Lanmadaw Township Info Committee NLD

Lanmadaw Township Info Committee NLD Official page of Information Committee, Lanmadaw township, National League for Democracy. Founded on 27 September 1988.

NLD advocates a non-violent movement towards multiparty democracy in Burma, under military rule from 1962 to 2011. The party also supports human rights (including broad-based freedom of speech), the rule of law, and national reconciliation.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီအမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်းဗဟန်းမြို့နယ်၊ ရန်ကုန်မြို့nld.cwc@proto...
05/08/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်ကော်မတီ
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
[email protected]

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်

သတင်းထုတ်ပြန်ချက်အမှတ် (၀၅ /၂၀၂၆)

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ် တို့ တွေ့ဆုံခဲ့ကြောင်းသတင်းများကို အလေးထားစောင့်ကြည့်၊ သုံးသပ်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား အားလုံး၏ အသက်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကျန်းမာရေးအတွက် လုံလောက်သောအစားအသောက်ရရှိရေးတို့အပြင် မိသားစုဝင်များနှင့်လည်းကောင်း၊ ရှေ့နေများနှင့် လည်းကောင်း လွတ်လပ်စွာတွေ့ဆုံဆက်သွယ်ခွင့်ရရှိရေးတို့ကို နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများ နှင့်အညီ အပြည့်အဝရရှိနိုင်ရေး အာမခံဆောင်ရွက်ပေးရန် အကြံပြုတိုက်တွန်းအပ်ပါသည်။

၃။ ယခုကဲ့သို့တွေ့ဆုံမှုတရပ်တည်းအပေါ်မူတည်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အပြုသဘောဆောင်သော အလှည့်အပြောင်းတရပ်ဖြစ်ပေါ်လာပြီဟု ဆောလျင်စွာ ကောက်ချက် ချခြင်းမပြုမိကြရန် သတိချပ်စေအပ်ပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းတာဝန်များကို အပြည့်အဝ ဆက်လက်ဆောင်ရွက်နိုင်ခွင့်ရှိ၊ မရှိနှင့် လက်တွေ့ကျသော တိုးတက်မှုများကိုသာ ဆက်လက်စောင့်ကြည့်သင့်ပါကြောင်း အလေးအနက်ထား ဖော်ပြအပ်ပါသည်။

၄။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ ပြည်သူလူထု၏ ဒီမိုကရေစီ ဆန္ဒကိုလေးစားခြင်း၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းနှင့် သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းသာ ဖြစ်ပါသည်။

၅။ လက်ရှိအခြေအနေတွင် အာဆီယံသည် ၎င်း၏ ဘုံသဘောတူညီချက် (၅) ချက်ကို အခြေခံ၍ အကြမ်းဖက်မှုများရပ်တန့်ရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားရေးအကူအညီများ အတားအဆီးမရှိ ပေးပို့နိုင်ရေးနှင့် အာဆီယံအထူးကိုယ်စားလှယ်၏ အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့ဆက်ဆံမှုများ ဖြစ်ပေါ်လာရေးကို ဆက်လက်တိုက်တွန်းလျက်ရှိပါ သည်။

၆။ ထို့ကြောင့်မျှော်မှန်းထားသော အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံနိုင်ခွင့်ရရှိရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ဖြစ်ထွန်းရေးတို့မှတဆင့် လက်တွေ့ကျသော ခြေလှမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုသာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှ တိုးတက်လာမှု အညွှန်းကိန်းများအဖြစ် သတ်မှတ်နိုင်ပါသည်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အရ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အစဉ်လေးစားလျက် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးအကျဥ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ပြည်သူလူထုနှင့်အတူ ဆက်လက်ကြိုးပမ်း သွားမည် ဖြစ်ပါသည်။

ဗဟိုအလုပ်ကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 #လူထုခေါင်းဆောင် အမေစု ကျန်းမာပါစေ။တရားမဲ့အကျဉ်းကျခံရက်ပေါင်း( ၂၀၀၉)ရက် ရှိပြီ။     #𝘍𝘳𝘦𝘦𝘈𝘭𝘭𝘗𝘰𝘭𝘪𝘵𝘪𝘤𝘢𝘭𝘗𝘳𝘪𝘴𝘰𝘯𝘦𝘳𝘴𝘪𝘯𝘜𝘨𝘢𝘯𝘥𝘢
02/08/2026

#လူထုခေါင်းဆောင်
အမေစု ကျန်းမာပါစေ။
တရားမဲ့အကျဉ်းကျခံရက်ပေါင်း( ၂၀၀၉)ရက် ရှိပြီ။




#𝘍𝘳𝘦𝘦𝘈𝘭𝘭𝘗𝘰𝘭𝘪𝘵𝘪𝘤𝘢𝘭𝘗𝘳𝘪𝘴𝘰𝘯𝘦𝘳𝘴𝘪𝘯𝘜𝘨𝘢𝘯𝘥𝘢

30/07/2026

(English Language Below)
ကျွန်တော့်မေမေကို စစ်အာဏာရှင်တွေ မတရားဖမ်းဆီးပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာ ရက်ပေါင်း ၂၀၀၀ ကျော်သွားပါပြီ။

မေမေ့ကို ရက်ပေါင်း၂၀၀၀ ကျော် မိသားစုနဲ့ကော ကမ္ဘာကြီးနဲ့ပါ ပေးမတွေ့ဘဲ ဖုံးကွယ်ထား ပါတယ်။

ဒီကာလတစ်လျှောက်လုံးမှာ မေမေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ရဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အစိုးရတွေ၊ သံတမန်တွေနဲ့ အမှန်တရားကို သိနိုင်တဲ့ ဘယ်သူနဲ့မဆို ကျွန်တော်စကားပြောခဲ့ပါတယ်။

ဒါပေမယ့် မေမေ ဘယ်မှာရှိလဲဆိုတာ ကျွန်တော် မသိရသေးပါဘူး။
မေမေ့ရဲ့အခြေအနေကို မသိရသေးပါဘူး။

မေမေ အသက်ရှင်နေတယ်ဆိုတဲ့ ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာအတည်ပြုနိုင်တဲ့ အထောက်အထား ကျွန်တော် မရရှိသေးပါဘူ။

အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို စစ်အာဏာရှင်တွေ ဘာကြောင့် ဖွက်ထားရတာလဲ။

သားတစ်ယောက်က သူ့မိခင်နဲ့ ဘာလို့ စကားမပြောခွင့်မရတာလဲ။

ရက်ပေါင်း ၂၀၀၀ ကျော်ကြာပြီးတာတောင် ဘယ်အစိုးရတစ်ခုမှ ဖုန်းဆက်သွယ်မှုတစ်ခု၊ ဒါမှမဟုတ် သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာကို လွတ်လပ်စွာအတည်ပြုထားတဲ့ အထောက်အထားတစ်ခုတောင်မှ မရရှိသေးတာလဲ။

ဒီတိတ်ဆိတ်မှုကို အဆုံးသတ်သင့်နေပါပြီ။



More than 2,000 days ago, the military regime unjustly imprisoned my mother and took her hostage.

For more than 2,000 days, she has been hidden from her family and from the world.
I have spent all these years seeking reliable, credible information about her. I have spoken to governments, diplomats and anyone who might know the truth.

Yet I still do not know where she is.
I still do not know her condition.
I still have no credible, independently verified proof that she is alive.

Why is the military regime keeping an 81 year old Nobel Peace Prize Laureate hidden from the world?

Why can't a son speak to his mother?

Why, after more than 2,000 days, has no government been able to secure even a single phone call or independently verified proof of life?

The silence must end.

2006 Days     FREE........ Our Leader
30/07/2026

2006 Days
FREE........
Our Leader

30/07/2026

2006 Days
FREE........
Our Leader

ဒိုက်ဦးအကျဉ်းထောင်၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအား မတရားညှဉ်းပန်းနှိပ်စက်နေမှုများအပေါ် သတင်းထုတ်ပြန်ခြင်းဇူလိုင် ၂...
30/07/2026

ဒိုက်ဦးအကျဉ်းထောင်၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအား မတရားညှဉ်းပန်းနှိပ်စက်နေမှုများအပေါ် သတင်းထုတ်ပြန်ခြင်း

ဇူလိုင် ၂၉၊ ၂၀၂၆

ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်ညှဉ်းပန်းမှု အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ပါသည်။

၁။ မတရားအလုပ်ကြမ်းခိုင်းစေခြင်းနှင့် သီးခြားတိုက်အတွင်း ရိုက်နှက်ညှဉ်းပန်းခြင်း

ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအား ထောင်ဝင်စာပိတ်မည်၊ ဧည့်တွေ့ပိတ်မည်ဟု ခြိမ်းခြောက်ကာ အလုပ်ကြမ်းများကို အတင်းအကျပ်ခိုင်းစေလျက်ရှိသည်။ ထိုသို့ ဖိနှိပ်ခိုင်းစေမှုကို ငြင်းဆန်သူများနှင့် အခွင့်အရေးတောင်းဆိုသူများကို သီးခြားပြစ်ဒဏ်တိုက်များအတွင်းသို့ ခေါ်ဆောင်၍ အကန့်အသတ်မရှိ တိုက်ပိတ်ခြင်းနှင့် ရိုက်နှက်ညှဉ်းပန်းခြင်းများ ကျူးလွန်လျက်ရှိသည်။

၂။ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းနှင့် မတရားအမှုဆင်ခြင်း

အဆိုပါ မတရားပြုကျင့်မှုများနှင့်ပတ်သက်၍ တိုင်ကြားသူများအား "ဆူပူသောင်းကျန်းသည်" ဟု စွပ်စွဲကာ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသည်။

ထို့ပြင် အကျဉ်းထောင်ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲကာ အမျိုးသမီးဝန်ထမ်း ၅ ဦးခန့်က နံပတ်တုတ်များဖြင့် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ထောင်ဝင်စာနှင့် ပြင်ပဆက်သွယ်ရေးများကို အကန့်အသတ်မရှိ ဖြတ်တောက်ခြင်း၊ သက်သေအတုများ ဖန်တီး၍ အမှုဆင်ကာ ဖမ်းဆီးတိုက်ပိတ်ခြင်းများကို စနစ်တကျ ပြုလုပ်လျက်ရှိသည်။

၃။ အာဟာရ၊ ရေ ဖြတ်တောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိတ်ပင်ထားခြင်း

တိုက်ပိတ်ခံထားရသည့် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများကို တစ်နေ့လျှင် ရေ ၁ လီတာဘူး တစ်ဘူးသာပေးခြင်း၊ ၁၄ ရက်ကြာ ရေမချိုးခိုင်းခြင်း၊ စောင်တစ်ထည်နှင့် ရေတစ်ဘူးသာ ထားရှိကာ ဆန်ပြုတ်တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

ထို့အပြင် ပြစ်ဒဏ်ကာလပြီးဆုံးသည့်တိုင် အဆောင်သို့ ပြန်လည်မပို့ဘဲ တစ်လလျှင် ဟင်းတစ်မျိုးနှင့် ကော်ဖီသုံးထုပ်သာ ထောင်ဝင်စာပေးသွင်းခွင့်ပြုကာ တိုက်အတွင်း ဆက်လက်ချုပ်နှောင်ထားလျက်ရှိသည်။ ထိုသို့သော အခြေအနေများကြောင့် အကျဉ်းသူများမှာ အဆုတ်အအေးပတ်ခြင်း၊ ကြွက်သားချိနဲ့လာခြင်းများ ကြုံတွေ့နေရသော်လည်း လိုအပ်သော ဆေးကုသခွင့် မရရှိဘဲ ဆက်လက်ခြိမ်းခြောက်ခံနေရသည်။

၄။ ဆေးကုသခွင့်မရှိခြင်းကြောင့် မွေးကင်းစကလေး သေဆုံးခဲ့ရသည့်ဖြစ်စဉ်

ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် ကိုယ်ဝန်ဆောင်များနှင့် အရေးပေါ်ခွဲစိတ်လူနာများကို ပြင်ပဆေးရုံတက်ခွင့်မပေးဘဲ အကျဉ်းထောင်အတွင်း၌သာ မွေးဖွားစေခဲ့သည်။

မွေးဖွားပြီးနောက် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရမရရှိခြင်းကြောင့် မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရသည့်အပြင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့ရသည်။

၅။ မတရားအမှုဆင်၍ ထောင်ဒဏ်တိုးမြှင့်ခံနေရမှုများ

လွတ်ရက်စေ့ခါနီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများအား တရားမဝင်ပစ္စည်းများဖြင့် အမှုဆင်ကာ ပြစ်ဒဏ်တိုးမြှင့်ခံထားရသူ ၅ ဦးခန့်ရှိနေပြီး အကျဉ်းသူအများစုမှာ ပြင်းထန်သည့် စိတ်ကျရောဂါများနှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ခံစားနေရပါသည်။

လက်ရှိအချိန်အထိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ၂၇ ဦးအထိ အစုလိုက်အပြုံလိုက် တိုက်ပိတ်ခံထားရပြီး ထောင်ဝင်စာကန့်သတ်ခြင်း၊ ဆေးကုသခွင့်ငြင်းပယ်ခြင်းနှင့် တိုက်အတွင်း ဝင်ရောက်ရိုက်နှက်ခြိမ်းခြောက်ခြင်းများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

အထက်ပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးစီးအရာရှိ ဒေါ်ဇင်မာကြည်အောင်၊ ဒုဦးစီး ဒေါ်စန်းနွယ်ဦး၊ အရာရှိ သဇင်မြင့်၊ အရာရှိ သက်သက်ဇင်နှင့် အရာရှိ သန္တာစိုးတို့က ဦးဆောင်ကျူးလွန်လျက်ရှိသည်။

PPNM ၏ သဘောထားနှင့် ဆက်လက်တောင်းဆိုသွားမည့်အချက်များ

လက်ရှိအချိန်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင်အတွင်း မတရားသီးခြားတိုက်ပိတ်ခံထားရသူ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးနှင့် မတရားပြစ်ဒဏ်တိုးမြှင့်ခံထားရသူ ၅ ဦးရှိနေပါသည်။

PPNM အနေဖြင့် အဆိုပါ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အသက်အန္တရာယ်၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူနိုင်ရေးနှင့် အကျဉ်းသူများ၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေးများ အမြန်ဆုံးရရှိရေးအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)



22/07/2026

* ဒေါ်အောင်ဆန်းစုကြည်နှင့် ယုံကြည်ချက်
ကြောင့် အကျဥ်းကျခံနေရသော
နိုင်ငံရေးအကျဥ်းသားများအား
ချက်ချင်းလွှတ်........

#ပြည်သူ


* ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ    နိုင်ငံရေးအကျဥ်းသားများအားလုံး   ချွင်းချက်မရှိ ချက်ချင်းလွှတ်........ #ပြည်သူ
22/07/2026

* ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေးအကျဥ်းသားများအားလုံး
ချွင်းချက်မရှိ ချက်ချင်းလွှတ်........

#ပြည်သူ


21/07/2026

" ကျွန်မတို့ အတူတူလုပ်မှ အောင်မြင်မှနော်.....မျှော်လင့်နေလို့လဲ အောင်မြင်မှာမဟုတ်ဘူး....... လိုချင်နေလို့လဲ ရမှာမဟုတ်ဘူး............
လိုချင်တာရအောင်ကို လုပ်တတ်မှ ........လုပ်ရဲမှ....လုပ်နိုင်မှ ရမှာ။ "

#ပြည်သူ
#ပြည်သူသည်သာအဓိက


-TZAG

အဖွဲ့ချုပ် ရုံးချုပ် (ရွှေဂုံတိုင်)-----------------------------------------* ပြည်သူတို့၏ နှလုံးသားထဲက အားပေးထောက်ခံမှုမ...
21/07/2026

အဖွဲ့ချုပ် ရုံးချုပ် (ရွှေဂုံတိုင်)
-----------------------------------------
* ပြည်သူတို့၏ နှလုံးသားထဲက အားပေးထောက်ခံမှုများကို မည်သည့်အခါမှ ဖယ်ရှားမရနိုင်ပါ။

#ပြည်သူ


Address

Naypyidaw

Telephone

+959255290071

Website

Alerts

Be the first to know and let us send you an email when Lanmadaw Township Info Committee NLD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Lanmadaw Township Info Committee NLD:

Shortcuts

Share