03/08/2026
မဖြစ်မြောက်ခဲ့တဲ့အရာ၊
မပြည့်စုံခဲ့တဲ့အချစ်၊
လွတ်သွားတဲ့အခွင့်အရေး၊
ပြန်မရနိုင်တော့တဲ့အချိန် .... ဒါတွေဟာ
အဝတ်ဟောင်းတစ်ထည်လိုပါပဲ။
လွှင့်ပစ်ဖို့ နှမြောပေမယ့်
ပြန်ဝတ်တော့မှာ မဟုတ်ပါဘူး။
သေသေသပ်သပ် ခေါက်သိမ်းပြီး
ဗီရိုရဲ့ အနက်ဆုံးနေရာမှာပဲ ထားလိုက်တယ်။
***
အတိတ်ကို ဖျက်ပစ်ဖို့ မလိုဘူး။
တစ်ချိန်က ကိုယ့်ဘဝမှာ အရေးပါခဲ့တာကို
အရေးပါတဲ့အတိုင်း ထားခဲ့လိုက်တယ်။
ဒါပေမဲ့ နေ့တိုင်း ပြန်ထုတ်ပြီး
ကိုယ့်လက်ရှိဘဝကို အတိတ်ထဲ ရောနှောမနေဘူး။
တစ်ခါတလေ ရင့်ကျက်လာတယ်ဆိုတာ
မမေ့နိုင်တဲ့အရာဆီ
ခြေဦးမလှည့်သလို
မကြာခဏလည်း ပြန်ထုတ်မကြည့်တော့တာဖြစ်တယ်။
💌
#နိုင်းနိုင်းစနေ