17/08/2026
🚀 Just Knowledge Share (9) Data center သို့မဟုတ် ကြုံတောင့်ကြုံခဲ exp
👉 From Structural Cabling to Facility Engineer — A Career Path for Myanmar Telecom Engineers
အရင် Knowledge Share တွေမှာ ပြောခဲ့သလို အခုလက်ရှိမှာ Myanmar Telecom ညီကိုတော်တော်များများဟာ Data Center Structural Cabling, Server Installation, Rack Installation & Infrastructure Deployment ပိုင်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။
ဒီလိုအတွေ့အကြုံတွေဟာ ကျွန်တော်တို့ Myanmar Engineers တွေအတွက် ကြုံတောင့်ကြုံခဲ ရရှိနိုင်တဲ့ International Data Center Experience တစ်ခုလို့ ပြောလို့ရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ Infrastructure, Power Stability, Investment Environment နဲ့ အခြားအခြေအနေတွေကြောင့် International-scale Data Center Infrastructure Projects တွေကို အများအပြား တွေ့ရဖို့ မလွယ်ကူသေးပါဘူး။
ဒါကြောင့် အခုလို Thailand မှာ Data Center Installation Project တွေထဲ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ညီကိုတွေအနေနဲ့ ဝင်ငွေအတွက်သာမက ကိုယ့်ရဲ့ Technical Knowledge နဲ့ International Project Experience ရရှိဖို့ပါ အရေးကြီးပါတယ်။
📌 Structural Cabling Experience ကနေ ဘယ် Career Path တွေကို ဆက်သွားနိုင်မလဲ?
🔹 Structured Cabling
→ Technician
→ Senior Technician
→ Cabling Engineer
→ Cabling Supervisor / Manager
🔹 Infrastructure
→ Infrastructure Technician
→ Infrastructure Engineer
→ Infrastructure Manager
🔹 Facility
→ Facility Technician
→ Facility Engineer
→ Critical Facility Engineer
→ Facility Manager
ဒီအဆင့်တွေကို တက်လှမ်းနိုင်ဖို့အတွက် Installation လုပ်ရုံနဲ့ မပြီးဘဲ Power, Cooling, Fire Protection, BMS, UPS, Generator, Network Infrastructure, Safety, QA/QC နဲ့ Data Center Operations ပိုင်းတွေကိုပါ တဖြည်းဖြည်း လေ့လာသင့်ပါတယ်။
🌏 နောက်ထပ်အခွင့်အလမ်းတွေက ဘယ်မှာရှိမလဲ?
Thailand တစ်နိုင်ငံတည်းမဟုတ်ဘဲ
🇹🇭 Thailand
🇲🇾 Malaysia
🇮🇩 Indonesia
🇸🇬 Singapore
🇦🇪 Dubai / UAE
🇺🇸 US & Western Markets
လို Data Center Markets တွေမှာလည်း Experienced Data Center Engineers နဲ့ Technicians တွေအတွက် အခွင့်အလမ်းတွေ ဆက်လက်ရှိလာနိုင်ပါတယ်။
အထူးသဖြင့်—
🔹 Infrastructure Engineer / Manager
🔹 Data Center Cabling Engineer
🔹 Cabling Technician / Supervisor
🔹 Facility Engineer
🔹 Critical Facility Engineer
🔹 Data Center Operations Engineer
လို Position တွေကို Target လုပ်နိုင်ပါတယ်။
ဒါပေမယ့် Technical Skill တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
👉 English Communication
👉 Thai / Chinese Language
👉 Project Management
👉 Safety Knowledge
👉 Data Center Standards
👉 Leadership & Team Management
တွေကလည်း Career Growth အတွက် အရေးကြီးလာပါလိမ့်မယ်။
ကျွန်တော်အမြင်အရတော့ အခု Data Center Installation Project တွေထဲ ဝင်ရောက်ပြီး အတွေ့အကြုံယူနေကြတဲ့ Myanmar Telecom ညီကိုတွေအနေနဲ့ “ဒီနေ့ Technician လုပ်နေတာ” ကို “နောက်နေ့ Engineer / Manager ဖြစ်ဖို့ အတွေ့အကြုံစုနေတယ်” လို့ သဘောထားပြီး Skill Development ကို အမြဲတမ်း ဆက်လုပ်သင့်ပါတယ်။
အခုရနေတဲ့ International Data Center Experience ကို မှန်မှန်ကန်ကန် အသုံးချနိုင်မယ်ဆိုရင် Career Path က တကယ်ကို ကျယ်ပြန့်ပါတယ်။
ဆက်လက်ပြီး Data Center Career နဲ့ Market Opportunities တွေကို သိသလောက် ဆက်လက်မျှဝေပေးပါဦးမယ်။
To be continued…
ရဲနောင် @ Leo