03/09/2026
တော်လှန်ရေးပုခုံးခြင်းဆက်ထားကြသော ဒေါ်ကြီး၊ ဦးဦး၊ မမ ကိုကို၊ ညီ ညီမ တို့အပေါင်းရေ။
အင်္ဂလန်ရဲ့ နံနက်ခင်း သမယ ၆နာရီမထိုးခင်မှာ စတင်၍ အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းလာပါပြီ၊ နွေရာသီကုန်ဆုံးခြင်းရဲ့ သင်္ကေတလေးတွေကို စတင်ခံစားလို့ အအေးဓါတ်လေးလဲ ပိုသာလို့ တဖြည်းဖြည်းကဲလာတော့မည့် (Autumn season) ဆောင်းဦးရာသီသို့ ချင်းနင်းဝင်ရောက်လာပါပြီ။
ကျွန်ုပ်တို့နေထိုင်ရာ အင်္ဂလန်၏ နေရာဌါနတွင် အမှောင်ထုကြီးစိုးဖို့ ရာသီကို အစပျိုးခြင်းဟာ သဘာဝတရားတခုအနေနဲ့ ကြုံတွေ့နေရမည့် လောကအမှန်တရားတခုသာဖြစ်ပါသည်။
အခြားတဖက်က
ကျွန်ုပ်တို့ မွေးဖွါးအသက်ရှင်ခဲ့ရာ အမိမြေ မြန်မာပြည်မှာတော့ဖြင့် ရာသီဥတု၏ မူလဖြစ်တည်မှု ဒဏ်ကြောင့်မဟုတ်လေပဲ စစ်အာဏာရူးလူတစု၏ လူလုပ်ဘေးဒဏ်ကြောင့်ကြောင့် ပြည်တွင်းရှိနေထိုင်ကြကုန်သော သူအပေါင်းဟာဖြင့်
💢စိတ်ပူလောင်ရခြင်းများ အတိဖြစ်နေရမှုများ၊
💢စိတ်အမှောင်ကျနေရခြင်းများ ဒုနဲ့ဒေးဆိုသလို ခံစားနေကြရခြင်းများ၊
💢ကိုယ်ခန္ဓာအတွက် အစာအာဟာရဓါတ်များ အလုံအလောက်မရရှိကြရခြင်းဟူသော လူ့ငရဲတမျှ အတိဒုက္ခရောက်နေရခြင်းများ၊
💢ခလေးသူငယ်များရဲ့ ကျန်းမာရေး ပညာရေးများ လုံးလုံးလျားလျား ဆုံးရှုံးနေရမှုများ၊
💢သားဖွားမိခင် ကိုယ်ဝန်ဆောင်များအတွက် အစာအဟာရ မရရှိမှုနှင့် စောင့်ရှောက်ခံရမှု လုံးဝမရရှိမှုများ၏
🔴လူလုပ်ကပ်ဘေးဆိုးကြီး၏ ဒဏ်ရာရလျက် အဆိုးသံသရာကို ခံနေရမှုများကို ကျွန်ုပ်တို့အားလုံးမှ သိမြင်နေရလျက်ရှိနေရခြင်းအတွက် အလွန်ပင် စိတ်မကောင်းဖြစ်
ရသလို၊
အဆိုပါ အာဏာရှင်ပြုလုပ်နေသော ဘေးဒုက္ခကြီးများမှ အလုံးစုံလွတ်မြောက်ဖို့ရန်အတွက် မြန်မာပြည်ဖွါးတိုင်းက တာဝန်သိစွာဖြင့် အာဏာရှင်စနစ်ဆိုးကို ရရာနည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ထုတ်ကြရန်မှတပါး မှတပါး အခြားမရှိပါကြောင်း၊ ထပ်မံ၍ တာဝန်သိစိတ် သတိကပ်လျက် နှိုးဆော်အပ်လိုက်ရပါသည်။
🌹ကျွန်ုပ်တို့၏ စွမ်းနိူင်သမျှလုပ်ဆောင်နေသော အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေခြင်းအပေါ်မှာ ဆိုရှယ်မီဒီယာ ယခုဖေ့ဘွတ်မှ တင်ဆက်နေခြင်းများကို အားပေးထောက်ခံကြသူများအား ဝမ်းပမ်းတသာကျေးဇူးတင်ရပါကြောင်းနှင့်၊ အာဏာရှင်အစေအပါး အောက်တန်းစားမှလဲ လာရောက်လို့ လည်ပါတ်လာကြရင်း သူတို့၏ ဒုစရိုက်လက္ခဏာများအတိုင်း ပြုမူနေကြခြင်းအားလဲ မြင်တွေ့ရတာဖြစ်တဲ့အတွက်၊ ကျွန်ုပ်တို့တတွေလုပ်ဆောင်နေမှုသည် စစ်ခွေးကို တိုက်ရိုက်ထိစေနိုင်သော အချက်အလက်များထဲမှ တခုအဖြစ်ရှိနေကြောင်း screenshot အနေဖြင့် သက်သေပြုလိုက်ရပါသည်။
တော်လှန်ပြည်သူ ညီညွတ်ပါမှ စစ်ခွေးတွေဟာ ထွက်ပြေးရမှာပါ၊ အလံဖြူလေးတွေဟာလဲ လေထဲဝဲလို့ စစ်ခွေးတွေရဲ့ ကျရှုံးခန်း ဒူးထောက် လက်မြှောက်ခြင်းကို အမြန်ဆုံးမြင်တွေ့ကြရမှာမို့၊
ကျွန်ုပ်တို့အားလုံး အားတင်းထားပါ၊ ခွန်အားတွေဖလှယ်ကြပါ၊ ညီညွတ်ရေးဆန္ဒတွေ ဖြည့်ကူကြပါလို့ တောင်းဆိုလိုက်ပါတယ်၊ ဆန္ဒအမှန်ဖြင့် အားလုံးလွတ်
မြောက်ရေးအတွက် အတူတကွရှိကြရင်းဖြင့်။ #နွေဦးတော်လှန်ရေး #အရေးတော်ပုံအောင်ရမည်
MUM’s family.(UK)