28/08/2026
🚨 🚨 ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၁:၃၆ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၏ တောင်-အရှေ့တောင်ဘက် ၁၈၀ ကီလိုမီတာ (၁၁၂မိုင်ခန့်) အကွာ၊ ကပ္ပလီပင်လယ်ပြင်အတွင်း မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၆ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ ယေဘုယျအားဖြင့် ရစ်ခ်တာစကေး၄.၀ နှင့်အထက်ငလျင်များသည် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်လည်း ရန်ကုန်တိုင်းအနီး လှုပ်ခတ်သည့်ငလျင်ငယ်များအတွက်အများပြည်သူသတိပြု သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။
⛑️ ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။