Myanmar Community in NRW

Myanmar Community in NRW INTERFAITH UNITY , Heritage,Freedom, Democracy, Human Rights

၈.၈.၂၀၂၆ (စနေနေ့) တွင် ဂျာမဏီ နိုင်ငံ NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒ...
09/08/2026

၈.၈.၂၀၂၆ (စနေနေ့) တွင် ဂျာမဏီ နိုင်ငံ NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်၍ ပူးပေါင်း ဝန်းရံ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ၊ အမှတ်တရ စကားပြောပေးပါသော Uncle George ၊ Uncle ဦးမန်းအောင်လွင် ၊ ကိုထိန်လင်းတို့အား ကျေးဇူးအထူးတင်ရှိပါတယ်၊ ဒီပွဲလေး ခုလိုမျိုး စည်စည်ကားကားနဲ့ ဖြစ်သွားအောင် ပူပေါင်းဝန်းရံ ကူညီအားဖြည့်ပေးခဲ့ကြတဲ့ ချစ်ရတဲ့ Uncle , Aunty, အကို၊အစ်မ ၊ညီလေး၊ညီမလေး ၊သူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ အဖွဲ့မှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်းထပ်လောင်းပြောပါရစေခင်ဗျာ ၊ နောင်ပြုလုပ်မယ့် ပွဲတွေမှာလည်း ခုလိုမျိုး လာရောက် ဝန်းရံကူညီအားဖြည့်ပေးကြပါဦးခင်ဗျာ 🤗🤗🤗🤗
မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးပါသော ညီလေး သဒ္ဒါ Heinhtet Soe ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်🤗🤗

07/08/2026

မနက်ဖြန် ၈.၈.၂၀၂၆ (စနေနေ့) တွင် ကျင်းပ ပြုလုပ်မယ့် (၃၈)ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် အင်္ကျီ (အနက်ရောင်) ကို ကျေးဇူးပြု၍ ဝတ်ဆင်လာဖို့ အသိပေးပါရစေခင်ဗျာ -
- ဆန္ဒထုတ်‌ ဖော်ပွဲသို့ လာရောက်ကြမည့် သူများအနေဖြင့် မည်သည့် Protest Signs မှ ပြင်ဆင်ယူလာစရာမလိုပါဘူးခင်ဗျာ၊ အကုန်ပြည့်စုံအောင် စီစဉ်ထားပါတယ်
- ဓါတ်ပုံမှတ်တမ်းယူနိုင်စေဖို့ အတွက် ဓါတ်ပုံဆရာလည်း စီစဉ်ထားပါတယ်
- လူတစ်ဦးချင်းစီ ၊ အဖွဲ့လိုက် ဓါတ်ပုံ မှတ်တမ်းယူနိုင်အောင် လည်း အချိန်ကို ထည့်စီစဉ်ထားပါတယ်
-အကျွေးအမွေး အစီအစဉ်အနေဖြင့် - ပြည်ထမင်းသုပ်(ကြက်ဥကြော်) ၊ရေသန့် စီစဉ်ထားပါတယ်
🤟အရောက်လာပြီး ပူးပေါင်းဝန်းရံဖို့ တခုပဲ လိုပါတယ်ခင်ဗျာ 🤗🤗🤗

၈.၈.၂၀၂၆ (စနေနေ့) တွင် ပြုလုပ်မည့် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈၈၈ နဲ့ ပတ်သတ်သော အ‌တွေ့အကြုံ ...
05/08/2026

၈.၈.၂၀၂၆ (စနေနေ့) တွင် ပြုလုပ်မည့် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈၈၈ နဲ့ ပတ်သတ်သော အ‌တွေ့အကြုံ ၊ခံစားချက် များ ၊ နွေဦးတော်လှန်ရေးနဲ့ ပတ်သတ်သော အတွေ့ကြုံ၊ခံစားချက်များအား မိမိတို့၏ ဆန္ဒ‌အလျောက် ပြောဆိုချင်သူများ ၇.၈.၂၀၂၆ (သောကြာနေ့) နေ့လည် ၁၂ နာရီနောက်ဆုံးထား၍ Page cb မှာ စာရင်း လာပေးလို့ ရပါတယ် ၊ တစ်ဦးလျှင် အချိန် (၃) မိနစ် ပြောကြားခွင့် ရပါမည် ။

၈.၈.၂၀၂၆ ရက် (စနေနေ့) တွင်  (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော် ပွဲကို  NRW ပြည်နယ် Bielefeld မြိ...
29/07/2026

၈.၈.၂၀၂၆ ရက် (စနေနေ့) တွင် (၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော် ပွဲကို NRW ပြည်နယ် Bielefeld မြိို့ Rathaus ရှေ့တွင် နေ့လည် ၂:၀၀ မှ ၃:၃၀ နာရီအထိ ကျင်းပ ပြုလုပ်သွားပါမည် ၊ A seekers (Granted မဖြစ်သေးသူ) များအနေဖြင့် မည်သည့်အလှုငွေမှ ထည့်ဝင်စရာမလိုပဲ လာရောက်ကူညီပူးပေါင်းဝန်းရံပေးဖို့ ဖိတ်ခေါ်ပါတယ် ၊ အကျွေးအမွေး အစီအစဥ်လည်း စီစဥ်ထားပါတယ် ၊ လွတ်လပ်တဲ့ နိုင်ငံမှာ ချစ်ရသော မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ သွေးမအေးတဲ့ အကြောင်း ပြလိုက်ကြရအောင်ဗျာ ☺
အားလုံး အတူ ဆုံကြရအောင် 💪✌

24/07/2026

(၃၈) ကြိမ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ပွဲကို NRW ပြည်နယ် Bielefeld မြို့ Rathaus ရှေ့တွင် ၈.၈.၂၀၂၆ (စနေနေ့) နေ့လည် ၂ နာရီမှ ၃:၃၀ နာရီအထိ ပြုလုပ်သွားမယ် အစီအစဉ် ရှိပါ ကြောင်း ကြိုတင်အသိ‌ ပေးအပ်ပါတယ် ၊ အသေးစိတ် အစီအစဉ်များကို ထပ်မံကြော်ငြာပေးသွားပါ့မယ်ခင်ဗျာ 🍀❤️❤️ ၊လာရောက် ဝန်းရံပေးဖို့ အားလုံးကို ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ 🤗🤗🤗🤗

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ 🤗ကျွန်တော်တို့ Page ကနေ ကြော်ငြာစရာလေး တခုရှိလို့ပါ ၊အသိပေးတယ်ဆိုလည်း မမှားပါဘူး ၊ ကျွန်တော်တ...
30/06/2026

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ 🤗
ကျွန်တော်တို့ Page ကနေ ကြော်ငြာစရာလေး တခုရှိလို့ပါ ၊အသိပေးတယ်ဆိုလည်း မမှားပါဘူး ၊
ကျွန်တော်တို့ Page ရဲ့ ရည်ရွယ်ချက်က Germany နိုင်ငံ NRW ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများအတွက် နွေဦး တော်လှန်ရေးနဲ့ ပတ်သတ်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ နဲ့ မြန်မာ့ရိုးရာပွဲတော်များကိုကျင်းပပြုလုပ်မည် အစီအစဉ်တွေကို မြန်မာပြည်သူ/သားများ သိရှိနိုင်စေရန် ဖြစ်ပါတယ် ။၂၀.၀၆.၂၀၂၆ ရက်နေ့ Paderborn မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ပွဲအတွက် ကျွန်တော်တို့အဖွဲ့မှ မည်သူ့ကိုမျှ အလှူငွေကောက်ခံခဲ့ခြင်း မရှိပဲ ပွဲဖြစ်မြောက်စေဖို့အတွက် အတူပါဝင်ဝန်းရံခဲ့တဲ့ လူတွေက နိုင်ရာဝာာဝန် ကိုယ်စီထမ်းပြီး ပွဲလေးကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်၊ နောက်နောင်ပွဲတွေ လုပ်သောအခါတွင်လည်း တစ်ဦးတစ်ယောက်တည်းက ငွေကို အများစိုက်ထုတ်လုပ်တာထက် ကုန်ကျစရိတ်ကို တတ်နိုင်တဲ့လူတွေက စုပေါင်း Share ပြီး မျှခံပေးတာကိုပဲ ဖြစ်ချင်ပါတယ် ၊ အဲ့အတွက်ကြောင့် ကျွန်တော် ယခု အသိပေးနှိုးဆော်ချင်တာက ရှေ့ဆက်ပြုလုပ်မည့် ပွဲများအတွက် Asylum Granted ဖြစ်ပြီးသူတွေထဲက ကုန်ကြစရိတ်ကို မျှခံဖို့ ဆန္ဒရှိတဲ့ လူတွေ အနေနဲ့ ကျွန်တော့်ကို cb ကနေ လာရောက်စာရင်းပေးနိုင်ပါတယ် ၊ ကျွန်တော် Messenger Gp တစ်ခု ဖွင့်ပြီး ပွဲတခု လုပ်မယ်ဆို ကုန်ကြစရိတ်အကြောင်း ဆွေးနွေးပါ့မယ် ၊ ငွေကိုင်မည့်သူကိုတော့ ထိုGp ထဲက members များထဲမှ ပြန်ရွေးပါ့မယ် ၊ "ကျွန်တော်ငွေ မကိုင်ပါ "၊ Asylum Seekers များအနေနဲ့ တော်လှန်ရေးဆန္ဒထုတ်ဖော်ပွဲတွေမှာ အလှုငွေ တပြားတချပ်မျှ ထည့်ဝင်စရာမလိုပါဘူး ခင်‌ဗျာ ၊ အတူလာရောက် ပူးပေါင်းဝန်းရံပေးတဲ့ အနေနဲ့ပဲ ကူညီပေးပါခင်ဗျာ ၊ ဒါပေမဲ့ Result ထွက်လို့ Granted ဖြစ်သွားပြီဆိုရင်‌တော့ ဘဝတူ မြန်မာများကို ကိုယ်ချင်းစာသော အနေဖြင့် ပြုလုပ်မယ့်တော်လှန်ရေးပွဲတော်တွေအတွက် ငွေအားဖြင့် လူအားဖြင့် တဖန်ပြန်လည်ကူညီထောက်ပံ့ပေးစေချင်ပါတယ်ခင်ဗျာ 🥰

၂၀.၀၆.၂၀၂၆ စနေနေ့တွင် Germany နိုင်ငံ Paderborn မြို့၌ ကျင်းပ ပြုလုပ်သော လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြ...
21/06/2026

၂၀.၀၆.၂၀၂၆ စနေနေ့တွင် Germany နိုင်ငံ Paderborn မြို့၌ ကျင်းပ ပြုလုပ်သော လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ဆုတောင်းပွဲ ၊ မတရားဖမ်းဆီးအကျဉ်းကျ ခံနေရသော အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေဖို့ ဆုတောင်းပွဲ နှင့် NRW ပြည်နယ်မှာ နေထိုင်ကြသော မြန်မာမိသားစုများမှ "အမှန်တရားအတွက် ရဲဝင့်လိုက်ပါ " ဆန္ဒထုတ်ဖော်ပွဲ မှာ စုပေါင်းပါဝင်အားဖြည့်ပေးကြပါသော ချစ်ရသော မြန်မာမိသားစုများရဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ၊ ပထမဦး ဆုံး ပြုလုပ်သော ပွဲတစ်ခု ဖြစ်သောကြောင့် အခက်အခဲ ၊ အနှောင့်အယှက် နဲ့ စိတ်ထားမူမမှန်သူများနှင့် တွေ့ဆုံခဲ့ရသော်လည်း ကျွန်တော်နဲ့ အနီးကပ်ဆုံး Collaboration လုပ်ပေးခဲ့ကြတဲ့ အကို ကိုဝေဖြိုး ၊ သူငယ်ချင်း ညီလေး ရဲကျော် တို့ကိူ အထူးကျေးဇူးတင်ရှိပါတယ် ၊ အင်တိုက်အားတိုက် ပါဝင်‌‌ပေးတဲ့ ကို ရန်မျိူးနဲ့ မခင် တို့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ် Cake စီစဉ်ပေးတဲ့အတွက်လည်း ထပ်တိုး ကျေးဇူးတင်ပါတယ် ၊ ပန်းတွေ စီစဉ်ပေးတဲ့ ညီမလေး မဆု ဦးဆောင်သော Bad Driburg Camp မှ ညီ၊ ညီမ ၊ အကို ၊ အစ်မ‌တွေ အားလူံးကို လည်း ကျေးဇူးတင်ပါတယ်၊ Borgentreich Camp မှ မြန်မာများလည်းကျေးဇူးတင်ပါတယ် ၊ Hamm Camp မှ မြန်မာများနှင့် အချိန် ပေးပြီး လာရောက်ကြသော Ople နှင့် Weeze Camp မှ မြန်မာများအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ၊ ဆု‌တောင်းစကားများ ပြောပေးကြပါသော - မခင် ၊ ကိုဟန်ထွန်းလွင် ၊ ကိုထိန်လင်း၊ မခင်စန္ဒာစိုး နှင့် သမီးလေး Khun Khun တို့ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ် ၊ အကျွေးအမွေးအတွက် နေရာထိုင်ခင်းနှင့် ပြင်ဆင်ချက်လုပ်ပေးပါသော အကိုကြီး ကိုမင်းသိန်းမိသားစုနှင့် ကိုဇေဖြိုး တို့ကိုလည်း ‌ကျေးဇူးအထူးတင်ရှိပါတယ် ၊ ဓါတ်ပုံတွေကို မမောတမ်း ရှု့ထောင့် အမျိုးမျိုးကနေ ရိုက်ကူးပေးပါသော ညီလေး သဒ္ဒါကို လည်း ကျေးဇူးတင်ပါတယ် ၊ အချိန်ပေးပြီး တကူးတက လာရောက်ဝန်းရံပေးကြပါသော NRW ပြည်နယ် မြို့အသီးအသီးမှာ နေထိုင်ကြသော ချစ်ရသော မြန်မာများအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပါ ခင်ဗျာ၊ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်တဲ့ လူတွေ အနေနဲ့လည်း ရှေ့ဆက်လုပ်မယ့် ဆန္ဒပြပွဲတွေမှာလည်းအတူလာရောက် ပူးပေါင်း ပေးကြမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ ၊
အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်
Myanmar Solidarity NRW မိသားစုများ

❝ နှလုံးသားထဲက အလင်းအိမ်သို့ မွေးနေ့ဆုတောင်း ❞🌞 ​နေမင်းကို ☁️ တိမ်တိုက်တွေက ခေတ္တခဏ ဖုံးကွယ်ထားနိုင်ပေမဲ့ သူ့ရဲ့ အလင်းနဲ...
18/06/2026

❝ နှလုံးသားထဲက အလင်းအိမ်သို့ မွေးနေ့ဆုတောင်း ❞
🌞 ​နေမင်းကို ☁️ တိမ်တိုက်တွေက ခေတ္တခဏ ဖုံးကွယ်ထားနိုင်ပေမဲ့ သူ့ရဲ့ အလင်းနဲ့ အပူရှိန်ကို ဘယ်တော့မှ ဖျက်ဆီးလို့ မရသလိုမျိုးပဲ... အမေဟာလည်း အမှောင်ထုရဲ့ ကြားမှာ ခိုင်မြဲစွာ လင်းလက်နေဆဲ “မျှော်လင့်ချက် အလင်းအိမ်” တစ်လုံး ဖြစ်ပါတယ်။
🧡 ​ဒီနေ့ကျရောက်တဲ့ အမေ့ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ရက်မြတ်ကစပြီး...
🍀 ​ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း အားလုံးနဲ့ ပြည့်စုံပါစေ။ ဖြတ်သန်းနေရတဲ့ စိန်ခေါ်မှုတွေကြားမှာ ကိုယ်စိတ်နှစ်ပါးစလုံး ကြံ့ခိုင်ဘေးကင်းပါစေ။
🍀​စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းခြင်း အပြည့်ရှိပါစေ။ အကျဉ်းနံရံတွေက အမေ့ရဲ့ ရုပ်ခန္ဓာကိုသာ ပိတ်လှောင်ထားနိုင်ပြီး အမေ့ရဲ့ လွတ်လပ်တဲ့ စိတ်ဝိညာဉ်နဲ့ ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရားတွေကိုတော့ ဘယ်တော့မှ မပိတ်လှောင်နိုင်ပါဘူး။
🍀​လွတ်မြောက်ခြင်း နေခြည် အမြန်ဆုံး လင်းလက်ပါစေ။ အမေ မျှော်လင့်တောင့်တတဲ့၊ ပြည်သူတွေ အိမ်မက်မက်တဲ့ စစ်မှန်တဲ့ လွတ်လပ်ငြိမ်းချမ်းမှုနဲ့အတူ ပြည်သူ့ရင်ခွင်ဆီသို့ အမြန်ဆုံး စိတ်အေးချမ်းသာစွာ ပြန်လည်သက်ဆင်းနိုင်ပါစေ။
​“အမေဟာ တိုင်းပြည်အတွက် ပေးဆပ်ခြင်းရဲ့ အလှပဆုံး ပြယုဂ်ပါ။”
​အမေ့ရဲ့ တည်ငြိမ်မှု၊ သတ္တိနဲ့ ခံနိုင်ရည်တွေက ပြည်သူတွေအတွက် အမြဲတမ်း ခွန်အားဖြစ်စေပါတယ်။ အမေ အသက်ရာကျော် ရှည်ပါစေ။

Adresse

Else-Scheuer Weg
Münster
48161

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Myanmar Community in NRW erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Verknüpfungen

Teilen