Myanmar Consulate-General, Los Angeles

Call Website Contact the organization

Myanmar Consulate-General, Los Angeles [email protected] Territories of American Samoa, Guam and Northern Mariana Islands (Marshall Islands) in the Pacific.

The Consulate-General of the Republic of the Union of Myanmar in Los Angeles is the first ever Myanmar representation in the West Coast of the United States and the office is open for the purpose of supporting the interests of Myanmar nationals and Myanmar-American community living in the West Coast, providing the speedy consular services and promoting the trade and economic cooperation between the two countries. The consular jurisdiction of Myanmar Consulate-General in Los Angeles covers mostly the states in West Coast of the United States namely Alaska, Arizona, California, Hawaii, New Mexico, Oregon, Nevada, Washington and three U.S.

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) များ ရယူဖြည့်စွက် ပေးပို့နိုင်ပ...
11/13/2026

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပရောက် မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) များ ရယူဖြည့်စွက် ပေးပို့နိုင်ပါကြောင်း အသိပေးကြေညာခြင်း

11/12/2026
11/12/2026

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
​ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။
****************

U Ko Ko Kyaw, Deputy Minister for Foreign Affairs receives Mr. Arnaud de Baecque, Resident Representative of the International Committee of the Red Cross

U Ko Ko Kyaw, Deputy Minister for Foreign Affairs received Mr. Arnaud de Baecque, Resident Representative of the International Committee of the Red Cross (ICRC) to Myanmar, at 14:00 hrs on 11 November 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
​During the meeting, they exchanged views on matters related to ICRC’s activities and the provision of humanitarian assistance in Myanmar. ​Also present at the meeting were the officials from the Ministry of Foreign Affairs.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 12 November 2026
******************

11/11/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေထံ ကင်ညာသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်က ခန့်အပ်လွှာပေးအပ်ခြင်း
(၁၁-၁၁-၂၀၂၆၊ နေပြည်တော်)

​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ရန်ကုန်မြို့အခြေစိုက် ကင်ညာသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဒေါက်တာစောဌေးမြင့်အား ယနေ့ နံနက် ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒေါက်တာစောဌေးမြင့်က ၎င်း၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ၎င်းအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အသိအမှတ်ပြုစာချွန်လွှာကို ပြန်လည်ပေးအပ်သည်။
**************

Union Minister for Foreign Affairs accepts the Letter of Consular Commission from Dr. Saw Htay Myint, newly-accredited Honorary Consul of the Government of the Republic of Kenya to the Republic of the Union of Myanmar
(11-11-2026, Nay Pyi Taw)

U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar received Dr. Saw Htay Myint, newly accredited Honorary Consul of the Government of the Republic of Kenya to the Republic of the Union of Myanmar at the Minister’s office in Nay Pyi Taw at 1000 hrs on 10th November 2026.
During the meeting, the Union Minister accepted the Letter of Consular Commission from Dr. Saw Htay Myint and presented him the exequatur.
************

PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများအား အသိပေးကြေညာခြင်း
11/11/2026

PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများအား အသိပေးကြေညာခြင်း

Address

3435 Wilshire Boulevard, Suite 1590
Los Angeles, CA
90010

Opening Hours

Monday 10am - 5am
Tuesday 10am - 5am
Wednesday 10am - 5am
Thursday 10am - 5am
Friday 10am - 5am

Telephone

+12133870043

Alerts

Be the first to know and let us send you an email when Myanmar Consulate-General, Los Angeles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Consulate-General, Los Angeles:

Shortcuts

Share