ACC Myanmar

ACC Myanmar Anti-Corruption Commission, Myanmar
Office No.56
Zeya Htani Road, Oattara Thiri Township, Nay Pyi Taw
(1748)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေ...
04/08/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
********************************************************

နေပြည်တော်၊ ဩဂုတ် ၄ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများ၊ အလှူရှင်များ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၏ သားသမီးများနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် သင်ကြားလျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခြင်းသည် ဘဝသစ်တစ်ခုကို လျှောက်လှမ်းရန် ခြေလှမ်းသစ်စခြင်းဖြစ်ပြီး ဆုံးခန်းတိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပညာထူးချွန်အောင် ပံ့ပိုးပေးခဲ့ကြသည့် မိဘ၊ ဆရာနှင့် ပတ်ဝန်းကျင်ကိုလည်း ဂုဏ်ပြုလေးစား ရပါကြောင်း၊ နည်းပညာတိုးတက် ထွန်းကားလာသည်နှင့်အမျှ နိုင်ငံတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ ရင်ပေါင်တန်းနိုင်ရေး ကိုယ်ပိုင်အရည်အချင်း မြင့်မားနေစေရန် အစဉ်ကြိုးပမ်း လေ့လာကြရန်လိုကြောင်း၊ မိဘများအနေဖြင့် ငွေကုန်၊ အချိန်ကုန်ခံ၍ ပံ့ပိုးထောက်ပံ့ကြရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လမ်းမှားမရောက်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံအပေါ် ချစ်ခင်မှု၊ မိမိတို့လူမျိုး၏ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်ရန် အရေးကြီးပါကြောင်း၊ နောက်လာမည့် ပညာသင်နှစ်တွင်လည်း ထူးချွန်အောင်မြင်စေရန် ကြိုးစားကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဂုဏ်ပြုချီးမြှင့်ပေးကြသည့် အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ၆ ဘာသာဂုဏ်ထူးရရှိခဲ့သော ကျောင်းသားအား ငွေတစ်ဆယ့်ခြောက်သိန်းကျပ်ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း က ၅ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူအား ငွေတစ်ဆယ့်လေးသိန်းကျပ်ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး က ၄ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားအား ငွေတစ်ဆယ့် နှစ်သိန်းကျပ်ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ၃ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသူအား ငွေတစ်ဆယ်သိန်းကျပ်ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က ၁ ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသားအား ငွေခြောက်သိန်းကျပ်ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့်၊ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် တို့က ရိုးရိုးအောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား တစ်ဦးလျှင် လေးသိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသား ၁ ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီ က ကော်မရှင်ရုံး၊ “ရင်သွေးရတနာ” နေ့ကလေး ထိန်းကျောင်းမှ ကလေးထိန်း ဆရာမ ၃ ဦးတို့အား တစ်ဦးလျှင် တူညီဝတ်စုံ ၂ စုံစီနှင့် “ရင်သွေးရတနာ” နေ့ကလေး ထိန်းကျောင်းမှ အသက်(၄)နှစ် အောက် ကလေးငယ် ၁၆ ဦး တို့အား တစ်ဦးလျှင် မူကြိုဝတ်စုံ ၂ စုံစီကိုလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ က ဂုဏ်ပြုဆုငွေများပါဝင် အားဖြည့်ချီးမြှင့် ပေးခဲ့ကြသည့် အလှူရှင် ၂ ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ဩဂုတ်လအတွက် ဝန်ထမ်းများအား “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက် ထောက်ပံ့ကူညီမှုအစီအစဉ်” အရ စားသုံးဆီနှင့် ကြက်ဥ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်မျာ...
04/08/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကျင်းပ
**********************************
နေပြည်တော်၊ ဩဂုတ် ၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment)အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ၂၀၂၆ ခုနှစ် ၊ ဩဂုတ်လ ၄ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်ရှိ မူလွန်(၇)တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၁၁) ဦး တို့ကို ကော်မရှင်ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပြီး ၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံပညာကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း...
04/08/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ
******************************

နေပြည်တော်၊ ဩဂုတ် ၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၄-၈-၂၀၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ အ-ထ-က (၄) နှင့် တောင်ကြီးမြို့၊ အ-ထ-က (၂) ကျောင်းတို့၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာရန် အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်) နှင့်(တောင်ကြီး)မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့နှင့်တောင်ကြီးမြို့များရှိ ကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်လှ...
03/08/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်လှစ်ပွဲကျင်းပ
************************************************************

နေပြည်တော်၊ ဩဂုတ်လ ၃ ရက်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက် နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၄) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်သည့် သင်တန်းသည် ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ရုံးလုပ်ငန်း အတွေ့အကြုံရှိပြီး ဖြစ်သော်လည်း ရုံးလုပ်ငန်းမှာ ကျယ်ဝန်းသည့်အတွက် သေချာစွာ လေ့လာရန်လိုကြောင်း၊ သင်တန်း၌ Budget ရေးဆွဲနည်းနှင့် ကော်မရှင်၏ အဓိကလုပ်ငန်းများဖြစ်သည့် အသိပညာပေးရေး၊ တားဆီးကာကွယ်ရေး၊ စုံစမ်းစစ်ဆေးရေး ဘာသာရပ်များနှင့် စပ်လျဉ်း၍ သင်ကြားပို့ချမည်ဖြစ်ကာ သိရှိဆောင်ရွက်နိုင်ရန် လေ့လာထားသင့်ကြောင်း၊ ရုံးစာများရေးသားရာတွင် ရုံးလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ရေးသားကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စာရင်းစစ်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများမှ ဘာသာရပ် ကျွမ်းကျင်သူများက လာရောက်ပို့ချမည်ဖြစ်၍ တန်ဖိုးရှိသည့် အတွေ့အကြုံများကို ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းကောင်းဖြစ်ရန် အဆင့်ဆင့် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး ဖြောင့်မတ်တည်ကြည်သည့် ဝန်ထမ်းများဖြစ်မှသာ အဂတိလိုက်စားမှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပြီး သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို တည်ထောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်း “အလုပ်ခွင်ပျော်၍ လုပ်ငန်းတော်ရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းတွင် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသည့် ဌာနမှအားကိုးရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းကို ဇူလိုင်လ (၃) ရက်မှ (၂၈) ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယ...
31/07/2026

အဂတိလိုက်စားမှုများကို ကာကွယ်တားဆီးရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးကို သိရှိရန် ရည်ရွယ်၍ ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် 1111 အသုံးပြု၍ SMS ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP)
***********************************************************************

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်မျ...
30/07/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ
***********************************************************************************************************************

နေပြည်တော်၊ ဇူလိုင် ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment)အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၌ မွန်ပြည်နယ်၊ ချောင်းဆုံမြို့ရှိ အ-ထ-က (ချောင်းဆုံ) တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ( ၃၉၉ ) ဦးတို့ကို ကော်မရှင် ရုံးခွဲရှိ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များနှင့် နီးစပ်ရာမြို့များရှိ အခြေခံ ပညာကျောင်းများ၌ Edutainment အစီအစဉ်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၆ ခုနှစ်၊ ဒွါဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ*********...
30/07/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၆ ခုနှစ်၊ ဒွါဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
*******************************************************************************************************************
နေပြည်တော်၊ ဇူလိုင် ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဒွါဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ပြီး တက်ရောက်ကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက စုစုပေါင်းတန်ဖိုး ၃,၁၅၈,၀၀ဝိ/- ကျပ်တိတိ တန်ဖိုးရှိသော ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို သံဃာတော်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်ပြီး သပြေအေးမိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်...
28/07/2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ
************************************************************

ထားဝယ်၊ ဇူလိုင် ၂၈ ရက်

နိုင်ငံ့ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ်နိုင်စေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်၊ အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက်အဝန်း ဖန်တီးဖော်ဆောင်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ယနေ့ရှင်းလင်းဆွေးနွေးပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှုများ လျော့နည်းပပျောက်စေရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများအကြား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ၊ သတိပြုမှုနှင့် တာဝန်ယူမှုများ ပိုမိုမြင့်မားလာစေရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဆိုတာ လူတစ်ဦးတစ်ယောက်၏ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပေါ်သော ပြဿနာတစ်ရပ်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုလုံး၊ ဌာနတစ်ခုလုံး၊ ဒေသတစ်ခုလုံးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအပေါ် ထိခိုက်သက်ရောက်နိုင်သည့် အရေးကြီးသော Issue တစ်ရပ်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အစိုးရအုပ်ချုပ်ရေးစနစ်အပေါ် ပြည်သူများ၏ ယုံကြည်မှု လျော့နည်းနိုင်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး၊ မှတ်တမ်းမှတ်ရာများကို စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ အာဏာနှင့် တာဝန်များကို ခွဲခြားသတ်မှတ်ရေး၊ ဆုံးဖြတ်ချက်များအပေါ် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ မသမာမှုတစ်ရပ်ရပ်ကို တွေ့ရှိပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်ကြားခြင်း၊ သတင်းပေးခြင်းနှင့် စိစစ်အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲကို တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ ဌာန၊ အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်များသို့ ပြန်လည်ရောက်ရှိသည့်အခါ ယနေ့ရရှိသော အသိပညာများကို မိမိတစ်ဦးတည်းအတွက်သာမက မိမိတို့နှင့်အတူ တာဝန်ထမ်းဆောင်နေကြသည့် လုပ်ဖော်ကိုင်ဖက်များထံသို့လည်း ပြန်လည်မျှဝေပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် အဂတိလိုက်စားမှုများကို အသေးစား အဂတိလိုက်စားမှု၊ ကြီးမားသော အဂတိလိုက်စားမှုနှင့် နိုင်ငံရေး အဂတိလိုက်စားမှု ဟူ၍ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့က သတ်မှတ်ထားပါကြောင်း၊ မည်သည့် အဂတိလိုက်စားမှု ပုံစံမျိုးမဆို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာခြင်းပင်ဖြစ်ကြောင်း၊ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ)သည်လည်း အဂတိတရားကို ဖြစ်ပွားစေသည့် အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊ Corruption ကြောင့် လွဲမှားသည့် စီမံခန့်ခွဲမှုနှင့် နိုင်ငံ၏ အရင်းအမြစ်များကို ခွဲဝေဖြန့်ဖြူးရာတွင် ထိရောက်မှုမရှိသည့် အသုံးပြုမှုများဖြစ်ပေါ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် အခြေခံပြည်သူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဝန်ဆောင်မှုပေးရသည့်အတွက် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးအတွက် အသုံးချခြင်းမပြုဘဲ အများပြည်သူအကျိုး ရှေ့ရှုဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် တက်ရောက်လာကြသူများ က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်၊ အဂတိလိုက်စားမှု ဖြစ်ပေါ်စေနိုင်သော အခြေအနေများ၊ တားဆီးကာကွယ်ရေး နည်းလမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ တနင်္သာရီတိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အသီးသီးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

Address

ACC Myanmar, Zeya Htani Road
Naypyidaw
15011

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Alerts

Be the first to know and let us send you an email when ACC Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ACC Myanmar:

Shortcuts

Share