Daily News Hub

ติดต่อ องค์กรนั้น

Daily News Hub "အတ္တာဟိ အတ္တနော နာထော "

မိမိကိုယ်ကို
မိမိကိုးကွယ်အားထားရာဖြစ်၏

(1)

ညဆိုင်းအလုပ်မှ ပြန်လာသည့် မြန်မာဇနီးမောင်နှံ   ယာဉ်တိုက်မှုကြောင့် သေဆုံးထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ နောင်းယိုင်မြို...
30/10/2026

ညဆိုင်းအလုပ်မှ ပြန်လာသည့် မြန်မာဇနီးမောင်နှံ ယာဉ်တိုက်မှုကြောင့် သေဆုံး

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ နောင်းယိုင်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် အောက်တိုဘာ ၂၉ ရက် နံနက် ၅ နာရီခွဲကျော်ခန့်က ညဆိုင်းအလုပ်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကားကြီးတစ်စီးနှင့် တိုက်မိခဲ့ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူများမှာ ကိုမျိုးမင်းခန့် (၂၅ နှစ်) နှင့် မနှင်းနုအေး (၂၅ နှစ်) တို့ဖြစ်ပြီး ခွက်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ဇာတိများဖြစ်ကြပါတယ်။

ရုပ်အလောင်းများကို နောင်းယိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး မိသားစုဝင်များအနေဖြင့် နစ်နာကြေးနှင့် အမှုကိစ္စများ ဆောင်ရွက်နိုင်ရန် အခက်အခဲရှိသဖြင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း သိရပါတယ်။

ကိုးကား_ WAG


#ထိုင်းရောက်မြန်မာများ #ယာဉ်မတော်တဆမှု #ချွန်ဘူရီ #မြန်မာလုပ်သား #ဝမ်းနည်းဖွယ်သတင်း

တရုတ်အလုပ်ရှင် သေဆုံးမှုနှင့် ဆက်စပ်၍ ရှာဖွေခံနေရသည့် မြန်မာနိုင်ငံသား ၄ ဦး ရဲထံ အဖမ်းခံထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လတ်...
29/10/2026

တရုတ်အလုပ်ရှင် သေဆုံးမှုနှင့် ဆက်စပ်၍ ရှာဖွေခံနေရသည့် မြန်မာနိုင်ငံသား ၄ ဦး ရဲထံ အဖမ်းခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ လတ်ကရာဘန်ဒေသရှိ ဆောက်လုပ်ရေးလုပ်သားစခန်းတွင် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အမှုနှင့် ပတ်သက်၍ ရှာဖွေခံနေရသော မြန်မာနိုင်ငံသား ၄ ဦးသည် ချွန်ဘူရီခရိုင်တွင် အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ရဲထံ အဖမ်းခံခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့များက ကျယ်ဝန်းသည့် ကြံခင်းတစ်ခုအတွင်း ၅ နာရီကျော်ကြာ ဝိုင်းဝန်းရှာဖွေခဲ့ပြီးနောက် မြန်မာအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထွက်လာကာ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းချက်များအရ အလုပ်ခွင်အတွင်း ပြစ်တင်ပြောဆိုမှု၊ အလုပ်ထွက်လိုမှုနှင့် လုပ်ခလစာဆိုင်ရာ အငြင်းပွားမှုများနှင့် ဆက်စပ်နိုင်ကြောင်း သိရသည်။ သို့သော် အမှု၏ အကြောင်းရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဖမ်းခံထားရသူ ၄ ဦးကို စစ်ဆေးမေးမြန်းရန် လတ်ကရာဘန်ရဲစခန်းသို့ လွှဲပြောင်းပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။


#ထိုင်းသတင်း #မြန်မာလုပ်သား #ချွန်ဘူရီ #လတ်ကရာဘန် #နိုင်ငံတကာသတင်း

“Scarlet Heart Thailand” ဇာတ်လမ်းတွဲ၏ ဝတ်စုံဒီဇိုင်းနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများအပေါ် ထုတ်ပြန်ချက်။ဒီထုတ်ပြန်ချက...
23/10/2026

“Scarlet Heart Thailand” ဇာတ်လမ်းတွဲ၏ ဝတ်စုံဒီဇိုင်းနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများအပေါ် ထုတ်ပြန်ချက်။

ဒီထုတ်ပြန်ချက်မှာ GMMTV က “Scarlet Heart Thailand” ဇာတ်လမ်းတွဲအတွက် ဖန်တီးထားတဲ့ ဝတ်စုံနဲ့ အနုပညာလက်ရာတွေဟာ ထိုင်းယဉ်ကျေးမှုတစ်ခုတည်းကို အခြေခံထားတာမဟုတ်ဘဲ မြန်မာ၊ တရုတ်၊ လန်နာနဲ့ အခြားတိုင်လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေကနေလည်း စိတ်ကူးရယူထားတယ် လို့ ရှင်းလင်းထားပါတယ်။
ထို့အပြင် ယဉ်ကျေးမှုဆိုင်ရာ ဖော်ပြချက်တွေအပေါ် ပေါ်ပေါက်လာတဲ့ စိုးရိမ်မှုတွေကို အသိအမှတ်ပြုပြီး တောင်းပန်ထားသလို၊ ယဉ်ကျေးမှုတစ်ခုစီရဲ့ မူလရင်းမြစ်နဲ့ တန်ဖိုးကို လေးစားဖော်ပြသွားမယ်လို့လည်း ကတိပြုထားပါတယ်။

GMMTV ကုမ္ပဏီလီမိတက် သည် “Scarlet Heart Thailand” ဇာတ်လမ်းတွဲတွင် ပါဝင်သော ဝတ်စုံများနှင့် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများနှင့် ပတ်သက်၍ မိမိတို့၏ အမြင်များနှင့် ကိုးကားလေ့လာရန် အထောက်အထားများ မျှဝေပေးခဲ့ကြသည့် ကြည့်ရှုသူအားလုံးကို ကျေးဇူးတင်ရှိပါသည်။
ကြည့်ရှုသူများ၏ စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ ထို့အပြင် ယဉ်ကျေးမှုများကို သင့်လျော်မှန်ကန်ပြီး လေးစားမှုရှိစွာ ဖော်ပြနိုင်ရေးကိုလည်း အလွန်အရေးကြီးသည်ဟု သဘောထားပါသည်။

ကျွန်ုပ်တို့ ရှင်းလင်းတင်ပြလိုသည်မှာ “Ullavee” သည် ဤဇာတ်လမ်းတွဲအတွက် သီးသန့်ဖန်တီးထားသော စိတ်ကူးယဉ်မြို့တစ်မြို့ ဖြစ်ပါသည်။
ထုတ်လုပ်ရေးအဖွဲ့သည် ဝတ်စုံဒီဇိုင်း၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်များကို သုတေသနပြုလေ့လာခဲ့ပြီး ထိုလေ့လာမှုများကို အခြေခံကာ ဇာတ်လမ်းအကြောင်းအရာနှင့် ဇာတ်ကောင်များနှင့် ကိုက်ညီစေရန် ဇာတ်ဝင်ခန်းအပြင်အဆင်များ၊ ဝတ်စုံများနှင့် အနုပညာဆိုင်ရာ အစိတ်အပိုင်းများကို ဖန်တီးခဲ့ပါသည်။
ဒီဇိုင်းများသည် လန်နာ (Lanna)၊ တိုင်လူမျိုးစုများ (Tai ethnic)၊ တရုတ်နှင့် မြန်မာတို့၏ အနုပညာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၏ မတူကွဲပြားမှုနှင့် အလှတရားများမှ စိတ်ကူးရယူထားခြင်း ဖြစ်ပါသည်။ ထိုယဉ်ကျေးမှုများမှ အနုပညာလက္ခဏာများကို အဓိပ္ပာယ်ဖော်ကာ ပြုပြင်ဖန်တီးပြီး Ullavee မြို့၏ ထူးခြားသော ကိုယ်ပိုင်လက္ခဏာကို ပေါ်လွင်စေရန် အသုံးပြုထားပါသည်။
မြန်မာနိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုများသည်လည်း ထုတ်လုပ်ရေးအဖွဲ့က လှပပြီး ထူးခြားသော လက္ခဏာများရှိသည်ဟု လေးစားတန်ဖိုးထားသည့် စိတ်ကူးရင်းမြစ်များထဲတွင် ပါဝင်ပါသည်။ ထို့အပြင် ဤဇာတ်လမ်းတွဲကို ဖန်တီးရာတွင် အခြားယဉ်ကျေးမှုများ၏ အလှတရားများကိုလည်း ထည့်သွင်းစဉ်းစားထားပါသည်။
ယဉ်ကျေးမှုတစ်ခုစီ၏ တန်ဖိုးနှင့် မူလရင်းမြစ်ကို ကျွန်ုပ်တို့ လေးစားပါသည်။ ဇာတ်လမ်းတွဲတွင် ပါဝင်သော အစိတ်အပိုင်းအားလုံးကို ထိုင်းယဉ်ကျေးမှု၏ အစိတ်အပိုင်းများအဖြစ်သာ ပုံဖော်ရန် ရည်ရွယ်ချက်မရှိပါ။
ဤစိတ်ကူးယဉ်မြို့ကို ယဉ်ကျေးမှုမျိုးစုံ၏ ကွဲပြားမှုအပေါ် တန်ဖိုးထားလေးစားမှုဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဂရုတစိုက်နှင့် အသေးစိတ်ကျကျ ဖော်ပြနိုင်ရန်လည်း ကတိကဝတ်ပြုထားပါသည်။

ဤဇာတ်လမ်းတွဲတွင် ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းများကို ဖော်ပြထားပုံကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် ကျွန်ုပ်တို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။
မိမိတို့၏ အမြင်များနှင့် ကိုးကားလေ့လာရန် အထောက်အထားများကို မျှဝေပေးခဲ့ကြသည့် ကြည့်ရှုသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။
GMMTV နှင့် ထုတ်လုပ်ရေးအဖွဲ့သည် လူတစ်ဦးချင်းစီအတွက် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်နွှယ်မှုသည် မည်မျှနက်ရှိုင်းကြောင်း နားလည်လေးစားပါသည်။ ထို့အပြင် စိတ်ကူးရယူအသုံးပြုထားသည့် ယဉ်ကျေးမှုတစ်ခုစီ၏ တန်ဖိုးကို ဂုဏ်ပြုလေးစားသော ဖန်တီးမှုလက်ရာများကို ဆက်လက်ဖန်တီးသွားရန်လည်း ကတိပြုထားပါသည်။
GMMTV ကုမ္ပဏီလီမိတက်
ရက်စွဲ — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

#ထိုင်းရုပ်သံ

Breaking New!စစ်​တွေမြို့ထဲ၊ နံနက် ၇:၅၀နာရီခန့်က မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးခွဆုံအနီး ၊  ဗုံးနှစ်လုံးကျ​ရောက် ​ပေါက်ကွဲ...
23/10/2026

Breaking New!

စစ်​တွေမြို့ထဲ၊ နံနက် ၇:၅၀နာရီခန့်က မင်းဘာကြီးလမ်း၊ ရွှေငါးစတိုးခွဆုံအနီး ၊ ဗုံးနှစ်လုံးကျ​ရောက် ​ပေါက်ကွဲတဲ့အတွက် လူငါးယောက်ခန့် ​သေဆုံးပြီး ထိခိုက်ဒဏ်ရသူအချို့ရှိဟု ကနဦးသိရ။

ထိုင်းထီ ဘတ် ၆ သန်းဆု မြန်မာလူငယ်ဇနီးမောင်နှံ ဆွတ်ခူး။ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်...
19/10/2026

ထိုင်းထီ ဘတ် ၆ သန်းဆု မြန်မာလူငယ်ဇနီးမောင်နှံ ဆွတ်ခူး။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူငယ်ဇနီးမောင်နှံသည် အောက်တိုဘာ ၁၆ ရက် ထိုင်းအစိုးရထီဖွင့်ပွဲတွင် ပထမဆု ဘတ် ၆ သန်းကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်

ကံထူးရှင်ဇနီးမောင်နှံမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ဇာတိဖြစ်ပြီး ကလေး‌မွေးဖွားတာ ၃ လခန့်သာ
ရှိသေးကြောင်း သိရပါတယ်

၎င်းတို့သည် AAC ရဲမင်း ဦးဆောင်သည့် MHAC မဟာမိတ်အဖွဲ့၏ အကူအညီဖြင့် ထီဆုငွေများကို နေ့ချင်းပြီး ထုတ်ယူရရှိခဲ့ပြီး အဖွဲ့ရေရှည်ရပ်တည်နိုင်ရေးအတွက် ဘတ် ၂ သိန်းအပြင် မြန်မာလုပ်သားဒုက္ခသည်များအတွက်ပါ လှူဒါန်းထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားသည်။
ထပ်တူဝမ်းသာရပါတယ်

ကိုးကား-AAC ရဲမင်း


#ထိုင်းထီ #မြန်မာလုပ်သား #ဘတ်၆သန်းဆု #ထိုင်းရောက်မြန်မာများ

ချားစ်ဘုရင် ပေးပို့သည့် စာအုပ်နှစ်အုပ်နှင့် စာအိတ်များ ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းပေးအပ်ဗြိတိန်ဘုရင် တတိယမြောက် ချ...
19/10/2026

ချားစ်ဘုရင် ပေးပို့သည့် စာအုပ်နှစ်အုပ်နှင့် စာအိတ်များ ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းပေးအပ်

ဗြိတိန်ဘုရင် တတိယမြောက် ချားစ်က ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ထားသည့် စာအုပ်နှစ်အုပ်နှင့် စာအိတ်များကို အောက်တိုဘာ ၁၉ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ခိုင်ခိုင်စိုး၏ ဖော်ပြချက်အရ လွှဲပြောင်းပေးအပ်သည့် ပစ္စည်းများတွင် 'The Land Gardeners – Soil to Table' နှင့် 'Soil: The World at Our Feet' အမည်ရှိ စာအုပ်နှစ်အုပ် ပါဝင်သည်။

ထို့အပြင် အိတ်ပိတ်စာအိတ်တစ်အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့လည်း ပါဝင်ပြီး အဆိုပါပစ္စည်းများကို အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်မှ ၁၀ နာရီ ၅၀ မိနစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။


#ဒေါ်အောင်ဆန်းစုကြည် #ချားစ်ဘုရင် #မြန်မာ့သတင်း #နိုင်ငံတကာသတင်း

ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများအတွင်း သမိုင်းဝင်နာရီစင်ကြီး မီးရှို့ဖျက်ဆီးခံရပြင်သစ်နိုင်ငံ၊ လီမို့ချ်မြို့ရှိ မြို့တေ...
19/10/2026

ပြင်သစ်နိုင်ငံတွင် ဆန္ဒပြမှုများအတွင်း သမိုင်းဝင်နာရီစင်ကြီး မီးရှို့ဖျက်ဆီးခံရ

ပြင်သစ်နိုင်ငံ၊ လီမို့ချ်မြို့ရှိ မြို့တော်ခန်းမ၏ သမိုင်းဝင်နာရီစင်ကြီးတစ်ခုသည် ဆန္ဒပြသူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြိုကျပျက်စီးသွားခဲ့ရပါတယ်

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ပညာရေးစရိတ်နှင့် လူနေမှုစရိတ်များ မြင့်တက်လာမှုကို ကန့်ကွက်သည့်အနေဖြင့် လူသိန်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေကြခြင်းဖြစ်ပါတယ်

စနေနေ့က ဆန္ဒပြမှုအချို့တွင် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က လူပေါင်း ၁,၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။


#ပြင်သစ်သတင်း #ဆန္ဒပြပွဲ #သမိုင်းဝင်အဆောက်အအုံ #နိုင်ငံတကာသတင်း

တောင်တွေပြိုလဲခဲ့ပေမယ့် မပျောက်ကွယ်ခဲ့တဲ့ မေတ္တာနဲ့ သစ္စာတရားလောင်းလုံမြေ၊ တောကျဲရွာနဲ့ သဝင်ရွာကြားမှာ တောင်ပြိုမြေပြိုမ...
19/10/2026

တောင်တွေပြိုလဲခဲ့ပေမယ့် မပျောက်ကွယ်ခဲ့တဲ့ မေတ္တာနဲ့ သစ္စာတရား

လောင်းလုံမြေ၊ တောကျဲရွာနဲ့ သဝင်ရွာကြားမှာ တောင်ပြိုမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပေမယ့် ကျောက်တုံးလေးတစ်တုံးနဲ့ ရွှေစေတီလေးတစ်ဆူကတော့ ယနေ့တိုင် တည်ရှိနေဆဲပါ။

တောင်တန်းတွေ ဒဏ်ရာရခဲ့တယ်။ မြေပြင်တွေ အက်ကွဲခဲ့တယ်။ လူတွေရဲ့ဘဝတွေမှာလည်း ဝမ်းနည်းမှုတွေနဲ့ ဆုံးရှုံးမှုတွေ ကျန်ရစ်ခဲ့တယ်။
ဒါပေမဲ့ ကျောက်တုံးလေးနဲ့ ရွှေစေတီလေးဟာ အခက်အခဲတွေကြားက ရှင်သန်မှု၊ ယုံကြည်မှုနဲ့ လူသားချင်းစာနာမှုတို့ရဲ့ သက်သေတစ်ခုလို ကျန်ရှိနေခဲ့ပါတယ်။

ဒီနေရာဟာ သာမန်တောင်ကြားလမ်းတစ်ခုသာ မဟုတ်တော့ဘဲ မေတ္တာ၊ သစ္စာနဲ့ ပေးဆပ်မှုတွေကို အမှတ်ရစေမယ့် နေရာလေးတစ်ခု ဖြစ်လာခဲ့ပါပြီ။
တောင်တွေ ပြိုနိုင်တယ်။ အိမ်တွေ ပျက်စီးနိုင်တယ်။ ဒါပေမဲ့ လူသားတွေရဲ့ နှလုံးသားထဲက မေတ္တာနဲ့ သစ္စာတရားတွေကိုတော့ ဘယ်လိုဘေးအန္တရာယ်မျိုးကမှ အလွယ်တကူ ဖျက်ဆီးပစ်လို့ မရနိုင်ပါဘူး။

တောင်ပြိုမြေပြိုမှုတွေကြားမှာ ကျန်ရစ်ခဲ့တာ ကျောက်တုံးလေးနဲ့ ရွှေစေတီလေးတင်မကဘဲ လူသားတွေရဲ့ မေတ္တာသမိုင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။


#မေတ္တာတရား #သစ္စာတရား #လူသားချင်းစာနာမှု #အမှတ်တရသမိုင်း

အီဂျစ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်တစ်ဦး၏ ဗီဒီယိုသည် လူမှုကွန်ရက်ပေါ်တွင် လူကြိုက်များ ပျံ့နှံ့ခဲပါတယ်။အဆိုပါဗီဒီယိုတွင်...
18/10/2026

အီဂျစ်နိုင်ငံတွင် မွေးကင်းစ ကလေးငယ်တစ်ဦး၏ ဗီဒီယိုသည် လူမှုကွန်ရက်ပေါ်တွင်
လူကြိုက်များ ပျံ့နှံ့ခဲပါတယ်။

အဆိုပါဗီဒီယိုတွင် ကလေးငယ်ကို မွေးဖွားပြီး
မကြာမီ ဆရာဝန်က ချက်ကြိုးဖြတ်ရန် ပြင်ဆင်နေချိန်၌ ကလေးငယ်က အလွန်အမင်း အေးဆေးတည်ငြိမ်နေတာကြောင့် ကြည့်ရှုသူများ အံ့အားသင့်ခဲကြရပါတယ်။

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်တွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ်စ်ကားပေါ်မှ ဆင်းစဉ် ကားဘီးကြိတ်ခံရပြီး ဘယ်ဘက်လက်ပြတ်သွားထိုင်းနို...
17/10/2026

ထိုင်းနိုင်ငံ ဆမွတ်ပရာကန်တွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ်စ်ကားပေါ်မှ ဆင်းစဉ် ကားဘီးကြိတ်ခံရပြီး ဘယ်ဘက်လက်ပြတ်သွား

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ပြည်နယ်၊ ဘန်နာ-ထရတ်လမ်းမပေါ်တွင် အောက်တိုဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသမီးတစ်ဦး ဘတ်စ်ကားပေါ်မှ
ဆင်းစဉ် ပြင်းထန်သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်

အဆိုပါအမျိုးသမီးသည် ဘတ်စ်ကား အပြည့်အဝ
မရပ်သေးမီ ဆင်းရန်ကြိုးစားရာမှ ခြေချော်လဲကျပြီး ကားဘီးကြိတ်ခံခဲ့ရကာ ဘယ်ဘက်လက်
ပြတ်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောပါတယ်

ဖြစ်စဉ်ဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့ ချက်ချင်းရောက်ရှိလာပြီး ဒဏ်ရာပြင်းထန်နေသည့် အမျိုးသမီးကို ရှေးဦးသူနာပြုစုကာ ဘန်နာ ၂ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်

⚠️ ဘတ်စ်ကားပေါ်မှ ဆင်းသည့်အခါ ယာဉ်လုံးဝရပ်တန့်ပြီးမှ ဆင်းကြရန်နှင့် မိမိလုံခြုံရေးကို အထူးဂရုစိုက်ကြရန် သတိပေးလိုက်ပါတယ်။


#ထိုင်းသတင်း #ဆမွတ်ပရာကန် #မြန်မာအလုပ်သမား #ယာဉ်မတော်တဆမှု

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Daily News Hub โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Daily News Hub:

ทางลัด

แชร์