔

လေးစားအပ်ပါသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများရှင့်။

သီတင်းကျွတ်ကာလအတွင်း အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ AIM International College ၏ အတန်းများအားလုံးနှင့် ရုံးကို ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး မိသားစုနှင့်အတူ ပျော်ရွှင်အေးချမ်းသော သီတင်းကျွတ်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AIM International College မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🪔✨

AIM International College

#သီတင်းကျွတ်

📚 Exam Stress ကို ဘယ်လို ကျော်လွှားမလဲ?စာမေးပွဲနီးလာပြီဆိုရင် စာတွေမမှတ်မိတော့မှာ စိုးရိမ်တာ၊ ဖတ်ထားတာတွေ မေ့သွားမှာ ကြေ...
22/10/2026

📚 Exam Stress ကို ဘယ်လို ကျော်လွှားမလဲ?

စာမေးပွဲနီးလာပြီဆိုရင် စာတွေမမှတ်မိတော့မှာ စိုးရိမ်တာ၊ ဖတ်ထားတာတွေ မေ့သွားမှာ ကြောက်တာ၊ ဘယ်ကနေစပြီး စာလုပ်ရမလဲ မသိတာမျိုးတွေ ကြုံဖူးပါသလား?

ဒါတွေဟာ ကျောင်းသား၊ ကျောင်းသူတော်တော်များများ ကြုံတွေ့ရတတ်တဲ့ Exam Stress ရဲ့ လက္ခဏာတွေပါ။ စိတ်ဖိစီးမှုကို လုံးဝမရှိအောင် လုပ်ဖို့ထက် မှန်ကန်တဲ့နည်းလမ်းတွေကို အသုံးချပြီး
ရလာဒ်ကောင်းတွေ ရရှိဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများ အတွက် Exam Stress ကို ဘယ်လို ကျော်လွှားရမလဲ ဆိုတဲ့ နည်းလမ်း (၅)ခု ကိုဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

✅ 1. Study Plan ရေးဆွဲပါ
ဘာသာရပ်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ပြီး တစ်နေ့တာ လုပ်ဆောင်ရမယ့်အရာတွေကို ခွဲခြားထားပါ။ အားလုံးကို တစ်ရက်တည်း အပြီးလုပ်ဖို့ မကြိုးစားပါနဲ့။

✅ 2. တစ်ခါတည်း အများကြီးမလုပ်ပါနဲ့
စာကို အချိန်အကြာကြီး ဆက်တိုက်ဖတ်မယ့်အစား 25–30 မိနစ်ခန့် အာရုံစိုက်လေ့လာပြီး ခဏနားပေးပါ။

✅ 3. တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
လူတိုင်းရဲ့ သင်ယူနိုင်စွမ်းနဲ့ ပြင်ဆင်ပုံ မတူညီပါဘူး။ မနေ့က ကိုယ့်ထက် ဒီနေ့ ပိုတိုးတက်လာဖို့ကိုပဲ အာရုံစိုက်ပါ။

✅ 4. အိပ်ရေးဝဝအိပ်ပြီး အနားယူပါ
တစ်ညလုံး စာကျက်တာက အမြဲတမ်း အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။ လုံလောက်တဲ့အိပ်စက်မှုက မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုအတွက် အရေးကြီးပါတယ်။

✅ 5. ကိုယ့်ကိုယ်ကို ယုံကြည်ပါ
စာမေးပွဲတစ်ခုက ကိုယ့်ရဲ့တန်ဖိုးကို အပြည့်အဝ သတ်မှတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ပြင်ဆင်ထားသမျှကို အကောင်းဆုံးအသုံးချဖို့ပဲ အာရုံစိုက်ပါ။

စာမေးပွဲဆိုတာ ကိုယ်သင်ယူထားတာတွေကို ပြသဖို့ အခွင့်အရေးတစ်ခုပါ။ ကြောက်ရွံ့မှုထက် ပြင်ဆင်မှုကို ဦးစားပေးပြီး ယုံကြည်မှုရှိရှိ ရှေ့ဆက်လိုက်ပါ။ ကျောင်းသား ကျောင်းသူများလည်း Exam stress တွေကို ကောင်းစွာ manage လုပ်ပြီး စာမေးပွဲ တွေမှာ အခက်အခဲမရှိ အောင်မြင်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

AIM International College - AIM တွင် ဖွင့်လှစ်ထားသော အတန်းများ အကြောင်း အသေးစိတ်စုံစမ်းမေးမြန်းရန် 👇
https://m.me/aiminternationalcollege
☎️ 09 400 5999 30
☎️ 09 400 5999 29
📍 AIM International College
(၂၆) လမ်း၊ (၅၇) နှင့် (၅၈) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📚 Assignment ရေးတဲ့အခါ Referencing ကို ဘာကြောင့် ထည့်သွင်းဖော်ပြဖို့ လိုအပ်တာလဲ?Assignment တစ်ခုမှာ အချက်အလက်တွေ ပြည့်စု...
21/10/2026

📚 Assignment ရေးတဲ့အခါ Referencing ကို ဘာကြောင့် ထည့်သွင်းဖော်ပြဖို့ လိုအပ်တာလဲ?

Assignment တစ်ခုမှာ အချက်အလက်တွေ ပြည့်စုံနေရုံနဲ့ Academic Quality ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်တင်ပြထားတဲ့ အယူအဆတွေ၊ သီအိုရီတွေနဲ့ အချက်အလက်တွေကို ဘယ်အရင်းအမြစ်ကနေ ရယူထားသလဲဆိုတာကိုလည်း စနစ်တကျ ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် International Qualifications နဲ့ University Assignments တွေမှာ Referencing ဟာ မရှိမဖြစ် အရေးပါတဲ့ Academic Writing Skill တစ်ခု ဖြစ်ပါတယ်။

🎯 Referencing ရဲ့ အရေးပါမှု (၄) ချက်

✅ 1. Avoid Plagiarism
အခြားသူတွေရဲ့ အယူအဆနဲ့ အချက်အလက်တွေကို အသုံးပြုတဲ့အခါ မူရင်းစာရေးသူကို အသိအမှတ်ပြုပေးနိုင်ပါတယ်။

✅ 2. Support Your Arguments
ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကို ကိုးကားခြင်းအားဖြင့် ကိုယ်တင်ပြထားတဲ့ အယူအဆနဲ့ ဆွေးနွေးချက်တွေကို ပိုမိုခိုင်မာစေပါတယ်။

✅ 3. Demonstrate Academic Integrity
အချက်အလက်တွေကို မှန်ကန်စွာ အသုံးပြုပြီး Academic Standards ကို လိုက်နာတတ်ကြောင်း ပြသနိုင်ပါတယ်။

✅ 4. Improve Academic Writing Quality
သက်ဆိုင်ရာ ရင်းမြစ်တွေကို ရှာဖွေခြင်း၊ အကဲဖြတ်ခြင်းနဲ့ ကိုယ့်အတွေးအခေါ်တွေကို အထောက်အထားတွေနဲ့ ချိတ်ဆက်တင်ပြခြင်းတို့ကို တိုးတက်စေပါတယ်။

💡 သိထားသင့်တဲ့ အချက်

Referencing မှာ အဓိကအားဖြင့် အပိုင်း (၂) ပိုင်း ပါဝင်ပါတယ်။

📌 In-text Citation — Assignment ရဲ့ စာသားအတွင်း ကိုးကားထားတဲ့ ရင်းမြစ်ကို ဖော်ပြခြင်း။

📌 Reference List — Assignment အဆုံးမှာ အသုံးပြုကိုးကားထားတဲ့ ရင်းမြစ်တွေကို စနစ်တကျ စာရင်းပြုစုခြင်း။

အသုံးပြုတဲ့ referencing style — Harvard, APA စသည်တို့အလိုက် ရေးသားပုံ ကွာခြားနိုင်တာကြောင့် သက်ဆိုင်ရာ Institution ရဲ့ Guidelines ကို လိုက်နာဖို့လည်း အရေးကြီးပါတယ်။

🎓AIM International College - AIM မှာတော့ Qualification တစ်ခုရရှိဖို့အတွက်သာမက Academic Writing Skills နဲ့ Critical Thinking Skills တွေကိုပါ တိုးတက်အောင် စနစ်တကျ လေ့ကျင့် သင်ကြားပေးဖြစ်ပါတယ်။

AIM တွင် တက်ရောက်နိုင်သော အတန်းများ အကြောင်း အသေးစိတ်သိရှိလိုပါက
https://m.me/aiminternationalcollege

☎️ 09 400 5999 30
☎️ 09 400 5999 29
📍 AIM International College
(၂၆) လမ်း၊ (၅၇) နှင့် (၅၈) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

𝐎𝐧𝐥𝐢𝐧𝐞 ကနေ (၃) နှစ်သာတက်ရောက်ရုံနဲ့ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့  𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 က ပေးအ...
19/10/2026

𝐎𝐧𝐥𝐢𝐧𝐞 ကနေ (၃) နှစ်သာတက်ရောက်ရုံနဲ့ အင်္ဂလန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 က ပေးအပ်တဲ့ 𝐁𝐀 (𝐇𝐨𝐧𝐬) ဘွဲ့ကို ရယူနိုင်ပါပြီ။🇬🇧

🎓 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 အကြောင်း အသေးစိတ်

⭐ 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐇𝐞𝐫𝐭𝐟𝐨𝐫𝐝𝐬𝐡𝐢𝐫𝐞 ဟာဆိုရင်
𝐆𝐨𝐥𝐝 𝐭𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐚𝐰𝐚𝐫𝐝 ရရှိထားတဲ့ 𝐔𝐊 𝐡𝐢𝐠𝐡-𝐫𝐚𝐧𝐤𝐞𝐝 တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါတယ်။

⭐ 𝐆𝐮𝐚𝐫𝐝𝐢𝐚𝐧 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐆𝐮𝐢𝐝𝐞 𝟐𝟎𝟐𝟔 𝐑𝐚𝐧𝐤𝐢𝐧𝐠 အရ 𝐔𝐊 က အကောင်းဆုံးတက္ကသိုလ်များစာရင်းထဲမှာ 𝟒𝟗 နေရာက ရပ်တည်လျက်ရှိပြီး နှစ်စဉ် 𝐐𝐒 𝐖𝐨𝐫𝐥𝐝 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐑𝐚𝐧𝐤𝐢𝐧𝐠𝐬 (𝟖𝟓𝟏–𝟗𝟎𝟎) ကြားရှိတဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

⭐ 𝐄𝐦𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐑𝐚𝐭𝐞 အနေနဲ့လည်း 𝟗𝟔% ကျော်ရှိတဲ့အတွက် ခိုင်မာမှန်ကန်တဲ့ 𝐂𝐚𝐫𝐞𝐞𝐫 လမ်းကြောင်းကို မျှော်မှန်းထားသူတွေအတွက် သင့်လျော်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုမျိုး ဂုဏ်သိက္ခာကြီးမားတဲ့ 𝐔𝐊 𝐡𝐢𝐠𝐡-𝐫𝐚𝐧𝐤𝐞𝐝 တက္ကသိုလ်ကြီးကနေ ပေးအပ်တဲ့ 𝐁𝐀 (𝐇𝐨𝐧𝐬) ဘွဲ့ကို AIM International College - AIM မှာ 100% Online ကနေ တက်ရောက်သင်ကြားပြီး ရယူနိုင်ပါပြီ။

➡️ အလုပ်တစ်ဖက်နဲ့ နိုင်ငံတကာအသိအမှတ်ပြု 𝐔𝐊 ဘွဲ့ကို အချိန်တိုအတွင်းရယူချင်တဲ့သူတွေ၊

➡️ နေရာဒေသမရွေး Online ကနေ အချိန်မကုန်၊ လူမပင်ပန်းဘဲ လွယ်လွယ်ကူကူ လေ့လာချင်တဲ့သူတွေနဲ့

➡️ ရုံးချိန်လွတ် အတန်းများကို ဝါရင့်ဆရာ/ ဆရာမကြီးတွေနဲ့ တိုက်ရိုက်သင်ကြားလိုသူတွေအတွက် အသင့်လျော်ဆုံး Program ကြီးတစ်ခုဖြစ်ပါတယ်။

✨ 𝐀𝐈𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ဟာမန္တလေးမြို့မှာ 𝐀𝐁𝐄 သင်ကြားမှုသက်တမ်းအရင့်ဆုံးဖြစ်ပြီး 𝐀𝐁𝐄 𝐔𝐊 မှ တိုက်ရိုက်စစ်မေးသော စာမေးပွဲတွေမှာ အောင်ချက် 95% ကျော်ရရှိထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ဒီ Program ကြီးကို ABE Pathway မှ တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်ပြီး

✔စနစ်ဟောင်း (၁၀) တန်း၊ စနစ်သစ် (၁၂) တန်းနဲ့ 𝐈𝐆𝐂𝐒𝐄 / 𝐆𝐄𝐃 ပြီးထားတဲ့ ကျောင်းသားများအတွက် ပထမနှစ် (𝐋𝐞𝐯𝐞𝐥-𝟒)

✔တက္ကသိုလ်ဒုတိယနှစ် တက်လက်စကျောင်းသားများ၊ 𝐀𝐁𝐄, 𝐇𝐍𝐂, 𝐍𝐂𝐂, 𝐎𝐓𝐇𝐌 𝐋𝐞𝐯𝐞𝐥 𝟒 ပြီးထားသူတွေအတွက် ဒုတိယနှစ် (𝐀𝐁𝐄 𝐋𝐞𝐯𝐞𝐥-𝟓)

✔ 𝐋𝐞𝐯𝐞𝐥 (𝟒+𝟓) ပြီးဆုံးသူများအတွက် Top-up နောက်ဆုံးနှစ် 𝐁𝐀 (𝐇𝐨𝐧𝐬) ဆိုပြီး ရွေးချယ်တက်ရောက်နိုင်ပါပြီ။

"အရည်အသွေး ပြည့်ဝတဲ့ ကမ္ဘာ့ အဆင့်မီ ပညာရေးကို 𝐀𝐈𝐌 မှာ လက်တွေ့အကောင်အထည်ဖော်ရယူလိုက်ပါ”

အတန်းသစ် စတင်တော့မှာဖြစ်လို့ 𝐀𝐈𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့် အသေးစိတ် ဆွေးနွေးစုံစမ်းနိုင်ပါပြီ။

https://m.me/aiminternationalcollege

အသေးစိတ်သိရှိလိုပါက

𝐀𝐈𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞
☎️ 𝟎𝟗 𝟒𝟎𝟎 𝟓𝟗𝟗𝟗 𝟑𝟎
☎️ 𝟎𝟗 𝟒𝟎𝟎 𝟓𝟗𝟗𝟗 𝟐𝟗
🏠 (၂၆)လမ်း၊ (၅၇)နှင့် (၅၈)ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။။

စီးပွါးရေး နယ်ပယ်မှာ အောင်မြင်လိုသူတိုင်းအတွက် 𝐔𝐊 မှ ချီးမြှင့်မည့် BBA ပထမနှစ် | OTHM Level 4  အတန်းကို AIM Internation...
17/10/2026

စီးပွါးရေး နယ်ပယ်မှာ အောင်မြင်လိုသူတိုင်းအတွက် 𝐔𝐊 မှ ချီးမြှင့်မည့် BBA ပထမနှစ် | OTHM Level 4 အတန်းကို AIM International College မှာ October 19 ရက်နေ့တွင် အတန်းသစ် စတင်ဖွင့်လှစ်မည် ဖြစ်ပါတယ်ရှင့်။

OTHM Diploma က UK Government ရဲ့ Qualification Regulator ဖြစ်တဲ့ Ofqual မှ တရားဝင်အတည်ပြု အသိအမှတ်ပြုထားသော Qualification ဖြစ်ပြီး Credit 120 အပြည့်ရရှိတဲ့ နိုင်ငံတကာတက္ကသိုလ် ပထမနှစ်နဲ့ ညီမျှတဲ့ Diploma တစ်ခုဖြစ်ပါတယ်။

AIM မှာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိတဲ့ UK စီးပွါးရေးဘွဲ့ ပထမနှစ် ဖြစ်တဲ့ OTHM Level 4 ကို
✅ GED / IGCSE အောင်မြင်ပြီးသူများ
✅ Grade 11 / Grade 12 ပြီးဆုံးထားသူများ
✅ Business & Management ပညာရပ်ကို စိတ်ဝင်စားသူများ
✅ ပြည်တွင်းမှာ နေပြီး UK Degree ကို ရယူလိုသူများ

✅ နေရာဒေသမရွေး Online ကနေ ပညာသင်ယူလိုသူများ
ပြည်တွင်းမှာ ( 2 ) နှစ် တက်ပြီး နောက်ဆုံးနှစ်ကို နိုင်ငံခြားမှာဆက်လက်တက်ရောက်လိုသူများ တက်ရောက်နိုင်ပါတယ်။
အားသားချက်အနေနဲ့ကတော့
💻 နေရာဒေသမရွေး Online ကနေ သင်ယူနိုင်ခြင်း
📖 UK ရဲ့ Ofqual-regulated OTHM Level 4 Diploma in Business Management မှ စတင်လေ့လာနိုင်ခြင်း
🎯 Level 4, Level 5 နဲ့ သက်ဆိုင်ရာ Final Year Pathway မှ Bachelor’s Degree အထိ အဆင့်ဆင့် ဆက်လက်တက်ရောက်ပြီး
သတ်မှတ်ထားတဲ့ ဝင်ခွင့်နဲ့ ဘွဲ့ချီးမြှင့်မှုလိုအပ်ချက်များအပေါ် မူတည်ပြီး မိမိရဲ့ ပညာရေးရည်မှန်းချက်ကို တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်ပါတယ်။
𝐀𝐈𝐌 တွင်တက်ရောက်ခဲ့ကြသော OTHM Level 4 ကျောင်းသူများနှင့် မိဘ ၏ စကားသံများကိုလည့်း မျှဝေပေးလိုက်ပါတယ်။
https://www.facebook.com/share/v/18sAqBn6Ms/

UK ပညာရေးလမ်းကြောင်းကို Online ကနေ စတင်လျှောက်လှမ်းချင်တယ်ဆိုရင် AIM International College ကို အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ။
📩 အသေးစိတ်သိရှိရန် — AIM International College Messenger
📞 09 400 599 929
📞 09 400 599 930
📍 (၂၆) လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

📚 Assignment ရေးတတ်တာနဲ့ Assignment ကောင်းတစ်ခု ရေးနိုင်တာ မတူပါဘူး။Assignment တစ်ခုမှာ အချက်အလက်တွေ ပြည့်စုံနေရုံနဲ့ Ac...
16/10/2026

📚 Assignment ရေးတတ်တာနဲ့ Assignment ကောင်းတစ်ခု ရေးနိုင်တာ မတူပါဘူး။

Assignment တစ်ခုမှာ အချက်အလက်တွေ ပြည့်စုံနေရုံနဲ့ Academic Quality ကောင်းတယ်လို့ သတ်မှတ်လို့ မရပါဘူး။

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ဆိုတာ ကိုယ်လေ့လာထားတဲ့ Subject Knowledge ကို ဘယ်လိုအသုံးချပြီး ကိုယ့်ရဲ့ Understanding, Analysis နဲ့ Critical Thinking ကို ဘယ်လောက်ထိ ချိတ်ဆက် ဖော်ပြနိုင်သလဲဆိုတာပါ။

ဒီ တစ်ခေါက်မှာတော့ AIM International College - AIM မှာ သင်ကြားပေးနေတဲ့ ABE လို international education bodies တွေ UK နဲ့ အခြား Global Universities တွေရဲ့ assignment တွေ ရေးတဲ့အခါ ကျောင်းသား ကျောင်းသူများ အမှတ်ကောင်းကောင်း ရနိုင်ဖို့ သတိထားပြီး ပြင်ဆင်ရမယ့် အချက်လေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

1. Description vs. Analysis
အကြောင်းအရာတစ်ခုကို ရှင်းပြရုံနဲ့ မလုံလောက်ပါဘူး။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ၊ ဘယ်လိုဆုံးဖြတ်နိုင်သလဲဆိုတာကိုပါ ဆန်းစစ်ပါ။

2. Evidence vs. Opinion
ကိုယ့်အမြင်ကို ရေးသားနိုင်ပေမယ့် Academic Argument တစ်ခုဖြစ်ဖို့ သက်ဆိုင်ရာ Evidence, Research နဲ့ Examples တွေကို အသုံးပြုပါ။

3. Application vs. Theory
Theory ကို အဓိပ္ပာယ်ဖွင့်ဆိုရုံမဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်၊ Business Case သို့မဟုတ် Real-life Situation တွေမှာ ဘယ်လိုအသုံးချနိုင်သလဲဆိုတာ ဖော်ပြပါ။

4. Referencing vs. Critical Thinking
References များများထည့်ထားခြင်းက တစ်ခုတည်းနဲ့ Assignment ကောင်းတစ်ခု မဖြစ်စေပါဘူး။ ရင်းမြစ်တွေထဲက အချက်အလက်တွေကို နှိုင်းယှဉ်သုံးသပ်ပြီး ကိုယ့်ရဲ့ Argument နဲ့ ချိတ်ဆက်တင်ပြပါ။

5. Completing vs. Answering the Question
Assignment အားလုံးကို ရေးပြီးသွားပြီလားဆိုတာထက် မေးခွန်းမှာ တောင်းဆိုထားတဲ့ Task ကို တိတိကျကျ ဖြေဆိုထားသလားဆိုတာက ပိုအရေးကြီးပါတယ်။

💡 Remember : A good assignment does not simply show what you know. It demonstrates how well you understand, analyse and apply what you know.

Assignment ကောင်းတစ်ခုဆိုတာ ကိုယ် ဘာတွေ သိတယ်ဆိုတာတွေ ချရေးတာ သပ်သပ်မဟုတ်ဘဲ သိရှိ နားလည်ပြီး လက်တွေ့လုပ်ငန်းခွင်နဲ့ ချိတ်ဆက် နိုင်တယ်ဆိုတာကို ပြသနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။

Assignment ရေးနေကြတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး ဒီ အချက်လေးတွေ သေချာဂရုပြုပြီး အကောင်းဆုံး ကြိုးစားကာ High Grade Assignment တွေ ရေးသားနိုင်ကြပါစေဖို့ ဆန္ဒပြုလိုက်ပါတယ်။

📌 ပညာရေးနဲ့ပတ်သက်တဲ့ Knowledge Sharing တွေ၊ Exam Tips တွေနဲ့ Academic Skills ဆိုင်ရာ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ AIM International College page ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။

ကမ္ဘ့ာအဆင့်မီ ပညာရေးကို စိတိဝင်စားသူများ အတွက်

AIM International College
📞 09 400 59999 30
📞 09 400 59999 29
📍 (၂၆) လမ်း၊ (၅၇) နှင့် (၅၈) ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

ပညာရေး လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့ အခါ ဘွဲ့ တစ်ခုရဖို့သာမကဘဲ ကိုယ့်အနာဂတ် 𝐂𝐚𝐫𝐞𝐞𝐫 အတွက် အာမခံချက်ရှိတဲ့ ပညာရပ်မျိုးကိ...
14/10/2026

ပညာရေး လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့ အခါ ဘွဲ့ တစ်ခုရဖို့သာမကဘဲ ကိုယ့်အနာဂတ် 𝐂𝐚𝐫𝐞𝐞𝐫 အတွက် အာမခံချက်ရှိတဲ့ ပညာရပ်မျိုးကိုရွေးချယ်ဖို့ အရေးကြီးပါတယ်။

ရွေးချယ်စရာများတဲ့ ယနေ့ခေတ် လူငယ်များနဲ့ မိဘများ အနေနဲ့ 🎓 ဘွဲ့ရပြီးနောက် ဘာလုပ်နိုင်မလဲ? ကိုယ့် အတွက် ဘယ်လို 𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေ ရှိနိုင်လဲ? ဆိုတာတွေကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ ဒါတွေကို ကောင်းစွာ သိရှိထားမှသာ ကိုယ်လိုချင်တဲ့ 𝐂𝐚𝐫𝐞𝐞𝐫 အတွက် အသင့်တော်ဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

🌍AIM International College - AIM မှာ 𝐁𝐁𝐀 တက်ပြီး ရင် ဘယ်လို 𝐂𝐚𝐫𝐞𝐞𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 တွေ ရရှိနိုင်မလဲ?

🔹 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 & 𝐄-𝐂𝐨𝐦𝐦𝐞𝐫𝐜𝐞
▪️ Digital Marketing Executive
▪️ Social Media Executive / Manager
▪️ Content Marketing Executive
▪️ SEO Specialist
▪️ E-Commerce Executive

🔹 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞
▪️ Business Development Executive
▪️ Operations Executive / Manager
▪️ Project Coordinator
▪️ Project Manager
▪️ Business Analyst

🔹 𝐅𝐢𝐧𝐚𝐧𝐜𝐞, 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 & 𝐁𝐚𝐧𝐤𝐢𝐧𝐠
▪️ Accounts Assistant
▪️ Finance Executive
▪️ Banking Operations Officer
▪️ Financial Analyst
▪️ Credit Officer

🔹 𝐇𝐮𝐦𝐚𝐧 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 (𝐇𝐑)
▪️ HR Assistant / HR Officer
▪️ Recruitment Executive
▪️ Talent Acquisition Specialist
▪️ Training & Development Coordinator
▪️ HR Manager

🔹 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 & 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
▪️ Entrepreneur / Startup Founder
▪️ Business Owner
▪️ Business Development Consultant
▪️ E-Commerce Business Owner
▪️ Freelance Business Consultant

ကိုယ်ပိုင် Business တစ်ခု တည်ထောင်ချင်သူပဲဖြစ်ဖြစ်၊ Corporate Career တစ်ခု တည်ဆောက်ချင်သူပဲဖြစ်ဖြစ်၊ Digital Business နယ်ပယ်မှာ အောင်မြင်ချင်သူပဲဖြစ်ဖြစ် 𝐁𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 ဟာ ကိုယ့် အနာဂတ်အတွက် ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။

🎓 ဘာကြောင့် 𝐀𝐈𝐌 ရဲ့ 𝐔𝐊 𝐁𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦 ကို ရွေးချယ်သင့်တာလဲ?

✅ UK သင်ရိုးအတိုင်းလေ့လာ သင်ကြားရခြင်း
✅ Business နယ်ပယ်မျိုးစုံကို အခြေခံမှစ၍ စနစ်တကျ နားလည်နိုင်ခြင်း
✅ Modern Business Knowledge နဲ့ Management Skills များကို ဖွံ့ဖြိုးတိုးတက်စေခြင်း
✅ လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို ပြင်ဆင်နိုင်ခြင်း
✅ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ရည်မှန်းချက်အလိုက် Career Pathway ကို ရွေးချယ်နိုင်ဖို့ အခြေခံကောင်းတစ်ခု တည်ဆောက်ပေးခြင်း

ဘွဲ့တစ်ခုရရှိဖို့ထက် ဘွဲ့နဲ့အတူ ကိုယ့်အနာဂတ်ကို တည်ဆောက်နိုင်ဖို့ 𝐀𝐈𝐌 နဲ့ အတူ ပြင်ဆင်လိုက်ပါ။

🎓 𝐀𝐈𝐌 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐥𝐥𝐞𝐠𝐞 – 𝐔𝐊 𝐁𝐁𝐀 𝐏𝐫𝐨𝐠𝐫𝐚𝐦

📩 အသေးစိတ်သိရှိရန်
https://www.facebook.com/share/p/18jmuPPqTG/?mibextid=wwXIfr

☎️ 09 400 5999 30 | 09 400 5999 29

📍 (၂၆) လမ်း၊ (၅၇) နှင့် (၅၈) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

🎓 သားသမီးရဲ့ UK ဘွဲ့ဒီဂရီအိပ်မက်ကို နိုင်ငံခြားပို့စရာမလိုဘဲ Online ကနေ အကောင်အထည်ဖော်ပေးနိုင်မယ့် ပညာရေးလမ်းကြောင်းကို ...
13/10/2026

🎓 သားသမီးရဲ့ UK ဘွဲ့ဒီဂရီအိပ်မက်ကို နိုင်ငံခြားပို့စရာမလိုဘဲ Online ကနေ အကောင်အထည်ဖော်ပေးနိုင်မယ့် ပညာရေးလမ်းကြောင်းကို သိပြီးပြီလား?

သားသမီးတွေအတွက် နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခု ရရှိစေချင်တယ်။ တစ်ဖက်မှာလည်း နိုင်ငံခြားမှာ ပညာသင်ယူရမယ့် ကုန်ကျစရိတ်တွေကို စဉ်းစားပူပန်နေရတယ်ဆိုရင် မိဘတွေအနေနဲ့ UK OTHM Qualification နဲ့ Bachelor’s Degree အထိ ဆက်တက်နိုင်မယ့် Pathway ကို သိထားသင့်ပါတယ်။

✅ OTHM Level 4 ဆိုတာ ဘာလဲ?

UK တက္ကသိုလ် ပထမနှစ် အဆင့် ပညာရေး လမ်းကြောင်းဖြစ်ပြီး Ofqual-regulated OTHM Level 4 Diploma in Business Management ဟာ Bachelor’s Degree အထိ ဆက်လက်တက်ရောက်နိုင်ဖို့ ပထမအဆင့်အဖြစ် စတင်သင်ယူနိုင်တဲ့ Qualification တစ်ခုဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ Level 4, Level 5 နဲ့ Final Year Pathway ကို အဆင့်ဆင့် ဆက်လက်တက်ရောက်ပြီး အချိန် ၃ နှစ်ခန့်အတွင်း Bachelor’s Degree အထိ ကုန်ကျစရိတ်သက်သာစွာဖြင့် ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

✅ ဘယ်သူတွေ စတင်တက်ရောက်နိုင်လဲ?

Grade 11, Grade 12, IGCSE သို့မဟုတ် GED ပြီးထားတဲ့ လူငယ်တွေအနေနဲ့ OTHM Level 4 ကနေ စတင်တက်ရောက်နိုင်ပါတယ်။

✅ Online ကနေ UK Degree အထိ တက်လို့ရလား?

ရပါတယ်။ AIM International College မှာ Online Live Class နဲ့ တက်ရောက်နိုင်သလို Campus မှာလည်း လာရောက်သင်ယူနိုင်ပါတယ်။

Online ကနေ သင်ယူခြင်းအားဖြင့် နေရာဒေသမရွေး ပညာသင်ယူနိုင်ပြီး နိုင်ငံခြားမှာ နေထိုင်စရိတ်နဲ့ အခြားကုန်ကျစရိတ်တွေကိုပါ ချွေတာနိုင်မှာပဲ ဖြစ်ပါတယ်။

✅ Level 4 ပြီးရင် ဘယ်မှာ ဆက်တက်နိုင်လဲ?

Level 4 ပြီးဆုံးတဲ့အခါ သက်ဆိုင်ရာ ဝင်ခွင့်နဲ့ Credit Recognition သတ်မှတ်ချက်တွေအပေါ်မူတည်ပြီး Level 5 နဲ့ Final Year ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။

🇲🇲 မြန်မာနိုင်ငံမှာပဲ ဆက်တက်မယ်ဆိုရင် AIM မှာ ပဲ UK နိုင်ငံ Gold Teaching Award ရ ထိပ်တန်း တက္ကသိုလ်ကြီး University of Hertfordshire ဒါမှ မဟုတ် ပြင်သစ်နိုင်ငံ ESGCI က ပေးအပ်မယ့် BBA ဘွဲ့ကို ရယူ နိုင်မှာပဲ ဖြစ်ပါတယ်။

🌏 နိုင်ငံခြားမှာ ဆက်တက်ချင်တယ်ဆိုရင် UK, Thailand, Singapore, Malaysia စတဲ့ နိုင်ငံတွေက University တွေ့ရဲ့ နောက်ဆုံးနှစ်ကိုလည်း ဆက်လက်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

✅ စာမေးပွဲတွေ အလွတ်ကျက်ဖြေရမှာလား?

OTHM Qualification မှာ Assignment-Based Assessment ကို အဓိကအသုံးပြုတာကြောင့် သင်ယူထားတဲ့ Business Knowledge ကို လက်တွေ့အခြေအနေတွေနဲ့ ချိတ်ဆက်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။

✅ သင်တန်းကြေးကို ဘယ်လိုပေးချေရမလဲ?

မိဘများ အဆင်ပြေစေရန် ကျောင်းလခကို လစဉ်အရစ်ကျ ပေးသွင်း နိုင်အောင် စီစဉ်ပေးထားပါတယ်။

💙 မိဘတွေအတွက် အရေးကြီးဆုံးက သားသမီးတွေရဲ့ အနာဂတ်အတွက် သင့်တော်တဲ့ ပညာရေးလမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်ပေးနိုင်ဖို့ပါပဲ။

နိုင်ငံခြားသွားစရာမလိုဘဲ Online ကနေ စတင်သင်ယူပြီး UK Degree အထိ ရည်မှန်းနိုင်မယ့် Pathway ကို AIM International College နဲ့အတူ စတင်လိုက်ပါ။

📌 October New Intake စတင်တော့မှာဖြစ်လို့ သားသမီးရဲ့ ပညာရေးအနာဂတ်အတွက် အသေးစိတ် ဆွေးနွေးစုံစမ်းနိုင်ပါပြီ။

📩 Messenger မှာ ဆက်သွယ်ရန်
https://m.me/aiminternationalcollege

AIM International College
📞 09 400 59999 30
📞 09 400 59999 29
📍 (၂၆) လမ်း၊ (၅၇) နှင့် (၅၈) ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Address

No. 514/4, 26th Street, Between 57&58 Streets, Chan Aye Thar Zan Tsp
Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959400599930

Alerts

Be the first to know and let us send you an email when AIM International College - AIM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to AIM International College - AIM:

Shortcuts

Share

Nearby government services